< 2 דִּבְרֵי הַיָּמִים 7 >

וּכְכַלֹּ֤ות שְׁלֹמֹה֙ לְהִתְפַּלֵּ֔ל וְהָאֵ֗שׁ יָֽרְדָה֙ מֵֽהַשָּׁמַ֔יִם וַתֹּ֥אכַל הָעֹלָ֖ה וְהַזְּבָחִ֑ים וּכְבֹ֥וד יְהוָ֖ה מָלֵ֥א אֶת־הַבָּֽיִת׃ 1
ထိုသို့ ရှောလမုန် သည်ပဌနာ ပြု၍ ပြီး သောအခါ ၊ ကောင်းကင် က မီး ကျ ၍ မီးရှို့ ရာယဇ်အစ ရှိသော ယဇ် မျိုးကို လောင် သဖြင့် ၊ အိမ် တော်သည် ထာဝရဘုရား ၏ ဘုန်း တော်နှင့်ပြည့် ၏။
וְלֹ֤א יָֽכְלוּ֙ הַכֹּ֣הֲנִ֔ים לָבֹ֖וא אֶל־בֵּ֣ית יְהוָ֑ה כִּֽי־מָלֵ֥א כְבֹוד־יְהוָ֖ה אֶת־בֵּ֥ית יְהוָֽה׃ 2
ထာဝရဘုရား ၏အိမ် တော်သည် ဘုန်း တော်နှင့် ပြည့် သောကြောင့် ၊ ယဇ် ပုရောဟိတ်တို့သည် ထာဝရဘုရား ၏ အိမ် တော်ထဲသို့ မ ဝင် နိုင် ကြ။
וְכֹ֣ל ׀ בְּנֵ֣י יִשְׂרָאֵ֗ל רֹאִים֙ בְּרֶ֣דֶת הָאֵ֔שׁ וּכְבֹ֥וד יְהוָ֖ה עַל־הַבָּ֑יִת וַיִּכְרְעוּ֩ אַפַּ֨יִם אַ֤רְצָה עַל־הָרִֽצְפָה֙ וַיִּֽשְׁתּֽ͏ַחֲו֔וּ וְהֹודֹ֤ות לַיהוָה֙ כִּ֣י טֹ֔וב כִּ֥י לְעֹולָ֖ם חַסְדֹּֽו׃ 3
ထိုသို့မီး ကျ ၍ ထာဝရဘုရား ၏ ဘုန်း တော်သည် အိမ် တော်ပေါ် မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသား အပေါင်း တို့သည် မြင် လျှင် ၊ ကျောက် ခင်းအရပ် ၌ မြေ ပေါ် မှာ ဦးချ ပြပ်ဝပ်လျက် ကောင်းမြတ် တော်မူသည်၊ ကရုဏာ တော်အစဉ်အမြဲ တည်သည်ဟု ထာဝရဘုရား ကို ကိုးကွယ် ၍ ဂုဏ်တော်ကို ချီးမွမ်း ကြ၏။
וְהַמֶּ֖לֶךְ וְכָל־הָעָ֑ם זֹבְחִ֥ים זֶ֖בַח לִפְנֵ֥י יְהוָֽה׃ ס 4
ထိုအခါ ရှောလမုန် မင်းကြီး နှင့်တကွ လူ အပေါင်း တို့သည် ထာဝရဘုရား ရှေ့ တော်၌ ယဇ် ပူဇော် ကြ၏။
וַיִּזְבַּ֞ח הַמֶּ֣לֶךְ שְׁלֹמֹה֮ אֶת־זֶ֣בַח הַבָּקָ֗ר עֶשְׂרִ֤ים וּשְׁנַ֙יִם֙ אֶ֔לֶף וְצֹ֕אן מֵאָ֥ה וְעֶשְׂרִ֖ים אָ֑לֶף וַֽיַּחְנְכוּ֙ אֶת־בֵּ֣ית הֽ͏ָאֱלֹהִ֔ים הַמֶּ֖לֶךְ וְכָל־הָעָֽם׃ 5
နွား နှစ်သောင်း နှစ်ထောင်၊ သိုး တသိန်း နှစ်သောင်းတို့ကို ယဇ် ပူဇော် သဖြင့် ၊ ဘုရားသခင် ၏ အိမ် တော်ကို အနုမောဒနာ ပြုကြ၏။
וְהַכֹּהֲנִ֞ים עַל־מִשְׁמְרֹותָ֣ם עֹמְדִ֗ים וְהַלְוִיִּ֞ם בִּכְלֵי־שִׁ֤יר יְהוָה֙ אֲשֶׁ֨ר עָשָׂ֜ה דָּוִ֣יד הַמֶּ֗לֶךְ לְהֹדֹ֤ות לַיהוָה֙ כִּֽי־לְעֹולָ֣ם חַסְדֹּ֔ו בְּהַלֵּ֥ל דָּוִ֖יד בְּיָדָ֑ם וְהַכֹּהֲנִים֙ מַחֲצֹצְרִים (מַחְצְרִ֣ים) נֶגְדָּ֔ם וְכָל־יִשְׂרָאֵ֖ל עֹמְדִֽים׃ ס 6
ယဇ် ပုရောဟိတ်တို့သည် မိမိ တို့အမှု ကို ဆောင်ရွက် ကြ၏။ လေဝိ သားတို့သည် ထာဝရ ဘုရား၏ ကရုဏာ တော် အစဉ်အမြဲ တည်သောကြောင့်၊ ထာဝရဘုရား ၏ ဂုဏ်တော်ကိုချီးမွမ်း စရာဘို့ ဒါဝိဒ် မင်းကြီးစီရင် သော တုရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ် ၏ ဆာလံ သီချင်းကို ဆိုကြ၏။ ယဇ် ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ် ၍ ဣသရေလ အမျိုးသားအပေါင်း တို့သည် မတ်တတ် နေကြ၏။
וַיְקַדֵּ֣שׁ שְׁלֹמֹ֗ה אֶת־תֹּ֤וךְ הֶֽחָצֵר֙ אֲשֶׁר֙ לִפְנֵ֣י בֵית־יְהוָ֔ה כִּֽי־עָ֤שָׂה שָׁם֙ הָֽעֹלֹ֔ות וְאֵ֖ת חֶלְבֵ֣י הַשְּׁלָמִ֑ים כִּֽי־מִזְבַּ֤ח הַנְּחֹ֙שֶׁת֙ אֲשֶׁ֣ר עָשָׂ֣ה שְׁלֹמֹ֔ה לֹ֣א יָכֹ֗ול לְהָכִ֛יל אֶת־הָעֹלָ֥ה וְאֶת־הַמִּנְחָ֖ה וְאֶת־הַחֲלָבִֽים׃ 7
ရှောလမုန် သည်လည်း၊ ထာဝရဘုရား ၏ အိမ် တော်ရှေ့ မှာရှိသော တန်တိုင်း အတွင်း အရပ်ကို သန့်ရှင်း စေ၍ ၊ ထို အရပ်၌ မီးရှို့ ရာယဇ်နှင့် မိဿဟာယ ယဇ် ကောင်ဆီဥ ကိုပူဇော် ၏။ အကြောင်း မူကား၊ အရင် လုပ်သောကြေးဝါ ယဇ် ပလ္လင်သည် မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ယဇ်ကောင်ဆီဥ ကို မ ခံ လောက်။
וַיַּ֣עַשׂ שְׁלֹמֹ֣ה אֶת־הֶ֠חָג בָּעֵ֨ת הַהִ֜יא שִׁבְעַ֤ת יָמִים֙ וְכָל־יִשְׂרָאֵ֣ל עִמֹּ֔ו קָהָ֖ל גָּדֹ֣ול מְאֹ֑ד מִלְּבֹ֥וא חֲמָ֖ת עַד־נַ֥חַל מִצְרָֽיִם׃ 8
ထိုအခါ ရှောလမုန် သည် အလွန် များစွာ သော ပရိသတ် တည်းဟူသောဟာမတ် မြို့ဝင်ဝမှစ၍ အဲဂုတ္တု မြစ် တိုင်အောင် အနှံ့အပြားအရပ်ရပ်ကလာကြသော ဣသရေလ အမျိုးသားအပေါင်း တို့နှင့်တကွ ခုနစ် ရက် ပတ်လုံးပွဲခံ တော်မူ၏။
וֽ͏ַיַּעֲשׂ֛וּ בַּיֹּ֥ום הַשְּׁמִינִ֖י עֲצָ֑רֶת כִּ֣י ׀ חֲנֻכַּ֣ת הַמִּזְבֵּ֗חַ עָשׂוּ֙ שִׁבְעַ֣ת יָמִ֔ים וְהֶחָ֖ג שִׁבְעַ֥ת יָמִֽים׃ 9
အဋ္ဌမ နေ့ရက် ၌ ဓမ္မစည်းဝေး ခြင်းကို ပြု ကြ၏။ ခုနစ် ရက်ပတ်လုံးယဇ် ပလ္လင်ကိုအနုမောဒနာ ပြုပြီးမှ၊ နောက် တဖန်ခုနစ် ရက်ပတ်လုံးပွဲခံ ကြ၏။
וּבְיֹ֨ום עֶשְׂרִ֤ים וּשְׁלֹשָׁה֙ לַחֹ֣דֶשׁ הַשְּׁבִיעִ֔י שִׁלַּ֥ח אֶת־הָעָ֖ם לְאָהֳלֵיהֶ֑ם שְׂמֵחִים֙ וְטֹ֣ובֵי לֵ֔ב עַל־הַטֹּובָ֗ה אֲשֶׁ֨ר עָשָׂ֤ה יְהוָה֙ לְדָוִ֣יד וְלִשְׁלֹמֹ֔ה וּלְיִשְׂרָאֵ֖ל עַמֹּֽו׃ 10
၁၀ထာဝရဘုရား သည် ဒါဝိဒ် နှင့် ရှောလမုန် မှစသော မိမိ လူ ဣသရေလ အမျိုးသားတို့၌ ပြု တော်မူသမျှ သော ကျေးဇူး တော်ကြောင့် ဝမ်းမြောက် ရွှင်လန်း လျက်၊ လူ များတို့သည် မိမိ တို့နေရာ သို့ ပြန်သွားကြမည် အကြောင်း၊ သတ္တမ လ နှစ်ဆယ် သုံး ရက် နေ့တွင် လွှတ် လိုက်တော်မူ၏။
וַיְכַ֧ל שְׁלֹמֹ֛ה אֶת־בֵּ֥ית יְהוָ֖ה וְאֶת־בֵּ֣ית הַמֶּ֑לֶךְ וְאֵ֨ת כָּל־הַבָּ֜א עַל־לֵ֣ב שְׁלֹמֹ֗ה לַעֲשֹׂ֧ות בְּבֵית־יְהוָ֛ה וּבְבֵיתֹ֖ו הִצְלִֽיחַ׃ פ 11
၁၁ရှောလမုန် သည် ဗိမာန် တော်နှင့် နန်းတော် ကို လက်စသတ် ၍ ၊ ဗိမာန် တော်နှင့် နန်းတော် ၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက် သောအခါ၊
וַיֵּרָ֧א יְהוָ֛ה אֶל־שְׁלֹמֹ֖ה בַּלָּ֑יְלָה וַיֹּ֣אמֶר לֹ֗ו שָׁמַ֙עְתִּי֙ אֶת־תְּפִלָּתֶ֔ךָ וּבָחַ֜רְתִּי בַּמָּקֹ֥ום הַזֶּ֛ה לִ֖י לְבֵ֥ית זָֽבַח׃ 12
၁၂ထာဝရဘုရား သည် ညဉ့် အချိန်တွင် ထင်ရှား တော်မူလျက် ၊ သင် ပြုသောပဌနာ စကားကိုငါကြား ပြီ။ ဤ အရပ် ဌာနကို ယဇ် ပူဇော်ရာ အိမ် ဖြစ်စေ ခြင်းငှါကိုယ် အဘို့ ငါရွေးယူ ပြီ။
הֵ֣ן אֶֽעֱצֹ֤ר הַשָּׁמַ֙יִם֙ וְלֹֽא־יִהְיֶ֣ה מָטָ֔ר וְהֵן־אֲצַוֶּ֥ה עַל־חָגָ֖ב לֶאֱכֹ֣ול הָאָ֑רֶץ וְאִם־אֲשַׁלַּ֥ח דֶּ֖בֶר בְּעַמִּֽי׃ 13
၁၃မိုဃ်း မ ရွာ စေခြင်းငှါ ငါသည် မိုဃ်းခေါင် စေ သော်၎င်း၊ ကျိုင်း တို့သည် မြေ အသီးအနှံကို ကိုက်စား စေခြင်းငှါ ငါမှာ ထားသော်၎င်း၊ ငါ့ လူ တို့ ၌ ကာလနာ ကိုစေလွှတ် သော်၎င်း၊
וְיִכָּנְע֨וּ עַמִּ֜י אֲשֶׁ֧ר נִֽקְרָא־שְׁמִ֣י עֲלֵיהֶ֗ם וְיִֽתְפַּֽלְלוּ֙ וִֽיבַקְשׁ֣וּ פָנַ֔י וְיָשֻׁ֖בוּ מִדַּרְכֵיהֶ֣ם הָרָעִ֑ים וַאֲנִי֙ אֶשְׁמַ֣ע מִן־הַשָּׁמַ֔יִם וְאֶסְלַח֙ לְחַטָּאתָ֔ם וְאֶרְפָּ֖א אֶת־אַרְצָֽם׃ 14
၁၄ငါ့ နာမ ဖြင့်သမုတ် သော ငါ့ လူ တို့သည် ကိုယ်ကိုနှိမ့်ချ သဖြင့် ၊ ငါ့ မျက်နှာ ကိုရှာ လျက် ဆုတောင်း ပဌနာပြု၍ အဓမ္မ လမ်း ကို လွှဲရှောင် လျှင် ငါ သည် ကောင်းကင် ဘုံ၌ နားထောင် မည်။ သူ တို့အပြစ် ကို ဖြေ ၍ သူ တို့ပြည် ကို ချမ်းသာ ပေးမည်။
עַתָּ֗ה עֵינַי֙ יִהְי֣וּ פְתֻחֹ֔ות וְאָזְנַ֖י קַשֻּׁבֹ֑ות לִתְפִלַּ֖ת הַמָּקֹ֥ום הַזֶּֽה׃ 15
၁၅ငါ ကြည့်ရှု မည်။ ဤ အရပ် ဌာန၌ ဆုတောင်း သော စကားကို ငါ နားထောင် မည်။
וְעַתָּ֗ה בָּחַ֤רְתִּי וְהִקְדַּ֙שְׁתִּי֙ אֶת־הַבַּ֣יִת הַזֶּ֔ה לִהְיֹות־שְׁמִ֥י שָׁ֖ם עַד־עֹולָ֑ם וְהָי֨וּ עֵינַ֧י וְלִבִּ֛י שָׁ֖ם כָּל־הַיָּמִֽים׃ 16
၁၆ငါ့ နာမ သည် အစဉ် တည်၍ ငါ့ မျက်စိ နှင့် ငါ့ နှလုံး အစဉ် စွဲလမ်း စရာဘို့ ဤ အိမ် ကို ငါရွေးချယ် ၍ သန့်ရှင်း စေပြီ။
וְאַתָּ֞ה אִם־תֵּלֵ֣ךְ לְפָנַ֗י כַּאֲשֶׁ֤ר הָלַךְ֙ דָּוִ֣יד אָבִ֔יךָ וְלַעֲשֹׂ֕ות כְּכֹ֖ל אֲשֶׁ֣ר צִוִּיתִ֑יךָ וְחֻקַּ֥י וּמִשְׁפָּטַ֖י תִּשְׁמֹֽור׃ 17
၁၇သင် သည် ငါမှာထား သမျှ ကို ပြု ၍ ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် ခြင်းငှါ သင့် အဘ ဒါဝိဒ် ကဲ့သို့ ငါ့ ရှေ့ မှာ ကျင့် နေလျှင်၊
וַהֲקִ֣ימֹותִ֔י אֵ֖ת כִּסֵּ֣א מַלְכוּתֶ֑ךָ כַּאֲשֶׁ֣ר כָּרַ֗תִּי לְדָוִ֤יד אָבִ֙יךָ֙ לֵאמֹ֔ר לֹֽא־יִכָּרֵ֤ת לְךָ֙ אִ֔ישׁ מֹושֵׁ֖ל בְּיִשְׂרָאֵֽל׃ 18
၁၈ဣသရေလ နိုင်ငံကို အုပ်စိုး ရသောသင် ၏အမျိုး မင်း ရိုးမ ပြတ် ရဟု သင့် အဘ ဒါဝိဒ် နှင့် ငါပဋိညာဉ် ဖွဲ့သည် အတိုင်း ၊ သင်ထိုင်ရသောရာဇပလ္လင် ကို အစဉ်ငါတည်စေ မည်။
וְאִם־תְּשׁוּב֣וּן אַתֶּ֔ם וַעֲזַבְתֶּם֙ חֻקֹּותַ֣י וּמִצְוֹתַ֔י אֲשֶׁ֥ר נָתַ֖תִּי לִפְנֵיכֶ֑ם וַהֲלַכְתֶּ֗ם וַעֲבַדְתֶּם֙ אֱלֹהִ֣ים אֲחֵרִ֔ים וְהִשְׁתַּחֲוִיתֶ֖ם לָהֶֽם׃ 19
၁၉သို့မဟုတ် သင် တို့သည် လမ်းလွဲ ၍ ငါမှာ ထားသော စီရင် ထုံးဖွဲ့ချက်တို့ကို စွန့်ပယ် သဖြင့် ၊ အခြား တပါးသော ဘုရား ထံသို့ သွား ၍ ဝတ်ပြု ကိုးကွယ် လျင်၊
וּנְתַשְׁתִּ֗ים מֵעַ֤ל אַדְמָתִי֙ אֲשֶׁ֣ר נָתַ֣תִּי לָהֶ֔ם וְאֶת־הַבַּ֤יִת הַזֶּה֙ אֲשֶׁ֣ר הִקְדַּ֣שְׁתִּי לִשְׁמִ֔י אַשְׁלִ֖יךְ מֵעַ֣ל פָּנָ֑י וְאֶתְּנֶ֛נּוּ לְמָשָׁ֥ל וְלִשְׁנִינָ֖ה בְּכָל־הָעַמִּֽים׃ 20
၂၀ငါပေး သော ပြည် မှ သူ တို့ကို အမြစ်နှင့်တကွငါနှုတ်ပစ် မည်။ ငါ့ နာမ အဘို့ ငါသန့်ရှင်း စေသော ဤ အိမ် တော်ကို ငါ့ မျက်မှောက် မှ ပယ်ရှား မည်။ တပါး အမျိုးသားတို့တွင် ပုံခိုင်း ရာကဲ့ရဲ့ ရာ ဖြစ် စေမည်။
וְהַבַּ֤יִת הַזֶּה֙ אֲשֶׁ֣ר הָיָ֣ה עֶלְיֹ֔ון לְכָל־עֹבֵ֥ר עָלָ֖יו יִשֹּׁ֑ם וְאָמַ֗ר בַּמֶּ֨ה עָשָׂ֤ה יְהוָה֙ כָּ֔כָה לָאָ֥רֶץ הַזֹּ֖את וְלַבַּ֥יִת הַזֶּֽה׃ 21
၂၁အရပ် မြင့်သော ဤ အိမ် တော်ကိုလည်း လမ်း ၌ ရှောက်သွား သော သူအပေါင်း တို့သည် အံ့ဩ ၍၊ ထာဝရဘုရား သည် ဤ ပြည် နှင့် ဤ အိမ် ကို အဘယ်ကြောင့် ဤသို့ ပြု တော်မူသနည်းဟု တယောက်မေးမြန်း သော်၊
וְאָמְר֗וּ עַל֩ אֲשֶׁ֨ר עָֽזְב֜וּ אֶת־יְהוָ֣ה ׀ אֱלֹהֵ֣י אֲבֹתֵיהֶ֗ם אֲשֶׁ֣ר הֹוצִיאָם֮ מֵאֶ֣רֶץ מִצְרַיִם֒ וַֽיַּחֲזִ֙יקוּ֙ בֵּאלֹהִ֣ים אֲחֵרִ֔ים וַיִּשְׁתַּחֲו֥וּ לָהֶ֖ם וַיַּֽעַבְד֑וּם עַל־כֵּן֙ הֵבִ֣יא עֲלֵיהֶ֔ם אֵ֥ת כָּל־הָרָעָ֖ה הַזֹּֽאת׃ פ 22
၂၂တယောက်က၊ သူ တို့၏ဘိုးဘေး များကို အဲဂုတ္တု ပြည် မှ နှုတ်ဆောင် သော ဘုရားသခင် ထာဝရဘုရား ကို သူတို့သည် စွန့် ၍ အခြား တပါးသော ဘုရား ကို မှီဝဲ လျက် ဝတ်ပြု ကိုးကွယ်ကြသောကြောင့် ဤ အမှု အလုံးစုံ ကို ရောက် စေတော်မူကြောင်းကိုပြန်ပြော လိမ့်မည်ဟု မိန့်တော်မူ၏။

< 2 דִּבְרֵי הַיָּמִים 7 >