< लूका 16 >

1 फेर यीशु नै चेल्यां ताहीं एक और उदाहरण देकै कह्या, “किसे साहूकार का एक भण्डारी था, अर लोग्गां नै उसकै स्याम्ही उसपै यो इल्जाम लाया के वो तेरा सारा धन उड़ा देवै सै।
တစ်​ဖန်​ကိုယ်​တော်​က​တ​ပည့်​တော်​တို့​အား ``အ ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ယောက်​မှာ​မန်​နေ​ဂျာ တစ်​ဦး​ရှိ​၏။ ထို​သူ​သည်​သူ​ဌေး​၏​ဥစ္စာ​ပစ္စည်း များ​ကို​ဖြုန်း​တီး​လျက်​နေ​ကြောင်း​ကို လူ​တို့​က သူ​ဌေး​အား​တိုင်​တန်း​ကြ​၏။-
2 आखर म्ह उसनै अपणे भण्डारी ताहीं बुलाकै कह्या, ‘यो के सै मै तेरे बाबत के सुणु सूं?’ अपणे भण्डारीपण का हिसाब दे, क्यूँके तू आग्गै तै भण्डारी कोनी रह सकदा।”
သူ​ဌေး​သည်​သူ့​ကို​ခေါ်​၍ `သင့်​အ​ကြောင်း​ငါ​ကြား ရ​သည်​မှာ​အ​သို့​နည်း။ သင်​၏​လုပ်​ငန်း​နှင့်​ဆိုင်​သော ငွေ​စာ​ရင်း​များ​ကို​တင်​ပြ​လော့။ သင်​သည်​ဆက်​၍ ငါ​၏​မန်​နေ​ဂျာ​လုပ်​ရ​တော့​မည်​မ​ဟုတ်' ဟု​ဆို​၏။-
3 फेर भण्डारी सोच्चण लाग्या, इब मै के करुँ? क्यूँके मेरा माल्लिक इब भण्डारी का काम मेरै तै खोस्सै सै। माट्टी खोदण का काम मेरै तै होवै कोनी, अर भीख माँगदे होए मन्नै शर्म आवैगी।
မန်​နေ​ဂျာ​သည်`ငါ​အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ ငါ့​သူ​ဌေး​သည်​မန်​နေ​ဂျာ​ရာ​ထူး​ကို​ရုပ်​သိမ်း လေ​ပြီ။ ငါ့​မှာ​မြေ​တူး​ဆွ​နိုင်​သော​ခွန်​အား မ​ရှိ။ တောင်း​ရမ်း​စား​ရန်​လည်း​ငါ​ရှက်​၏။-
4 मै जाण ग्या के मै के करुँ, ताके मै जिब भण्डारी कै काम तै हटाया जाऊँ तो माणस मन्नै अपणे घरां म्ह ले लेवै।
ငါ့​ရာ​ထူး​ပြုတ်​ပြီး​နောက်​လူ​တို့​ငါ့​ကို​လက်​ခံ ပေါင်း​ဖော်​ကြ​စေ​ရန်​အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​သိ​ပြီ' ဟု​တစ်​ကိုယ်​တည်း​ပြော​ဆို​ကာ။-
5 फेर उसनै अपणे माल्लिक के देणदारां ताहीं एक-एक करकै बुलाया अर पैहल्या तै बुझ्झया, “तेरे उप्पर मेरै माल्लिक का कितना कर्जा सै?”
သူ​ဌေး​၏​မြီ​စား​အား​လုံး​ကို​ခေါ်​၏။ ထို​နောက် ပ​ထ​မ​လူ​အား `ငါ့​သူ​ဌေး​ကို​သင်​ပေး​ဆပ်​ရန် အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။-
6 उसनै कह्या, “सौ मण तेल,” फेर उसनै उसतै कह्या, “अपणा खात्ता अर बही ले अर बैठकै तावळा पचास लिख दे।”
ထို​သူ​က `ဆီ​အ​ချိန်​ခွက်​တစ်​ထောင်​ရှိ​ပါ​သည်' ဟု​ပြန်​ပြော​၏။ ထို​အ​ခါ​မန်​နေ​ဂျာ​က `သင် ၏​စာ​ရင်း​ကို​ယူ​လော့။ အ​မြန်​ထိုင်​၍​ခွက်​ငါး ရာ​ဟု​ရေး​လော့' ဟု​ဆို​၏။-
7 फेर उसनै दुसरे तै बुझ्झया, “तेरे पै कितना कर्जा सै?” दुसरे नै कह्या, सौ मण गेहूँ, फेर उसनै उसतै कह्या, “अपणा खात्ता अर बही लेकै अर बैठकै अस्सी लिख दे।”
ထို​နောက်​အ​ခြား​သူ​တစ်​ယောက်​အား `သင်​သည် လည်း​ပေး​ဆပ်​ရန်​အ​ကြွေး​မည်​မျှ​ရှိ​သ​နည်း' ဟု​မေး​၏။ ထို​သူ​က​ဂျုံ​စ​ပါး​တင်း​တစ်​ထောင် ရှိ​ပါ​သည်​ဟု​ဆို​လျှင်​မန်​နေ​ဂျာ​က `သင်​၏ စာ​ရင်း​ကို​ယူ​လော့၊ အ​မြန်​ထိုင်​၍​ရှစ်​ရာ ဟု​ရေး​လော့' ဟု​ဆို​၏။-
8 माल्लिक नै उस अधर्मी भण्डारी ताहीं सराहया के उसनै कितनी चतुराई तै काम करया सै। क्यूँके इस दुनिया के माणस अपणे बखत के माणसां के गेल्या व्यवहार म्ह चाँदणे के माणसां तै घणे चलाक सै। (aiōn g165)
ဤ​သို့​ပါး​နပ်​လိမ္မာ​စွာ​ပြု​သည့်​အ​တွက်​မ​ရိုး ဖြောင့်​သည့်​မန်​နေ​ဂျာ​ကို​သူ​ဌေး​သည်​ချီး​မွမ်း လေ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​လော​ကီ​သား တို့​သည်​လော​ကီ​ကိစ္စ​ဆောင်​ရွက်​ရာ​တွင် အ​လင်း နှင့်​ဆိုင်​သော​သား​များ​ထက်​ပါး​နပ်​လိမ္မာ ကြ​သော​ကြောင့်​တည်း။ (aiōn g165)
9 अर मै थमनै कहूँ सूं के दुनिया की धन-दौलत तै भले काम करकै अपणे खात्तर साथी बणा ल्यो, ताके जिब वो धन दौलत न्ही रहवैं तो अनन्त काल के घर म्ह थारे स्वागत हो। (aiōnios g166)
``ထို​မှ​တစ်​ပါး​သင်​တို့​အား​ငါ​ဆို​သည်​ကား လော​က​စည်း​စိမ်​ချမ်း​သာ​အား​ဖြင့်​မိတ်​ဆွေ များ​ရ​အောင်​ပြု​ကြ​လော့။ သို့​မှ​သာ​ထို​စည်း စိမ်​ချမ်း​သာ​ကုန်​ဆုံး​သော​အ​ခါ​သင်​တို့​အား ထာ​ဝ​ရ​အိမ်​တော်​တွင်​ကြို​ဆို​လက်​ခံ​လိမ့် မည်။- (aiōnios g166)
10 वे लोग जो थोड़े-तै भी थोड़े म्ह भी बिश्वास जोग्गे सै, वे घणे म्ह भी बिश्वास जोग्गे होंगे, जो थोड़े-तै भी थोड़े म्ह बेईमान सै, वो घणा म्ह भी बेईमान होंगे।
၁၀အ​မှု​ငယ်​တွင်​သစ္စာ​ရှိ​သူ​သည်​အ​မှု​ကြီး​တွင် လည်း​သစ္စာ​ရှိ​လိမ့်​မည်။ အ​မှု​ငယ်​တွင်​မ​ရိုး ဖြောင့်​သူ​သည်​အ​မှု​ကြီး​တွင်​လည်း​ရိုး​ဖြောင့် လိမ့်​မည်​မ​ဟုတ်။-
11 इस करकै जिब थम संसारिक धन म्ह बिश्वास जोग्गा न्ही ठहरे, तो साच्चा धन थमनै कौण देवैगा?
၁၁သို့​ဖြစ်​၍​သင်​တို့​သည်​လော​က​စည်း​စိမ်​ချမ်း​သာ နှင့်​ပတ်​သက်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည် သင်​တို့​အား​စည်း​စိမ်​ချမ်း​သာ​အ​စစ်​အ​မှန်​ကို အပ်​မည်​နည်း။-
12 अर जै थम संसारिक धन-दौलत न इस्तमाल करण म्ह भरोस्सेमंद न्ही ठहरे, तो परमेसवर थमनै सुर्गीय धन क्यूँ देवैगा?
၁၂သင်​တို့​သည်​သူ​တစ်​ပါး​ပိုင်​သည့်​ဥစ္စာ​ပစ္စည်း​နှင့် ဆိုင်​၍​သစ္စာ​မ​ရှိ​ပါ​မူ အ​ဘယ်​သူ​သည်​သင်​တို့ ပိုင်​ဆိုင်​သည့်​ဥစ္စာ​ပစ္စည်း​ကို​သင်​တို့​အား​ပေး​အပ် မည်​နည်း။
13 “कोए नौक्कर दो मालिकां की सेवा एक बखत पै न्ही कर सकदा, क्यूँके वो एक तै बैर अर दुसरे तै प्यार राक्खैगा, या एक तै मिल्या रहवैगा अर दुसरे नै छोट्टा जाणैगा। थम परमेसवर अर धन दोनुआ की सेवा न्ही कर सकदे।”
၁၃``အ​ဘယ်​အ​စေ​ခံ​မျှ​သ​ခင်​နှစ်​ဦး​၏​အ​စေ ကို​မ​ခံ​နိုင်။ သူ​သည်​သ​ခင်​တစ်​ဦး​ကို​မုန်း​၍ တစ်​ဦး​ကို​ချစ်​မည်။ တစ်​ဦး​ကို​သစ္စာ​ရှိ​၍​တစ်​ဦး ကို​မ​လေး​မ​ခန့်​ပြု​မည်။ သင်​တို့​သည်​တစ်​ချိန် တည်း​မှာ​ပင်​ဘု​ရား​သ​ခင်​၏​အ​စေ​နှင့်​လော​က စည်း​စိမ်​ချမ်း​သာ​၏​အ​စေ​ကို​မ​ခံ​နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။
14 फरीसी जो लोभ्भी थे, ये सारी बात सुणकै, मखौल करण लाग्गे।
၁၄ငွေ​ကို​တပ်​မက်​သူ​များ​ဖြစ်​သည့်​ဖာ​ရိ​ရှဲ​များ သည်​ထို​စ​ကား​များ​ကို​ကြား​လျှင်​ကိုယ်​တော် ကို​သ​ရော်​ကြ​၏။-
15 यीशु नै उनतै कह्या, “थम तो माणसां कै स्याम्ही खुद नै धर्मी ठहराओ सो, पर परमेसवर थारे मन नै जाणै सै, क्यूँके जो चीज माणसां की निगांह म्ह महान् सै, वा परमेसवर कै लोवै घृणित सै।”
၁၅ကိုယ်​တော်​က ``သင်​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို သူ​တော်​ကောင်း​များ​ဟု​လူ​တို့​အား​ထင်​မြင် စေ​ကြ​၏။ သို့​ရာ​တွင်​ဘု​ရား​သ​ခင်​သည်​သင် တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​၏။ လူ​တို့​အ​မြတ် တ​နိုး​ထား​သော​အ​ရာ​သည်​ဘု​ရား​သ​ခင်​၏ ရှေ့​တော်​မှာ​စက်​ဆုပ်​ဖွယ်​ဖြစ်​၏။
16 जब तक यूहन्ना आया, जिब ताहीं मूसा के नियम-कायदे अर नबी का प्रभाव माणसां पै रह्या। उस बखत तै परमेसवर के राज्य का सुसमाचार सुणाया जाण लागरया सै, अर हरेक उस म्ह तेज्जी तै इसकी ओड़ खिचे आण लागरे सै।
၁၆``ယော​ဟန်​မ​ပေါ်​မီ​ကာ​လ​က​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​အာ​ဏာ​တည်​လျက်​ရှိ ၏။ ယော​ဟန်​ပေါ်​ပြီး​ချိန်​မှ​စ​၍​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို​ဟော ပြော​ကြေ​ညာ​ခဲ့​၏။ လူ​အ​ပေါင်း​တို့​သည်​လည်း နိုင်​ငံ​တော်​သို့​အ​နိုင်​အ​ထက်​ဝင်​ကြ​ကုန်​၏။-
17 अकास अर धरती का टळ जाणा आसान सै, पर नियम-कायदा की हर छोट्टी बात भी पूरी होकै रहवैगी।
၁၇သို့​ရာ​တွင်​ပ​ညတ်​ကျမ်း​မှ​ဝစ္စ​ပေါက်​တစ်​လုံး ပျက်​စီး​ရန်​ထက် ကောင်း​ကင်​နှင့်​မြေ​ကြီး​ပျက် စီး​ရန်​က​သာ​၍​လွယ်​၏။
18 उदाहरण के तौर पै “जो कोए अपणी घरआळी नै छोड़कै दुसरी तै ब्याह करै सै, वो जारी करै सै, अर जो कोए इसी छोड्डी होई बिरबान्नी तै ब्याह करै सै, वो भी जारी करै सै।”
၁၈``မိ​မိ​၏​ဇ​နီး​ကို​ကွာ​၍​အ​ခြား​အ​မျိုး​သ​မီး တစ်​ယောက်​နှင့်​အိမ်​ထောင်​ပြု​သော​သူ​သည်​လည်း သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။ ကွာ​ရှင်း​ထား သော​အ​မျိုး​သ​မီး​တစ်​ဦး​နှင့်​အိမ်​ထောင်​ပြု​သော သူ​သည်​လည်း​သူ​တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၏။
19 फेर यीशु नै कह्या, “एक साहूकार माणस था जो बैंजनी अर मलमल के महँगे लत्ते पहरदा अर हरेक दिन ऐसो-आराम तै अर मौज तै रहवैं था।
၁၉``အ​ခါ​တစ်​ပါး​၌​သူ​ဌေး​တစ်​ဦး​ရှိ​၏။ သူ​သည် နေ့​စဉ်​ကမ္ဗ​လာ​နီ​နှင့်​ပိတ်​ချော​ထည်​များ​ကို ဝတ်​ဆင်​လျက်​စည်း​စိမ်​ခံ​စား​လျက်​နေ​၏။-
20 लाजर नाम का एक कंगाल जिसकै घा: होरे थे उसकी देहळी पै छोड़ दिया जावै था।
၂၀သူ​၏​အိမ်​တံ​ခါး​အ​နီး​တွင်​လာ​ဇ​ရု​ဆို​သူ ဆင်း​ရဲ​သား​တစ်​ယောက်​သည်​တုံး​လုံး​လဲ​နေ​၏။ သူ့​မှာ​တစ်​ကိုယ်​လုံး​အ​နာ​စိမ်း​များ​ပေါက်​လျက် ရှိ​၏။ ခွေး​တို့​သည်​လာ​၍​သူ​၏​အ​နာ​စိမ်း​များ ကို​လျက်​ကြ​၏။-
21 अर वो चाहवै था, के साहूकार के मेज की जूठण तै अपणा पेट भरै, उरै ताहीं के कुत्ते भी आकै उसके घा: नै चाट्या करै थे।”
၂၁သူ​သည်​သူ​ဌေး​၏​စား​ပွဲ​မှ​ကျ​သည့်​စား​နုပ် စား​ပေါက်​များ​ကို​စား​ရ​ရန်​တောင့်​တ​နေ​တတ်​၏။-
22 इसा होया के वो कंगाल मरग्या, अर सुर्गदूत्तां नै उस ताहीं लेकै अब्राहम की गोद म्ह पोंहच्या। वो साहूकार भी मारया अर गाड्या गया,
၂၂ထို​နောက်​ဆင်း​ရဲ​သား​သည်​သေ​လွန်​သွား​သ​ဖြင့် ကောင်း​ကင်​တ​မန်​တို့​သည် သူ့​အား​အာ​ဗြ​ဟံ​၏ လက်​ယာ​ဘက်​တွင်​လျောင်း​စေ​ရန်​သယ်​ဆောင်​သွား ကြ​၏။ သူ​ဌေး​သည်​လည်း​သေ​လွန်​၍​သင်္ဂြိုဟ်​ခြင်း ကို​ခံ​ရ​၏။-
23 साहूकार नरक म्ह गेरया गया, अर नरक की ताड़ना तै दर्द म्ह पड़े होए अपणी निगांह ठाई, दूर तै ए अब्राहम के साथ लाजर ताहीं देख्या। (Hadēs g86)
၂၃သူ​သည်​မ​ရ​ဏ​နိုင်​ငံ​တွင်​ဝေ​ဒ​နာ​ပြင်း​စွာ​ခံ နေ​ရ​သ​ဖြင့် မျှော်​ကြည့်​လိုက်​သော​အ​ခါ​အာ​ဗြ​ဟံ ကို​လည်း​ကောင်း၊ အာ​ဗြ​ဟံ​၏​လက်​ယာ​ဘက်​တွင် လာ​ဇ​ရု​ကို​လည်း​ကောင်း​မြင်​လေ​၏။- (Hadēs g86)
24 फेर उसनै रुक्का मारकै कह्या, हे पिता अब्राहम, मेरै पै दया करकै लाजर नै भेजदे, ताके वो अपणी आन्गळी का कुणा पाणी म्ह डबोकै मेरी जीभ नै शीळी करै, क्यूँके मै इस आग तै तड़फूं सूं।
၂၄သူ​ဌေး​က `အ​ဖ​အာဗြဟံ၊ အ​ကျွန်ုပ်​ကို​သ​နား တော်​မူ​ပါ။ အ​ကျွန်ုပ်​သည်​ဤ​မီး​လျှံ​ထဲ​တွင် ပြင်း​စွာ​ဝေ​ဒ​နာ​ခံ​နေ​ရ​ပါ​၏။ လာ​ဇ​ရု​သည် လက်​ဖျား​ကို​ရေ​မှာ​နှစ်​၍​အ​ကျွန်ုပ်​၏​လျှာ ကို​အေး​စေ​မည့်​အ​ကြောင်း သူ့​အား​အ​ကျွန်ုပ် ထံ​သို့​စေ​လွှတ်​တော်​မူ​ပါ' ဟု​အော်​၍​လျှောက်​၏။
25 “पर अब्राहम बोल्या, ‘हे बेट्टे, याद कर, के तन्नै अपणी जिन्दगी म्ह बढ़िया तै बढ़िया चीज ले ली सै’, अर उस्से तरियां लाजर नै तुच्छ चीज, पर इब वो उरै सुख अर शान्ति पा रह्या सै, अर तू तड़फ रह्या सै।
၂၅``သို့​ရာ​တွင်​အာ​ဗြ​ဟံ​က `ငါ့​သား၊ သင်​အ​သက် ရှင်​စဉ်​သု​ခ​ချမ်း​သာ​ခံ​စား​ခဲ့​ရ​သည်​ကို​လည်း ကောင်း၊ လာ​ဇ​ရု​သည်​ဆင်း​ရဲ​ဒုက္ခ​ခံ​ခဲ့​ရ​သည်​ကို လည်း​ကောင်း​သ​တိ​ရ​ပါ​လော့။ ယ​ခု​မှာ​မူ​သူ သည်​သု​ခ​ချမ်း​သာ​ကို​ခံ​စား​ရ​၍ သင်​မူ​ကား ကိုယ်​၏​ဒုက္ခ၊ စိတ်​၏​ဒုက္ခ​ကို​ခံ​ရ​လေ​ပြီ။-
26 इन सबके अलावा म्हारै अर तेरे बिचाळै एक बड़ी खाई ठहराई गई सै, के जो उरै तै तेरी ओड़ आणा चाहवै, वे ना जा सकै, अर ना कोए उड़ै इस पास्सै म्हारै धोरै आ सकै।”
၂၆ထို​မှ​တစ်​ပါး​သင်​တို့​နှင့်​ငါ​တို့​စပ်​ကြား​တွင် နက်​စွာ​သော​ချောက်​ကြီး​တစ်​ခု​တည်​ရှိ​၏။ ထို ကြောင့်​သင်​တို့​ဘက်​မှ​ငါ​တို့​ဘက်​သို့​လည်း ကောင်း၊ ငါ​တို့​ဘက်​မှ​သင်​တို့​ဘက်​သို့​လည်း ကောင်း​ကူး​ဖြတ်​လို​သူ​တို့​သည်​မ​ကူး​ဖြတ် နိုင်​ကြ' ဟု​ပြန်​၍​ပြော​၏။-
27 साहूकार बोल्या, तो हे पिता, मै तेरे तै बिनती करुँ सूं, के उस ताहीं मेरै बाप कै घरां भेज,
၂၇သူ​ဌေး​က `အ​ဖ၊ ထို​သို့​ဖြစ်​ပါ​မူ​လာ​ဇ​ရု​အား အ​ကျွန်ုပ်​၏​အ​ဖ​အိမ်​သို့​စေ​လွှတ်​ပေး​ပါ​ရန် တောင်း​ပန်​ပါ​၏။-
28 क्यूँके मेरे पाँच भाई सै, वो उनकै स्याम्ही इन बात्तां की गवाही दे, इसा ना हो के वे भी दुख की जगहां म्ह आवै।
၂၈အ​ကျွန်ုပ်​မှာ​ညီ​ငါး​ယောက်​ရှိ​ပါ​၏။ သူ​တို့​သည် လည်း ဤ​ဝေ​ဒ​နာ​ခံ​ရာ​အ​ရပ်​သို့​မ​ရောက် ကြ​စေ​ခြင်း​ငှာ သူ​တို့​အား​သ​တိ​ပေး​ရန် လာ​ဇ​ရု​ကို​စေ​လွှတ်​တော်​မူ​ပါ' ဟု​လျှောက်​၏။-
29 अब्राहम नै उसतै कह्या, उनकै धोरै तो मूसा के नियम-कायदे, नबी अर नबियाँ की किताब सै, वे उनकी सुणै।
၂၉အာ​ဗြ​ဟံ​က `သင်​၏​ညီ​များ​အား​သ​တိ​ပေး​ရန် မော​ရှေ​နှင့်​ပ​ရော​ဖက်​များ​ရှိ​ချေ​သည်။ ထို​သူ​တို့ ၏​စ​ကား​ကို​နား​ထောင်​ကြ​ပါ​စေ' ဟု​ဆို​၏။-
30 साहूकार बोल्या, “न्ही, पिता अब्राहम, पर जै कोए मरे होया म्ह तै उनकै धोरै जावै, तो वे पाप करणा छोड़ देंगे।”
၃၀သို့​ရာ​တွင်​သူ​ဌေး​က `အ​ဖ​အာ​ဗြ​ဟံ၊ ထို​သို့ မ​ဟုတ်​ပါ။ အ​ကယ်​၍​သေ​လွန်​သူ​များ​အ​နက် တစ်​ယောက်​သော​သူ​သည် သူ​တို့​ထံ​သို့​သွား​သည် ရှိ​သော်​သူ​တို့​သည်​နောင်​တ​ရ​ကြ​ပါ​လိမ့်​မည်' ဟု​ဆို​၏။-
31 अब्राहम नै उसतै कह्या, “जिब वे मूसा नबी अर नबियाँ की न्ही सुणदे, तो जै मरे होया म्ह तै कोए जी भी जा, तोभी उसकी कोनी मान्नैगें।”
၃၁အာ​ဗြ​ဟံ​က `သူ​တို့​သည်​မော​ရှေ​နှင့်​ပ​ရော​ဖက် များ​၏​စ​ကား​ကို​နား​မ​ထောင်​ကြ​လျှင် အ​ကယ် ၍​သေ​ခြင်း​မှ​လူ​တစ်​စုံ​တစ်​ယောက်​ထ​မြောက် လာ​သော်​လည်း သူ​တို့​ယုံ​ကြည်​ကြ​လိမ့်​မည် မ​ဟုတ်' ဟု​ဆို​၏'' ဟူ​၍​မိန့်​တော်​မူ​၏။

< लूका 16 >