< דניאל 5 >

בלשאצר מלכא עבד לחם רב לרברבנוהי אלף ולקבל אלפא חמרא שתה 1
တရံရောအခါ ဗေလရှာဇာမင်းကြီးသည် မှူးမတ်တထောင်ကို ခေါ်ပြီးလျှင် ကြီးစွာသော ပွဲကို လုပ်၍၊ မှူးမတ်တထောင်နှင့်တကွ စပျစ်ရည်ကို သောက်တော်မူ၏။
בלשאצר אמר בטעם חמרא להיתיה למאני דהבא וכספא די הנפק נבוכדנצר אבוהי מן היכלא די בירושלם וישתון בהון מלכא ורברבנוהי שגלתה ולחנתה 2
စပျစ်ရည်ကို မြည်းစမ်းသောအခါ၊ ယေရု ရှလင်မြို့ ဗိမာန်တော် ထဲကခမည်းတော် နေဗုခဒ်နေဇာ သိမ်းယူဆောင်ခဲ့သော ရွှေဖလား၊ ငွေဖလားတို့နှင့် ကိုယ်တော်တိုင်မှစ၍ မင်းသား၊ မိဖုရား၊ မောင်းမမိဿံ တို့သည် သောက်ရမည်အကြောင်း၊ ထိုဖလားတို့ကို ယူခဲ့ရမည်ဟု အမိန့်တော်ရှိသည်အတိုင်း၊
באדין היתיו מאני דהבא די הנפקו מן היכלא די בית אלהא די בירושלם ואשתיו בהון מלכא ורברבנוהי שגלתה ולחנתה 3
ယေရုရှလင်မြို့၌ရှိသော ဘုရားသခင်၏ ဗိမာန် တော်တိုက်ထဲက သိမ်းယူဆောင်ခဲ့သော ရွှေဖလားတို့ကို ယူခဲ့၍၊ မင်းကြီး၊ မင်းသား၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့် သောက်ကြ၏။
אשתיו חמרא ושבחו לאלהי דהבא וכספא נחשא פרזלא--אעא ואבנא 4
စပျစ်ရည်ကိုသောက်၍၊ ရွေဘုရား၊ ငွေဘုရား၊ ကြေးဝါဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက် ဘုရားတို့ကို ချီးမွမ်းကြ၏။
בה שעתה נפקו (נפקה) אצבען די יד אנש וכתבן לקבל נברשתא על גירא די כתל היכלא די מלכא ומלכא חזה פס ידא די כתבה 5
ထိုအချိန်နာရီတွင် လူ၏လက်ဖျားသည် ပေါ်လာ၍ မီးခုံ အထက်၊ နန်းတော်အုတ်ထရံ အင်္ဂတေ၌ အက္ခရာတင်၍ ရေးထား၏။ ထိုသို့ရေးသောလက်ဖျားကို ရှင်ဘုရင် မြင်တော်မူလျှင်၊
אדין מלכא זיוהי שנוהי ורעינהי יבהלונה וקטרי חרצה משתרין וארכבתה דא לדא נקשן 6
မျက်နှာတော်ညှိုးငယ်၍ စိတ်ပူပန်ခြင်းသို့ ရောက်သဖြင့်၊ ခါးဆစ်ပြုတ်မတတ်ဖြစ်၍ ဒူးခြင်းထိခိုက် သည်ရှိသော်၊
קרא מלכא בחיל להעלה לאשפיא כשדיא (כשדאי) וגזריא ענה מלכא ואמר לחכימי בבל די כל אנש די יקרה כתבה דנה ופשרה יחונני ארגונא ילבש והמנוכא (והמניכא) די דהבא על צוארה ותלתי במלכותא ישלט 7
ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိဆရာ တို့ကို ခေါ်ချေဟု ဟစ်ကြော်ပြီးလျှင်၊ ထိုစာကို ဘတ်၍ အနက် ကို ဘော်ပြနိုင်သောသူသည် အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယ မင်းဖြစ်စေဟု ဗာဗုလုန်ပညာရှိတို့အား အမိန့်တော်ရှိ၍၊
אדין עללין (עלין) כל חכימי מלכא ולא כהלין כתבא למקרא ופשרא (ופשרה) להודעה למלכא 8
ပညာရှိ ဆရာတော်အပေါင်းတို့သည် လာ ရောက်ကြသော်လည်း၊ ထိုစာကို မတတ်နိုင်ကြ။ အနက် အဓိပ္ပါယ်ကို ရှင်ဘုရင်အား မဟောမပြောနိုင်သော ကြောင့်၊
אדין מלכא בלשאצר שגיא מתבהל וזיוהי שנין עלוהי ורברבנוהי משתבשין 9
ဗေလရှာဇာမင်းကြီးသည် အလွန်စိတ်ပူပန်ခြင်း၊ မျက်နှာတော်ညှိုးငယ်ခြင်းရှိ၍၊ မှူးတော်မတ်တော်တို့ သည် မှိုင်လျက်နေကြ၏။
מלכתא--לקבל מלי מלכא ורברבנוהי לבית משתיא עללת (עלת) ענת מלכתא ואמרת מלכא לעלמין חיי--אל יבהלוך רעיונך וזיויך (וזיוך) אל ישתנו 10
၁၀ထိုအခါ မယ်တော်မိဖုရားသည် ရှင်ဘုရင်၏ စကား၊ မှူးမတ်တို့၏ စကားကို ကြားသိလျှင်၊ ပွဲတော်သို့ ဝင်၍၊ အရှင်မင်းကြီး၊ အသက်တော် အစဉ်အမြဲရှင်ပါစေ။ စိတ်တော်ပူပန်ခြင်း မရှိပါနှင့်။ မျက်နှာညှိုးငယ်တော် မမူပါနှင့်။
איתי גבר במלכותך די רוח אלהין קדישין בה וביומי אבוך נהירו ושכלתנו וחכמה כחכמת אלהין השתכחת בה ומלכא נבכדנצר אבוך--רב חרטמין אשפין כשדאין גזרין הקימה אבוך מלכא 11
၁၁သန့်ရှင်းသော ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံသော သူတယောက်သည် နိုင်ငံတော်တွင် ရှိပါ၏။ ခမည်းတော်ဘုရားလက်ထက်တော်၌၊ ထိုသူတွင် ဘုရားပညာ နှင့်တူသော ပညာဥာဏ်သတ္တိ ထင်ရှားလျက် ရှိပါ၏။ ထိုသူကို ခမည်းတော်ဘုရား နေဗုခဒ်နေဇာမင်းကြီး သည် မာဂုပညာရှိ၊ ဗေဒင်တတ်၊ ခါလဒဲဆရာ၊ အနာဂတ္တိ ဆရာတို့အပေါ်တွင် ဆရာအုပ်အရာ၌ ခန့်ထားတော် မူ၏။
כל קבל די רוח יתירה ומנדע ושכלתנו מפשר חלמין ואחוית אחידן ומשרא קטרין השתכחת בה בדניאל די מלכא שם שמה בלטשאצר כען דניאל יתקרי ופשרה יהחוה 12
၁၂အကြောင်းမူကား၊ အိပ်မက်အနက်ကို ဘတ်ခြင်း၊ နက်နဲခက်ခဲသောအရာကို ဖွင့်ပြခြင်း၊ ပုစ္ဆာအမေးကို ဖြေခြင်းငှါ တတ်စွမ်းနိုင် သောဥာဏ်ပညာ နှင့်တကွ၊ ထူးဆန်းသောစိတ်ဝိညာဉ်သည် ဒံယေလ အမည်ရှိသော ထိုသူတွင် ထင်ရှားလျက်ရှိပါ၏။ ဗေလတ ရှာဇာဟူသော ဘွဲ့နာမကိုလည်း ရှင်ဘုရင် ပေးသနား တော်မူ၏။ ထိုဒံယေလကို ခေါ်တော်မူလျှင်၊ အနက်ကို ဟောပြောပါလိမ့်မည်ဟု လျှောက်သော်၊
באדין דניאל העל קדם מלכא ענה מלכא ואמר לדניאל אנתה (אנת) הוא דניאל די מן בני גלותא די יהוד די היתי מלכא אבי מן יהוד 13
၁၃ဒံယေလကို အထံတော်သို့ ခေါ်သွင်းလေ၏။ ရှင်ဘုရင်က၊ ငါ့ခမည်းတော်ဘုရားသည် ယုဒပြည်က သိမ်းယူတော်မူခဲ့၍၊ ယုဒလူစု၌ ပါသောဒံယေလ မှန်သလော။
ושמעת עליך (עלך) די רוח אלהין בך ונהירו ושכלתנו וחכמה יתירה השתכחת בך 14
၁၄သင်သည် ဘုရားသခင်၏ ဝိညာဉ်နှင့်၎င်း၊ ထူးဆန်းသော ပညာဥာဏ်သတ္တိနှင့်၎င်း ပြည့်စုံသည်ဟု သင်၏ သိတင်းကို ငါကြား၏။
וכען העלו קדמי חכימיא אשפיא די כתבה דנה יקרון ופשרה להודעתני ולא כהלין פשר מלתא להחויה 15
၁၅ထိုစာကို ဘတ်၍ အနက်ကို ငါ့အား ဘော်ပြစေ ခြင်းငှါ ဗေဒင်တတ်ပညာရှိတို့ကို ငါ့ထံသို့သွင်းသော် လည်း၊ သူတို့သည်အနက်ကို မဘော်မပြနိုင်ကြ။
ואנה שמעת עליך (עלך) די תוכל (תכול) פשרין למפשר וקטרין למשרא כען הן תוכל (תכול) כתבא למקרא ופשרה להודעותני--ארגונא תלבש והמונכא (והמניכא) די דהבא על צוארך ותלתא במלכותא תשלט 16
၁၆သင်သည် အနက်များကို ဘော်ပြ၍ ပုစ္ဆာ အမေးတို့ကို ဖြေနိုင်သည်ဟု ငါကြားပြီးအတိုင်း၊ ထိုစာကိုဘတ်၍ အနက်ကိုငါ့အားဘောပြနိုင်လျှင်၊ အဝတ်နီကိုဝတ်ဆင်၍ လည်ပင်း၌ ရွှေစလွယ်ဆွဲလျက်၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်ရလိမ့်မည်ဟု မိန့်တော် မူ၏။
באדין ענה דניאל ואמר קדם מלכא מתנתך לך להוין ונבזביתך לאחרן הב ברם כתבא אקרא למלכא ופשרא אהודענה 17
၁၇ဒံယေလကလည်း၊ ဆုတော်လပ်တော်ကို ကိုယ်တော်၌ရှိစေတော်မူပါ။ ပေးလိုသောအရာများကို အခြားသူအား ပေးသနားတော်မူပါ။ သို့သော်လည်း၊ ရှေ့တော်၌ ထိုစာကို ဘတ်၍ အနက်ကိုဘော်ပြပါမည်။
אנתה (אנת) מלכא אלהא עליא (עלאה) מלכותא ורבותא ויקרא והדרא יהב לנבכדנצר אבוך 18
၁၈အရှင်မင်းကြီး၊ အမြင့်ဆုံးသော ဘုရားသခင် သည် ခမည်းတော် နေဗုခဒ်နေဇာမင်းကြီး၌ နိုင်ငံတော် နှင့်တကွ ရွှေဘုန်းတော်မြတ်၊ ဂုဏ်အသရေတော်ကို ပေးသနားတော်မူ၏။
ומן רבותא די יהב לה--כל עממיא אמיא ולשניא הוו זאעין (זיעין) ודחלין מן קדמוהי די הוא צבא הוה קטל ודי הוה צבא הוה מחא ודי הוה צבא הוה מרים ודי הוא צבא הוא משפל 19
၁၉ပေးသနားတော်မူသော ထိုရွှေဘုန်းတော်မြတ် ကြောင့်၊ အရပ်ရပ်တို့၌ နေ၍ အသီးသီးအခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့သည် ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်လျက် နေကြ၏။ သတ်လို သော သူတို့ကို သတ်တော်မူ၏။ အသက်ရှင်စေလိုသော သူတို့ကို ရှင်စေတော်မူ၏။ ချီးမြှောက်လိုသော သူတို့ကို ချီးမြှောက်တော်မူ၏။ နှိမ့်ချလိုသောသူတို့ကို နှိမ့်ချတော်မူ၏။
וכדי רם לבבה ורוחה תקפת להזדה הנחת מן כרסא מלכותה ויקרה העדיו מנה 20
၂၀မာန်မာနစိတ်နှင့် ထောင်လွှားစော်ကားခြင်း ရှိသောအခါ၊ ဘုန်းတန်ခိုးကွယ်ပျောက်၍ နန်းတော်မှ ကျ၏။
ומן בני אנשא טריד ולבבה עם חיותא שוי (שויו) ועם ערדיא מדרה עשבא כתורין יטעמונה ומטל שמיא גשמה יצטבע עד די ידע די שליט אלהא עליא (עלאה) במלכות אנשא ולמן די יצבא יהקים עליה (עלה) 21
၂၁လူသားစုထဲက နှင်ထုတ်ခြင်းကိုခံ၍ တိရစ္ဆာန် သဘောနှင့် ပြည့်စုံ၏။ အမြင့်ဆုံးသော ဘုရားသခင်သည် လောကီနိုင်ငံကို အုပ်စိုး၍၊ အလိုတော်ရှိသောသူတို့အား အပ်တော်မူသည်ကို မသိမှတ်မှီတိုင်အောင်၊ မြည်းရိုင်း တို့နှင့် ပေါင်းဘော်လျက်၊ နွားကဲ့သို့ မြက်ကိုစားလျက်၊ မိုဃ်းစွတ်ခြင်းကို ခံ၍နေရ၏။
ואנתה (ואנת) ברה בלשאצר לא השפלת לבבך כל קבל די כל דנה ידעת 22
၂၂အရှင်သားတော် ဗေလရှာဇာ၊ ကိုယ်တော်သည် ထိုအမှုအလုံးစုံတို့ကို သိသော်လည်း၊ စိတ်နှလုံးကို မနှိမ့်ချဘဲ၊
ועל מרא שמיא התרוממת ולמאניא די ביתה היתיו קדמיך (קדמך) ואנתה (ואנת) ורברבניך (ורברבנך) שגלתך ולחנתך חמרא שתין בהון ולאלהי כספא ודהבא נחשא פרזלא אעא ואבנא די לא חזין ולא שמעין ולא ידעין שבחת ולאלהא די נשמתך בידה וכל ארחתך לה--לא הדרת 23
၂၃ကောင်းကင်ဘုံ၏ အရှင်ကို ဆန့်ကျင်ဘက်ပြု၍၊ ဗိမာန်တော်၏ ဖလားတို့ကို ရှေ့တော်သို့ ယူခဲ့စေ၍၊ ကိုယ်တော်တိုင်မှစသော မှူးတော် မတ်တော်၊ မိဖုရား၊ မောင်းမမိဿံတို့သည် ထိုဖလားတို့နှင့်စပျစ်ရည်ကို သောက်ကြပြီတကား။ မျက်စိမမြင်၊ နားမကြား၊ အဘယ် အရာကိုမျှ မသိသော ငွေဘုရား၊ ရွှေဘုရား၊ ကြေးဝါ ဘုရား၊ သံဘုရား၊ သစ်သားဘုရား၊ ကျောက်ဘုရားတို့ကို ချီးမွမ်း၍၊ ကိုယ်တော်၏ အသက်သခင်တည်းဟူသော ကိုယ်တော်၏ အမှုအလုံးစုံတို့ကိုစီရင်ပိုင်တော်မူသော ဘုရားသခင်ကို မချီးမွမ်းဘဲ နေပါပြီတကား။
באדין מן קדמוהי שליח פסא די ידא וכתבא דנה רשים 24
၂၄ထိုကြောင့်၊ လက်ဖျားကိုစေလွှတ်၍ ထိုစာကို ရေးစေတော်မူ၏။
ודנה כתבא די רשים מנא מנא תקל ופרסין 25
၂၅စာချက်ဟူမူကား၊ မေနေမေနေ၊ တေကလ၊ ဖေရက်ဟု အက္ခရာ တင်လျက်ရှိ၏။
דנה פשר מלתא מנא--מנה אלהא מלכותך והשלמה 26
၂၆မေနေ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော်၏ နိုင်ငံကို ဘုရားသခင် ရေတွက်၍ ဆုံးစေတော်မူ၏။
תקל--תקילת במאזניא והשתכחת חסיר 27
၂၇တေကလ၏ အနက်အဓိပ္ပါယ်ကား၊ ကိုယ်တော် ကို ချိန်ခွင်နှင့် ချိန်၍လျော့ကြောင်းကို တွေ့မြင်တော် မူ၏။
פרס--פריסת מלכותך ויהיבת למדי ופרס 28
၂၈ဖေရက်၏ အနက်ဓိပ္ပါယ်ကား၊ နိုင်ငံတော်ကို ခွဲဝေ၍ မေဒိလူ၊ ပေရသိလူတို့အား အပ်ပေးတော်မူ၏ဟု ဆိုလိုသတည်းဟု ဒံယေလသည် အထံတော်၌ ပြန်ကြား လျှောက်ထား၏။
באדין אמר בלשאצר והלבשו לדניאל ארגונא והמנוכא (והמניכא) די דהבא על צוארה והכרזו עלוהי די להוא שליט תלתא במלכותא 29
၂၉ထိုအခါ ဗေလရှာဇာ မင်းကြီးမိန့်တော်မူသည် အတိုင်း၊ ဒံလရှဇာမင်းကြီးမိန့်တော်မူသည်အတိုင်း၊ ဒံယေလကို အဝတ်နီဝတ်ဆင်စေ၍ လည်ပင်း၌ ရွှေ စလွယ်ဆွဲပြီးမှ၊ နိုင်ငံတော်တွင် တတိယမင်းဖြစ်သည်ဟု မြို့ကိုလည်၍ဟစ်ကြော်ကြ၏။
בה בליליא קטיל בלאשצר מלכא כשדיא (כשדאה) 30
၃၀ထိုညဉ့်၌ပင် ခါလဒဲရှင်ဘုရင် ဗေလရှာဇာ မင်းသည် အသက်ဆုံး၍၊
ודריוש מדיא (מדאה) קבל מלכותא--כבר שנין שתין ותרתין 31
၃၁မေဒိအမျိုး ဒါရိမင်းသည် အသက်ခြောက်ဆယ် နှစ်နှစ်တွင် နိုင်ငံတော်ကို သိမ်းယူတော်မူ၏။

< דניאל 5 >