< Kolosser 4 >

1 Ihr Herren, erweiset den Knechten, was dem Recht und der Gleichheit gemäß ist, und seid eingedenk, daß auch ihr einen Herrn in dem Himmel habt.
သခင်တို့၊ သင်တို့၏သခင်သည် ကောင်းကင်ဘုံ၌ ရှိတော်မူသည်ကို သိမှတ်၍၊ ဖြောင့်မတ်ခြင်းတရား၊ မျှခြင်းတရားနှင့်အညီ ကိုယ်ကျွန်တို့ကို ပြုကြလော့။
2 Haltet an am Gebet, seid wachsam und sagt Dank.
ဆုတောင်းပဋ္ဌနာပြုခြင်းအမှုကို အမြဲပြု၍၊ ကျေးဇူးတော်ကို ချီးမွမ်းလျက် စောင့်ရှောက်ကြလော့။
3 Betet zugleich auch für uns, daß Gott uns eine Tür eröffne für das Wort, zu reden das Geheimnis von Christus, um Dessentwillen ich auch in Banden bin,
ငါသည် ခရစ်တော်၏ နက်နဲသောအရာကြောင့် အချည်အနှောင်ခံရသည်ဖြစ်၍။
4 Auf daß ich es so offenbare, wie mir zu reden geziemt.
ထိုနက်နဲသောအရာကို ဟောပြောခြင်းငှါ၊ ဘုရားသခင်သည် တရားဟောရာတံခါးကို ငါတို့အား ဖွင့်တော်မူမည် အကြောင်းကို၎င်း၊ ထိုနက်နဲသောအရာကို ဟောပြောအပ်သည်နှင့်အညီ ငါဘော်ပြမည် အကြောင်းကို၎င်း၊ ငါတို့အဘို့လည်း ဆုတောင်းကြလော့။
5 Verhaltet euch weislich gegen die, so draußen sind, so daß ihr die rechte Zeit abwartet.
ပြင်ပလူတို့၏ မျက်နှာကိုထောက်လျက်၊ ပညာနှင့် ကျင့်ဆောင်၍ ကာလအချိန်ကို ရွေးနှုတ်ကြလော့။
6 Eure Rede sei immer wohlgefällig, mit Salz gewürzt, daß ihr wisset, wie ihr einem jeglichen zu antworten habt.
လူအသီးအသီးတို့အား အဘယ်သို့ ပြန်ပြောရမည်ကို သိနိုင်မည်အကြောင်း၊ သင်တို့စကားသည် ဆားအားဖြင့်ငန်သော အရသာနှင့်ပြည့်စုံလျက်၊ အစဉ်မပြတ်တင့်တယ်လျောက်ပတ်ပါစေ။
7 Wie es um mich steht, wird euch Tychikus, der geliebte Bruder und treue Diener und Mitknecht im Herrn, genau berichten.
သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန် ချင်းတည်းဟူသော၊ ငါချစ်သောညီ တုခိတ်သည် ငါ၏ အကြောင်းအရာရှိသမျှကို သင်တို့အား ဘော်ပြလိမ့်မည်။
8 Ich habe ihn eben darum zu euch gesendet, damit er erfahre, wie es mit euch geht, und eure Herzen tröste;
သူသည် သင်တို့၏အကြောင်းအရာများကို သိ၍၊ သင်တို့စိတ်နှလုံးကို သက်သာစေခြင်းငှါ၊ ထိုသူ ကို၎င်း၊ သင်တို့အထဲကဖြစ်၍ သစ္စာရှိသော ငါချစ်သောညီ ဩနေသိမ်ကို၎င်း၊ သင်တို့ဆီသို့ ငါစေလွှတ်၏။
9 Samt Onesimus, dem getreuen und geliebten Bruder, der von den euren ist; sie werden euch alles kundtun, was bei uns vorgeht.
သူတို့သည် ဤမြို့၌ဖြစ်သမျှသော အကြောင်းအရာကို သင်တို့အား ဘော်ပြကြလိမ့်မည်။
10 Es grüßt euch Aristarchus, mein Mitgefangener, und Markus, der Vetter des Barnabas, in betreff dessen ihr Aufträge empfangen habt. Wenn er zu euch kommt, nehmt ihn auf.
၁၀ငါနှင့်အတူ အကျဉ်းခံရသောသူ အာရိတ္တာခု၊ ဗာနဗ၏ တူမာကု၊ ယုတ္တုဟုခေါ်ဝေါ်သော ယေရှုတို့ သည် သင်တို့ကို နှုတ်ဆက်ကြ၏။ မာကုအတွက်သင်တို့ကို ငါမှာလိုက်ခဲ့ပြီ။ သူသည် သင်တို့ဆီသို့ ရောက်လာလျှင် လက်ခံကြလော့။
11 Und Jesus, der da heißt Justus, die aus der Beschneidung sind, welche allein meine Mitarbeiter für das Reich Gottes und mir zur Erquickung geworden sind.
၁၁အရေဖျားလှီးခြင်းကိုခံသော သူတို့တွင် ဤသူတို့သာ ဘုရားသခင်၏နိုင်ငံတော်အဘို့ ငါနှင့်အတူ အမှု ဆောင်သောသူဖြစ်၍၊ ငါ့စိတ်ကို သက်သာစေကြ၏။
12 Es grüßt euch Epaphras, der zu den euren gehört, ein Knecht von Christus, der allezeit für euch ringt in Gebeten, auf daß ihr als vollkommen besteht und erfüllt mit allem Willen Gottes.
၁၂သင်တို့အထဲကဖြစ်သော ခရစ်တော်၏ကျွန် ဧပဖြသည် သင်တို့ကို နှုတ်ဆက်၏။ သင်တို့သည် စုံလင်လျက်၊ ဘုရားသခင်၏ အလိုတော်ကို အကုန်အစင် လေ့ကျက်လျက် တည်ကြည်မည်အကြောင်း သူသည် သင်တို့အဘို့ ကာလအစဉ်ကြိုးစား၍ ဆုတောင်းတတ်၏။
13 Ich gebe ihm das Zeugnis, daß er großen Eifer für euch und für die in Laodicea und in Hierapolis hat.
၁၃သင်တို့မှစ၍ လောဒိကိမြို့နှင့် ဟေရပေါလိမြို့၌ ရှိသော သူတို့အဘို့ သူသည် အလွန်စေတနာစိတ် အားကြီးသည်ဟု ငါသည် သူ၏သက်သေဖြစ်၏။
14 Es grüßt euch Lukas, der Arzt, der Geliebte, und Demas.
၁၄ငါချစ်သော ဆေးသမားလုကာနှင့် ဒေမသည် သင်တို့ကို နှုတ်ဆက်ကြ၏။
15 Grüßet die Brüder zu Laodicea und den Nymphas, und die Gemeinde in seinem Hause.
၁၅လောဒိကိမြို့၌ရှိသော ညီအစ်ကိုတို့ကို၎င်း၊ နံဖမှ စ၍ သူ၏အိမ်၌ရှိသော အသင်းတော်ကို၎င်း နှုတ်ဆက်ကြလော့။
16 Und wenn der Brief bei euch gelesen ist, so sorgt dafür, daß er auch in der Gemeinde der Laodiceer gelesen werde, und daß ihr auch den von Laodicea zu lesen bekommt,
၁၆ဤစာကို သင်တို့သည် ဘတ်ပြီးမှ လောဒိကိမြို့ အသင်းတော်ကို ဘတ်စေကြလော့။ ထိုမြို့မှရသော စာကိုလည်း သင်တို့ဘတ်ကြလော့။
17 Und sagt dem Archippus: Warte des Dienstes, den du vom Herrn empfangen hast, daß du ihn ausrichtest.
၁၇အာခိပ္ပုကိုလည်း၊ သင်သည် သခင်ဘုရား၏ လက်တော်မှ ခံရပြီးသော ဓမ္မဆရာ၏အမှုအရာကို ပြည့်စုံခြင်းငှါ သတိပြုပါဟု ပြောကြလော့။
18 Der Gruß von meiner, des Paulus, Hand, Gedenket meiner Bande. Die Gnade sei mit euch! Amen.
၁၈ငါပေါလုသည် သင်တို့အား နှုတ်ဆက်သောအချက်ကို ကိုယ်လက်ဖြင့် ရေးထား၏။ ငါခံရသော ချည်နှောင်ခြင်းကို အောက်မေ့ကြလော့။ သင်တို့၌ ကျေးဇူးတော်ရှိစေသတည်း ။ အာမင်။

< Kolosser 4 >