< Luka 19 >

1 Yesu ya shiga Yeriko, yana ratsa ta cikinta.
သ​ခင်​ယေ​ရှု​သည်​ယေ​ရိ​ခေါ​မြို့​ကို​ဖြတ်​၍ ကြွ​တော်​မူ​၏။-
2 Akwai wani mutum a garin, mai suna Zakka. Shi shugaban masu karɓar haraji ne, mai arziki kuma.
ထို​အ​ရပ်​တွင်​ဇက္ခဲ​နာ​မည်​ရှိ​သော​အ​ကောက်​ခွန် မှူး​တစ်​ယောက်​ရှိ​၏။ သူ​သည်​ချမ်းသာ​ကြွယ်​ဝ​သူ ဖြစ်​၏။-
3 Ya so yă ga ko wane ne Yesu, amma saboda taron, bai iya ba, domin shi gajere ne.
သ​ခင်​ယေ​ရှု​ကား​အ​ဘယ်​သူ​ဖြစ်​သည်​ကို​တွေ့ မြင်​လို​သ​ဖြင့်​ကြိုး​စား​၍​ကြည့်​၏။ သို့​ရာ​တွင် အ​ရပ်​ပု​သူ​ဖြစ်​သည့်​အ​လျောက် လူ​ပ​ရိ​သတ် များ​ကွယ်​လျက်​နေ​သ​ဖြင့်​ကိုယ်​တော်​ကို​မ​မြင် နိုင်။-
4 Saboda haka, ya yi gaba da gudu, kuma ya hau itacen sikamo, don yă gan shi, tun da Yesu zai bi wannan hanyar ne.
ထို့​ကြောင့်​ကိုယ်​တော်​ကို​တွေ့​မြင်​နိုင်​ရန်​ကြွ​တော် မူ​မည့်​လမ်း​အ​တိုင်း​ရှေ့​သို့​ပြေး​၍ သ​ဖန်း​ပိုး စာ​ပင်​ပေါ်​ကို​တက်​၏။-
5 Da Yesu ya iso wurin, sai ya ɗaga ido sama, ya ce masa, “Zakka, ka yi maza ka sauka. Ni kam, dole in sauka a gidanka yau.”
ကိုယ်​တော်​သည်​ထို​နေ​ရာ​သို့​ရောက်​သော​အ​ခါ မော်​၍​ကြည့်​တော်​မူ​ပြီး​လျှင် ``ဇက္ခဲ၊ အ​မြန်​ဆင်း ခဲ့​လော့။ ယ​နေ့​သင်​၏​အိမ်​တွင်​ငါ​တည်း​ခို​မည်'' ဟု မိန့်​တော်​မူ​၏။
6 Sai ya sauka nan da nan, ya karɓe shi da murna.
ဇက္ခဲ​သည်​သစ်​ပင်​ပေါ်​မှ​အ​မြန်​ဆင်း​၍ ကိုယ်​တော်​အား​ဝမ်း​မြောက်​စွာ​ကြို​ဆို​၏။-
7 Dukan mutane suka ga haka, kuma suka fara gunaguni, suka ce, “Ya je don yă zama baƙon ‘mai zunubi.’”
ဤ​အ​ခြင်း​အ​ရာ​ကို​မြင်​သော​အ​ခါ​လူ​တို့ က ``ထို​သူ​သည်​အ​ပြစ်​ကူး​သူ​တစ်​ယောက်​၏ အိမ်​တွင်​တည်း​ခို​ရန်​သွား​လေ​ပြီ​တ​ကား'' ဟု ညည်း​ညူ​ကြ​၏။
8 Amma Zakka ya tashi a tsaye, ya ce wa Ubangiji, “Duba, Ubangiji! Nan take, rabin dukiyar da nake da shi, na ba wa matalauta. In kuma na taɓa cutan wani, a kan wani abu, zan mayar da shi ninki huɗu.”
ဇက္ခဲ​သည်​ရပ်​လျက်​သ​ခင်​ဘု​ရား​အား ``အ​ရှင်၊ အ​ကျွန်ုပ်​၏​ဥစ္စာ​ပစ္စည်း​တစ်​ဝက်​ကို​ဆင်း​ရဲ​သူ တို့​အား​ပေး​ကမ်း​ပါ​မည်။ အ​ကယ်​၍​အ​ကျွန်ုပ် သည်​လူ​တစ်​စုံ​တစ်​ယောက်​ထံ​မှ မ​တ​ရား တောင်း​ယူ​ထား​မိ​သော​ငွေ​ရှိ​ပါ​လျှင် ထို​ငွေ ၏​လေး​ဆ​ကို​ပြန်​၍​ပေး​ပါ​မည်'' ဟု​လျှောက်​၏။
9 Sai Yesu ya ce masa, “Yau, ceto ya zo gidan nan, domin wannan mutum shi ma ɗan Ibrahim ne.
သ​ခင်​ယေ​ရှု​က ``ဤ​သူ​သည်​လည်း​အာ​ဗြ​ဟံ ၏​သား​မြေး​ဖြစ်​သ​ဖြင့်​ကယ်​တင်​ခြင်း​ကျေး​ဇူး သည်​ယ​နေ့​ပင်​ဤ​အိမ်​ပေါ်​သို့​သက်​ရောက်​လေ​ပြီ။-
10 Saboda Ɗan Mutum ya zo ne, domin yă nemi abin da ya ɓata, yă cece shi kuma.”
၁၀လူ​သား​သည်​ပျောက်​ဆုံး​သူ​များ​ကို​ရှာ​ရန် နှင့်​ကယ်​တင်​ရန်​ကြွ​လာ​သ​တည်း'' ဟု​ဇက္ခဲ အား​မိန့်​တော်​မူ​၏။
11 Yayinda suna cikin sauraron wannan, sai ya ci gaba da gaya musu wani misali, domin ya yi kusa da Urushalima, kuma mutanen suna tsammani mulkin Allah zai bayyana, nan da nan.
၁၁ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့ ရောက်​တော်​မူ​သ​ဖြင့် ဘု​ရား​သ​ခင်​၏​နိုင်​ငံ တော်​ပေါ်​ထွန်း​တော့​မည်​ဟု​ထင်​မှတ်​ကြ သော​ကြောင့် အ​ထက်​တ​ရား​စ​ကား​များ ကို​ကြား​နာ​နေ​သူ​တို့​အား ပုံ​ဥ​ပ​မာ​ဆောင် ၍ ``မင်း​ညီ​မင်း​သား​တစ်​ပါး​သည်​ရှင်​ဘု​ရင် အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​ရန်​တိုင်း​တစ်​ပါး သို့​သွား​၏။-
12 Ya ce, “Wani mutum mai martaba ya tafi wata ƙasa mai nisa don a naɗa shi sarki sa’an nan ya dawo.
၁၂
13 Saboda haka ya kira bayinsa goma ya ba su mina goma. Ya ce, ‘Ku yi kasuwanci da kuɗin nan, sai na dawo.’
၁၃ခ​ရီး​မ​ပြု​မီ​မိ​မိ​၏​အ​စေ​ခံ​ဆယ်​ယောက်​ကို ခေါ်​ယူ​ကာ `ငါ​ပြန်​လာ​သည်​အ​ထိ​ကုန်​သွယ် လျက်​နေ​ကြ​လော့' ဟု​ဆို​၍​ရွှေ​ဒင်္ဂါး​တစ်​ပြား စီ​ပေး​၏။-
14 “Amma talakawansa suka ƙi shi, sai suka aikar da wakilai bayansa, domin su ce, ‘Ba mu son wannan mutum ya zama sarkinmu.’
၁၄သို့​ရာ​တွင်​သူ​၏​ပြည်​သူ​ပြည်​သား​တို့​သည် သူ့​ကို​မုန်း​ကြ​သ​ဖြင့် `ထို​သူ​၏​အ​အုပ်​အ​ချုပ် ကို​ငါ​တို့​မ​ခံ​လို' ဟု​စေ​တ​မန်​များ​ကို​သူ့ နောက်​သို့​လွှတ်​၍​လျှောက်​ထား​စေ​၏။
15 “Duk da haka, aka naɗa shi sarki, sa’an nan ya dawo gida. Sai ya aika aka kira bayin da ya ba su kuɗin, don yă san ribar da suka samu.
၁၅ထို​သူ​ကား​ဘု​ရင်​အ​ရာ​ကို​ခံ​ယူ​၍​ပြန်​လာ​၏။ သူ​သည်​ချက်​ချင်း​ပင်​မိ​မိ​ရင်း​နှီး​ငွေ​ပေး​ခဲ့​သည့် အ​စေ​ခံ​များ​ကို ကုန်​သွယ်​၍​အ​ဘယ်​မျှ​လောက် အ​မြတ်​ရ​သည်​ကို​သိ​လို​သ​ဖြင့်​သူ​တို့​အား ဆင့်​ခေါ်​၏။-
16 “Na fari ya zo ya ce, ‘Ranka yă daɗe, minarka ya sami ribar goma.’
၁၆ပ​ထ​မ​အ​စေ​ခံ​သည်​လာ​၍`အ​ရှင်၊ အ​ရှင်​ပေး ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ဆယ်​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
17 “Maigidan ya amsa ya ce, ‘Madalla, bawana mai kirki! Tun da ka yi aminci a kan abu ƙanƙani, ka yi riƙon birane goma.’
၁၇မင်း​ကြီး​က `ကောင်း​လေ​စွ၊ သင်​သည်​အ​စေ​ခံ ကောင်း​တစ်​ယောက်​ဖြစ်​ပေ​၏။ သေး​ငယ်​သော​အ​မှု တွင်​သစ္စာ​ရှိ​သူ​ဖြစ်​သ​ဖြင့် သင့်​အား​ငါ​သည်​မြို့ ကြီး​ဆယ်​မြို့​ကို​အ​ပိုင်​စား​ပေး​၏' ဟု​မိန့်​တော် မူ​၏။-
18 “Na biyun ya zo ya ce, ‘Ranka yă daɗe, minarka ya sami ribar biyar.’
၁၈ဒု​တိ​ယ​အ​စေ​ခံ​သည်​လည်း​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​တစ်​ပြား​ဖြင့်​အ​မြတ်​ငါး​ပြား ရ​ပါ​သည်' ဟု​လျှောက်​၏။-
19 “Maigidansa ya ce, ‘Kai ka yi riƙon birane biyar.’
၁၉မင်း​ကြီး​က `သင့်​အား​လည်း​မြို့​ကြီး​ငါး​မြို့ ကို​အ​ပိုင်​စား​ပေး​၏' ဟု​ဆို​၏။-
20 “Sai wani bawan ya zo ya ce, ‘Ranka yă daɗe, ga minarka. Na ɓoye shi a wani ɗan tsumma.
၂၀အ​ခြား​သော​အ​စေ​ခံ​သည်​လာ​၍ `အ​ရှင်၊ အ​ရှင် ပေး​ခဲ့​သည့်​ရွှေ​ဒင်္ဂါး​ဤ​မှာ​ရှိ​ပါ​၏။ ထို​ငွေ​ကို အ​ကျွန်ုပ်​သည်​အ​ဝတ်​ဖြင့်​ထုပ်​၍​သိမ်း​ဆည်း ထား​ပါ​၏။-
21 Na ji tsoronka, don kai mai wuyan sha’ani ne. Kakan ɗauki abin da ba ka ajiye ba, kakan kuma yi girbin abin da ba ka shuka ba.’
၂၁အ​ရှင်​သည်​ခက်​ထန်​သူ​ဖြစ်​သ​ဖြင့်​အ​ရှင့် အား​ကျွန်ုပ်​ကြောက်​ရွံ့​ပါ​၏။ အ​ရှင်​သည်​မိ​မိ မ​ပိုင်​သည့်​အ​ရာ​ကို​သိမ်း​ယူ​တတ်​ပါ​၏။ မိ​မိ မ​စိုက်​မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း တတ်​ပါ​၏' ဟု​လျှောက်​၏။-
22 “Sai maigidansa, ya amsa ya ce, ‘Zan hukunta ka a kan kalmominka, kai mugun bawa! Ashe, ka san cewa ni mai wuyan sha’ani ne, nakan ɗauka abin da ban ajiye ba, ina kuma girbin abin da ban shuka ba?
၂၂မင်း​ကြီး​က `အ​ချင်း​အ​စေ​ခံ​ဆိုး၊ သင့်​နှုတ်​ထွက် စ​ကား​အ​တိုင်း​သင့်​ကို​ငါ​စီ​ရင်​မည်။ ငါ​သည် ခက်​ထန်​သူ​ဖြစ်​၍​မိ​မိ​မ​ပိုင်​သည့်​အ​ရာ​ကို သိမ်း​ယူ​တတ်​သည်​ကို​လည်း​ကောင်း၊ မိ​မိ​မ​စိုက် မ​ပျိုး​သည့်​အ​သီး​အ​နှံ​ကို​ရိတ်​သိမ်း​တတ် သည်​ကို​လည်း​ကောင်း​သိ​ပါ​လျက်​နှင့်။-
23 Don me ba ka sa kuɗina a wajen ajiya, don in na dawo, in sami riba a kai ba?’
၂၃ငါ​ပေး​သည့်​ငွေ​ကို​ငါ​ပြန်​လာ​ချိန်​အ​တိုး​နှင့် တ​ကွ​ပြန်​လည်​ပေး​ဆပ်​နိုင်​ရန်​အ​ဘယ်​ကြောင့် ဘဏ်​တွင်​အပ်​နှံ​၍​မ​ထား​သ​နည်း' ဟု​မေး​၏။-
24 “Sai ya ce wa waɗanda suke tsaye a wajen, ‘Ku karɓi minarsa ku ba wa wanda yake da mina goma.’
၂၄အ​နီး​တွင်​ရပ်​နေ​သူ​များ​အား​မင်း​ကြီး​က `ထို သူ​ထံ​မှ​ရွှေ​ဒင်္ဂါး​ကို​ယူ​၍​ရွှေ​ဒင်္ဂါး​ဆယ်​ပြား ရှိ​သူ​အား​ပေး​ကြ​လော့' ဟု​မိန့်​တော်​မူ​လျှင်။-
25 “Suka ce, ‘Ranka yă daɗe, ai, yana da guda goma ko!’
၂၅လူ​တို့​က `အ​ရှင်​ထို​သူ​ထံ​တွင်​ရွှေ​ဒင်္ဂါး​ဆယ် ပြား​ရှိ​ပြီး​ဖြစ်​ပါ​၏' ဟု​လျှောက်​ကြ​၏။-
26 “Ya amsa ya ce, ‘Ina gaya muku, duk wanda yake da abu, za a ƙara masa. Amma wanda ba shi da shi kuwa, ko abin da yake da shi ma, za a karɓe.
၂၆မင်း​ကြီး​က `သင်​တို့​အား​ငါ​ဆို​သည်​ကား ကြွယ်​ဝ​ချမ်း​သာ​သော​သူ​အား​ထပ်​၍​ပေး​ဦး မည်။ ဆင်း​ရဲ​သော​သူ​ထံ​မှ​ရှိ​သ​မျှ​ကို​ပင် သိမ်း​ယူ​မည်။-
27 Amma waɗannan abokan gābana, waɗanda ba su so in zama sarkinsu ba, ku kawo su nan, ku karkashe su, a gabana.’”
၂၇ထို​မှ​တစ်​ပါး​ငါ​၏​အ​အုပ်​အ​ချုပ်​ကို​မ​ခံ လို​သော​ငါ​၏​ရန်​သူ​များ​အား​ခေါ်​၍ ငါ​၏​ရှေ့ မှောက်​တွင်​ကွပ်​မျက်​လော့' ဟု​စီ​ရင်​တော်​မူ​သည်'' ဟု​မိန့်​တော်​မူ​၏။
28 Bayan Yesu ya yi wannan magana, sai ya yi gaba zuwa Urushalima.
၂၈ထို​သို့​မိန့်​တော်​မူ​ပြီး​နောက်​ကိုယ်​တော်​သည် ယေ​ရု​ရှ​လင်​မြို့​သို့​တ​ပည့်​တော်​တို့​၏​ရှေ့ က​ကြွ​တော်​မူ​၏။-
29 Da ya kai kusa da Betfaji da Betani, a tudun da ake kira Dutsen Zaitun, sai ya aiki almajiransa guda biyu, ya ce musu,
၂၉သံ​လွင်​နာ​မည်​တွင်​သော​တောင်​အ​နီး​ရှိ​ဗက်​ဖာ ဂေ​နှင့်​ဗေ​သ​နိ​ရွာ​များ​အ​နီး​သို့​ရောက်​တော်​မူ သော​အ​ခါ တ​ပည့်​တော်​နှစ်​ယောက်​တို့​အား``သင် တို့​ရှေ့​တွင်​ရှိ​သော​ရွာ​သို့​သွား​ကြ​လော့။-
30 “Ku je ƙauyen da yake gaba da ku. Da kuna shiga, za ku tarar da wani ɗan jaki, wadda ba wanda ya taɓa hawa, a daure a wurin. Ku kunce shi ku kawo nan.
၃၀ရွာ​ကို​ဝင်​လျှင်​ဝင်​ချင်း​မည်​သူ​မျှ​မ​စီး​ဘူး​သေး သော​မြည်း​က​လေး​တစ်​ကောင်​ကို​တွေ့​လိမ့်​မည်။ ထို​မြည်း​ကို​ကြိုး​ဖြင့်​လှန်​ထား​၏။ ကြိုး​ဖြေ​၍ မြည်း​ကို​ယူ​ခဲ့​လော့။-
31 In wani ya tambaye ku, ‘Don me kuke kunce shi?’ Ku ce masa, ‘Ubangiji yana bukatarsa.’”
၃၁အ​ကယ်​၍​လူ​တစ်​စုံ​တစ်​ယောက်​က​သင်​တို့ အား `အ​ဘယ်​ကြောင့်​မြည်း​ကို​ဖြေ​သ​နည်း' ဟု မေး​လျှင် `ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်' ဟု​ဖြေ​ကြ​လော့'' ဟု​မှာ​ကြား​စေ​လွှတ်​တော်​မူ​၏။
32 Waɗanda aka aika su yi gaba suka tafi, suka kuwa tarar kamar yadda ya gaya musu.
၃၂စေ​လွှတ်​ခြင်း​ခံ​ရ​သူ​တို့​သည်​လည်း​သွား​ကြ သော​အ​ခါ ကိုယ်​တော်​မိန့်​ကြား​တော်​မူ​သည့် အ​တိုင်း​အ​ရာ​ခပ်​သိမ်း​ကို​တွေ့​မြင်​ကြ​၏။ -
33 Suna cikin kunce ɗan jakin, sai masu ɗan jakin suka ce musu, “Don me kuke kunce shi?”
၃၃သူ​တို့​သည်​မြည်း​ကြိုး​ကို​ဖြေ​နေ​စဉ်​မြည်း​ရှင် က ``သင်​တို့​အ​ဘယ်​ကြောင့်​မြည်း​ကြိုး​ကို​ဖြေ သ​နည်း'' ဟု​မေး​၏။
34 Suka amsa suka ce, “Ubangiji ne na bukatarsa.”
၃၄သူ​တို့​က ``ထို​မြည်း​ကို​အ​ကျွန်ုပ်​တို့​သ​ခင် အ​သုံး​ပြု​လို​ပါ​သည်'' ဟု​ဖြေ​ကြား​၏။-
35 Suka kawo shi wurin Yesu. Suka sa rigunarsu a kan ɗan jakin, sa’an nan suka sa Yesu a kai.
၃၅ထို​နောက်​မြည်း​ကို​သ​ခင်​ယေ​ရှု​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ​၏။ မြည်း​၏​ကျော​ပေါ်​မှာ​မိ​မိ​တို့ ၏​အ​ဝတ်​များ​ကို​လွှမ်း​တင်​ကာ သ​ခင်​ယေ​ရှု အား​ထို​မြည်း​ကို​စီး​စေ​ကြ​၏။-
36 Yana cikin tafiya, sai mutane suka shimfiɗa rigunarsu a kan hanya.
၃၆ကိုယ်​တော်​မြည်း​စီး​၍​ကြွ​တော်​မူ​စဉ်​လူ​တို့ သည် မိ​မိ​တို့​၏​အ​ဝတ်​များ​ကို​လမ်း​ပေါ်​မှာ ဖြန့်​ခင်း​ကြ​၏။
37 Da ya yi kusa da wurin da hanyar ta gangara zuwa Dutsen Zaitun, sai dukan taron almajirai suka fara yabon Allah, da muryoyi masu ƙarfi, da murna, saboda dukan ayyukan banmamaki da suka gani. Suna cewa,
၃၇ယေ​ရု​ရှ​လင်​မြို့​သို့​ကိုယ်​တော်​ချဉ်း​ကပ်​လာ စဉ်​သံ​လွင်​တောင်​အ​ဆင်း​လမ်း​တွင်​တ​ပည့် နောက်​လိုက်​ပ​ရိ​သတ်​ကြီး​သည် မိ​မိ​တို့​တွေ့ မြင်​ခဲ့​ရ​သည့်​အံ့​သြ​ဖွယ်​အ​မှု​အ​ရာ​အ​ပေါင်း အ​တွက်​ဝမ်း​မြောက်​ရွှင်​လန်း​လျက် ဘု​ရား​သ​ခင် ၏​ဂုဏ်​တော်​ကို​အ​သံ​ကျယ်​စွာ​ချီး​ကူး​ကြ ၏။-
38 “Mai albarka ne sarki wanda yake zuwa cikin sunan Ubangiji!” “Salama ta kasance a sama, da ɗaukaka kuma a can cikin sama!”
၃၈ထို​သူ​တို့​က ``ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​နှင့် ကြွ​လာ​သော​ဘု​ရင်​သည်​မင်္ဂလာ​ရှိ​တော်​မူ​စေ သ​တည်း။ ကောင်း​ကင်​ဘုံ​တွင်​ငြိမ်​သက်​ခြင်း​ရှိ စေ​သ​တည်း။ ဘုရား​သခင်​သည်​ဘုန်း​ကြီး​တော်​မူ စေ​သ​တည်း'' ဟု​ကြွေး​ကြော်​ကြ​၏။
39 Sai waɗansu Farisiyawa a cikin taron suka ce wa Yesu, “Malam, ka kwaɓi almajiranka!”
၃၉ထို​အ​ခါ​လူ​ပ​ရိ​သတ်​အ​ထဲ​မှ​ဖာ​ရိ​ရှဲ​အ​ချို့ တို့​က ``ဆ​ရာ​တော်၊ ကိုယ်​တော်​၏​တ​ပည့်​တော် များ​အား​တိတ်​ဆိတ်​စေ​ရန်​ဆုံး​မ​တော်​မူ​ပါ'' ဟု ကိုယ်​တော်​အား​လျှောက်​ထား​ကြ​၏။
40 Ya amsa ya ce, “Ina gaya muku, ko da sun yi shiru, duwatsu za su fara kirari.”
၄၀ကိုယ်​တော်​က ``သင်​တို့​အား​ငါ​ဆို​သည်​ကား ဤ​သူ​တို့​တိတ်​ဆိတ်​စွာ​နေ​ကြ​လျှင်​ကျောက် ခဲ​များ​က​ကြွေး​ကြော်​ကြ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
41 Da ya yi kusa da Urushalima, ya kuma ga birnin, sai ya yi kuka a kanta,
၄၁ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​အ​နီး​သို့​ရောက် ၍ ထို​မြို့​ကို​မြင်​တော်​မူ​လျှင်​ငို​ကြွေး​တော်​မူ​၏။-
42 kuma ya ce, “In ke, ko ke ɗin ma, dā ma kin san abin da zai kawo miki salama a wannan rana, amma yanzu an ɓoye shi daga idanunki.
၄၂ကိုယ်​တော်​က ``အ​ချင်း​မြို့၊ သင်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ရ​စေ​သည့်​လမ်း​ကို​ယ​နေ့​သိ မြင်​လျှင်​မင်္ဂ​လာ​ရှိ​၏။ သို့​ရာ​တွင်​ထို​လမ်း​ကို သင်​သည်​မ​သိ​မ​မြင်​နိုင်။-
43 Ranakun za su auko miki, a lokacin da abokan gābanki za su gina bango gāba da ke, su kuma kewaye inda kike, za su kuma tsare kowane gefenki, su sa ke a tsakiya.
၄၃ရန်​သူ​များ​သည်​သင့်​အား​ရင်​တား​ဖြင့်​ကာ​ဆီး လျက် အ​ဘက်​ဘက်​မှ​ဝိုင်း​ရံ​ပိတ်​ဆို့​နေ​သည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​လိမ့်​မည်။-
44 Za su fyaɗa ke a ƙasa, ke da’ya’yan da suke cikin katanganki. Ba za su bar wani dutse a kan wani ba, saboda ba ki gane da lokacin da Allah zai ziyarce ki ba.”
၄၄သူ​တို့​သည်​သင့်​ကို​လည်း​ကောင်း၊ သင်​၏​မြို့​ရိုး အ​တွင်း​ရှိ​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဖျက် ဆီး​သုတ်​သင်​ကြ​လိမ့်​မည်။ ကျောက်​တစ်​ချပ် ပေါ်​တစ်​ချပ်​မျှ​တင်​၍​နေ​လိမ့်​မည်​မ​ဟုတ်။ အ​ဘယ်​ကြောင့်​ဆို​သော်​သင်​သည်​မိ​မိ​အား ကယ်​တင်​ရန် ဘု​ရား​သ​ခင်​ကြွ​လာ​သည့် အ​ချိန်​ကာ​လ​ကို​မ​သိ​မ​မြင်​သော​ကြောင့် ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
45 Sai ya shiga filin haikali, ya fara korar masu sayar da kaya.
၄၅ထို​နောက်​သ​ခင်​ယေ​ရှု​သည်​ဗိ​မာန်​တော်​သို့ ဝင်​တော်​မူ​၏။ ကိုယ်​တော်​က `ငါ​၏​အိမ်​တော်​ကို ဆု​တောင်း​ပတ္ထ​နာ​ပြု​ရာ​အိမ်​တော်​ဟု​ခေါ်​ဝေါ် လတ္တံ့' ဟု​ကျမ်း​စာ​လာ​သည်​မ​ဟုတ်​လော။ သို့ ရာ​တွင်​သင်​တို့​သည်​အိမ်​တော်​ကို​ဋ္ဌား​ပြ​ခို အောင်း​ရာ​ဖြစ်​စေ​ကြ​ပြီ'' ဟု​ဆို​၍​ဗိ​မာန် တော်​အ​တွင်း​မှာ​ရောင်း​ဝယ်​နေ​သူ​တို့​ကို နှင်​ထုတ်​တော်​မူ​၏။
46 Ya ce musu, “A rubuce, yake cewa, ‘Gidana, zai zama gidan addu’a,’amma ga shi kun mai da shi ‘kogon’yan fashi.’”
၄၆
47 Kowace rana, ya yi ta koyarwa a haikalin. Amma manyan firistoci, da malaman dokoki, da shugabannin mutane, suna ƙoƙarin kashe shi.
၄၇ကိုယ်​တော်​သည်​နေ့​စဉ်​နေ့​တိုင်း​ဗိ​မာန်​တော်​၌ ဟော​ပြော​သွန်​သင်​တော်​မူ​၏။ ယဇ်​ပု​ရော​ဟိတ် ကြီး​များ​ကျမ်း​တတ်​ဆ​ရာ​များ​နှင့်​ယု​ဒ အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ကိုယ်​တော် ကို​သတ်​ရန်​အ​ခွင့်​ရှာ​လျက်​နေ​ကြ​၏။-
48 Amma ba su sami hanyar yin haka ba, domin kalmominsa sun kama hankalin dukan mutanen.
၄၈သို့​ရာ​တွင်​လူ​အ​ပေါင်း​တို့​က​ကိုယ်​တော်​၏ တ​ရား​စ​ကား​များ​ကို​အ​ထူး​အာ​ရုံ​စိုက်​၍ နာ​ယူ​နေ​ကြ​သော​ကြောင့်​ကိုယ်​တော်​အား အ​ဘယ်​နည်း​ဖြင့်​သတ်​ရ​မည်​ကို​မ​သိ​ကြ။

< Luka 19 >