< Jeremia 20 >

1 Da aber Pashur, ein Sohn Immers, der Priester, der zum Obersten im Hause des HERRN gesetzt war, Jeremia hörte solche Worte weissagen,
ထို သို့ယေရမိ ဟော ပြောကြောင်းကို၊ ဗိမာန် တော် မှူး ဖြစ်သော ယဇ်ပုရောဟိတ် ဣမေရ သား ပါရှုရ သည် ကြား သောအခါ ၊
2 schlug er den Propheten Jeremia und legte ihn in den Stock unter dem Obertor Benjamin, welches am Hause des HERRN ist.
ပရောဖက် ယေရမိ ကို ရိုက်ပုတ် ၍ ၊ ဗိမာန် တော် နား မှာ ဗင်္ယာမိန် အထက် တံခါး ဝတွင် ထိတ်ခတ် ၍ ထား၏။
3 Und da es Morgen ward, zog Pashur Jeremia aus dem Stock. Da sprach Jeremia zu ihm: Der HERR heißt dich nicht Pashur, sondern Schrecken um und um.
နက်ဖြန် နေ့၌ ပါရှုရ သည် ယေရမိ ကို ထိတ် မှ လွှတ် သောအခါ ၊ ယေရမိ က၊ ထာဝရဘုရား သည် သင့် ကို ပါရှုရ ဟူ၍ မှည့် တော်မ မူ။ မာဂေါ မိဿဘိတ် ဟူ၍မှည့် တော်မူ၏။
4 Denn so spricht der HERR: Siehe, ich will dich zum Schrecken machen dir selbst und allen deinen Freunden, und sie sollen fallen durchs Schwert ihrer Feinde; das sollst du mit deinen Augen sehen. Und will das ganze Juda in die Hand des Königs zu Babel übergeben; der soll euch wegführen gen Babel und mit dem Schwert töten.
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် သင်နှင့် သင် ၏ အဆွေ ခင်ပွန်းတို့၌ ၊ သင့် ကို ကြောက်မက် ဘွယ်သော အရာဖြစ် စေမည်။ သူတို့သည်လည်း ၊ သင့် မျက်မှောက် ၌ ရန်သူ ၏ထား ဖြင့် ဆုံး ကြလိမ့်မည်။ ယုဒ ပြည် တပြည်လုံး ကို ဗာဗုလုန် ရှင်ဘုရင် လက် သို့ ငါအပ် သဖြင့် ၊ သူသည် ပြည်သား တို့ကို ဗာဗုလုန် မြို့သို့ သိမ်း သွား ၍ ၊ ထား နှင့် သတ် လိမ့်မည်။
5 Auch will ich alle Güter dieser Stadt samt allem, was sie gearbeitet und alle Kleinode und alle Schätze der Könige Juda's in ihrer Feinde Hand geben, daß sie dieselben rauben, nehmen und gen Babel bringen.
ဤ မြို့ ၏ အစွမ်း သတ္တိရှိ သမျှကို၎င်း ၊ လုပ်ဆောင်၍ ရသမျှ သော ဥစ္စာ ကို၎င်း ၊ ဆည်းဖူးသမျှ သောရတနာ ကို၎င်း ၊ ယုဒ ရှင်ဘုရင် ၏ ဘဏ္ဍာ တော် အလုံးစုံ တို့ကို၎င်း၊ ရန်သူ လက် သို့ ငါအပ် သဖြင့် ၊ ရန်သူတို့သည် လုယက် ၍ ဗာဗုလုန် မြို့သို့ သိမ်း သွားကြလိမ့်မည်။
6 Und du, Pashur, sollst mit allen deinen Hausgenossen gefangen gehen und gen Babel kommen; daselbst sollst du sterben und begraben werden samt allen deinen Freunden, welchen du Lügen predigst.
သင် ပါရှုရ နှင့် သင် ၏အိမ်သူ အိမ်သားအပေါင်း တို့ကိုလည်း သိမ်း သွားကြလိမ့်မည်။ သင်သည် ဗာဗုလုန် မြို့သို့ ရောက် ရလိမ့်မည်။ သင်ဟောပြော သော မုသာ စကားကို နားထောင်သော သင် ၏အဆွေ ခင်ပွန်းအပေါင်း တို့နှင် တကွ၊ သင် သည် ထို မြို့၌ သေ ၍ သင်္ဂြိုဟ် ခြင်းကိုခံ ရလိမ့်မည်ဟု ပါရှုရ အား ပြောဆို ၏။
7 HERR, du hast mich überredet, und ich habe mich überreden lassen; du bist mir zu stark gewesen und hast gewonnen; aber ich bin darüber zum Spott geworden täglich, und jedermann verlacht mich.
အို ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို သွေးဆောင် တော်မူသည်အတိုင်း အကျွန်ုပ်လိုက်ပါပြီ။ ကိုယ်တော်သည် အကျွန်ုပ် ထက်အားကြီး ၍ နိုင် တော်မူပြီ။ အကျွန်ုပ်သည် ကဲ့ရဲ့ ခြင်းကို နေ့ တိုင်း ခံရ ပါ၏။ လူတိုင်း ပြက်ပြယ် ခြင်းကို ပြုတတ်ကြပါ၏။
8 Denn seit ich geredet, gerufen und gepredigt habe von der Plage und Verstörung, ist mir des HERRN Wort zum Hohn und Spott geworden täglich.
အကျွန်ုပ်သည် ဟော ပြောလေရာရာ၌ အနိုင် အထက် ပြုခြင်း၊ ညှဉ်းဆဲ ခြင်းအမှုကြောင့် အော်ဟစ် ၍ ကြွေးကြော် ရပါ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် အကျွန်ုပ် ၌ ကဲ့ရဲ့ ခြင်း၊ အစဉ် ပြက်ပြယ် ခြင်းကိုခံ စေရာအကြောင်း ဖြစ် ပါ၏။
9 Da dachte ich: Wohlan, ich will sein nicht mehr gedenken und nicht mehr in seinem Namen predigen. Aber es ward in meinem Herzen wie ein brennendes Feuer, in meinen Gebeinen verschlossen, daß ich's nicht leiden konnte und wäre fast vergangen.
ထိုကြောင့်၊ ငါသည် နှုတ်ကပတ်တော်ကို မ ကြား မပြော၊ နာမ တော်ကို အမှီပြု ၍ မ ဟော ဘဲနေမည်ဟု သဘော ထားသော်လည်း ၊ ငါ့ အရိုး တို့၌ ချုပ် ထား၍ ၊ လောင် သောမီး ကဲ့သို့ နှုတ်ကပတ်တော်သည် ငါ့ နှလုံး ၌ ဖြစ် သောကြောင့်၊ အလွန်ငြီးငွေ့ သဖြင့် အောင့် ၍မ နေနိုင် ၊
10 Denn ich höre, wie mich viele schelten und schrecken um und um. “Hui, verklagt ihn! Wir wollen ihn verklagen!” sprechen alle meine Freunde und Gesellen, “ob wir ihn übervorteilen und ihm beikommen mögen und uns an ihm rächen.”
၁၀လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရ၏။ ခပ်သိမ်း သော အရပ်တို့၌ ကြောက်မက် ဘွယ်သော အကြောင်းရှိ၏။ သူတပါးတို့က သိတင်းကို ကြား ပြော ကြလော့။ ငါတို့သည် တဆင့်ကြား ပြောလိမ့်မည်ဟု ဆိုကြ၏။ ငါ ၏အနားမှာ အစဉ်နေ သောငါ ၏မိတ်ဆွေ အပေါင်း တို့က၊ ငါတို့သည် သူ့ ကို နိုင် ၍ အငြိုး ထားသောစိတ် ပြေစေခြင်းငှါ၊ သူ့ကို သွေးဆောင် ကောင်း သွေးဆောင် လိမ့်မည်ဟု ဆိုကြ၏။
11 Aber der HERR ist bei mir wie ein starker Held; darum werden meine Verfolger fallen und nicht obliegen, sondern sollen zu Schanden werden, darum daß sie so töricht handeln; ewig wird die Schande sein, deren man nicht vergessen wird.
၁၁သို့ သော်လည်း၊ ထာဝရဘုရား သည် အားကြီး သော သူရဲ ကဲ့သို့ ငါ့ ဘက် ၌ ရှိတော်မူ၏။ ထိုကြောင့် ၊ ငါ့ ကိုညှဉ်းဆဲ သောသူတို့ သည် မ နိုင် ဘဲ ထိမိ၍ လဲ ကြ လိမ့်မည်။ အကြံ မ မြောက်သောကြောင့် အလွန် ရှက် ကြ လိမ့်မည်။ မ ပြေ မပျောက်နိုင်သော ထာဝရ ရှက် ကြောက်ခြင်း ရှိကြလိမ့်မည်။
12 Und nun, HERR Zebaoth, der du die Gerechten prüfst, Nieren und Herz siehst, laß mich deine Rache an ihnen sehen; denn ich habe dir meine Sache befohlen.
၁၂ဖြောင့်မတ် သောသူတို့ ကို စုံစမ်း ၍၊ နှလုံး ကျောက်ကပ်သဘော ကို သိ မြင်တော်မူသောကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ အကျွန်ုပ် ၏အမှု ကို ရှေ့တော်၌ ဖွင့်ပြ ပါသည်ဖြစ်၍ ၊ သူ တို့၌ အပြစ်ဒဏ် စီရင်တော်မူကြောင်းကို အကျွန်ုပ်မြင် ရပါလိမ့်မည်။
13 Singet dem HERRN, rühmt den HERRN, der des Armen Leben aus der Boshaften Händen errettet!
၁၃ထာဝရဘုရား အား သီချင်း ဆိုကြလော့။ ထာဝရဘုရား ကို ချီးမွမ်း ကြလော့။ အကြောင်း မူကား၊ မတရား သဖြင့် ပြုသောသူတို့ လက် မှ ၊ ဆင်းရဲ သောသူ ကို ကယ်နှုတ် တော်မူသတည်း။
14 Verflucht sei der Tag, darin ich geboren bin; der Tag müsse ungesegnet sein, darin mich meine Mutter geboren hat!
၁၄ငါဘွား သော နေ့ ရက်သည် အမင်္ဂလာ ရှိပါစေသော။ ငါ့ ကို ငါ့ အမိ ဘွား သော နေ့ ရက်သည် ကောင်းကြီး မင်္ဂလာကို မ ခံ ပါစေနှင့်။
15 Verflucht sei der, so meinem Vater gute Botschaft brachte und sprach: “Du hast einen jungen Sohn”, daß er ihn fröhlich machen wollte!
၁၅ငါ့ အဘ ထံသို့သွား၍၊ ကိုယ်တော် သည် သား ယောက်ျားကို ရ ပါပြီဟု သိတင်းပြော လျက်၊ ငါ့အဘ ကို အလွန်ဝမ်းမြောက် စေသောသူသည် အမင်္ဂလာ ရှိပါ စေသော။
16 Der Mann müsse sein wie die Städte, so der HERR hat umgekehrt, und ihn nicht gereut hat; und müsse des Morgens hören ein Geschrei und des Mittags ein Heulen!
၁၆ထာဝရဘုရား သည် နောင်တ မ ရ၊ ဖျက်ဆီး တော်မူ သော မြို့ တို့ကဲ့သို့ ၊ ထို သူ သည်ဖြစ် ပါစေသော။ နံနက် အချိန်၌ ကြွေးကြော် သံကို၎င်း ၊ မွန်းတည့် အချိန် ၌ အော်ဟစ် သံကို၎င်းကြား ပါစေသော။
17 Daß du mich doch nicht getötet hast im Mutterleibe, daß meine Mutter mein Grab gewesen und ihr Leib ewig schwanger geblieben wäre!
၁၇အကြောင်း မူကား၊ သူသည် ငါ့ ကိုဘွား စကပင် မ သတ် ဘဲ၊ ငါ့ အမိ ၏ ဝမ်း သည်ငါ ၏ သင်္ချိုင်း ဖြစ် ၍၊ ငါ့ ကို အစဉ် ကိုယ်ဝန် ဆောင်မည် အကြောင်း မပြုဘဲ နေပါ သည်တကား။
18 Warum bin ich doch aus Mutterleibe hervorgekommen, daß ich solchen Jammer und Herzeleid sehen muß und meine Tage mit Schanden zubringen!
၁၈ငါသည် ပူပန် ခြင်း၊ ဝမ်းနည်း ခြင်းကိုခံရ မည် အကြောင်းနှင့်၊ ရှက် ကြောက်ခြင်းအားဖြင့် ကိုယ် အသက် ကို လွန် စေရမည်အကြောင်း ၊ အဘယ်ကြောင့် ငါ့ကို ဘွားမြင် ရပါသနည်း။

< Jeremia 20 >