< 4 Mose 16 >

1 Und Korah, der Sohn Jizhars, des Sohnes Kahaths, des Sohnes Levis, samt Dathan und Abiram, den Söhnen Eliabs, und On, dem Sohn Peleths, den Söhnen Rubens,
လေဝိ အမျိုး ၊ ကောဟတ် သား ဣဇဟာ ၏ သား ကောရ သည်၊ ရုဗင် အမျိုး ဧလျာဘ ၏သား ဒါသန် နှင့် အဘိရံ ၊ ပေလက် ၏သား ဩန တို့ကို ခေါ် ပြီးလျှင် ၊
2 die empörten sich wider Mose samt etlichen Männern unter den Kindern Israel, zweihundertundfünfzig, Vornehmste in der Gemeinde, Ratsherren und namhafte Leute.
ပရိသတ် ၌ ကျော်စော ၍ ဂုဏ် အသရေရှိသောသူ၊ အစည်းအဝေး ၌ မင်း ပြုသောသူ၊ ဣသရေလ အမျိုးသား နှစ်ရာ ငါးဆယ် နှင့်တကွ၊ မောရှေ ကို ပုန်ကန် ၍၊
3 Und sie versammelten sich wider Mose und Aaron und sprachen zu ihnen: Ihr macht's zu viel. Denn die ganze Gemeinde ist überall heilig, und der HERR ist unter ihnen; warum erhebt ihr euch über die Gemeinde des HERRN?
မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး လျက် ၊ သင်တို့သည် အမှုတော်ကို စောင့်လွန်း၏။ ပရိသတ် ရှိသမျှ အပေါင်း တို့သည် သန့်ရှင်း ကြ၏။ ထာဝရဘုရား သည် သူ တို့တွင် ရှိတော်မူ၏။ သို့ဖြစ်၍ သင်တို့သည် ထာဝရဘုရား ၏ပရိသတ် အပေါ် မှာ အဘယ်ကြောင့် ကိုယ်ကိုကိုယ်ချီးမြှောက် ရသနည်းဟု ဆို လေ၏။
4 Da das Mose hörte, fiel er auf sein Angesicht
ထိုစကားကို မောရှေ ကြား လျှင် ပြပ်ဝပ် လျက် နေ၏။
5 und sprach zu Korah und zu seiner ganzen Rotte: Morgen wird der HERR kundtun, wer sein sei, wer heilig sei und zu ihm nahen soll; welchen er erwählt, der soll zu ihm nahen.
တဖန် မောရှေက၊ အဘယ်သူ သည် ထာဝရ ဘုရား ၏လူဖြစ်သည်ကို၎င်း၊ အဘယ်သူသန့်ရှင်း သည်ကို၎င်း၊ အဘယ်သူကို ချဉ်းကပ် စေမည်ကို၎င်း၊ နက်ဖြန် နေ့၌ ထာဝရဘုရား ပြ တော်မူမည်။ ရွေးကောက် တော်မူသောသူ ကိုလည်း အနီးအပါးသို့ ချဉ်းကပ် စေတော်မူမည်။
6 Das tut: nehmet euch Pfannen, Korah und seine ganze Rotte,
အိုကောရ နှင့် ကောရ၏အပေါင်းအသင်း ရှိသမျှ တို့၊ သင် တို့ပြု ရမည်အမှုဟူမူကား၊ လင်ပန်း တို့ကို ယူ ၍ ၊
7 und legt Feuer darein und tut Räuchwerk darauf vor dem HERRN morgen. Welchen der HERR erwählt, der sei heilig. Ihr macht es zu viel, ihr Kinder Levi.
နက်ဖြန် နေ့၊ ထာဝရဘုရား ရှေ့ တော်၌ မီး နှင့် လောဗန် ကို တင် ကြလော့။ ထိုအခါ ထာဝရဘုရား ရွေးကောက် တော်မူသော သူသည်၊ သန့်ရှင်း သောသူ ဖြစ် စေ။ အိုလေဝိ သား တို့၊ သင်တို့သည် အမှုတော်ကို စောင့်လွန်းကြသည်ဟု ဆို လေ၏။
8 Und Mose sprach zu Korah: Höret doch, ihr Kinder Levi!
တဖန် မောရှေ က၊ အိုလေဝိ သား တို့၊ နားထောင် ကြပါလော့။
9 Ist's euch zu wenig, daß euch der Gott Israels ausgesondert hat von der Gemeinde Israel, daß ihr zu ihm nahen sollt, daß ihr dienet im Amt der Wohnung des HERRN und vor die Gemeinde tretet, ihr zu dienen?
သင်တို့သည် ထာဝရဘုရား ၏ တဲ တော်အမှု ကို ဆောင်ရွက် ၍၊ ပရိသတ် ရှေ့မှာ ရပ် လျက်၊ သူ တို့အမှု ကို လည်း စောင့်စေမည်အကြံရှိတော်မူသည်နှင့်၊ ဣသရေလ အမျိုး၏ဘုရားသခင် သည်၊ သင် တို့ကို အနီးအပါး သို့ ခေါ်၍ နေရာချခြင်းငှါ၊ ဣသရေလ အမျိုး ပရိသတ် နှင့် ခွဲ ထား၍ ၊
10 Er hat dich und alle deine Brüder, die Kinder Levi, samt dir zu sich genommen; und ihr sucht nun auch das Priestertum?
၁၀သင့် ကို၎င်း ၊ သင့် ညီအစ်ကို လေဝိ သား အပေါင်း တို့ကို၎င်း၊ အနီးအပါး ၌ နေရာချတော်မူသောကျေးဇူးတော်ကို မထီမဲ့မြင်ပြု၍၊ ယဇ်ပုရောဟိတ် အရာကိုလည်း ရှာ ကြသည်တကား။
11 Du und deine ganze Rotte macht einen Aufruhr wider den HERRN. Was ist Aaron, daß ihr wider ihn murrt?
၁၁ထိုကြောင့် သင် နှင့် သင် ၏အပေါင်းအသင်း ရှိသမျှ တို့ သည် ထာဝရဘုရား တဘက် ၌ စုဝေး ကြပြီ တကား။ အာရုန် ကို အပြစ်တင် ၍ မြည်တမ်းရမည် အကြောင်း ၊ သူ သည်အဘယ်သို့ သောသူဖြစ်သနည်းဟု ကောရ အား ဆို ပြီးမှ ၊
12 Und Mose schickte hin und ließ Dathan und Abiram rufen, die Söhne Eliabs. Sie aber sprachen: Wir kommen nicht hinauf.
၁၂ဧလျာဘ သား ဒါသန် နှင့် အဘိရံ တို့ကို ခေါ် ခြင်းငှါ စေလွှတ် လေ၏။ သူတို့ကလည်း ငါတို့မ လာ။
13 Ist's zu wenig, daß du uns aus dem Lande geführt hast, darin Milch und Honig fließt, daß du uns tötest in der Wüste? Du mußt auch noch über uns herrschen?
၁၃သင်သည် ဤတော ၌ ငါ တို့ကိုသတ် လို၍ နို့ နှင့် ပျားရည် စီး သော ပြည် မှ ဆောင် ခဲ့သော်လည်း၊ ငါ တို့ အပေါ် ၌ လုံးလုံးမင်း မပြုရလျှင်၊ စိတ်မပြေသေးသည် တကား။
14 Wie fein hast du uns gebracht in ein Land, darin Milch und Honig fließt, und hast uns Äcker und Weinberge zum Erbteil gegeben! Willst du den Leuten auch die Augen ausreißen? Wir kommen nicht hinauf.
၁၄ထိုမှတပါး နို့ နှင့် ပျားရည် စီး သော ပြည် သို့ ငါ တို့ကို မ ဆောင် ၊ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မပေး ဘဲ၊ ဤ လူ တို့၏မျက်စိ ကို ဖောက် ချင်သလော။ ငါတို့သည် သင့်ထံသို့မ လာ ဟု ပြန်ဆို၏။
15 Da ergrimmte Mose sehr und sprach zu dem HERRN: Wende dich nicht zu ihrem Speisopfer! Ich habe nicht einen Esel von ihnen genommen und habe ihrer keinem nie ein Leid getan.
၁၅မောရှေ သည် အလွန် အမျက် ထွက်၍ ၊ ဤသူ တို့ ပူဇော်သက္ကာကို ပမာဏ ပြုတော်မ မူပါနှင့်။ သူတို့ဥစ္စာ မြည်း တ ကောင်ကိုမျှ အကျွန်ုပ်မ သိမ်း ပါ။ သူ တို့တွင် တယောက် ကိုမျှ မ ညှဉ်းဆဲ ပါဟု ထာဝရဘုရား အား လျှောက် ၍ ၊
16 Und er sprach zu Korah: Du und deine Rotte sollt morgen vor dem HERRN sein; du, sie auch und Aaron.
၁၆ကောရ အား လည်း၊ အာရုန် နှင့် သင် အစရှိသောသင် ၏အပေါင်းအသင်း ရှိသမျှ တို့သည်၊ နက်ဖြန် နေ့ ထာဝရဘုရား ရှေ့ တော်၌ ရှိ ကြလော့။
17 Und ein jeglicher nehme seine Pfanne und lege Räuchwerk darauf, und tretet herzu vor den HERRN, ein jeglicher mit seiner Pfanne, das sind zweihundertundfünfzig Pfannen; auch Du Aaron, ein jeglicher mit seiner Pfanne.
၁၇လူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များကို ယူ ၍ လောဗန် ကို တင် ပြီးမှ ၊ သင် နှင့် အာရုန် သည်လည်း မိမိ တို့ လင်ပန်း ပါလျက်၊ လူအပေါင်းတို့သည် လင်ပန်း နှစ်ရာ ငါးဆယ် တို့ကို ထာဝရဘုရား ရှေ့ တော်သို့ ဆောင် ခဲ့ ကြလော့ဟု ဆို သည်အတိုင်း ၊
18 Und ein jeglicher nahm seine Pfanne und legte Feuer und Räuchwerk darauf; und sie traten vor die Tür der Hütte des Stifts, und Mose und Aaron auch.
၁၈ထိုသူအသီးအသီး တို့သည် မိမိ တို့ လင်ပန်း များ ကို ယူ ၍ မီး နှင့် လောဗန် ကို တင် ပြီးမှ ၊ မောရှေ ၊ အာရုန် နှင့်အတူ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ရပ် နေကြ ၏။
19 Und Korah versammelte wider sie die ganze Gemeinde vor der Tür der Hütte des Stifts. Aber die Herrlichkeit des HERRN erschien vor der ganzen Gemeinde.
၁၉ကောရ သည်လည်း၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ ၌ ပရိသတ် အပေါင်း တို့ကို မောရှေနှင့် အာရုန်တဘက် ၌ စုဝေး စေပြီးမှ ၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ပရိသတ် အပေါင်း တို့၌ ထင်ရှား လေ၏။
20 Und der HERR redete mit Mose und Aaron und sprach:
၂၀ထာဝရဘုရား ကလည်း ၊ ဤ ပရိသတ် တို့နှင့် ခွာ၍ တခြားစီ နေလော့။
21 Scheidet euch von dieser Gemeinde, daß ich sie plötzlich vertilge.
၂၁ငါသည် သူ တို့ကိုချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ နှင့် အာရုန် အားမိန့် တော်မူလျှင်၊
22 Sie fielen aber auf ihr Angesicht und sprachen: Ach Gott, der du bist ein Gott der Geister alles Fleisches, wenn ein Mann gesündigt hat, willst du darum über die ganze Gemeinde wüten?
၂၂သူတို့က ပြပ်ဝပ် လျက် ၊ အိုဘုရားသခင် ၊ ခပ်သိမ်း သော သတ္တဝါ တို့၏ အသက် ဝိညာဉ်များကို အစိုးရတော်မူသောဘုရားသခင် ၊ လူ တစ် ယောက်ပြစ်မှား သောအပြစ်ကြောင့် ပရိသတ် အပေါင်း တို့ကို အမျက် ထွက်တော်မူမည်လောဟု လျှောက်ဆို လေ၏။
23 Und der HERR redete mit Mose und sprach:
၂၃ထာဝရဘုရား ကလည်း၊
24 Sage der Gemeinde und sprich: Weicht ringsherum von der Wohnung Korahs und Dathans und Abirams.
၂၄ကောရ ၊ ဒါသန် ၊ အဘိရံ တို့၏ တဲ များကို ရှောင် ၍ နေစေခြင်းငှါ၊ ပရိသတ် တို့အား ဆင့်ဆို လော့ဟုမောရှေ အား မိန့် တော်မူသည်အတိုင်း၊
25 Und Mose stand auf und ging zu Dathan und Abiram, und die Ältesten Israels folgten ihm nach,
၂၅မောရှေ ထ ၍ ဣသရေလ အမျိုး အသက်ကြီး သူတို့ နှင့်တကွ၊ ဒါသန် ၊ အဘိရံ နေရာသို့ သွား ပြီးမှ ၊
26 und er redete mit der Gemeinde und sprach: Weichet von den Hütten dieser gottlosen Menschen und rührt nichts an, was ihr ist, daß ihr nicht vielleicht umkommt in irgend einer ihrer Sünden.
၂၆ဤ လူဆိုး တို့၏နေရာ တဲ များကို ရှောင် ၍ နေကြ ပါလော့။ သူ တို့၏ဥစ္စာတစုံတခု ကိုမျှမ ထိ ကြပါနှင့်။ သို့မဟုတ် သူတို့နှင့်အတူ၊ သူ တို့အပြစ် ကြောင့် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်ဟု ပရိသတ် တို့အား ဆင့်ဆို လျှင် ၊
27 Und sie gingen hinweg von der Hütte Korahs, Dathans und Abirams. Dathan aber und Abiram gingen heraus und traten an die Tür ihrer Hütten mit ihren Weibern und Söhnen und Kindern.
၂၇လူများတို့သည် ကောရ ၊ ဒါသန် ၊ အဘိရံ တဲ ပတ်ဝန်းကျင် ၌မနေဘဲ ရှောင် လွှဲ၍ သွားကြသဖြင့် ၊ ဒါသန် ၊ အဘိရံ သည်၊ သား မယား ကလေး များနှင့်တကွ ထွက် ၍ မိမိ တို့တဲ တံခါးဝ ၌ ရပ် နေကြ၏။
28 Und Mose sprach: Dabei sollt ihr merken, daß mich der HERR gesandt hat, daß ich alle diese Werke täte, und nicht aus meinem Herzen:
၂၈မောရှေ ကလည်း ၊ ဤ အမှု အလုံးစုံ တို့ကို ငါသည် အလိုလို မ ပြု၊ ထာဝရဘုရား စေခိုင်း တော်မူ၍ ငါပြု သည် အကြောင်း ကို သင်တို့သည် အဘယ်သို့သိ ရမည်နည်းဟူမူကား၊
29 werden sie sterben, wie alle Menschen sterben, oder heimgesucht, wie alle Menschen heimgesucht werden, so hat mich der HERR nicht gesandt;
၂၉ခပ်သိမ်း သော လူ သတ္တဝါတို့ခံရသောသေ ခြင်း၊ ခပ်သိမ်း သော လူ သတ္တဝါတို့ ခံရသောဆုံးမ ခြင်းကိုသာ ဤလူတို့ ခံရလျှင်၊ ထာဝရဘုရား သည် ငါ့ ကို စေလွှတ် တော်မ မူ။
30 wird aber der HERR etwas Neues schaffen, daß die Erde ihren Mund auftut und verschlingt sie mit allem, was sie haben, daß sie lebendig hinunter in die Hölle fahren, so werdet ihr erkennen, daß diese Leute den HERRN gelästert haben. (Sheol h7585)
၃၀သို့မဟုတ် ထာဝရဘုရား သည် အသစ် ဖန်ဆင်း တော်မူသဖြင့် ၊ မြေကြီး ကွဲ ပွင့်လျက် ဤလူတို့ကို၎င်း၊ သူ တို့ နှင့်ဆိုင်သမျှ ကို၎င်း မျို ၍၊ သူတို့သည် အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်း သွားလျှင် ၊ ထာဝရဘုရား ၌ ပြစ်မှား ကြောင်း ကို သင်တို့သည် သိ နားလည်ကြရလိမ့်မည်ဟု၊ (Sheol h7585)
31 Und als er diese Worte hatte alle ausgeredet, zerriß die Erde unter ihnen
၃၁ပြောဆို ပြီး သည်အဆုံး၌၊ သူတို့နင်းရာ မြေကြီး သည် ကွဲ ၍၊
32 und tat ihren Mund auf und verschlang sie mit ihren Häusern, mit allen Menschen, die bei Korah waren, und mit aller ihrer Habe;
၃၂မိမိ ခံတွင်း ကို ဖွင့် သဖြင့် ၊ သူ တို့နှင့် သူ တို့အိမ် များကို၎င်း ၊ ကောရ နှင့် ဆိုင်သမျှ သောသူ တို့ နှင့် သူတို့ ဥစ္စာ ရှိသမျှ ကို၎င်း မျို လေ၏။
33 und sie fuhren hinunter lebendig in die Hölle mit allem, was sie hatten, und die Erde deckte sie zu, und kamen um aus der Gemeinde. (Sheol h7585)
၃၃ထိုသူ တို့သည် ကိုယ်တိုင်မှစ၍၊ ဆိုင်သမျှ သောသူတို့ နှင့်တကွ ၊ အသက်ရှင် လျက် သေမင်း နိုင်ငံသို့ ဆင်းသက် ၍ ၊ သူ တို့အပေါ် မှာ မြေ စေ့ ပြန်သဖြင့် ၊ သူတို့သည် ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရကြ၏။ (Sheol h7585)
34 Und ganz Israel, das um sie her war, floh vor ihrem Geschrei; denn sie sprachen: daß uns die Erde nicht auch verschlinge!
၃၄သူ တို့အော်ဟစ် သံကို ပတ်ဝန်းကျင် ၌ရှိသောဣသရေလ အမျိုးသားတို့သည် ကြားလျှင်၊ ငါ တို့ကိုလည်း မြေ မျို ကောင်းမျိုလိမ့်မည်ဟု စိုးရိမ်လျက် ပြေး ကြ၏။
35 Dazu fuhr das Feuer aus von dem HERRN und fraß die zweihundertundfünfzig Männer, die das Räuchwerk opferten.
၃၅နံ့သာပေါင်း ကို မီးရှို့၍ ပူဇော် သောသူ နှစ်ရာ ငါးဆယ် တို့ကိုလည်း၊ ထာဝရဘုရား ထံ တော်က မီး ထွက် ၍ လောင် လေ၏။
36 Und der HERR redete mit Mose und sprach:
၃၆ထာဝရဘုရား ကလည်း ၊
37 Sage Eleasar, dem Sohn Aarons, des Priesters, daß er die Pfannen aufhebe aus dem Brand und streue das Feuer hin und her;
၃၇ထိုသန့်ရှင်း သော လင်ပန်း တို့ကို မီးလောင် ရာထဲက ကောက်ယူ ၍မီး ကို ပစ်ချ ပြီးမှ၊
38 denn die Pfannen solcher Sünder sind dem Heiligtum verfallen durch ihre Seelen. Man schlage sie zu breiten Blechen, daß man den Altar damit überziehe; denn sie sind geopfert vor dem HERRN und geheiligt und sollen den Kindern Israel zum Zeichen sein.
၃၈ကိုယ် အသက် ကို သေစေခြင်းငှါပြစ်မှား သောသူတို့ ၏ လင်ပန်း တို့ဖြင့် ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါ ပြားတို့ကို လုပ် ရမည်အကြောင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဧလာဇာ ကို ဆင့်ဆို လော့။ ထာဝရဘုရား ရှေ့ တော်၌ ပူဇော် သောကြောင့် ၊ ထိုလင်ပန်းတို့သည် သန့်ရှင်း သည်ဖြစ်၍ ၊ ဣသရေလ အမျိုးသား တို့အား နိမိတ် ဖြစ် ရကြမည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
39 Und Eleasar, der Priester, nahm die ehernen Pfannen, die die Verbrannten geopfert hatten und schlug sie zu Blechen, den Altar zu überziehen,
၃၉ယဇ်ပုရောဟိတ် ဧလာဇာ သည်၊ မီးလောင် ခြင်း ကို ခံရသောသူတို့ ပူဇော် သော လင်ပန်း များကို ယူ ၍ ယဇ်ပလ္လင် ကို ဖုံးအုပ် စရာ ကြေးဝါပြားတို့ကို လုပ်လေ၏။
40 zum Gedächtnis der Kinder Israel, daß nicht jemand Fremdes sich herzumache, der nicht ist des Samens Aarons, zu opfern Räuchwerk vor dem HERRN, auf daß es ihm nicht gehe wie Korah und seiner Rotte, wie der HERR ihm geredet hatte durch Mose.
၄၀ထိုသို့ အာရုန် အမျိုး မ ဟုတ် အခြား တပါးသော အမျိုးသား သည်၊ ထာဝရဘုရား ရှေ့ တော်၌ နံ့သာပေါင်း ကို မီးရှို့ ၍ ပူဇော်သောအားဖြင့်၊ ကောရ နှင့် သူ ၏ အပေါင်းအသင်း ကဲ့သို့ မ ဖြစ် စေမည်အကြောင်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား တော်မူသည် အတိုင်း ၊ ထိုလင်ပန်းတို့သည် ဣသရေလ အမျိုးသား တို့ အား သတိပေး ရာနိမိတ်ဖြစ်ရကြ၏။
41 Des andern Morgens aber murrte die ganze Gemeinde der Kinder Israel wider Mose und Aaron, und sprachen: Ihr habt des HERRN Volk getötet.
၄၁နက်ဖြန် နေ့၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့က၊ သင်တို့သည် ထာဝရဘုရား ၏လူ တို့ကိုသတ် ကြပြီဟုဆို လျက်၊ မောရှေ နှင့် အာရုန် တို့ကို အပြစ်တင် ၍ မြည်တမ်းကြ၏။
42 Und da sich die Gemeinde versammelte wider Mose und Aaron, wandten sie sich zu der Hütte des Stifts. Und siehe, da bedeckte es die Wolke, und die Herrlichkeit des HERRN erschien.
၄၂ပရိသတ် အပေါင်းတို့သည် မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြသောအခါ ၊ ပရိသတ်စည်းဝေး ရာ တဲ တော်သို့ မြော်ကြည့် ၍ ၊ မိုဃ်းတိမ် သည် တဲ တော်ကို လွှမ်းမိုး ၍ ၊ ထာဝရဘုရား ၏ဘုန်း တော်သည် ထင်ရှား လေ၏။
43 Und Mose und Aaron gingen herzu vor die Hütte des Stifts.
၄၃မောရှေ နှင့် အာရုန် တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ သို့ ချဉ်းကပ် ကြ၏။
44 Und der HERR redete mit Mose und sprach:
၄၄ထာဝရဘုရား ကလည်း၊
45 Hebt euch aus dieser Gemeinde; ich will sie plötzlich vertilgen! Und sie fielen auf ihr Angesicht.
၄၅ဤ ပရိသတ် တို့ကိုရှောင် ၍ နေကြလော့။ ငါသည် သူ တို့ကို ချက်ခြင်း ဖျက်ဆီး မည်ဟု မောရှေ အား မိန့် တော်မူလျှင် ၊ သူတို့သည် ပြပ်ဝပ် လျက် နေကြ၏။
46 Und Mose sprach zu Aaron: Nimm die Pfanne und tue Feuer darein vom Altar und lege Räuchwerk darauf und gehe eilend zu der Gemeinde und versöhne sie; denn das Wüten ist von dem HERRN ausgegangen, und die Plage ist angegangen.
၄၆မောရှေ ကလည်း ၊ သင်သည် လင်ပန်း ကို ကိုင် ၍ ယဇ်ပလ္လင် ပေါ် က မီး ကို ယူထည့် ပြီးလျှင် ၊ လောဗန် ကိုလည်း တင် လျက် ၊ ပရိသတ် ရှိရာသို့ အလျင်အမြန် သွား ၍ အပြစ် ဖြေခြင်းကို ပြုလော့။ ထာဝရဘုရား ထံ တော်က အမျက် တော်ထွက် ၍ ဘေးဥပဒ် ရောက် လျက် ရှိပြီဟု၊
47 Und Aaron nahm wie ihm Mose gesagt hatte, und lief mitten unter die Gemeinde (und siehe, die Plage war angegangen unter dem Volk) und räucherte und versöhnte das Volk
၄၇အာရုန် အား မှာထား သည်အတိုင်း ၊ အာရုန် သည် ယူ ၍ ပရိသတ် ထဲသို့ ပြေး လေ၏။ ထိုအခါ လူ တို့ ၌ ဘေးဥပဒ် ရောက်စ ရှိသည်ဖြစ်၍၊ လောဗန် ကို တင် သဖြင့် လူ များတို့အဘို့ အပြစ် ဖြေခြင်းကို ပြု၏။
48 und stand zwischen den Toten und den Lebendigen. Da ward der Plage gewehrt.
၄၈အသက် ရှင်သောသူ၊ သေ သောသူ စပ်ကြား မှာ ရပ် နေ၍၊ ဘေးဥပဒ် ငြိမ်း လေ၏။
49 Derer aber, die an der Plage gestorben waren, waren vierzehntausend und siebenhundert, ohne die, so mit Korah starben.
၄၉ကောရ အမှု ကြောင့် သေ သောသူတို့ကို ထား၍ ထိုဘေးဥပဒ် ဖြင့် သေ သော လူပေါင်းကား၊ တသောင်း လေးထောင်ခုနစ်ရာရှိ သတည်း။
50 Und Aaron kam wieder zu Mose vor die Tür der Hütte des Stifts, und der Plage ward gewehrt.
၅၀ထိုဘေးဥပဒ် ငြိမ်း ပြီးမှ ၊ အာရုန် သည် ပရိသတ် စည်းဝေး ရာ တဲ တော်တံခါးဝ ၊ မောရှေ ထံသို့ ပြန်လာ ၏။

< 4 Mose 16 >