< Hesekiel 45 >

1 Wenn ihr nun das Land durchs Los austeilt, so sollt ihr ein Hebopfer vom Lande absondern, das dem HERRN heilig sein soll, fünfundzwanzigtausend Ruten lang und zehntausend breit; der Platz soll heilig sein, soweit er reicht.
သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။
2 Und von diesem sollen zum Heiligtum kommen je fünfhundert Ruten ins Gevierte und dazu ein freier Raum umher fünfzig Ellen.
ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။
3 Und auf dem Platz, der fünfundzwanzigtausend Ruten lang und zehntausend breit ist, soll das Heiligtum stehen, das Allerheiligste.
ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။
4 Das übrige aber vom geheiligten Lande soll den Priestern gehören, die im Heiligtum dienen und vor den HERRN treten, ihm zu dienen, daß sie Raum zu Häusern haben, und soll auch heilig sein.
ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။
5 Aber die Leviten, so vor dem Hause dienen, sollen auch fünfundzwanzigtausend Ruten lang und zehntausend breit haben zu ihrem Teil, daß sie da wohnen.
အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။
6 Und der Stadt sollt ihr auch einen Platz lassen für das ganze Haus Israel, fünftausend Ruten breit und fünfundzwanzigtausend lang, neben dem geheiligten Lande.
မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။
7 Dem Fürsten aber sollt ihr auch einen Platz geben zu beiden Seiten, neben dem geheiligten Lande und neben dem Platz der Stadt, und soll der Platz gegen Abend und gegen Morgen so weit reichen als die Teile der Stämme.
သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
8 Das soll sein eigen Teil sein in Israel, damit meine Fürsten nicht mehr meinem Volk das Ihre nehmen, sondern sollen das Land dem Haus Israel lassen für ihre Stämme.
ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။
9 Denn so spricht der Herr HERR: Ihr habt's lange genug gemacht, ihr Fürsten Israels; lasset ab von Frevel und Gewalt und tut, was recht und gut ist, und tut ab von meinem Volk euer Austreiben, spricht der Herr HERR.
အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 Ihr sollt rechtes Gewicht und rechte Scheffel und rechtes Maß haben.
၁၀မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။
11 Epha und Bath sollen gleich sein, daß ein Bath den zehnten Teil vom Homer habe und das Epha den zehnten Teil vom Homer; denn nach dem Homer soll man sie beide messen.
၁၁ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။
12 Aber ein Lot soll zwanzig Gera haben; und eine Mina macht zwanzig Lot, fünfundzwanzig Lot und fünfzehn Lot.
၁၂ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။
13 Das soll nun das Hebopfer sein, das ihr heben sollt, nämlich den sechsten Teil eines Epha von einem Homer Weizen und den sechsten Teil eines Epha von einem Homer Gerste.
၁၃ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။
14 Und vom Öl sollt ihr geben je den zehnten Teil eines Bath vom Kor, welches zehn Bath oder ein Homer ist; denn zehn Bath machen einen Homer.
၁၄ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။
15 Und je ein Lamm von zweihundert Schafen aus der Herde auf der Weide Israels zum Speisopfer und Brandopfer und Dankopfer, zur Versöhnung für sie, spricht der Herr HERR.
၁၅သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 Alles Volk im Lande soll solches Hebopfer zum Fürsten in Israel bringen.
၁၆ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။
17 Und der Fürst soll die Brandopfer, Speisopfer und Trankopfer ausrichten auf die Feste, Neumonde und Sabbate, auf alle Feiertage des Hauses Israel; er soll die Sündopfer und Speisopfer, Brandopfer und Dankopfer tun zur Versöhnung für das Haus Israel.
၁၇မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
18 So spricht der Herr HERR: Am ersten Tage des ersten Monats sollst du nehmen einen jungen Farren, der ohne Fehl sei, und das Heiligtum entsündigen.
၁၈အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။
19 Und der Priester soll von dem Blut des Sündopfers nehmen und die Pfosten am Hause damit besprengen und die vier Ecken des Absatzes am Altar samt den Pfosten am Tor des Innern Vorhofs.
၁၉ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။
20 Also sollst du auch tun am siebenten Tage des Monats wegen derer, die geirrt haben oder weggeführt worden sind, daß ihr das Haus entsündigt.
၂၀ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။
21 Am vierzehnten Tage des ersten Monats sollt ihr das Passah halten und sieben Tage feiern und ungesäuertes Brot essen.
၂၁ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။
22 Und am selben Tage soll der Fürst für sich und für alles Volk im Lande einen Farren zum Sündopfer opfern.
၂၂ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။
23 Aber die sieben Tage des Festes soll er dem HERRN täglich ein Brandopfer tun: je sieben Farren und sieben Widder, die ohne Fehl seien; und je einen Ziegenbock zum Sündopfer.
၂၃ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။
24 Zum Speisopfer aber soll er je ein Epha zu einem Farren und ein Epha zu einem Widder opfern und je ein Hin Öl zu einem Epha.
၂၄နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။
25 Am fünfzehnten Tage des siebenten Monats soll er sieben Tage nacheinander feiern, gleichwie jene sieben Tage, und es ebenso halten mit Sündopfer, Brandopfer, Speisopfer samt dem Öl.
၂၅သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။

< Hesekiel 45 >