< 1 דִּבְרֵי הַיָּמִים 29 >

וַיֹּ֨אמֶר דָּוִ֤יד הַמֶּ֙לֶךְ֙ לְכָל־הַקָּהָ֔ל שְׁלֹמֹ֨ה בְנִ֥י אֶחָ֛ד בָּֽחַר־בֹּ֥ו אֱלֹהִ֖ים נַ֣עַר וָרָ֑ךְ וְהַמְּלָאכָ֣ה גְדֹולָ֔ה כִּ֣י לֹ֤א לְאָדָם֙ הַבִּירָ֔ה כִּ֖י לַיהוָ֥ה אֱלֹהִֽים׃ 1
ဒါ​ဝိဒ်​မင်း​သည်​လူ​ထု​တစ်​ရပ်​လုံး​အား``ငါ့ သား​ရှော​လ​မုန်​သည်​ဘု​ရား​သ​ခင်​ရွေး​ချယ် တော်​မူ​သော​သူ​ဖြစ်​၏။ သို့​သော်​လည်း​အ​သက် အ​ရွယ်​ငယ်​၍​အ​တွေ့​အ​ကြုံ​မ​ရှိ​သေး​သူ ဖြစ်​၏။ သူ​ပြု​ရ​မည့်​အ​မှု​ကား​အ​လွန်​ကြီး မား​လှ​ပေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော် ယ​ခု​တည်​ဆောက်​ရ​မည်​မှာ​လူ​တို့​အ​တွက် နန်း​တော်​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဗိ​မာန်​တော်​ဖြစ်​သော ကြောင့်​တည်း။-
וּֽכְכָל־כֹּחִ֞י הֲכִינֹ֣ותִי לְבֵית־אֱלֹהַ֗י הַזָּהָ֣ב ׀ לַ֠זָּהָב וְהַכֶּ֨סֶף לַכֶּ֜סֶף וְהַנְּחֹ֣שֶׁת לַנְּחֹ֗שֶׁת הַבַּרְזֶל֙ לַבַּרְזֶ֔ל וְהָעֵצִ֖ים לָעֵצִ֑ים אַבְנֵי־שֹׁ֨הַם וּמִלּוּאִ֜ים אַבְנֵי־פ֣וּךְ וְרִקְמָ֗ה וְכֹ֨ל אֶ֧בֶן יְקָרָ֛ה וְאַבְנֵי־שַׁ֖יִשׁ לָרֹֽב׃ 2
ငါ​သည်​ဗိ​မာန်​တော်​တည်​ဆောက်​ရန်​ပစ္စည်း များ​ဖြစ်​သည့်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊ သံ၊ သစ်၊ ကျောက်​မျက်​ရ​တ​နာ၊ ကျောက်​စီ​ပန်း​ဖော် ကျောက်​များ​နှင့် မြောက်​မြား​စွာ​သော​ကျောက် ဖြူ​တို့​ကို​စု​ဆောင်း​ပြင်​ဆင်​ထား​ရန်​အ​စွမ်း ကုန်​ကြိုး​စား​အား​ထုတ်​ခဲ့​၏။-
וְעֹ֗וד בִּרְצֹותִי֙ בְּבֵ֣ית אֱלֹהַ֔י יֶשׁ־לִ֥י סְגֻלָּ֖ה זָהָ֣ב וָכָ֑סֶף נָתַ֤תִּי לְבֵית־אֱלֹהַי֙ לְמַ֔עְלָה מִכָּל־הֲכִינֹ֖ותִי לְבֵ֥ית הַקֹּֽדֶשׁ׃ 3
ငါ​သည်​ဤ​သို့​ပေး​လှူ​ခဲ့​သည့်​ပစ္စည်း​အ​လုံး​စုံ တို့​အ​ပြင် မိ​မိ​ကိုယ်​ပိုင်​ရွှေ​နှင့်​ငွေ​တို့​ကို​လည်း ပေး​လှူ​ခဲ့​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ငါ​သည် ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို​လွန်​စွာ​မြတ် နိုး​သော​ကြောင့်​ဖြစ်​ပေ​သည်။-
שְׁלֹ֧שֶׁת אֲלָפִ֛ים כִּכְּרֵ֥י זָהָ֖ב מִזְּהַ֣ב אֹופִ֑יר וְשִׁבְעַ֨ת אֲלָפִ֤ים כִּכַּר־כֶּ֙סֶף֙ מְזֻקָּ֔ק לָט֖וּחַ קִירֹ֥ות הַבָּתִּֽים׃ 4
ငါ​သည်​ရွှေ​စင်​တန်​ချိန်​တစ်​ရာ​တစ်​ဆယ့် ငါး​နှင့်​ဗိ​မာန်​တော်​နံ​ရံ​များ​မွမ်း​မံ​ချယ် လှယ်​ရန်၊-
לַזָּהָ֤ב לַזָּהָב֙ וְלַכֶּ֣סֶף לַכֶּ֔סֶף וּלְכָל־מְלָאכָ֖ה בְּיַ֣ד חָרָשִׁ֑ים וּמִ֣י מִתְנַדֵּ֔ב לְמַלֹּ֥אות יָדֹ֛ו הַיֹּ֖ום לַיהוָֽה׃ 5
နှင့်​လက်​မှု​ပ​ညာ​သည်​တို့​ပြု​လုပ်​ရန်​ရှိ​သ​မျှ သော​ဝတ္ထု​ပစ္စည်း​များ ငွေ​စင်​အ​ချိန်​နှစ်​ရာ​ခြောက် ဆယ့်​ငါး​တန်​ကို​လည်း​ပေး​လှူ​ခဲ့​လေ​ပြီ။ ယ​နေ့ အ​ဘယ်​သူ​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ရက်​ရော စွာ​ပေး​လှူ​လို​ပါ​သ​နည်း'' ဟု​မိန့်​တော်​မူ​၏။
וַיִּֽתְנַדְּבוּ֩ שָׂרֵ֨י הָאָבֹ֜ות וְשָׂרֵ֣י ׀ שִׁבְטֵ֣י יִשְׂרָאֵ֗ל וְשָׂרֵ֤י הָאֲלָפִים֙ וְהַמֵּאֹ֔ות וּלְשָׂרֵ֖י מְלֶ֥אכֶת הַמֶּֽלֶךְ׃ 6
ထို​အ​ခါ​သား​ချင်း​စု​ဦး​စီး​များ၊ အ​မျိုး အ​နွယ်​ဝင်​တို့​ကို​အုပ်​ချုပ်​သူ​အ​ရာ​ရှိ​များ၊ တပ်​မှူး​များ​နှင့်​ဘု​ရင့်​ပစ္စည်း​များ​ကို​ထိန်း သိမ်း​အုပ်​ချုပ်​ရ​သူ​တို့​သည်​ဗိ​မာန်​တော် အ​တွက်​ပေး​လှူ​ရန်​အ​လို​အ​လျောက်​ဆန္ဒ ပြု​ကြ​ကုန်​၏။-
וַֽיִּתְּנ֞וּ לַעֲבֹודַ֣ת בֵּית־הָאֱלֹהִ֗ים זָהָ֞ב כִּכָּרִ֣ים חֲמֵֽשֶׁת־אֲלָפִים֮ וַאֲדַרְכֹנִ֣ים רִבֹּו֒ וְכֶ֗סֶף כִּכָּרִים֙ עֲשֶׂ֣רֶת אֲלָפִ֔ים וּנְחֹ֕שֶׁת רִבֹּ֛ו וּשְׁמֹונַ֥ת אֲלָפִ֖ים כִּכָּרִ֑ים וּבַרְזֶ֖ל מֵֽאָה־אֶ֥לֶף כִּכָּרִֽים׃ 7
သူ​တို့​သည်​ရွှေ​တန်​ချိန်​တစ်​ရာ့​ကိုး​ဆယ်၊ ငွေ တန်​ချိန်​သုံး​ရာ့​ရှစ်​ဆယ်၊ ကြေး​ဝါ​တန်​ချိန် ခြောက်​ရာ​ခု​နစ်​ဆယ့်​ငါး​နှင့်​သံ​တန်​ချိန်​သုံး ထောင်​ခု​နစ်​ရာ့​ငါး​ဆယ်​ကို​ပေး​လှူ​ကြ​လေ သည်။-
וְהַנִּמְצָ֤א אִתֹּו֙ אֲבָנִ֔ים נָתְנ֖וּ לְאֹוצַ֣ר בֵּית־יְהוָ֑ה עַ֥ל יַד־יְחִיאֵ֖ל הַגֵּרְשֻׁנִּֽי׃ 8
ကျောက်​မျက်​ရ​တ​နာ​များ​ရှိ​ကြ​သူ​တို့​သည် ယင်း​တို့​ကို​လေ​ဝိ​အ​နွယ်​ဝင်​ဂေ​ရ​ရှုံ​သား ချင်း​စု​မှ​ယေ​ဟေ​လ​အုပ်​ချုပ်​သည့်​ဗိ​မာန် တော်​ဘဏ္ဍာ​တိုက်​သို့​ပေး​လှူ​ကြ​၏။-
וַיִּשְׂמְח֤וּ הָעָם֙ עַל־הִֽתְנַדְּבָ֔ם כִּ֚י בְּלֵ֣ב שָׁלֵ֔ם הִֽתְנַדְּב֖וּ לַיהוָ֑ה וְגַם֙ דָּוִ֣יד הַמֶּ֔לֶךְ שָׂמַ֖ח שִׂמְחָ֥ה גְדֹולָֽה׃ פ 9
သူ​တို့​သည်​စေ​တ​နာ​စိတ်​နှင့်​ထာ​ဝ​ရ ဘု​ရား​အား​ပေး​လှူ​ကြ​သည်​ဖြစ်​ရာ မိ​မိ တို့​ဤ​မျှ​မြောက်​မြား​စွာ​ပေး​လှူ​ခဲ့​ရ​ကြ သည့်​အ​တွက်​အား​ရ​ဝမ်း​မြောက်​ကြ​ကုန်​၏။ ဒါ​ဝိဒ်​မင်း​သည်​လည်း​လွန်​စွာ​အား​ရ​ဝမ်း မြောက်​တော်​မူ​၏။
וַיְבָ֤רֶךְ דָּוִיד֙ אֶת־יְהוָ֔ה לְעֵינֵ֖י כָּל־הַקָּהָ֑ל וַיֹּ֣אמֶר דָּוִ֗יד בָּר֨וּךְ אַתָּ֤ה יְהוָה֙ אֱלֹהֵי֙ יִשְׂרָאֵ֣ל אָבִ֔ינוּ מֵעֹולָ֖ם וְעַד־עֹולָֽם׃ 10
၁၀ဒါ​ဝိဒ်​သည်​ထို​အ​ရပ်​ရှိ​လူ​စု​တစ်​ရပ်​လုံး​၏​ရှေ့ တွင်​ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု​တော် မူ​၏။ မင်းကြီး​က``ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး ယာ​ကုပ်​၏​ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ် တော်​ရှင်​သည်​ကမ္ဘာ​အ​ဆက်​ဆက်​မင်္ဂလာ​ရှိ​တော် မူ​ပါ​စေ​သ​တည်း။-
לְךָ֣ יְ֠הוָה הַגְּדֻלָּ֨ה וְהַגְּבוּרָ֤ה וְהַתִּפְאֶ֙רֶת֙ וְהַנֵּ֣צַח וְהַהֹ֔וד כִּי־כֹ֖ל בַּשָּׁמַ֣יִם וּבָאָ֑רֶץ לְךָ֤ יְהוָה֙ הַמַּמְלָכָ֔ה וְהַמִּתְנַשֵּׂ֖א לְכֹ֥ל ׀ לְרֹֽאשׁ׃ 11
၁၁ကိုယ်​တော်​ရှင်​သည်​ကြီး​မြတ်​တော်​မူ​၍​တန်​ခိုး တော်​ဘုန်း​အ​သ​ရေ​တော်၊ အ​ရောင်​အ​ဝါ​တော်၊ အာ​နု​ဘော်​တော်​တို့​နှင့်​ပြည့်​စုံ​တော်​မူ​ပါ​၏။ ကောင်း​ကင်​နှင့်​မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​သော အ​ရာ​တို့​ကို​ပိုင်​တော်​မူ​၍ ကိုယ်​တော်​ရှင်​သည် လူ​ခပ်​သိမ်း​တို့​အား​အ​ချုပ်​အ​ခြာ​အာ​ဏာ တော်​ဖြင့်​အ​စိုး​ရ​သည့်​ဘုရင်​ဖြစ်​တော်​မူ​ပါ ၏။-
וְהָעֹ֤שֶׁר וְהַכָּבֹוד֙ מִלְּפָנֶ֔יךָ וְאַתָּה֙ מֹושֵׁ֣ל בַּכֹּ֔ל וּבְיָדְךָ֖ כֹּ֣חַ וּגְבוּרָ֑ה וּבְיָ֣דְךָ֔ לְגַדֵּ֥ל וּלְחַזֵּ֖ק לַכֹּֽל׃ 12
၁၂စည်း​စိမ်​ချမ်း​သာ​နှင့်​ပစ္စည်း​ဥစ္စာ​ပေါ​များ ကြွယ်​ဝ​မှု​မှန်​သ​မျှ​ကို​ကိုယ်​တော်​ရှင်​ပေး တော်​မူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​အ​ရာ​ခပ် သိမ်း​တို့​ကို​ခွန်​အား​စွမ်း​ရည်​တန်​ခိုး​နှင့် အ​စိုး​ရ​တော်​မူ​၍ မည်​သူ့​ကို​မ​ဆို​ကြီး မြတ်​၍​သန်​စွမ်း​မှု​ကို​ပေး​တော်​မူ​ပါ​၏။-
וְעַתָּ֣ה אֱלֹהֵ֔ינוּ מֹודִ֥ים אֲנַ֖חְנוּ לָ֑ךְ וּֽמְהַֽלְלִ֖ים לְשֵׁ֥ם תִּפְאַרְתֶּֽךָ׃ 13
၁၃ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း ၍​ဘုန်း​အ​သ​ရေ​နှင့်​ပြည့်​ဝ​သည့်​နာ​မ​တော် ကို​ထော​မ​နာ​ပြု​ကြ​ပါ​၏။''
וְכִ֨י מִ֤י אֲנִי֙ וּמִ֣י עַמִּ֔י כִּֽי־נַעְצֹ֣ר כֹּ֔חַ לְהִתְנַדֵּ֖ב כָּזֹ֑את כִּֽי־מִמְּךָ֣ הַכֹּ֔ל וּמִיָּדְךָ֖ נָתַ֥נּוּ לָֽךְ׃ 14
၁၄``အ​ကယ်​စင်​စစ်​ကျွန်​တော်​မျိုး​နှင့်​ကျွန်​တော် မျိုး​၏​လူ​တို့​သည် ကိုယ်​တော်​ရှင်​အား​အ​ဘယ် အ​ရာ​ကို​မျှ​ပေး​လှူ​နိုင်​စွမ်း​မ​ရှိ​ပါ။ ခပ်​သိမ်း သော​အ​ရာ​တို့​သည်​ကိုယ်​တော်​ရှင်​ပေး​သ​နား ထား​သည့်​ဆု​ကျေး​ဇူး​များ​ဖြစ်​သ​ဖြင့် ကျွန် တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပိုင်​သည့် အ​ရာ​များ​ကို​သာ​လျှင်​ကိုယ်​တော်​ရှင် အား​ပြန်​လည်​ဆက်​သ​ခြင်း​ဖြစ်​ပါ​၏။-
כִּֽי־גֵרִ֨ים אֲנַ֧חְנוּ לְפָנֶ֛יךָ וְתֹושָׁבִ֖ים כְּכָל־אֲבֹתֵ֑ינוּ כַּצֵּ֧ל ׀ יָמֵ֛ינוּ עַל־הָאָ֖רֶץ וְאֵ֥ין מִקְוֶֽה׃ 15
၁၅အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​သည် ဘိုး​ဘေး​များ​နည်း​တူ​ပြည်​နှင်​ဒဏ်​ခံ​ရ ကြ​သူ​များ​နှင့်​သူ​စိမ်း​တစ်​ရံ​ဆံ​များ​ကဲ့ သို့​ဤ​ဘ​ဝ​တွင်​ကျင်​လည်​ရ​ကြ​ကြောင်း ကိုယ်​တော်​ရှင်​သိ​တော်​မူ​ပါ​၏။ ကျွန်​တော် မျိုး​တို့​၏​နေ့​ရက်​များ​သည်​ရှည်​လျား လျက်​နေ​သော​အ​ရိပ်​ကဲ့​သို့​ဖြစ်​၍ ကျွန် တော်​မျိုး​တို့​သည်​သေ​ဘေး​နှင့်​မ​လွတ် နိုင်​ကြ​ပါ။-
יְהוָ֣ה אֱלֹהֵ֔ינוּ כֹ֣ל הֶהָמֹ֤ון הַזֶּה֙ אֲשֶׁ֣ר הֲכִינֹ֔נוּ לִבְנֹֽות־לְךָ֥ בַ֖יִת לְשֵׁ֣ם קָדְשֶׁ֑ךָ מִיָּדְךָ֥ הִיא (ה֖וּא) וּלְךָ֥ הַכֹּֽל׃ 16
၁၆အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​၏ ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​သန့်​ရှင်း​မြင့်​မြတ် သည့်​နာ​မ​တော်​ကို​ချီး​မြှောက်​နိုင်​ရန် ဗိ​မာန် တော်​တစ်​ဆောင်​တည်​ဆောက်​ရေး​အ​တွက် ဤ​ဥစ္စာ​အ​ပေါင်း​ကို​ကျွန်​တော်​မျိုး​တို့ စု​ဆောင်း​ယူ​ဆောင်​ခဲ့​ကြ​ပါ​၏။ သို့​ရာ တွင်​ထို​ဥစ္စာ​ပစ္စည်း​အား​လုံး​သည်​ကိုယ် တော်​ရှင်​ပေး​သ​နား​တော်​မူ​သော​အ​ရာ များ​ဖြစ်​၍​ယင်း​တို့​ကို​ကိုယ်​တော်​ရှင် ပိုင်​တော်​မူ​ပါ​၏။-
וְיָדַ֣עְתִּי אֱלֹהַ֔י כִּ֤י אַתָּה֙ בֹּחֵ֣ן לֵבָ֔ב וּמֵישָׁרִ֖ים תִּרְצֶ֑ה אֲנִ֗י בְּיֹ֤שֶׁר לְבָבִי֙ הִתְנַדַּ֣בְתִּי כָל־אֵ֔לֶּה וְעַתָּ֗ה עַמְּךָ֙ הַנִּמְצְאוּ־פֹ֔ה רָאִ֥יתִי בְשִׂמְחָ֖ה לְהִֽתְנַדֶּב־לָֽךְ׃ 17
၁၇ကိုယ်​တော်​ရှင်​သည်​လူ​တိုင်း​၏​စိတ်​နှ​လုံး ကို​စစ်​ဆေး​ကြည့်​ရှု​တော်​မူ​၍ သ​မာ​ဋ္ဌိ ရှိ​သူ​တို့​အား​နှစ်​သက်​တော်​မူ​သည်​ကို ကျွန်​တော်​မျိုး​သိ​ပါ​၏။ ကျွန်​တော်​မျိုး သည်​ရိုး​ဖြောင့်​မှန်​ကန်​သော​စေ​တ​နာ စိတ်​ဖြင့် ဤ​ဘဏ္ဍာ​ကို​ကိုယ်​တော်​ရှင်​အား ဆက်​သ​ပါ​၏။ ဤ​အ​ရပ်​တွင်​စု​ရုံး​လျက် ရှိ​သော​ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော်​သည် လည်း ကိုယ်​တော်​ရှင်​အား​ပေး​လှူ​ပူ​ဇော် ရ​သ​ဖြင့်​အ​ဘယ်​မျှ​ဝမ်း​မြောက်​ကြ သည်​ကို​ကျွန်​တော်​မျိုး​တွေ့​ရှိ​ရ​ပါ​ပြီ။-
יְהוָ֗ה אֱ֠לֹהֵי אַבְרָהָ֞ם יִצְחָ֤ק וְיִשְׂרָאֵל֙ אֲבֹתֵ֔ינוּ שֳׁמְרָה־זֹּ֣את לְעֹולָ֔ם לְיֵ֥צֶר מַחְשְׁבֹ֖ות לְבַ֣ב עַמֶּ֑ךָ וְהָכֵ֥ן לְבָבָ֖ם אֵלֶֽיךָ׃ 18
၁၈ကျွန်​တော်​မျိုး​တို့​၏​ဘိုး​ဘေး​များ​ဖြစ် ကြ​သော​အာ​ဗြ​ဟံ၊ ယာ​ကုပ်​နှင့်​ဣ​ဇာက် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ သို့​ဘု​ရား​တ​ရား​စွဲ​လန်း​တတ်​သော​စိတ် သ​ဘော​ကို ကိုယ်​တော်​ရှင့်​လူ​စု​တော်​၏ စိတ်​နှ​လုံး​တွင်​အ​စဉ်​သ​ဖြင့်​ခိုင်​မြဲ စွာ​တည်​ရှိ​စေ​တော်​မူ​ပါ။ သူ​တို့​သည် ကိုယ်​တော်​ရှင်​အ​ပေါ်​အ​စဉ်​အ​မြဲ သစ္စာ​ရှိ​စေ​တော်​မူ​ပါ။-
וְלִשְׁלֹמֹ֣ה בְנִ֗י תֵּ֚ן לֵבָ֣ב שָׁלֵ֔ם לִשְׁמֹור֙ מִצְוֹתֶ֔יךָ עֵדְוֹתֶ֖יךָ וְחֻקֶּ֑יךָ וְלַעֲשֹׂ֣ות הַכֹּ֔ל וְלִבְנֹ֖ות הַבִּירָ֥ה אֲשֶׁר־הֲכִינֹֽותִי׃ פ 19
၁၉ကိုယ်​တော်​ရှင်​မိန့်​တော်​မူ​သ​မျှ​တို့​ကို စိတ်​ရော​ကိုယ်​ပါ​လိုက်​နာ​လို​သော​ဆန္ဒ​ကို လည်း​ကောင်း၊ ဗိ​မာန်​တော်​ကို​အ​ပြီး​တိုင် စိတ်​ပါ​လက်​ပါ​တည်​ဆောက်​လို​သော​ဆန္ဒ ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​၏​သား ရှော​လ​မုန်​အား​ပေး​တော်​မူ​ပါ။ ထို​ဗိ​မာန် တော်​အ​တွက်​ကျွန်​တော်​မျိုး​သည်​ဤ​ပြင် ဆင်​မှု​များ​ကို​ပြု​လုပ်​၍​ထား​ပါ​ပြီ'' ဟု လျှောက်​ထား​၏။
וַיֹּ֤אמֶר דָּוִיד֙ לְכָל־הַקָּהָ֔ל בָּֽרְכוּ־נָ֖א אֶת־יְהוָ֣ה אֱלֹהֵיכֶ֑ם וַיְבָרֲכ֣וּ כָֽל־הַקָּהָ֗ל לַיהוָה֙ אֱלֹהֵ֣י אֲבֹֽתֵיהֶ֔ם וַיִּקְּד֧וּ וַיִּֽשְׁתַּחֲו֛וּ לַיהוָ֖ה וְלַמֶּֽלֶךְ׃ 20
၂၀ထို​နောက်​ဒါ​ဝိဒ်​သည်​လူ​တို့​အား``သင်​တို့​၏ ဘု​ရား​သခင်​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​လော့'' ဟု​အ​မိန့်​ပေး​တော်​မူ​၏။ ထို အ​ခါ​လူ​ထု​တစ်​ရပ်​လုံး​သည် မိ​မိ​တို့​၏ ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ဖြစ်​တော် မူ​သော​ထာ​ဝ​ရ​ဘု​ရား​ကို​ထော​မ​နာ ပြု​ကြ​ကုန်​၏။ သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​နှင့်​မိ​မိ​တို့​၏​ဘုရင့်​ရှေ့​တော် တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​ကုန်​၏။
וַיִּזְבְּח֣וּ לַיהוָ֣ה ׀ זְ֠בָחִים וַיַּעֲל֨וּ עֹלֹ֜ות לַיהוָ֗ה לְֽמָחֳרַת֮ הַיֹּ֣ום הַהוּא֒ פָּרִ֨ים אֶ֜לֶף אֵילִ֥ים אֶ֛לֶף כְּבָשִׂ֥ים אֶ֖לֶף וְנִסְכֵּיהֶ֑ם וּזְבָחִ֥ים לָרֹ֖ב לְכָל־יִשְׂרָאֵֽל׃ 21
၂၁နောက်​တစ်​နေ့​၌​သူ​တို့​သည်​ယဇ်​ကောင်​များ အ​ဖြစ်​ဖြင့်​တိ​ရစ္ဆာန်​များ​ကို​သတ်​၍ ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ပြီး​လျှင် လူ​တို့​အား စား​သုံး​ရန်​ပေး​ကြ​၏။ သူ​တို့​သည်​စပျစ်​ရည် ပူ​ဇော်​သ​ကာ​များ​ကို​လည်း​ယူ​ဆောင်​လာ ကြ​၏။ ထို​အ​ပြင်​နွား​သိုး​တစ်​ထောင်၊ သိုး ထီး​တစ်​ထောင်​နှင့်​သိုး​ငယ်​တစ်​ထောင်​တို့ ကို​ယဇ်​ပလ္လင်​ပေါ်​တွင်​တစ်​ကောင်​လုံး မီး​ရှို့​ပူ​ဇော်​ကြ​လေ​သည်။-
וַיֹּאכְל֨וּ וַיִּשְׁתּ֜וּ לִפְנֵ֧י יְהוָ֛ה בַּיֹּ֥ום הַה֖וּא בְּשִׂמְחָ֣ה גְדֹולָ֑ה וַיַּמְלִ֤יכוּ שֵׁנִית֙ לִשְׁלֹמֹ֣ה בֶן־דָּוִ֔יד וַיִּמְשְׁח֧וּ לַיהוָ֛ה לְנָגִ֥יד וּלְצָדֹ֖וק לְכֹהֵֽן׃ 22
၂၂သို့​ဖြစ်​၍​ထို​နေ့​၌​သူ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​ရှေ့​တော်​တွင်​စား​သောက်​ကာ အ​လွန်​ရွှင်​လန်း​ဝမ်း​မြောက်​ကြ​ကုန်​၏။ သူ​တို့​သည်​ရှော​လ​မုန်​အား​ဘု​ရင်​အ​ဖြစ် ဖြင့်​ဒု​တိ​ယ​အ​ကြိမ်​ကြေ​ညာ​လေ​သည်။ သူ့​အား​မိ​မိ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့် လည်း​ကောင်း၊ ဇာ​ဒုတ်​အား​ယဇ်​ပု​ရော​ဟိတ် အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဘိ​သိက် ပေး​ကြ​၏။-
וַיֵּ֣שֶׁב שְׁ֠לֹמֹה עַל־כִּסֵּ֨א יְהוָ֧ה ׀ לְמֶ֛לֶךְ תַּֽחַת־דָּוִ֥יד אָבִ֖יו וַיַּצְלַ֑ח וַיִּשְׁמְע֥וּ אֵלָ֖יו כָּל־יִשְׂרָאֵֽל׃ 23
၂၃သို့​ဖြစ်​၍​ရှော​လ​မုန်​သည်​မိ​မိ​ခ​မည်း တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​လျက် ထာ​ဝ​ရ​ဘု​ရား​တည်​စေ​သော​ရာ​ဇ​ပလ္လင် ပေါ်​တွင်​ထိုင်​တော်​မူ​၏။ သူ​သည်​အောင်​မြင် သော​ဘု​ရင်​ဖြစ်​ပေ​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တစ်​ရပ်​လုံး​သည်​လည်း သူ​၏​အ​မိန့်​ကို​နာ​ခံ​ကြ​လေ​သည်။-
וְכָל־הַשָּׂרִים֙ וְהַגִּבֹּרִ֔ים וְגַ֕ם כָּל־בְּנֵ֖י הַמֶּ֣לֶךְ דָּוִ֑יד נָ֣תְנוּ יָ֔ד תַּ֖חַת שְׁלֹמֹ֥ה הַמֶּֽלֶךְ׃ 24
၂၄အ​ရာ​ရှိ​များ​နှင့်​စစ်​သူ​ရဲ​အ​ပေါင်း​တို့ နှင့်​ဒါ​ဝိဒ်​၏​အ​ခြား​သား​တို့​သည်​ရှော လ​မုန်​မင်း​၏​ကျေး​ဇူး​သစ္စာ​ကို​စောင့် ပါ​မည်​ဟု​က​တိ​ပေး​ကြ​၏။-
וַיְגַדֵּ֨ל יְהוָ֤ה אֶת־שְׁלֹמֹה֙ לְמַ֔עְלָה לְעֵינֵ֖י כָּל־יִשְׂרָאֵ֑ל וַיִּתֵּ֤ן עָלָיו֙ הֹ֣וד מַלְכ֔וּת אֲ֠שֶׁר לֹֽא־הָיָ֧ה עַל־כָּל־מֶ֛לֶךְ לְפָנָ֖יו עַל־יִשְׂרָאֵֽל׃ פ 25
၂၅ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ပေါင်း​၏​ရှေ့​တွင်​ရှော​လ​မုန်​အား လွန်​စွာ​ချီး​မြှောက်​တော်​မူ​၍ အ​ခြား​အ​ဘယ် ဣ​သ​ရေ​လ​ဘု​ရင်​မျှ​မ​ရ​ရှိ​ဘူး​သည့် ဘုန်း​အ​သ​ရေ​ဖြင့်​ပြည့်​ဝ​စေ​တော်​မူ​၏။
וְדָוִיד֙ בֶּן־יִשָׁ֔י מָלַ֖ךְ עַל־כָּל־יִשְׂרָאֵֽל׃ 26
၂၆ယေ​ရှဲ​၏​သား​ဒါ​ဝိဒ်​သည်​ဣ​သ​ရေ​လ​နိုင်​ငံ တစ်​ခု​လုံး​ကို​အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော် မူ​၏။ သူ​သည်​ဟေဗြုန်​မြို့​တွင်​ခု​နစ်​နှစ်၊ ယေ​ရု ရှ​လင်​မြို့​တွင်​သုံး​ဆယ့်​သုံး​နှစ်​နန်း​စံ​တော် မူ​၏။-
וְהַיָּמִ֗ים אֲשֶׁ֤ר מָלַךְ֙ עַל־יִשְׂרָאֵ֔ל אַרְבָּעִ֖ים שָׁנָ֑ה בְּחֶבְרֹ֤ון מָלַךְ֙ שֶׁ֣בַע שָׁנִ֔ים וּבִירוּשָׁלַ֥͏ִם מָלַ֖ךְ שְׁלֹשִׁ֥ים וְשָׁלֹֽושׁ׃ 27
၂၇
וַיָּ֙מָת֙ בְּשֵׂיבָ֣ה טֹובָ֔ה שְׂבַ֥ע יָמִ֖ים עֹ֣שֶׁר וְכָבֹ֑וד וַיִּמְלֹ֛ךְ שְׁלֹמֹ֥ה בְנֹ֖ו תַּחְתָּֽיו׃ 28
၂၈သူ​သည်​စည်း​စိမ်​ချမ်း​သာ​ကြွယ်​ဝ​လျက်​ကြည်​ညို လေး​စား​မှု​ကို​ခံ​ရ​ကာ အ​လွန်​အို​မင်း​ချိန်​ကျ မှ​ကွယ်​လွန်​တော်​မူ​လေ​သည်။-
וְדִבְרֵי֙ דָּוִ֣יד הַמֶּ֔לֶךְ הָרִאשֹׁנִ֖ים וְהָאֲחרֹנִ֑ים הִנָּ֣ם כְּתוּבִ֗ים עַל־דִּבְרֵי֙ שְׁמוּאֵ֣ל הָרֹאֶ֔ה וְעַל־דִּבְרֵי֙ נָתָ֣ן הַנָּבִ֔יא וְעַל־דִּבְרֵ֖י גָּ֥ד הַחֹזֶֽה׃ 29
၂၉ဒါ​ဝိဒ်​မင်း​၏​ရာ​ဇ​ဝင်​ကို​အ​စ​မှ​အ​ဆုံး​တိုင် အောင်​ရှ​မွေ​လ၊ နာ​သန်​နှင့်​ဂဒ်​ဟူ​သော​ပ​ရော ဖက်​သုံး​ပါး​တို့​၏​မှတ်​တမ်း​များ​တွင်​ရေး​မှတ် ၍​ထား​၏။-
עִ֥ם כָּל־מַלְכוּתֹ֖ו וּגְבוּרָתֹ֑ו וְהָעִתִּ֗ים אֲשֶׁ֨ר עָבְר֤וּ עָלָיו֙ וְעַל־יִשְׂרָאֵ֔ל וְעַ֖ל כָּל־מַמְלְכֹ֥ות הָאֲרָצֹֽות׃ פ 30
၃၀ထို​ပ​ရော​ဖက်​တို့​သည်​ဒါ​ဝိဒ်​မင်း​တိုင်း​ပြည်​ကို အုပ်​စိုး​ပုံ​နှင့်​တန်​ခိုး​ကြီး​ပုံ​တို့​ကို​လည်း​ကောင်း၊ သူ​ကြုံ​တွေ့​ရ​သော​အ​ဖြစ်​အ​ပျက်​များ​နှင့် တ​ကွ​ဣ​သ​ရေ​လ​နိုင်​ငံ​နှင့်​အ​နီး​တစ်​ဝိုက် ရှိ​တိုင်း​ပြည်​များ​၏​အ​ဖြစ်​အ​ပျက်​မှန်​သ​မျှ တို့​ကို​လည်း​ကောင်း​ဖော်​ပြ​ကြ​လေ​သည်။ ရာ​ဇ​ဝင်​ချုပ်​ပ​ထ​မ​စောင်​ပြီး​၏။

< 1 דִּבְרֵי הַיָּמִים 29 >