< Job 32 >

1 Da hörten die drei Männer auf, Hiob zu antworten, weil er sich für gerecht hielt.
ထိုသို့ ယောဘ သည် မိမိ ဖြောင့်မတ် သည်ဟု ထင် သောကြောင့် ၊ ထို သူ သုံး ယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ၏။
2 Aber Elihu, der Sohn Baracheels von Bus, des Geschlechts Rams, ward zornig über Hiob, daß er seine Seele gerechter hielt denn Gott.
ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။
3 Auch ward er zornig über seine drei Freunde, daß sie keine Antwort fanden und doch Hiob verdammten.
ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။
4 Denn Elihu hatte geharrt, bis daß sie mit Hiob geredet hatten, weil sie älter waren als er.
ဧလိဟု သည် သူ တို့ထက် အသက်ငယ်သောကြောင့် ၊ ယောဘ ပြောသော စကား မကုန်မှီတိုင်အောင်ဆိုင်းလင့် လျက်နေ၏။
5 Darum, da er sah, daß keine Antwort war im Munde der drei Männer, ward er zornig.
ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။
6 Und so antwortete Elihu, der Sohn Baracheels von Bus, und sprach: Ich bin jung, ihr aber seid alt; darum habe ich mich gescheut und gefürchtet, mein Wissen euch kundzutun.
ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။
7 Ich dachte: Laß das Alter reden, und die Menge der Jahre laß Weisheit beweisen.
နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။
8 Aber der Geist ist in den Leuten und der Odem des Allmächtigen, der sie verständig macht.
သို့ရာတွင် လူ ထဲ ၌ဝိညာဉ် ရှိ၏။ ဘုရားသခင်အသက် ရှင်စေတော်မူသဖြင့် ဉာဏ် ရှိ၏။
9 Die Großen sind nicht immer die Weisesten, und die Alten verstehen nicht das Recht.
လူကြီးတို့သည် အစဉ်ပညာ ရှိသည်မ ဟုတ်။ အသက် ကြီးသော သူအပေါင်းတို့သည် မှန် သောတရားကို နားလည် သည်မဟုတ်။
10 Darum will ich auch reden; höre mir zu. Ich will mein Wissen auch kundtun.
၁၀သို့ဖြစ်၍ ငါ့ စကားကို နားထောင် ကြလော့။ ငါ သည် ကိုယ် သဘော ကိုလည်းပြ ပါမည်။
11 Siehe, ich habe geharrt auf das, was ihr geredet habt; ich habe aufgemerkt auf eure Einsicht, bis ihr träfet die rechte Rede,
၁၁သင် တို့စကား ကို ကြားရအံ့သောငှါ ငါဆိုင်းလင့် ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေးသောစကား ကို ငါနားထောင် ပြီ။
12 und ich habe achtgehabt auf euch. Aber siehe, da ist keiner unter euch, der Hiob zurechtweise oder seiner Rede antworte.
၁၂စေ့စေ့ နားထောင်စဉ် တွင်၊ ယောဘ ကို အဘယ် သူမျှမနိုင်။ သူ ၏စကား ကို အဘယ်သူမျှမချေ။
13 Sagt nur nicht: “Wir haben Weisheit getroffen; Gott muß ihn schlagen, kein Mensch.”
၁၃သို့ဖြစ်၍ငါတို့သည် ပညာ ကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆို စရာမ ရှိ။ ယောဘကို နှိမ့်ချသောသူကား လူ မ ဟုတ်၊ ဘုရား သခင်ပေတည်း။
14 Gegen mich hat er seine Worte nicht gerichtet, und mit euren Reden will ich ihm nicht antworten.
၁၄ယောဘသည် ငါ့ ကို ရည်ဆောင် ၍ ပြောပြီ မ ဟုတ်။ သင် တို့ပြန်ပြော သည်အတိုင်း ငါပြန် ပြောမည် မ ဟုတ်။
15 Ach! sie sind verzagt, können nicht mehr antworten; sie können nicht mehr reden.
၁၅ဤသူတို့သည် မိန်းမော တွေဝေလျက်ပြန် ၍ မ ပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
16 Weil ich denn geharrt habe, und sie konnten nicht reden (denn sie stehen still und antworten nicht mehr),
၁၆ငါဆိုင်းလင့် သည်တွင်သူတို့သည် နှုတ်မ မြွက် ၊ ပြန် ၍မ ပြောဘဲ ငြိမ်ငြိမ်နေ ကြ၏။
17 will ich auch mein Teil antworten und will mein Wissen kundtun.
၁၇သို့ဖြစ်၍ ငါ သည်ကိုယ် အတွက် ပြန် ပြောမည်။ ကိုယ် သဘော ကို ပြ မည်။
18 Denn ich bin der Reden so voll, daß mich der Odem in meinem Innern ängstet.
၁၈ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။
19 Siehe, mein Inneres ist wie der Most, der zugestopft ist, der die neuen Schläuche zerreißt.
၁၉ငါ့ ဝမ်း သည် ပိတ်ဆို့ သောစပျစ်ရည် နှင့်တူ ၏။ အသစ် သော သားရေဘူး ကွဲ လုသကဲ့သို့ ဖြစ်၏။
20 Ich muß reden, daß ich mir Luft mache; ich muß meine Lippen auftun und antworten.
၂၀ငါသည် သက်သာ ခြင်းငှါမြွက်ဆို ရမည်။ နှုတ် ကို ဖွင့် ၍ ပြန် ပြောရမည်။
21 Ich will niemands Person ansehen und will keinem Menschen schmeicheln.
၂၁အဘယ်သူ ၏မျက်နှာ ကိုမျှမ ထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်း သော စကားနှင့်မ ချော့မော့။
22 Denn ich weiß nicht zu schmeicheln; leicht würde mich sonst mein Schöpfer dahinraffen.
၂၂သူတပါးကို ချီးမွမ်း သောစကားနှင့် မ ချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ ကိုဖန်ဆင်း တော်မူသောဘုရား သည် ငါ့ ကို ချက်ခြင်း ပယ်ရှား တော်မူမည်။

< Job 32 >