< Joel 1 >

1 Dies ist das Wort des HERRN, das geschehen ist zu Joel, dem Sohn Pethuels.
ပေသွေလ ၏ သား ယောလ သို့ ရောက် လာသော ထာဝရဘုရား ၏ နှုတ်ကပတ် တော် ဟူမူကား၊
2 Höret dies, ihr Ältesten, und merket auf alle Einwohner im Lande, ob solches geschehen sei zu euren Zeiten oder zu eurer Väter Zeiten!
အသက်ကြီး သောသူတို့ ၊ ကြား ကြလော့။ ပြည်သူ ပြည်သား အပေါင်း တို့၊ နားထောင် ကြလော့။ ဤသို့ သော အမှုသည် သင် တို့လက်ထက် ၌ ဖြစ် ဘူးသလော။ ဘိုးဘေး တို့ လက်ထက် ၌ ဖြစ်ဘူးသလော။
3 Saget euren Kindern davon und lasset's eure Kinder ihren Kindern sagen und diese Kinder ihren Nachkommen!
ကိုယ် သား တို့အား ပြောကြလော့။ သူတို့သည် သူ တို့သား တို့အား ပြော ကြစေ။ သူ တို့သား တို့သည်လည်း ဆက်နွှယ် သော အခြား သူတို့အား ပြောကြစေ။
4 Was die Raupen lassen, das fressen die Heuschrecken; und was die Heuschrecken lassen, das fressen die Käfer; und was die Käfer lassen, das frißt das Geschmeiß.
ဂါဇံ ကျိုင်းခြွင်း ထားသော အရာကိုအရာဘကျိုင်း စား ၏။ အရာဘကျိုင်း ခြွင်း ထားသော အရာကို ယာလက်ကျိုင်း စား ၏။ ယာလက်ကျိုင်း ခြွင်း ထားသော အရာကို ခါသိလ ကျိုင်း စား ၏။
5 Wachet auf, ihr Trunkenen, und weinet, und heulet, alle Weinsäufer, um den Most; denn er ist euch vor eurem Maul weggenommen.
သေ သောက်ကြူး တို့၊ နိုး ၍ ငိုကြွေး ကြလော့။ စပျစ်ရည် ကို သောက်ကြူး သောသူတို့၊ သင်တို့သောက်ရန် ချိုသော စပျစ်ရည် ပြတ် သောကြောင့် ငိုကြွေး မြည်တမ်းကြလော့ ။
6 Denn es zieht herauf in mein Land ein mächtiges Volk und ohne Zahl; das hat Zähne wie Löwen und Backenzähne wie Löwinnen.
အကြောင်း မူကား၊ အားကြီး ၍ မ ရေတွက်နိုင်အောင် များပြားသော အမျိုး သည် ငါ့ ပြည် ပေါ် သို့ တက် လာပြီ။ ထိုအမျိုး ၏ သွား သည် ခြင်္သေ့ သွား ကဲ့သို့၎င်း ၊ အံသွားသည်လည်း ခြင်္သေ့ မအံသွား ကဲ့သို့၎င်း ဖြစ်၏။
7 Das verwüstet meinen Weinberg und streift meinen Feigenbaum ab, schält ihn und verwirft ihn, daß seine Zweige weiß dastehen.
ငါ့ စပျစ် နွယ်ပင်ကို ဖျက်ဆီး ၍ ငါ့ သင်္ဘောသဖန်း ပင်ကို ကျိုးပဲ့ စေပြီ။ သုတ်သင် ပယ်ရှင်း၍ ပစ် လိုက် လေပြီ။ အခက် အလက်တို့သည် ဖြူ ကြ၏။
8 Heule wie eine Jungfrau die einen Sack anlegt um ihren Bräutigam!
အသက်ငယ် စဉ်လက်ထပ်သော ခင်ပွန်း အတွက် လျှော်တေ အဝတ်ကို ဝတ် သော သတို့သမီး ကဲ့သို့ ငိုကြွေး မြည်တမ်း လော့။
9 Denn das Speisopfer und Trankopfer ist vom Hause des HERRN weg, und die Priester, des HERRN Diener, trauern.
ဘောဇဉ် ပူဇော်သက္ကာနှင့် သွန်းလောင်း ရာ ပူဇော်သက္ကာသည် ထာဝရဘုရား ၏အိမ် တော်၌ ပြတ် ၏။ ထာဝရဘုရား ၏အမှု တော်စောင့် ယဇ် ပုရောဟိတ်တို့ သည် ငိုကြွေး မြည်တမ်းကြ၏။
10 Das Feld ist verwüstet, und der Acker steht jämmerlich; das Getreide ist verdorben, der Wein steht jämmerlich und das Öl kläglich.
၁၀လယ် သည် ပျက် ၏။ မြေ သည် ညှိုးငယ် ၏။ စပါး လည်း ပျက် ၏။ ချိုသော စပျစ်ရည် ကုန် ပြီ။ ဆီ လည်း လျော့ ပြီ။
11 Die Ackerleute sehen jämmerlich, und die Weingärtner heulen um den Weizen und die Gerste, daß aus der Ernte auf dem Felde nichts werden kann.
၁၁လယ်လုပ်သောသူတို့ ၊ လယ်၌ ရိတ်ရသော အသီးအနှံ ပျက်သောကြောင့်၊ ဂျုံစပါးနှင့် မုယောစပါး အတွက် ရှက်ကြောက်ခြင်း ရှိကြလော့။ ဥယျာဉ်ကို ပြုစု သောသူတို့ ၊ မြည်တမ်းကြလော့။
12 So steht der Weinstock auch jämmerlich und der Feigenbaum kläglich; dazu die Granatbäume, Palmbäume, Apfelbäume und alle Bäume auf dem Felde sind verdorrt; denn die Freude der Menschen ist zu Jammer geworden.
၁၂စပျစ် နွယ်ပင်သည် ညှိုးနွမ်း ၏။ သင်္ဘောသဖန်း ပင်လည်း သွေ့ခြောက် ၏။ သလဲ ပင်၊ စွန်ပလွံ ပင်၊ ရှောက်ချို ပင် မှစ၍ တော သစ်ပင် ရှိသမျှ တို့သည် ညှိုးနွမ်း ကြ၏။ အကယ် စင်စစ် လူ သား တို့၌ ဝမ်းမြောက် စရာ အကြောင်းသည် သွေ့ခြောက် ၏။
13 Begürtet euch nun und klaget, ihr Priester; heulet, ihr Diener des Altars; gehet hinein und lieget in Säcken, ihr Diener meines Gottes! denn es ist Speisopfer und Trankopfer vom Hause eures Gottes weg.
၁၃အို ယဇ်ပုရောဟိတ် တို့၊ လျှော်တေအဝတ်ကို ဝတ် ၍ ငိုကြွေး ကြလော့။ ယဇ် ပလ္လင်တော် အမှု စောင့်တို့၊ မြည်တမ်း ကြလော့။ ငါ ၏ဘုရား သခင့်အမှု တော်စောင့်တို့၊ လာ ကြ။ လျှော်တေ အဝတ်ကို ဝတ်လျက် တညဉ့်လုံးအိပ် ကြလော့။ အကြောင်း မူကား၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာကို သင် တို့ဘုရား သခင်၏ အိမ် တော်၌ မ ဆက်ကပ်ဘဲ နေကြပါပြီတကား။
14 Heiliget ein Fasten, rufet die Gemeinde zusammen; versammelt die Ältesten und alle Einwohner des Landes zum Hause des HERRN, eures Gottes, und schreit zum HERRN!
၁၄အစာရှောင် ရသောအချိန်ကို ခန့် ထားကြလော့ ။ ခြိုးခြံစွာကျင့် ရသောအချိန်ကို ကြော်ငြာ ကြလော့။ အသက်ကြီး သူမှစ၍ပြည်သူ ပြည်သားအပေါင်း တို့ကို သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်၌ စည်းဝေး ၍ ထာဝရဘုရား အား ဟစ်ကြော် ကြလော့။
15 O weh des Tages! denn der Tag des HERRN ist nahe und kommt wie ein Verderben vom Allmächtigen.
၁၅ထိုနေ့ ရက်ကြောင့် အ မင်္ဂလာရှိ၏။ ထာဝရဘုရား ၏ နေ့ ရက်နီး ပြီ။ အနန္တ တန်ခိုးရှင် ဖျက်ဆီး ခြင်း ဘေးကဲ့သို့ ရောက် လာလိမ့်မည်။
16 Ist nicht die Speise vor unsern Augen weggenommen und vom Hause unsers Gottes Freude und Wonne?
၁၆ငါတို့စားစရာ သည် ငါ တို့မျက်မှောက် ၌ ပြတ် သည်မ ဟုတ်လော။ ငါ တို့ ဘုရား သခင်၏ အိမ် တော်၌ ဝမ်းမြောက် ရွှင်လန်း ခြင်းအကြောင်းလည်း ပြတ်သည် မဟုတ်လော။
17 Der Same ist unter der Erde verfault, die Kornhäuser stehen wüst, die Scheunen zerfallen; denn das Getreide ist verdorben.
၁၇မျိုးစေ့ တို့သည် မြေစိုင် အောက် မှာ ပုပ် ကြ၏။ စပါး ပြတ် သောကြောင့် စပါးကျီ တို့သည် ပျက် ကြ၏။ ဘဏ္ဍာ တိုက် တို့သည် ပြို ကြ၏။
18 O wie seufzt das Vieh! Die Rinder sehen kläglich, denn sie haben keine Weide, und die Schafe verschmachten.
၁၈တိရစ္ဆာန် တို့သည် အလွန်မြည်တမ်း ကြ၏။ နွား စု တို့သည် ကျက်စား ရာအရပ်မ ရှိသောကြောင့် ပင်ပန်း ကြ ၏။ သိုး စု တို့သည်လည်း သေ ကြ၏။
19 HERR, dich rufe ich an; denn das Feuer hat die Auen in der Wüste verbrannt, und die Flamme hat alle Bäume auf dem Acker angezündet.
၁၉အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ဟစ်ကြော် ပါ၏။ တော ၌ ကျက်စား ရာအရပ်တို့ကို မီး ရှို့ ပါပြီ။ တော သစ်ပင် ရှိသမျှ တို့ကို မီးလျှံ လောင် ပါပြီ။
20 Es schrieen auch die wilden Tiere zu dir; denn die Wasserbäche sind ausgetrocknet, und das Feuer hat die Auen in der Wüste verbrannt.
၂၀တော သားရဲ တို့သည်လည်း ကိုယ်တော် ကို ဟစ်ကြော် ကြပါ၏။ မြစ် ရေ ခန်းခြောက် ပါပြီ။ တော ၌ ကျက်စား ရာအရပ်တို့ကိုလည်း မီး လောင် ပါပြီ။

< Joel 1 >