< Psalm 139 >

1 Ein Psalm Davids, vorzusingen. HERR, Du erforschest mich und kennest mich.
အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို စစ်ကြော ၍ သိ တော်မူ၏။
2 Ich sitze oder stehe auf, so weißt du es; du verstehst meine Gedanken von ferne.
အကျွန်ုပ် ထိုင် ခြင်း၊ ထ ခြင်းအရာတို့ကို သိ တော်မူ ၏။ အကျွန်ုပ် အကြံ အစည်တို့ကို အဝေး က ပင် နားလည် တော်မူ၏။
3 Ich gehe oder liege, so bist du um mich und siehst alle meine Wege.
အကျွန်ုပ် သွားသောလမ်း ကို၎င်း ၊ အိပ်ရာကို၎င်း စစ်ဆေး၍၊ အကျွန်ုပ် ကျင့် သောအကျင့် အလုံးစုံ တို့ကို ကျွမ်း တော်မူ၏။
4 Denn siehe, es ist kein Wort auf meiner Zunge, das du, HERR, nicht alles wissest.
အကျွန်ုပ် သည် စကား တခွန်း ကိုမျှ မ မြွက်သော်လည်း ၊ အိုထာဝရဘုရား ၊ ကိုယ်တော်သည် အကြွင်းမဲ့ သိ တော်မူ၏။
5 Von allen Seiten umgibst du mich und hältst deine Hand über mir.
ကိုယ်တော်သည်အကျွန်ုပ် ကို ပတ်လည် ဝိုင်းထား ၍ ၊ အကျွန်ုပ် အပေါ် မှာ လက် တော်ကိုတင် တော်မူပြီ။
6 Solche Erkenntnis ist mir zu wunderbar und zu hoch; ich kann sie nicht begreifen.
ထိုသို့သော ဉာဏ် သည် အံ့ဩ ဘွယ်ဖြစ်၍၊ အကျွန်ုပ် မတတ်နိုင်ပါ။ မြင့်မြတ် သည်ဖြစ်၍အကျွန်ုပ် မ မှီနိုင် ပါ။
7 Wo soll ich hin gehen vor deinem Geist, und wo soll ich hin fliehen vor deinem Angesicht?
ဝိညာဉ် တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွား နိုင်ပါမည်နည်း။ မျက်နှာ တော်နှင့် လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ ပြေး နိုင်ပါမည်နည်း။
8 Führe ich gen Himmel, so bist du da. Bettete ich mir in die Hölle, siehe, so bist du auch da. (Sheol h7585)
ကောင်းကင် သို့တက် လျှင် ကိုယ်တော် ရှိ တော်မူ၏။ မရဏ နိုင်ငံ၌ အိပ်ရာကိုခင်း လျှင် ကိုယ်တော် ရှိ တော်မူ ၏။ (Sheol h7585)
9 Nähme ich Flügel der Morgenröte und bliebe am äußersten Meer,
နံနက် အတောင် တို့ကိုယူ ၍ သမုဒ္ဒရာ စွန်း ၌ နေ လျှင်၊
10 so würde mich doch deine Hand daselbst führen und deine Rechte mich halten.
၁၀ထို အရပ်၌ ပင် ကိုယ်တော် ၏လက် သည် အကျွန်ုပ် ကို ပို့ဆောင် လျက် ၊ လက်ျာ လက်တော်သည် ကိုင် လျက်ရှိပါလိမ့်မည်။
11 Spräche ich: Finsternis möge mich decken! so muß die Nacht auch Licht um mich sein.
၁၁အကယ်၍ မှောင်မိုက် သည်ငါ့ ကိုဖုံးလွှမ်း မည်ဟု တဖန် ဆို လျှင်၊ ညဉ့် သည်လည်း အကျွန်ုပ် ပတ်ဝန်းကျင် ၌ အလင်း ဖြစ်ပါလိမ့်မည်။
12 Denn auch Finsternis ist nicht finster bei dir, und die Nacht leuchtet wie der Tag, Finsternis ist wie das Licht.
၁၂အကယ် စင်စစ်မှောင်မိုက် သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မ ဖုံးနိုင်ပါ။ ညဉ့် သည် နေ့ ကဲ့သို့ လင်း ပါ၏။ မှောင်မိုက် သဘောနှင့် အလင်း သဘောသည် တူ ပါ၏။
13 Denn du hast meine Nieren bereitet und hast mich gebildet im Mutterleib.
၁၃ကိုယ်တော်သည် အကျွန်ုပ် ၏ ကျောက်ကပ် ကို ပင် ဖန်ဆင်း ၍၊ အမိ ဝမ်း ထဲမှာ အကျွန်ုပ် ကို ဖုံးအုပ် တော်မူပြီ။
14 Ich danke dir dafür, daß ich wunderbar gemacht bin; wunderbar sind deine Werke, und das erkennt meine Seele wohl.
၁၄အကျွန်ုပ်သည် ကြောက်မက် ဘွယ်သော လက္ခဏာ၊ ထူးဆန်း သော လက္ခဏာတို့နှင့် ပြည့်စုံသည် ဖြစ်၍၊ ကိုယ်တော် ကို ချီးမွမ်း ပါမည်။ ပြုပြင်တော်မူသောအမှု တို့သည် အံ့ဩ ဘွယ်ဖြစ်ကြောင်း ကို အကျွန်ုပ် ၏ စိတ် ဝိညာဉ်သည်အမှန် သိ ပါ၏။
15 Es war dir mein Gebein nicht verhohlen, da ich im Verborgenen gemacht ward, da ich gebildet ward unten in der Erde.
၁၅မ ထင်ရှားသော အရပ်၌ အကျွန်ုပ်ကိုဖန်ဆင်း ၍၊ မြေကြီး အောက် အရပ်၌ စေ့စပ် စွာ ပြုပြင်တော်မူသောအခါ ၊ အကျွန်ုပ် ၏ကိုယ် ခန္ဓါသည် ရှေ့တော်၌ ထင်ရှား လျက်ရှိပါ၏။
16 Deine Augen sahen mich, da ich noch unbereitet war, und alle Tage waren auf dein Buch geschrieben, die noch werden sollten, als derselben keiner da war.
၁၆မစုံလင်သေးသော အကျွန်ုပ် ၏အလုံး အထွေးကိုလည်း ကိုယ်တော် သည်ကြည့်ရှု ၍ မြင် တော်မူပြီ။ ထိုအရာ တို့ကို ပြုပြင် ၍ တစုံ တခုမျှ မ ရှိမှီကာလ တွင်၊ ကိုယ်တော် ၏ စာရင်း ၌ အကုန် အစင်မှတ်သား လျက် ရှိကြပါ၏။
17 Aber wie köstlich sind vor mir, Gott, deine Gedanken! Wie ist ihrer so eine große Summe!
၁၇အိုဘုရား သခင်၊ အကျွန်ုပ် ၌ ကိုယ်တော် ၏ အကြံအစည်တို့သည် အလွန် ထူးဆန်း ကြပါ၏။ အလွန် များပြား ကြပါ၏။
18 Sollte ich sie zählen, so würde ihrer mehr sein denn des Sandes. Wenn ich aufwache, bin ich noch bei dir.
၁၈ထို အကြံအစည်တော်တို့ကို ရေတွက် လျှင်၊ သဲလုံး နှင့်အမျှမက သာ၍များပြား ကြပါ၏။ အကျွန်ုပ်သည် နိုး သောအခါ ကိုယ်တော် ထံ၌ အစဉ် ရှိပါ၏။
19 Ach Gott, daß du tötetest die Gottlosen, und die Blutgierigen von mir weichen müßten!
၁၉အိုဘုရား သခင်၊ ကိုယ်တော်သည် မ တရားသောသူတို့ ကို ကွပ်မျက် တော်မူပါစေသော။ လူ အသက် ကိုသတ် တတ်သောသူတို့၊ ငါ့ ထံ မှ ဖယ်သွား ကြ။
20 Denn sie reden von dir lästerlich, und deine Feinde erheben sich ohne Ursache.
၂၀ထိုသူတို့သည် ကိုယ်တော် တဘက်၌ မနာလို သောစိတ်နှင့်ပြောဆို ၍၊ ကိုယ်တော် ၏ရန်သူ တို့သည် မ တရားသဖြင့် ဝါကြွား ကြပါ၏။
21 Ich hasse ja, HERR, die dich hassen, und es verdrießt mich an ihnen, daß sie sich wider dich setzen.
၂၁အိုထာဝရဘုရား ၊ ကိုယ်တော် ကို မုန်း သောသူတို့ ကို အကျွန်ုပ်မုန်း ပါသည်မ ဟုတ်လော။ အာဏာ တော် ကို ဆန်သောသူတို့ကို အကျွန်ုပ်ရွံ့ရှာ ပါသည် မဟုတ် လော။
22 Ich hasse sie im rechten Ernst; sie sind mir zu Feinden geworden.
၂၂ထိုသူ တို့ကို စိတ် နှလုံးအကြွင်းမဲ့မုန်း ပါ၏။ ကိုယ် ရန်သူ ကဲ့သို့ မှတ် ပါ၏။
23 Erforsche mich, Gott, und erfahre mein Herz; prüfe mich und erfahre, wie ich's meine.
၂၃အိုဘုရား သခင်၊ အကျွန်ုပ် ကို စစ်ကြော ၍ ၊ အကျွန်ုပ် ၏နှလုံး ကို သိမှတ် တော်မူပါ။ စုံစမ်း ၍ စိတ် အထင်များကိုလည်း သိမှတ် တော်မူပါ။
24 Und siehe, ob ich auf bösem Wege bin, und leite mich auf ewigem Wege.
၂၄ဆိုး သောလမ်း သို့ အကျွန်ုပ် လိုက် သည် မလိုက် သည်ကို ကြည့်ရှု ၍ ၊ ထာဝရ လမ်း ထဲသို့ သွေးဆောင် တော်မူ ပါ။

< Psalm 139 >