< Κατα Λουκαν 11 >
1 Καὶ ἐγένετο ἐν τῷ εἶναι αὐτὸν ἐν τόπῳ τινὶ προσευχόμενον, ὡς ἐπαύσατο, εἶπέ τις τῶν μαθητῶν αὐτοῦ πρὸς αὐτόν, Κύριε, δίδαξον ἡμᾶς προσεύχεσθαι, καθὼς καὶ Ἰωάννης ἐδίδαξε τοὺς μαθητὰς αὐτοῦ.
၁အခါတစ်ပါး၌ကိုယ်တော်သည်တစ်ခုသော အရပ်တွင်ဆုတောင်းပတ္ထနာပြုလျက်နေတော် မူ၏။ ဆုတောင်းပတ္ထနာပြီးဆုံးသောအခါ တပည့်တော်တစ်ဦးက ``အရှင်ဘုရား၊ ယောဟန် သည်မိမိ၏တပည့်များအားဆုတောင်းပတ္ထ နာပြုရန်နည်းပေးသကဲ့သို့ အကျွန်ုပ်တို့အား လည်းပေးတော်မူပါ'' ဟုလျှောက်ထား၏။
2 Εἶπε δὲ αὐτοῖς, Ὅταν προσεύχησθε, λέγετε, Πάτερ ἡμῶν ὁ ἐν τοῖς οὐρανοῖς, ἁγιασθήτω τὸ ὄνομά σου. Ἐλθέτω ἡ βασιλεία σου. Γενηθήτω τὸ θέλημά σου, ὡς ἐν οὐρανῷ, καὶ ἐπὶ τῆς γῆς.
၂ကိုယ်တော်က ``သင်တို့ဆုတောင်းပတ္ထနာပြုသော အခါ၊ `အို အဖ၊ကိုယ်တော်ရှင်၏နာမတော်ကို ရိုသေလေးမြတ်ကြပါစေသော။ ကိုယ်တော်ရှင်၏အုပ်စိုးတော်မူခြင်းရှိပါ စေသော။
3 Τὸν ἄρτον ἡμῶν τὸν ἐπιούσιον δίδου ἡμῖν τὸ καθ᾿ ἡμέραν.
၃လိုအပ်သောအစားအစာကိုအကျွန်ုပ်တို့အား၊ နေ့စဉ်နေ့တိုင်းပေးသနားတော်မူပါ။
4 Καὶ ἄφες ἡμῖν τὰς ἁμαρτίας ἡμῶν, καὶ γὰρ αὐτοὶ ἀφίεμεν παντὶ ὀφείλοντι ἡμῖν. Καὶ μὴ εἰσενέγκῃς ἡμᾶς εἰς πειρασμόν, ἀλλὰ ῥῦσαι ἡμᾶς ἀπὸ τοῦ πονηροῦ.
၄အကျွန်ုပ်တို့အားသူတစ်ပါးတို့မှားမိသည့် အပြစ်များကို၊ အကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့အကျွန်ုပ် တို့၏ အပြစ်များကိုဖြေလွှတ်တော်မူပါ။ အကျွန်ုပ်တို့သည်လွန်ကဲသောစုံစမ်းသွေး ဆောင်ခြင်းကို မခံရပါစေနှင့်' ဟူ၍မြွက်ဆိုကြလော့'' ဟုမိန့်တော်မူ၏။
5 Καὶ εἶπε πρὸς αὐτούς, Τίς ἐξ ὑμῶν ἕξει φίλον, καὶ πορεύσεται πρὸς αὐτὸν μεσονυκτίου, καὶ εἴπῃ αὐτῷ, Φίλε, χρῆσόν μοι τρεῖς ἄρτους,
၅ထိုနောက်ကိုယ်တော်က ``သင်တို့တွင်တစ်စုံတစ် ယောက်သောသူသည်သန်းခေါင်အချိန်၌မိတ် ဆွေတစ်ဦး၏အိမ်သို့သွား၍ `အဆွေ၊ ကျွန်ုပ်၏ အိမ်သို့ခရီးသည်မိတ်ဆွေတစ်ယောက်ရောက်ရှိ လာပါသည်။ ကျွန်ုပ်တို့ထံတွင်သူ့အားကျွေး စရာဘာမျှမရှိသဖြင့် မုန့်သုံးလုံးကိုချေး လိုပါသည်' ဟုဆိုသော်၊-
6 ἐπειδὴ φίλος μου παρεγένετο ἐξ ὁδοῦ πρός με, καὶ οὐκ ἔχω ὃ παραθήσω αὐτῷ·
၆
7 κἀκεῖνος ἔσωθεν ἀποκριθεὶς εἴπῃ, Μή μοι κόπους πάρεχε· ἤδη ἡ θύρα κέκλεισται, καὶ τὰ παιδία μου μετ᾿ ἐμοῦ εἰς τὴν κοίτην εἰσίν· οὐ δύναμαι ἀναστὰς δοῦναί σοι.
၇အိမ်ရှင်က `ကျွန်ုပ်ကိုမနှောင့်ယှက်ပါနှင့်။ အိမ် တံခါးကိုပိတ်ထားပြီးလေပြီ။ သားသမီး များနှင့်ကျွန်ုပ်သည်အိပ်ရာဝင်ကြပြီးဖြစ် ၏။ ထို့ကြောင့်ကျွန်ုပ်ထ၍သင့်အားဘာမျှ မပေးနိုင်ပါ' ဟုအိမ်တွင်းမှပြောလိမ့်မည်။-
8 Λέγω ὑμῖν, εἰ καὶ οὐ δώσει αὐτῷ ἀναστάς, διὰ τὸ εἶναι αὐτοῦ φίλον, διά γε τὴν ἀναίδειαν αὐτοῦ ἐγερθεὶς δώσει αὐτῷ ὅσων χρῄζει.
၈အိမ်ရှင်သည်မိတ်ဆွေတစ်ဦးအနေဖြင့်အိပ်ရာ မှထ၍သူ့အားမုန့်များကိုပေးလိမ့်မည်မဟုတ်။ သို့သော်လည်းထိုသူသည်အရှက်အကြောက် ကင်းမဲ့စွာဆက်လက်တောင်းခံနေသောကြောင့် အိမ်ရှင်သည်ထ၍လိုသမျှသောမုန့်များ ကိုပေးလိမ့်မည်။-
9 Κἀγὼ ὑμῖν λέγω, αἰτεῖτε, καὶ δοθήσεται ὑμῖν· ζητεῖτε, καὶ εὑρήσετε· κρούετε, καὶ ἀνοιγήσεται ὑμῖν.
၉သင်တို့အားငါဆိုသည်ကားတောင်းကြလော့၊ တောင်းလျှင်ရကြလိမ့်မည်။ ရှာကြလော့၊ ရှာ လျှင်တွေ့ကြလိမ့်မည်။ တံခါးကိုခေါက်ကြ လော့၊ ခေါက်လျှင်တံခါးကိုဖွင့်လိမ့်မည်။-
10 Πᾶς γὰρ ὁ αἰτῶν λαμβάνει· καὶ ὁ ζητῶν εὑρίσκει· καὶ τῷ κρούοντι ἀνοιγήσεται.
၁၀တောင်းသူသည်ရလိမ့်မည်။ ရှာသောသူသည် တွေ့လိမ့်မည်။ တံခါးကိုခေါက်သောသူအား တံခါးကိုဖွင့်ပေးလိမ့်မည်။-
11 Τίνα δὲ ὑμῶν τὸν πατέρα αἰτήσει ὁ υἱὸς ἄρτον, μὴ λίθον ἐπιδώσει αὐτῷ; Εἰ καὶ ἰχθύν, μὴ ἀντὶ ἰχθύος ὄφιν ἐπιδώσει αὐτῷ;
၁၁သင်တို့တွင်အဘယ်ဖခင်သည်မိမိ၏သား ကငါးကိုတောင်းလျှင်မြွေကိုပေးမည်နည်း။-
12 Ἢ καὶ ἐὰν αἰτήσῃ ᾠόν, μὴ ἐπιδώσει αὐτῷ σκορπίον;
၁၂ကြက်ဥကိုတောင်းလျှင်ကင်းမြီးကောက်ကို ပေးမည်နည်း။-
13 Εἰ οὖν ὑμεῖς πονηροὶ ὑπάρχοντες οἴδατε ἀγαθὰ δόματα διδόναι τοῖς τέκνοις ὑμῶν, πόσῳ μᾶλλον ὁ πατὴρ ὁ ἐξ οὐρανοῦ δώσει πνεῦμα ἅγιον τοῖς αἰτοῦσιν αὐτόν;
၁၃သင်တို့သည်ဆိုးသောသူများဖြစ်လျက်ပင် သားသမီးများအားအကောင်းကိုပေးတတ် လျှင်ကောင်းကင်ဘုံရှင်သင်တို့အဖသည် တောင်းလျှောက်သောသူတို့အားသန့်ရှင်းသော ဝိညာဉ်တော်ကိုသာ၍ပေးတော်မူမည်မဟုတ် လော'' ဟုမိန့်တော်မူ၏။
14 Καὶ ἦν ἐκβάλλων δαιμόνιον, καὶ αὐτὸ ἦν κωφόν. Ἐγένετο δέ, τοῦ δαιμονίου ἐξελθόντος, ἐλάλησεν ὁ κωφός· καὶ ἐθαύμασαν οἱ ὄχλοι.
၁၄သခင်ယေရှုသည်ဆွံ့အသောနတ်မိစ္ဆာကို နှင်ထုတ်တော်မူ၍နတ်မိစ္ဆာထွက်သွားသည် နောက်ဆွံ့အသောသူသည်စကားပြော လေ၏။ လူပရိသတ်တို့သည်များစွာအံ့သြ ကြ၏။-
15 Τινὲς δὲ ἐξ αὐτῶν εἶπον, Ἐν Βεελζεβοὺλ ἄρχοντι τῶν δαιμονίων ἐκβάλλει τὰ δαιμόνια.
၁၅သို့ရာတွင်လူအချို့က ``ကိုယ်တော်သည်နတ် မိစ္ဆာဘုရင်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်'' ဟုဆိုကြ၏။
16 Ἕτεροι δὲ πειράζοντες σημεῖον παρ᾿ αὐτοῦ ἐζήτουν ἐξ οὐρανοῦ.
၁၆အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
17 Αὐτὸς δὲ εἰδὼς αὐτῶν τὰ διανοήματα εἶπεν αὐτοῖς, Πᾶσα βασιλεία ἐφ᾿ ἑαυτὴν διαμερισθεῖσα ἐρημοῦται· καὶ οἶκος ἐπὶ οἶκον, πίπτει.
၁၇ကိုယ်တော်သည်ထိုသူတို့၏အကြံအစည်ကို သိတော်မူသဖြင့် ``တိုင်းနိုင်ငံတစ်ခုတွင်လူ တို့စိတ်ဝမ်းကွဲပြားလျက်နေလျှင် ထိုနိုင်ငံသည် မကြာမီပျက်စီးမည်သာဖြစ်၏။ အိမ်ထောင်တစ် ခုတွင်အိမ်သူအိမ်သားတို့စိတ်ဝမ်းကွဲပြား လျက်နေလျှင် ထိုအိမ်ထောင်သည်ပျက်စီး မည်သာဖြစ်၏။-
18 Εἰ δὲ καὶ ὁ Σατανᾶς ἐφ᾿ ἑαυτὸν διεμερίσθη, πῶς σταθήσεται ἡ βασιλεία αὐτοῦ; Ὅτι λέγετε ἐν Βεελζεβοὺλ ἐκβάλλειν με τὰ δαιμόνια.
၁၈ထို့ကြောင့်စာတန်၏နိုင်ငံတွင်စိတ်ဝမ်းကွဲပြား မှုရှိလျှင် အဘယ်သို့လျှင်ရပ်တည်နိုင်မည်နည်း။ ငါသည်ဗေလဇေဗုလကိုအမှီပြု၍ နတ်မိစ္ဆာ များကိုနှင်ထုတ်သည်ဟုသင်တို့ဆိုကြ၏။-
19 Εἰ δὲ ἐγὼ ἐν Βεελζεβοὺλ ἐκβάλλω τὰ δαιμόνια, οἱ υἱοὶ ὑμῶν ἐν τίνι ἐκβάλλουσι; Διὰ τοῦτο κριταὶ ὑμῶν αὐτοὶ ἔσονται.
၁၉အကယ်၍ငါသည်ဗေလဇေဗုလကိုအမှီ ပြု၍နတ်မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါမူ သင်တို့၏တပည့်များကားမည်သူကိုအမှီ ပြု၍ နတ်မိစ္ဆာများကိုနှင်ထုတ်ကြသနည်း။ ထိုသူတို့ကပင်လျှင်သင်တို့မှားကြောင်း သက်သေထူကြ၏။-
20 Εἰ δὲ ἐν δακτύλῳ Θεοῦ ἐκβάλλω τὰ δαιμόνια, ἄρα ἔφθασεν ἐφ᾿ ὑμᾶς ἡ βασιλεία τοῦ Θεοῦ.
၂၀သို့ရာတွင်ငါသည်ဘုရားသခင်၏တန်ခိုး တော်အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည် ဖြစ်သောကြောင့် ဘုရားသခင်၏နိုင်ငံတော် သည်သင်တို့တွင်တည်လျက်ရှိလေပြီ။''
21 Ὅταν ὁ ἰσχυρὸς καθωπλισμένος φυλάσσῃ τὴν ἑαυτοῦ αὐλήν, ἐν εἰρήνῃ ἐστὶ τὰ ὑπάρχοντα αὐτοῦ·
၂၁``ခွန်အားကြီးသူသည်လက်နက်စုံနှင့် မိမိ အိမ်ကိုစောင့်ကြပ်နေသောအခါ သူ၏ဥစ္စာ ပစ္စည်းများသည်လုံခြုံမှုရှိ၏။-
22 ἐπὰν δὲ ὁ ἰσχυρότερος αὐτοῦ ἐπελθὼν νικήσῃ αὐτόν, τὴν πανοπλίαν αὐτοῦ αἴρει ἐφ᾿ ᾗ ἐπεποίθει, καὶ τὰ σκῦλα αὐτοῦ διαδίδωσιν.
၂၂သို့ရာတွင်ထိုသူထက်ခွန်အားကြီးသူသည် ရောက်လာ၍ သူ့ကိုတိုက်ခိုက်အောင်မြင်သော အခါ သူအားကိုးအားထားပြုသည့်လက် နက်များကိုသိမ်းယူသွားလိမ့်မည်။ တိုက်ခိုက် ၍ရရှိသောဥစ္စာပစ္စည်းများကိုလည်းခွဲ ဝေလိမ့်မည်။''
23 Ὁ μὴ ὢν μετ᾿ ἐμοῦ κατ᾿ ἐμοῦ ἐστι· καὶ ὁ μὴ συνάγων μετ᾿ ἐμοῦ σκορπίζει.
၂၃``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။''
24 Ὅταν τὸ ἀκάθαρτον πνεῦμα ἐξέλθῃ ἀπὸ τοῦ ἀνθρώπου, διέρχεται δι᾿ ἀνύδρων τόπων, ζητοῦν ἀνάπαυσιν· καὶ μὴ εὑρίσκον λέγει, Ὑποστρέψω εἰς τὸν οἶκόν μου ὅθεν ἐξῆλθον.
၂၄``ညစ်ညမ်းသောနတ်သည်လူထဲကထွက်သည့် အခါခြောက်သွေ့ရာအရပ်သို့လှည့်လည်၍ နားစရာနေရာကိုရှာတတ်၏။ ရှာမတွေ့ လျှင် `ငါယခင်နေခဲ့သည့်နေရာသို့ပင် ပြန်ပါအံ့' ဟုဆို၏။-
25 Καὶ ἐλθὸν εὑρίσκει σεσαρωμένον καὶ κεκοσμημένον.
၂၅သို့ဖြစ်၍သူသည်ထိုနေရာသို့ပြန်သွား သောအခါ သပ်ရပ်စွာလှဲကျင်းထားသည် ကိုတွေ့သော်၊-
26 Τότε πορεύεται καὶ παραλαμβάνει ἑπτὰ ἕτερα πνεύματα πονηρότερα ἑαυτοῦ, καὶ εἰσελθόντα κατοικεῖ ἐκεῖ· καὶ γίνεται τὰ ἔσχατα τοῦ ἀνθρώπου ἐκείνου χείρονα τῶν πρώτων.
၂၆မိမိထက်ညစ်ညမ်းသောနတ်ခုနစ်ဦးကိုခေါ် ခဲ့ပြီးလျှင်ထိုနေရာတွင်နေလေ၏။ သို့ဖြစ် ၍နတ်ပူးဝင်သူ၏နောက်ဆုံးဖြစ်အင်သည် ပထမဖြစ်အင်ထက်ဆိုးလေ၏'' ဟုမိန့် တော်မူ၏။
27 Ἐγένετο δὲ ἐν τῷ λέγειν αὐτὸν ταῦτα, ἐπάρασά τις γυνὴ φωνὴν ἐκ τοῦ ὄχλου εἶπεν αὐτῷ, Μακαρία ἡ κοιλία ἡ βαστάσασά σε, καὶ μαστοὶ οὓς ἐθήλασας.
၂၇သခင်ယေရှုသည်ဤသို့မိန့်တော်မူပြီး သောအခါ လူပရိသတ်ထဲကအမျိုးသမီး တစ်ယောက်သည် ``အရှင့်ကိုမွေး၍နို့တိုက် ရသောအမျိုးသမီးသည်မင်္ဂလာရှိပါ၏'' ဟုလျှောက်၏။
28 Αὐτὸς δὲ εἶπε, Μενοῦνγε μακάριοι οἱ ἀκούοντες τὸν λόγον τοῦ Θεοῦ καὶ φυλάσσοντες αὐτόν.
၂၈သို့ရာတွင်ကိုယ်တော်က ``ဘုရားသခင်၏ နှုတ်ကပတ်တော်ကိုကြား၍လိုက်နာသူသည် မင်္ဂလာရှိ၏ဟုဆိုလျှင်ပို၍သင့်မြတ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။
29 Τῶν δὲ ὄχλων ἐπαθροιζομένων ἤρξατο λέγειν, Ἡ γενεὰ αὕτη πονηρά ἐστι· σημεῖον ἐπιζητεῖ, καὶ σημεῖον οὐ δοθήσεται αὐτῇ, εἰ μὴ τὸ σημεῖον Ἰωνᾶ τοῦ προφήτου.
၂၉လူပရိသတ်တို့သည်စုရုံးလျက်နေကြစဉ် ကိုယ်တော်က ``ယခုခေတ်လူတို့သည်အလွန် ဆိုးညစ်လှပါသည်တကား။ သူတို့သည်နိမိတ် လက္ခဏာကိုတောင်းဆိုကြ၏။ သို့ရာတွင်ယောန ၏နိမိတ်လက္ခဏာမှတစ်ပါးအဘယ်နိမိတ် လက္ခဏာကိုမျှသူတို့အားပြလိမ့်မည်မဟုတ်။-
30 Καθὼς γὰρ ἐγένετο Ἰωνᾶς σημεῖον τοῖς Νινευΐταις, οὕτως ἔσται καὶ ὁ υἱὸς τοῦ ἀνθρώπου τῇ γενεᾷ ταύτῃ.
၃၀နိနေဝေမြို့သားတို့အတွက်ယောနသည် နိမိတ်လက္ခဏာဖြစ်သကဲ့သို့ဤခေတ်လူတို့ အတွက်လူသားသည်လည်းနိမိတ်လက္ခဏာ ဖြစ်ပေအံ့။-
31 Βασίλισσα νότου ἐγερθήσεται ἐν τῇ κρίσει μετὰ τῶν ἀνδρῶν τῆς γενεᾶς ταύτης, καὶ κατακρινεῖ αὐτούς· ὅτι ἦλθεν ἐκ τῶν περάτων τῆς γῆς ἀκοῦσαι τὴν σοφίαν Σολομῶντος, καὶ ἰδού, πλεῖον Σολομῶντος ὧδε.
၃၁ရှေဘပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရ အောင်ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာ ရောက်ခဲ့၏။ ယခုအခါ၌မူရှောလမုန်ထက် ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။ သို့ ဖြစ်၍တရားစီရင်တော်မူရာနေ့တွင်ရှေဘ ပြည်ဘုရင်မသည်ထ၍ထိုသူတို့အားပြစ် တင်စွပ်စွဲလိမ့်မည်။-
32 Ἄνδρες Νινευῒ ἀναστήσονται ἐν τῇ κρίσει μετὰ τῆς γενεᾶς ταύτης καὶ κατακρινοῦσιν αὐτήν· ὅτι μετενόησαν εἰς τὸ κήρυγμα Ἰωνᾶ, καὶ ἰδού, πλεῖον Ἰωνᾶ ὧδε.
၃၂နိနေဝေမြို့သားတို့သည်ယောနဟောပြော သွန်သင်ချက်ကြောင့်နောင်တရခဲ့ကြ၏။ ယခု မှာမူယောနထက်ကြီးမြတ်သည့်အရာရောက် ရှိနေလေပြီ။ တရားစီရင်တော်မူရာနေ့၌ နိနေဝေမြို့သားတို့သည်ထ၍ဤလူတို့ အားပြစ်တင်စွပ်စွဲကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
33 Οὐδεὶς δὲ λύχνον ἅψας εἰς κρυπτὸν τίθησιν, οὐδὲ ὑπὸ τὸν μόδιον, ἀλλ᾿ ἐπὶ τὴν λυχνίαν, ἵνα οἱ εἰσπορευόμενοι τὸ φέγγος βλέπωσιν.
၃၃လူတို့သည် ``ဆီမီးကိုထွန်းညှိ၍ဖုံးကွယ်ထား လေ့မရှိ။ တောင်းဖြင့်လည်းအုပ်ထားလေ့မရှိ။ အိမ်ထဲသို့ဝင်လာသူများအလင်းရစေရန် မီးတင်ခုံပေါ်မှာတင်ထားလေ့ရှိ၏။-
34 Ὁ λύχνος τοῦ σώματός ἐστιν ὁ ὀφθαλμός· ὅταν οὖν ὁ ὀφθαλμός σου ἁπλοῦς ᾖ, καὶ ὅλον τὸ σῶμά σου φωτεινόν ἐστιν· ἐπὰν δὲ πονηρὸς ᾖ, καὶ τὸ σῶμά σου σκοτεινόν.
၃၄မျက်စိသည်ကိုယ်ခန္ဓာအတွက်ဆီမီးသဖွယ်ဖြစ် ၏။ မျက်စိကောင်းလျှင်သင်၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။ မျက်စိမကောင်းလျှင်မူကား သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည်မှောင်လျက် နေလိမ့်မည်။-
35 Σκόπει οὖν μὴ τὸ φῶς τὸ ἐν σοὶ σκότος ἐστίν.
၃၅သို့ဖြစ်၍သင်တို့တွင်ရှိသည့်အလင်းသည် အမှောင်မဖြစ်စေရန်သတိပြုကြလော့။-
36 Εἰ οὖν τὸ σῶμά σου ὅλον φωτεινόν, μὴ ἔχον τι μέρος σκοτεινόν, ἔσται φωτεινὸν ὅλον, ὡς ὅταν ὁ λύχνος τῇ ἀστραπῇ φωτίζῃ σε.
၃၆အကယ်၍သင်၏ကိုယ်ခန္ဓာတစ်ခုလုံးသည် မှောင်ကွက်လုံးဝမရှိဘဲလင်းလျက်နေလျှင် ဆီမီးသည်တောက်ပသောအလင်းဖြင့်သင့် အပေါ်၌ထွန်းလင်းသကဲ့သို့ သင်တို့ကိုယ် ခန္ဓာတစ်ခုလုံးသည်အလင်းနှင့်ပြည့်လိမ့် မည်'' ဟုမိန့်တော်မူ၏။
37 Ἐν δὲ τῷ λαλῆσαι, ἠρώτα αὐτὸν Φαρισαῖός τις ὅπως ἀριστήσῃ παρ᾿ αὐτῷ· εἰσελθὼν δὲ ἀνέπεσεν.
၃၇ထိုသို့ကိုယ်တော်မိန့်တော်မူပြီးသောအခါ ဖာရိရှဲတစ်ယောက်သည်ကိုယ်တော်အားည စာသုံးဆောင်တော်မူရန်ပင့်ဖိတ်၏။-
38 Ὁ δὲ Φαρισαῖος ἰδὼν ἐθαύμασεν ὅτι οὐ πρῶτον ἐβαπτίσθη πρὸ τοῦ ἀρίστου.
၃၈ကိုယ်တော်သည်ထိုသူ၏အိမ်သို့ကြွ၍စားပွဲ တွင်ထိုင်တော်မူ၏။ ဤသို့အစားအစာမသုံး ဆောင်မီကိုယ်တော်သည်ဆေးကြောခြင်းပြု တော်မမူသည်ကိုထိုဖာရိရှဲမြင်သောအခါ အံ့သြလေ၏။-
39 Εἶπε δὲ ὁ Κύριος πρὸς αὐτόν, Νῦν ὑμεῖς οἱ Φαρισαῖοι τὸ ἔξωθεν τοῦ ποτηρίου καὶ τοῦ πίνακος καθαρίζετε, τὸ δὲ ἔσωθεν ὑμῶν γέμει ἁρπαγῆς καὶ πονηρίας.
၃၉သခင်ဘုရားက ``သင်တို့ဖာရိရှဲများသည်ပန်း ကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ်အောင် ဆေးကြောကြသော်လည်းသင်တို့၏စိတ်အတွင်း မှာကားအကြမ်းဖက်မှု၊ ဆိုးညစ်မှုတို့ဖြင့်ပြည့် လျက်နေ၏။-
40 Ἄφρονες, οὐχ ὁ ποιήσας τὸ ἔξωθεν καὶ τὸ ἔσωθεν ἐποίησε;
၄၀အချင်းလူမိုက်တို့၊ ပြင်ပသဏ္ဌာန်ကိုဖန်ဆင်း တော်မူသောအရှင်သည် အတွင်းသဏ္ဌာန်ကို လည်းဖန်ဆင်းတော်မူသည်မဟုတ်လော။-
41 Πλὴν τὰ ἐνόντα δότε ἐλεημοσύνην· καὶ ἰδού, πάντα καθαρὰ ὑμῖν ἐστιν.
၄၁သို့ရာတွင်သင်တို့၏ပန်းကန်ခွက်ယောက် များတွင်ရှိသည့်အရာများကိုဆင်းရဲသူ များအားပေးကမ်းကြလော့။ သို့ပြုလျှင် အရာခပ်သိမ်းတို့သည်သင်တို့အတွက်သန့် စင်လိမ့်မည်။''
42 Ἀλλ᾿ οὐαὶ ὑμῖν τοῖς Φαρισαίοις, ὅτι ἀποδεκατοῦτε τὸ ἡδύοσμον καὶ τὸ πήγανον καὶ πᾶν λάχανον, καὶ παρέρχεσθε τὴν κρίσιν καὶ τὴν ἀγάπην τοῦ Θεοῦ· ταῦτα ἔδει ποιῆσαι, κἀκεῖνα μὴ ἀφιέναι.
၄၂``ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည်ပင်စိမ်းရွက်၊ လူရွက်နှင့်အခြား ဆေးဖက်ဝင်အရွက်အမျိုးမျိုးကိုဆယ်ဖို့ တစ်ဖို့ပေးလှူကြသော်လည်းတရားမျှတ မှုနှင့်ဘုရားသခင်အားကြည်ညိုမှုတို့ကို လျစ်လူရှုကြသည်။ သင်တို့သည်ဆယ်ဖို့ တစ်ဖို့ပေးလှူခြင်းကိုတရားမျှတမှုနှင့် ဘုရားသခင်အားကြည်ညိုမှုတို့ကိုပါ ကျင့်သုံးသင့်၏။''
43 Οὐαὶ ὑμῖν τοῖς Φαρισαίοις, ὅτι ἀγαπᾶτε τὴν πρωτοκαθεδρίαν ἐν ταῖς συναγωγαῖς, καὶ τοὺς ἀσπασμοὺς ἐν ταῖς ἀγοραῖς.
၄၃``အချင်းဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်တရားဇရပ်များတွင် မြင့်မြတ်သောနေရာများကိုလည်းကောင်း၊ စျေးရပ်ကွက်တွင်လူတို့အလေးပြုခြင်း ကိုလည်းကောင်းနှစ်သက်ကြ၏။-
44 Οὐαὶ ὑμῖν, γραμματεῖς καὶ Φαρισαῖοι, ὑποκριταί, ὅτι ἐστὲ ὡς τὰ μνημεῖα τὰ ἄδηλα, καὶ οἱ ἄνθρωποι οἱ περιπατοῦντες ἐπάνω οὐκ οἴδασιν.
၄၄သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် အမှတ်အသားမရှိသည့်သင်္ချိုင်းတွင်းများနှင့် တူ၏။ လူတို့သည်ထိုတွင်းများအပေါ်မှာ လျှောက်၍သွားကြသောအခါသင်္ချိုင်းတွင်း ဖြစ်မှန်းကိုမသိကြ'' ဟုမိန့်တော်မူ၏။
45 Ἀποκριθεὶς δέ τις τῶν νομικῶν λέγει αὐτῷ, Διδάσκαλε, ταῦτα λέγων καὶ ἡμᾶς ὑβρίζεις.
၄၅ကျမ်းတတ်ဆရာတစ်ယောက်က ``ဆရာတော်၊ အရှင်ဤသို့မိန့်တော်မူသည်မှာအကျွန်ုပ် တို့ကိုလည်းစော်ကားရာရောက်ပါသည်'' ဟု လျှောက်၏။
46 Ὁ δὲ εἶπε, Καὶ ὑμῖν τοῖς νομικοῖς οὐαί, ὅτι φορτίζετε τοὺς ἀνθρώπους φορτία δυσβάστακτα, καὶ αὐτοὶ ἑνὶ τῶν δακτύλων ὑμῶν οὐ προσψαύετε τοῖς φορτίοις.
၄၆ကိုယ်တော်က ``အချင်းကျမ်းတတ်ဆရာတို့၊ သင်တို့သည်လည်းအမင်္ဂလာရှိကြ၏။ အထမ်း ရခက်သည့်ဝန်ထုပ်များကိုသင်တို့သည်လူ များအားထမ်းစေကြလျက်သင်တို့ကိုယ်တိုင် မူကားထိုဝန်ထုပ်များကိုလက်ဖျားနှင့်မျှ မတို့ကြ။-
47 Οὐαὶ ὑμῖν, ὅτι οἰκοδομεῖτε τὰ μνημεῖα τῶν προφητῶν, οἱ δὲ πατέρες ὑμῶν ἀπέκτειναν αὐτούς.
၄၇သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့၏ ဘိုးဘေးများကသတ်သောပရောဖက်များ အတွက်သင်တို့ကဂူများတည်ဆောက်ပေး ကြ၏။-
48 Ἄρα μαρτυρεῖτε καὶ συνευδοκεῖτε τοῖς ἔργοις τῶν πατέρων ὑμῶν· ὅτι αὐτοὶ μὲν ἀπέκτειναν αὐτούς, ὑμεῖς δὲ οἰκοδομεῖτε αὐτῶν τὰ μνημεῖα.
၄၈ဤသို့လျှင်သင်တို့၏ဘိုးဘေးများကူးလွန် ခဲ့သည့်အမှုများတွင် သင်တို့အလိုတူအလို ပါဖြစ်ကြ၏။ သင်တို့၏ဘိုးဘေးများသည် ပရောဖက်များကိုသတ်၍ သင်တို့ကသင်္ချိုင်း များကိုတည်ဆောက်ပေးကြ၏။-
49 Διὰ τοῦτο καὶ ἡ σοφία τοῦ Θεοῦ εἶπεν, Ἀποστελῶ εἰς αὐτοὺς προφήτας καὶ ἀποστόλους, καὶ ἐξ αὐτῶν ἀποκτενοῦσι καὶ ἐκδιώξουσιν·
၄၉သို့ဖြစ်ခြင်းကြောင့်ဘုရားသခင်သည်ရွှေ ဉာဏ်တော်ဖြင့်`ဤလူများထဲသို့ပရောဖက် များ၊ စေတမန်များကိုငါစေလွှတ်မည်။ ထို ပရောဖက်များ၊ စေတမန်များအနက်အချို့ ကိုသူတို့ညှဉ်းဆဲ၍အချို့ကိုသတ်ကြလိမ့် မည်' ဟုမိန့်တော်မူ၏။-
50 ἵνα ἐκζητηθῇ τὸ αἷμα πάντων τῶν προφητῶν τὸ ἐκχυνόμενον ἀπὸ καταβολῆς κόσμου ἀπὸ τῆς γενεᾶς ταύτης,
၅၀သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။
51 ἀπὸ τοῦ αἵματος Ἄβελ ἕως τοῦ αἵματος Ζαχαρίου τοῦ ἀπολομένου μεταξὺ τοῦ θυσιαστηρίου καὶ τοῦ οἴκου. Ναί, λέγω ὑμῖν, ἐκζητηθήσεται ἀπὸ τῆς γενεᾶς ταύτης.
၅၁
52 Οὐαὶ ὑμῖν τοῖς νομικοῖς, ὅτι ἤρατε τὴν κλεῖδα τῆς γνώσεως· αὐτοὶ οὐκ εἰσήλθετε, καὶ τοὺς εἰσερχομένους ἐκωλύσατε.
၅၂``ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ သင်တို့သည်အသိပညာဗိမာန် တံခါးသော့ကိုသိမ်းထားပြီးလျှင်ကိုယ်တိုင် လည်းမဝင်၊ ဝင်လိုသူများကိုလည်းဆီးတား ကြ၏'' ဟုမိန့်တော်မူ၏။
53 Λέγοντος δὲ αὐτοῦ ταῦτα πρὸς αὐτούς, ἤρξαντο οἱ γραμματεῖς καὶ οἱ Φαρισαῖοι δεινῶς ἐνέχειν, καὶ ἀποστοματίζειν αὐτὸν περὶ πλειόνων,
၅၃ထိုအရပ်မှကိုယ်တော်ထွက်ကြွတော်မူသော အခါကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ သည် ကိုယ်တော်အားပြင်းထန်စွာဝေဖန်မှုကို စတင်ပြုလုပ်လာကြ၏။-
54 ἐνεδρεύοντες αὐτόν, καὶ ζητοῦντες θηρεῦσαί τι ἐκ τοῦ στόματος αὐτοῦ, ἵνα κατηγορήσωσιν αὐτοῦ.
၅၄နှုတ်တော်ထွက်စကားတွင်အမှားရှာရန် များစွာသောအကြောင်းအရာတို့ကိုမေး မြန်းကြ၏။