< דברי הימים ב 28 >

בן עשרים שנה אחז במלכו ושש עשרה שנה מלך בירושלם ולא עשה הישר בעיני יהוה כדויד אביו 1
အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု။
וילך בדרכי מלכי ישראל וגם מסכות עשה לבעלים 2
ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ၍ ၊ ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။
והוא הקטיר בגיא בן הנם ויבער את בניו באש כתעבות הגוים אשר הריש יהוה מפני בני ישראל 3
ထာဝရဘုရား သည် ဣသရေလ အမျိုးသား ရှေ့ မှ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ဟိန္နုံ သားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိ သား တို့ကိုလည်း မီး ဖြင့် ပူဇော် ၏။
ויזבח ויקטר בבמות ועל הגבעות ותחת כל עץ רענן 4
မြင့် သောအရပ်၊ တောင် ပေါ်၊ သစ်ပင် အောက် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်း ကို မီးရှို့တတ်၏။
ויתנהו יהוה אלהיו ביד מלך ארם ויכו בו וישבו ממנו שביה גדולה ויביאו דרמשק וגם ביד מלך ישראל נתן ויך בו מכה גדולה 5
ထိုကြောင့် ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။
ויהרג פקח בן רמליהו ביהודה מאה ועשרים אלף ביום אחד--הכל בני חיל בעזבם את יהוה אלהי אבותם 6
တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။
ויהרג זכרי גבור אפרים את מעשיהו בן המלך ואת עזריקם נגיד הבית ואת אלקנה משנה המלך 7
ခွန်အား ကြီးသော ဧဖရိမ် သား ဇိခရိ သည်၊ ရှင်ဘုရင် သား မာသေယ ၊ နန်းတော် အုပ် အာဇရိကံ ၊ ရှင်ဘုရင် နောက်ဒုတိယ မင်း ဧလကာန ကို သတ် ၏။
וישבו בני ישראל מאחיהם מאתים אלף נשים בנים ובנות וגם שלל רב בזזו מהם ויביאו את השלל לשמרון 8
ဣသရေလ အမျိုးသား တို့သည်လည်း ၊ မိမိ တို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာ သော ဥစ္စာ ကိုလည်း လုယူ ၍ ရှမာရိ မြို့သို့ ဆောင်သွား ကြ၏။
ושם היה נביא ליהוה עדד שמו ויצא לפני הצבא הבא לשמרון ויאמר להם הנה בחמת יהוה אלהי אבותיכם על יהודה נתנם בידכם ותהרגו בם בזעף עד לשמים הגיע 9
ဩဒက် အမည် ရှိသောထာဝရဘုရား ၏ ပရောဖက် တပါးရှိ ၍ ၊ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် ၊ သင် တို့လက် ၌ အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။
ועתה בני יהודה וירושלם אתם אמרים לכבש לעבדים ולשפחות לכם הלא רק אתם עמכם אשמות ליהוה אלהיכם 10
၁၀ယခု တွင်လည်း ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားယောက်ျား မိန်းမ တို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ရာသို့ ရောက်သည် မ ဟုတ်လော။
ועתה שמעוני--והשיבו השביה אשר שביתם מאחיכם כי חרון אף יהוה עליכם 11
၁၁ငါ့ စကားကိုနားထောင် ကြလော့။ သင်တို့သည် ယခု ဘမ်းဆီး ၍ သိမ်းယူခဲ့သော သင် တို့၏ ညီအစ်ကို များကို လွှတ် လိုက်ကြလော့။ သို့မဟုတ်ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်သည် သင် တို့အပေါ် မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
ויקמו אנשים מראשי בני אפרים עזריהו בן יהוחנן ברכיהו בן משלמות ויחזקיהו בן שלם ועמשא בן חדלי--על הבאים מן הצבא 12
၁၂ထိုအခါ ဧဖရိမ် အမျိုးသား အကြီးအကဲ ၊ ယောဟနန် သား အာဇရိ ၊ မေရှိလေမုတ် သား ဗေရခိ ၊ ရှလ္လုံ သား ဟေဇကိ ၊ ဟာဒလဲ သား အာမသာ တို့သည် စစ်တိုက် ရာမှ လာ သောသူတို့ ကို ဆီးတား ၍၊
ויאמרו להם לא תביאו את השביה הנה--כי לאשמת יהוה עלינו אתם אמרים להסיף על חטאתנו ועל אשמתנו כי רבה אשמה לנו וחרון אף על ישראל 13
၁၃သင်တို့သိမ်းယူခဲ့သောသူတို့ ကို ဤ မြို့ထဲသို့ မ သွင်း ရ။ ငါ တို့သည် ထာဝရဘုရား ကို ပြစ်မှား ပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ကြံစည်ကြသည်ကား။ ယခုတွင် ငါ တို့အပြစ် ကြီးလှ ၏။ ဣသရေ အမျိုး၌ ပြင်းစွာ အမျက် ထွက်လျက် ရှိသည်ဟု ဆို သောကြောင့်၊
ויעזב החלוץ את השביה ואת הבזה לפני השרים וכל הקהל 14
၁၄စစ်သူရဲ တို့သည် သိမ်းယူ ခဲ့သောလူများနှင့် လု ယူခဲ့သောဥစ္စာများကို မင်း တို့ရှေ့၊ ပရိသတ် တို့ရှေ့ မှာထား ကြ၏။
ויקמו האנשים אשר נקבו בשמות ויחזיקו בשביה וכל מערמיהם הלבישו מן השלל וילבשם וינעלום ויאכלום וישקום ויסכום וינהלום בחמרים לכל כושל ויביאום ירחו עיר התמרים אצל אחיהם וישובו שמרון 15
၁၅အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် ၊ သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် ၍ ၊ အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် ၍ ၊ သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ၊ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။
בעת ההיא שלח המלך אחז על מלכי אשור--לעזר לו 16
၁၆ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ ၊ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။
ועוד אדומים באו ויכו ביהודה וישבו שבי 17
၁၇အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ၊ ယုဒ ပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။
ופלשתים פשטו בערי השפלה והנגב ליהודה וילכדו את בית שמש ואת אילון ואת הגדרות ואת שוכו ובנותיה ואת תמנה ובנותיה ואת גמזו ואת בנתיה וישבו שם 18
၁၈ဖိလိတ္တိ လူတို့သည်လည်း ၊ နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ ၍ နေရာ ချကြ၏။
כי הכניע יהוה את יהודה בעבור אחז מלך ישראל כי הפריע ביהודה ומעול מעל ביהוה 19
၁၉ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။
ויבא עליו תלגת פלנאסר מלך אשור ויצר לו ולא חזקו 20
၂၀အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာလာ သော်လည်း ၊ အား ကိုမ ပေး၊ သာ၍ဆင်းရဲ စေ၏။
כי חלק אחז את בית יהוה ואת בית המלך והשרים ויתן למלך אשור ולא לעזרה לו 21
၂၁အကြောင်း မူကား၊ အာခတ် သည် ဗိမာန် တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ ၊ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိ ရှင်ဘုရင် အား ပေး သော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
ובעת הצר לו ויוסף למעול ביהוה הוא המלך אחז 22
၂၂အာခတ် မင်းကြီး သည် ဆင်းရဲ ဒုက္ခခံရသောအခါ ၊ ထာဝရဘုရား ကို သာ၍ ပြစ်မှား ၏။
ויזבח לאלהי דרמשק המכים בו ויאמר כי אלהי מלכי ארם הם מעזרים אתם להם אזבח ויעזרוני והם היו לו להכשילו ולכל ישראל 23
၂၃ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
ויאסף אחז את כלי בית האלהים ויקצץ את כלי בית האלהים ויסגר את דלתות בית יהוה ויעש לו מזבחות בכל פנה בירושלם 24
၂၄တဖန် အာခတ် သည် ဗိမာန် တော်တန်ဆာ တို့ကို စုထား ၍ အပိုင်းပိုင်းချိုးဖြတ် ၏။ ဗိမာန် တော်တံခါး တို့ကိုလည်း ပိတ် ထား၏။ ယေရုရှလင် မြို့ထောင့် များ၌ ယဇ် ပလ္လင် တို့ကို တည် ၏။
ובכל עיר ועיר ליהודה עשה במות לקטר לאלהים אחרים ויכעס את יהוה אלהי אבתיו 25
၂၅အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ စရာဘို့။ယုဒ မြို့ အသီးအသီး တို့၌ မြင့် သောအရပ် တို့ကို တည် ၍ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်လေ၏။
ויתר דבריו וכל דרכיו הראשנים והאחרונים--הנם כתובים על ספר מלכי יהודה וישראל 26
၂၆အာခတ် ကျင့်ကြံ ပြုမူသော အမှု အရာကြွင်း လေသမျှအစ အဆုံး တို့သည် ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
וישכב אחז עם אבתיו ויקברהו בעיר בירושלם--כי לא הביאהו לקברי מלכי ישראל וימלך יחזקיהו בנו תחתיו 27
၂၇အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ယေရုရှလင် မြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ၊ ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။

< דברי הימים ב 28 >