< 3 Mose 20 >

1 Und der HERR redete mit Mose und sprach:
တဖန် မောရှေ အား ထာဝရဘုရား က၊
2 Sage den Kindern Israel: Welcher unter den Kindern Israel oder ein Fremdling, der in Israel wohnt, eines seiner Kinder dem Moloch gibt, der soll des Todes sterben; das Volk im Lande soll ihn steinigen.
သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုးသား ဖြစ်စေ ၊ ဣသရေလ အမျိုး၌ တည်း နေသောတပါး အမျိုးသားဖြစ်စေ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သော သူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ပြည် သား တို့လည်း ခဲ နှင့် ပစ် ရကြမည်။
3 Und ich will mein Antlitz setzen wider solchen Menschen und will ihn aus seinem Volk ausrotten, daß er dem Moloch eines seiner Kinder gegeben und mein Heiligtum verunreinigt und meinen heiligen Namen entheiligt hat.
ငါ့ သန့်ရှင်း ရာဌာနတော်ကို ညစ်ညူး စေလျက် ၊ ငါ့ သန့်ရှင်း သော နာမ တော်ကို ရှုတ်ချ လျက် ၊ မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ငါ သည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
4 Und wo das Volk im Lande durch die Finger sehen würde dem Menschen, der eines seiner Kinder dem Moloch gegeben hat, daß es ihn nicht tötet,
မိမိ သား ကို မောလုတ် ဘုရားအား ဆက်ကပ် သောသူကို၊ ပြည် သား တို့သည် အမှုမထား မ သတ် ဘဲ နေလျှင်၊
5 so will doch ich mein Antlitz wider denselben Menschen setzen und wider sein Geschlecht und will ihn und alle, die mit ihm mit dem Moloch Abgötterei getrieben haben, aus ihrem Volke ausrotten.
ထိုသို့ နေသောသူ နှင့် သူ ၏ အိမ်သူ အိမ်သားတို့ကို ၊ ငါ သည် မျက်နှာ ထား ၍ ၊ ထိုသူ ကို၎င်း ၊ သူ နှင့်အတူ မောလုတ် ဘုရားထံ ၌ မှားယွင်း သောသူကို၎င်း ၊ သူ တို့အမျိုး မှ ပယ်ရှင်း မည်။
6 Wenn eine Seele sich zu den Wahrsagern und Zeichendeutern wenden wird, daß sie ihnen nachfolgt, so will ich mein Antlitz wider dieselbe Seele setzen und will sie aus ihrem Volk ausrotten.
လမ်းလွဲ၍ နတ်ဝင် သူ၊ စုန်း လုပ်သူနောက်သို့ လိုက်လျက်၊ မှားယွင်း သောသူကို ငါသည် မျက်နှာ ထား ၍ သူ ၏ အမျိုး မှ ပယ်ရှင်း မည်။
7 Darum heiligt euch und seid heilig; denn ich bin der HERR, euer Gott.
သင် တို့၏ ဘုရား သခင်ငါ ထာဝရဘုရား သည် သန့်ရှင်းသောကြောင့် ၊ သင်တို့သည် ကိုယ်ကိုသန့်ရှင်း စေ၍ ၊ သန့်ရှင်း ခြင်းရှိ ကြလော့။
8 Und haltet meine Satzungen und tut sie; denn ich bin der HERR, der euch heiligt.
ငါ့ နည်း နိဿယတို့ကို ကျင့်ဆောင် ရကြမည်။ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်၏။
9 Wer seinem Vater oder seiner Mutter flucht, der soll des Todes sterben. Sein Blut sei auf ihm, daß er seinem Vater oder seiner Mutter geflucht hat.
မိဘ ကို ကျိန်ဆဲ သော သူ တိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ မိဘ ကို ကျိန်ဆဲ သောကြောင့်သေထိုက်သော အပြစ်ရှိ၏။
10 Wer die Ehe bricht mit jemandes Weibe, der soll des Todes sterben, beide, Ehebrecher und Ehebrecherin, darum daß er mit seines Nächsten Weibe die Ehe gebrochen hat.
၁၀သူ့ မယား ကို ပြစ်မှား သောသူသည်၊ မှားယွင်း သော မိန်းမနှင့်တကွ အသေ သတ်ခြင်းကို အမှန်ခံရမည်။
11 Wenn jemand bei seines Vaters Weibe schläft, daß er seines Vater Blöße aufgedeckt hat, die sollen beide des Todes sterben; ihr Blut sei auf ihnen.
၁၁ကိုယ် အဘ ၏ မယား နှင့် သင့် နေသော သူ သည် အဘနှင့်သာဆိုင်သောအရာကို ပြစ်မှားသောကြောင့်၊ ထိုမိန်းမနှင့်တကွအသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
12 Wenn jemand bei seiner Schwiegertochter schläft, so sollen sie beide des Todes sterben; ihr Blut sei auf ihnen.
၁၂ယောက်ျား သည် ကိုယ် ချွေးမ နှင့် သင့် နေလျှင် ၊ ထိုသူနှစ်ယောက်တို့သည် ရွံရှာဘွယ်သော ရောနှော ခြင်း ကို ပြု သောကြောင့်အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
13 Wenn jemand beim Knaben schläft wie beim Weibe, die haben einen Greuel getan und sollen beide des Todes sterben; ihr Blut sei auf ihnen.
၁၃မိန်းမ နှင့်ပေါင်းဘော် သကဲ့သို့ယောက်ျား ခြင်းပေါင်းဘော် လျှင် ထို သူနှစ် ယောက်တို့သည်၊ ရွံရှာ ဘွယ် သောအမှုကို ပြု သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
14 Wenn jemand ein Weib nimmt und ihre Mutter dazu, der hat einen Frevel verwirkt; man soll ihn mit Feuer verbrennen und sie beide auch, daß kein Frevel sei unter euch.
၁၄ယောက်ျား သည် သမီး နှင့် အမိ ကို မယား ပြုလျှင် ၊ မ တရားသောအမှုဖြစ်၏။ သင် တို့တွင် မ တရားသော အမှုမ ရှိ စေခြင်းငှါ ၊ ထိုသူ သုံးယောက်တို့ကို မီး ရှို့ ရမည်။
15 Wenn jemand beim Vieh liegt, der soll des Todes sterben, und das Vieh soll man erwürgen.
၁၅ယောက်ျား သည် တိရစ္ဆာန် နှင့် ပေါင်းဘော် လျှင် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုတိရစ္ဆာန် ကိုလည်း သတ် ရမည်။
16 Wenn ein Weib sich irgend zu einem Vieh tut, daß sie mit ihm zu schaffen hat, die sollst du töten und das Vieh auch; des Todes sollen sie sterben; ihr Blut sei auf ihnen.
၁၆မိန်းမ သည်လည်း ၊ မိမိ နှင့် တိရစ္ဆာန် ၏ ပေါင်းဘော် ခြင်းကိုခံလျှင် ၊ ထိုမိန်းမ နှင့် တိရစ္ဆာန် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေထိုက်သော အပြစ် ရှိ၏။
17 Wenn jemand seine Schwester nimmt, seines Vaters Tochter oder seiner Mutter Tochter, und ihre Blöße schaut und sie wieder seine Blöße, das ist Blutschande. Die sollen ausgerottet werden vor den Leuten ihres Volks; denn er hat seiner Schwester Blöße aufgedeckt; er soll seine Missetat tragen.
၁၇ယောက်ျား သည် အဘ ၏သမီး ၊ အမိ ၏သမီး ဖြစ်သော မိမိ နှမ နှင့်သင့် နေလျှင် ၊ မတရားသော အမှုဖြစ်၏။ ထိုသူတို့သည် အမျိုးသား ချင်းတို့ ရှေ့မှောက် ၌ ပယ်ရှင်း ခြင်းကိုခံရကြမည်။ ထိုယောက်ျား သည် နှမ နှင့်သင့်နေသောကြောင့်၊ မိမိ အပြစ် ကိုခံရ မည်။
18 Wenn ein Mann beim Weibe schläft zur Zeit ihrer Krankheit und entblößt ihre Scham und deckt ihren Brunnen auf, und entblößt den Brunnen ihres Bluts, die sollen beide aus ihrem Volk ausgerottet werden.
၁၈ယောက်ျား သည် ဥတု ရောက်လျက်ရှိသောမိန်းမ နှင့် သင့် နေလျှင် ၊ ထိုသူတို့သည် သဘောတူ၍၊ သွေးသွန် အနာကို ထင်ရှား စေသောကြောင့်၊ သူ တို့အမျိုး မှ ပယ်ရှင်း ခြင်းကိုခံရကြမည်။
19 Deiner Mutter Schwester Blöße und deines Vater Schwester Blöße sollst du nicht aufdecken; denn ein solcher hat seine nächste Blutsfreundin aufgedeckt, und sie sollen ihre Missetat tragen.
၁၉အဘ ၏နှမ ၊ အမိ ၏ညီမ နှင့်မသင့်မနေရ။ ထိုသို့သော ပေါက်ဘော် ရင်းနှင့် သင့်နေသောသူတို့သည် မိမိ အပြစ် ကိုခံရ ကြမည်။
20 Wenn jemand bei seines Vaters Bruders Weibe schläft, der hat seines Oheims Blöße aufgedeckt. Sie sollen ihre Sünde tragen; ohne Kinder sollen sie sterben.
၂၀အဘ ၏ ညီအစ်ကို မယားနှင့် သင့် နေလျှင်၊ အဘ ၏ ညီအစ်ကိုနှင့်သာဆိုင်သော အရာကို ပြစ်မှားသောကြောင့်၊ ထိုသူတို့သည် မိမိ အပြစ် ကိုခံရ သဖြင့်၊ တသက်လုံးသား မရဘဲ နေရလိမ့်မည်။
21 Wenn jemand seines Bruders Weib nimmt, das ist eine schändliche Tat; sie sollen ohne Kinder sein, darum daß er seines Bruders Blöße aufgedeckt hat.
၂၁ညီအစ်ကို ၏ မယား နှင့် သင့် နေလျှင် ညစ်ညူး သောအမှုဖြစ်၏။ ညီအစ်ကို နှင့်သာ ဆိုင်သောအရာ ကိုပြစ်မှားသောကြောင့်ထိုသူတို့သည် သား မရဘဲနေ ရလိမ့်မည်။
22 So haltet nun alle meine Satzungen und meine Rechte und tut darnach, auf daß euch das Land nicht ausspeie, darein ich euch führe, daß ihr darin wohnt.
၂၂သင် တို့ကို ငါ ပို့ဆောင် ၍ နေရာ ချသော ပြည် သည် မ အော့အန် စေခြင်းငှါ ၊ သင်တို့သည် ငါ စီရင် ထုံးဖွဲ့သမျှ တို့ကို ကျင့်ဆောင် ရမည်။
23 Und wandelt nicht in den Satzungen der Heiden, die ich vor euch her werde ausstoßen. Denn solches alles haben sie getan, und ich habe einen Greuel an ihnen gehabt.
၂၃သင် တို့ရှေ့ မှ ငါ နှင်ထုတ် သော လူ အမျိုးမျိုးတို့၏ ဘာသာဓလေ့ သို့ မ လိုက် ရ။ သူတို့သည် ထိုသို့ သော အမှုခပ်သိမ်း တို့ကို ပြု သောကြောင့် ငါရွံရှာ ၏။
24 Euch aber sage ich: Ihr sollt jener Land besitzen; denn ich will euch ein Land zum Erbe geben, darin Milch und Honig fließt. Ich bin der HERR, euer Gott, der euch von allen Völkern abgesondert hat,
၂၄သူ တို့ပြည် တည်းဟူသောနို့ နှင့် ပျားရည် စီး သောပြည် ကို သင် တို့သည် အမွေခံ စေခြင်းငှါ ငါ အပိုင်ပေး မည်ဟု ငါ့အမိန့် တော်ရှိပြီ။ ငါသည် သင် တို့ကို အခြားသော အမျိုး နှင့် ခွဲ ထားသော သင် တို့ဘုရား သခင်ထာဝရဘုရား ဖြစ်၏။
25 daß ihr auch absondern sollt das reine Vieh vom unreinen und unreine Vögel von den reinen, und eure Seelen nicht verunreinigt am Vieh, an Vögeln und an allem, was auf Erden kriecht, das ich euch abgesondert habe, daß es euch unrein sei.
၂၅ထိုအကြောင်းကြောင့်၊ စင်ကြယ် သောသား ၊ မ စင်ကြယ်သောသား၊ စင်ကြယ် သောငှက် ၊ မ စင်ကြယ်သောငှက်တို့ကို ပိုင်းခြား ရမည်။ ငါခွဲ ထားသည်အတိုင်း ၊ မ စင်ကြယ်သောသား ၊ ငှက် ၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန်တစုံ တခုအားဖြင့် ကိုယ် ကိုကိုယ်ရွံရှာ ဘွယ် မ ဖြစ်စေရ။
26 Darum sollt ihr mir heilig sein; denn ich, der HERR, bin heilig, der euch abgesondert hat von den Völkern, daß ihr mein wäret.
၂၆ငါ ထာဝရဘုရား သန့်ရှင်း သည်ဖြစ်၍ ၊ သင်တို့ကို ငါအလိုရှိသဖြင့်၊ အခြားသော အမျိုး နှင့် ခွဲ ထားသောကြောင့် ၊ ငါ့ အဘို့ သန့်ရှင်း ခြင်းရှိ ရကြမည်။
27 Wenn ein Mann oder Weib ein Wahrsager oder Zeichendeuter sein wird, die sollen des Todes sterben. Man soll sie steinigen; ihr Blut sei auf ihnen.
၂၇ယောက်ျား ဖြစ်စေ ၊ မိန်းမ ဖြစ်စေ၊ နတ်ဝင် သောသူ၊ စုန်း လုပ်သောသူသည် အသေ သတ်ခြင်းကို အမှန်ခံရမည်။ ထိုသို့သောသူကို ခဲ နှင့် ပစ် ရကြမည်။ သူ ၌ သေထိုက်သော အပြစ် ရှိသည်ဟု မိန့် တော်မူ၏။

< 3 Mose 20 >