< Ester 8 >

1 An dem Tage gab der König Ahasveros der Königin Esther das Haus Hamans, des Judenfeindes. Und Mardochai kam vor den König; denn Esther sagte an, wie er ihr zugehörte.
ထို နေ့ခြင်းတွင် ၊ ရှင်ဘုရင် အာရွှေရု သည် ယုဒ အမျိုး၏ ရန်သူ ဟာမန် အိမ် ကို မိဖုရား ဧသတာ အား ပေး တော်မူ၏။ ဧသတာ သည် မော်ဒကဲ နှင့် အဘယ်သို့ ပေါက်ဘော်တော်သည်ကို ဧသတာလျှောက် သဖြင့် ၊ မော်ဒကဲ သည် ရှင်ဘုရင် ထံ တော်သို့ ဝင် ရ၏။
2 Und der König tat ab von seinem Fingerreif, den er von Haman hatte genommen, und gab ihn Mardochai. Und Esther setzte Mardochai über das Haus Hamans.
ရှင် ဘုရင်သည်လည်း ၊ ဟာမန် လက်မှ နှုတ် သော လက်စွပ် တော်ကို တဖန်ချွတ် ၍ မော်ဒကဲ အား ပေး တော်မူ ၏။ ဧသတာ သည်လည်း ၊ ဟာမန် အိမ် ကို မော်ဒကဲ ၌ အပ် လေ၏။
3 Und Esther redete weiter vor dem König und fiel ihm zu den Füßen und weinte und flehte ihn an, daß er zunichte machte die Bosheit Hamans, des Agagiters, und seine Anschläge, die er wider die Juden erdacht hatte.
တဖန် ဧသတာ သည် ရှင်ဘုရင် ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ၊ အာဂတ် အမျိုး ဟာမန် ပြုသောအပြစ် ၊ ယုဒ အမျိုးတစ်ဘက် ၌ ကြံစည်သော အကြံ အစည်ကို ပယ် တော်မူ မည်အကြောင်း ၊ မျက်ရည် ကျလျက် တောင်းပန် လေ၏။
4 Und der König reckte das goldene Zepter gegen Esther. Da stand Esther auf und trat vor den König
ရှင် ဘုရင်သည် ရွှေ ရာဇ လှံတံကို ဧသတာ သို့ ကမ်း တော်မူသဖြင့် ၊ ဧသတာ သည် ထ ၍ ရှင်ဘုရင် ရှေ့ တော်၌ ရပ် လျက်၊
5 und sprach: Gefällt es dem König und habe ich Gnade gefunden vor ihm und ist's gelegen dem König und ich gefalle ihm, so schreibe man, daß die Briefe Hamans, des Sohnes Hammedathas, des Agagiters, widerrufen werden, die er geschrieben hat, die Juden umzubringen in allen Landen des Königs.
အရှင်မင်းကြီး အလို တော်ရှိ၍ ၊ ကျွန်တော်မကို စိတ် နှင့်တွေ့တော်မူလျှင် ၎င်း၊ ကျွန်တော်မအမှု သည် ရှေ့ တော်၌ လျောက်ပတ် ၍ ကိုယ်တော် သည် ကျွန်တော် မ ကိုလည်း ချစ် တော်မူလျှင် ၎င်း၊ နိုင်ငံတော်အတိုင်း တိုင်း အပြည်ပြည်တို့၌ ရှိသော ယုဒ လူတို့ကို ဖျက်ဆီး ခြင်းငှါ ၊ အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် စီရင် သောစာ ကို ပယ်မည်အကြောင်း ၊ ထပ်၍စာရေး စေတော်မူပါ။
6 Denn wie kann ich zusehen dem Übel, das mein Volk treffen würde? Und wie kann ich zusehen, daß mein Geschlecht umkomme?
ကျွန်တော် မအမျိုး အပေါ်သို့ ရောက် ရသော ဘေး ကို၎င်း၊ ကျွန်တော် မအမျိုးသား ချင်းပျက်စီးသောအမှု ကို၎င်း၊ ကျွန်တော်မသည် ကြည့်ရှု ခြင်းငှါ၊ အဘယ်သို့ တတ်နိုင် ပါအံ့နည်းဟု လျှောက် ဆို၏။
7 Da sprach der König Ahasveros zur Königin Esther und zu Mardochai, dem Juden: Siehe, ich habe Esther das Haus Hamans gegeben, und ihn hat man an einen Baum gehängt, darum daß er seine Hand hat an die Juden gelegt;
ရှင်ဘုရင် အာရွှေရု ကလည်း ၊ ဟာမန်သည် ယုဒ လူတို့ကို ထိခိုက် သောကြောင့် ၊ သူ ၏အိမ် ကို ဖိဖုရား ဧသတာ အား ငါပေး ပြီ။ ထိုသူ ကိုလည်း လည်ဆွဲ ချတိုင်၌ ကွပ်မျက် စေပြီ။
8 so schreibt ihr nun für die Juden, wie es euch gefällt, in des Königs Namen und versiegelt's mit des Königs Ringe. Denn die Schriften, die in des Königs Namen geschrieben und mit des Königs Ring versiegelt wurden, durfte niemand widerrufen.
သို့ရာတွင် ရှင်ဘုရင် လက်စွပ် နှင့် တံဆိပ် ခတ် သော ရှင်ဘုရင် အမိန့် တော်စာကို အဘယ်သူမျှမ ပယ် ရသည် ဖြစ်၍၊ စိတ် ရှိသည်အတိုင်း ယုဒ လူတို့အဘို့ အမိန့် တော်စာကို တဖန်ရေး ၍ ၊ လက်စွပ် တော်နှင့် တံဆိပ် ခတ် ရမည်ဟု မိဖုရားဧသတာနှင့် ယုဒလူမော်ဒကဲတို့အား မိန့်တော်မူ၏။
9 Da wurden berufen des Königs Schreiber zu der Zeit im dritten Monat, das ist der Monat Sivan, am dreiundzwanzigsten Tage, und wurde geschrieben, wie Mardochai gebot, an die Juden und an die Fürsten, Landpfleger und Hauptleute in den Landen von Indien bis an das Mohrenland, nämlich hundert und siebenundzwanzig Länder, einem jeglichen Lande nach seiner Schrift, einem jeglichen Volk nach seiner Sprache, und den Juden nach ihrer Schrift und Sprache.
ထိုအခါ သိဝန် အမည်ရှိသောတတိယ လ နှစ်ဆယ် သုံး ရက်နေ့တွင် ၊ စာရေး တော်ကြီးတို့ကိုခေါ် ၍ ၊ အိန္ဒိယ ပြည်မှ ကုရှ ပြည်တိုင်အောင် တိုင်းပြည် တရာ နှစ်ဆယ် ခုနစ် ပြည်တို့၌ ရှိသောယုဒ လူ၊ ကိုယ်စား တော် မင်း၊ အပြည် ပြည်အုပ်သော မြို့ဝန် ၊ မြို့ သူကြီးတို့ကို မော်ဒကဲ မှာ ထားသမျှ အတိုင်း ၊ ယုဒဘာသာစကားမှစ၍လူအမျိုးမျိုးပြောသောစကားအသီးအသီး အားဖြင့်၊
10 Und es war geschrieben in des Königs Ahasveros Namen und mit des Königs Ring versiegelt. Und er sandte die Briefe durch die reitenden Boten auf jungen Maultieren,
၁၀ရှင်ဘုရင် အာရွှေရု ၏ အမိန့်တော်စာကိုရေး ၍ ရှင်ဘုရင် လက်စွပ် တော်နှင့် တံဆိပ် ခတ်ပြီးမှ ၊ မြင်း၊ လား ၊ ကုလားအုပ် ၊ မြည်း စီး သော စာပို့ လုလင်တို့ဖြင့် ပေး လိုက် လေ၏။
11 darin der König den Juden Macht gab, in welchen Städten sie auch waren, sich zu versammeln und zu stehen für ihr Leben und zu vertilgen, zu erwürgen und umzubringen alle Macht des Volkes und Landes, die sie ängsteten, samt den Kindern und Weibern, und ihr Gut zu rauben
၁၁အမိန့်တော်စာချက်ဟူမူကား၊ အာဒါ အမည် ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ နိုင်ငံတော်အတိုင်းတိုင်းအပြည်ပြည်အမြို့မြို့၌ရှိသောယုဒ လူတို့သည် စုဝေး ၍၊
12 auf einen Tag in allen Ländern des Königs Ahasveros, nämlich am dreizehnten Tage des zwölften Monats, das ist der Monat Adar.
၁၂မိမိ တို့အသက် ကို စောင့် ရသောအခွင့်၊ တိုက်လာ သောပြည်သူ ၊ စစ်သူရဲ အပေါင်း တို့ကို မိန်းမ သူငယ် နှင့်တကွ သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍၊ သူ တို့ဥစ္စာ ကိုလုယူ သိမ်းရုံးရသောအခွင့်ကိုရှင်ဘုရင် ပေး တော်မူ၏။
13 Der Inhalt aber der Schrift war, daß ein Gebot gegeben wäre in allen Landen, zu eröffnen allen Völkern, daß die Juden bereit sein sollten, sich zu rächen an ihren Feinden.
၁၃ဤရွေ့ကား၊ ယုဒ လူတို့သည် ထို နေ့ ရက်တွင် ရန်သူ တို့ကို ရန်တုံ့ ပြုစေခြင်းငှါ ၊ အတိုင်း တိုင်း အပြည် ပြည်၌ နေသောလူမျိုး အပေါင်း တို့အား ကျော် ရသောအမိန့် တော်စာချက်ဖြစ် သတည်း။
14 Und die reitenden Boten auf den Maultieren ritten aus schnell und eilend nach dem Wort des Königs, und das Gebot ward zu Schloß Susan angeschlagen.
၁၄ထိုအမိန့်တော်စာ ကို ရှုရှန် နန်းတော် ၌ ကြော်ပြီးမှ၊ ရှင်ဘုရင် ကျပ်တည်း စွာ စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။
15 Mardochai aber ging aus von dem König in königlichen Kleidern, blau und weiß, und mit einer großen goldenen Krone, angetan mit einem Leinen-und Purpur-mantel; und die Stadt Susan jauchzte und war fröhlich.
၁၅မော်ဒကဲ သည်လည်း ၊ မင်း မြောက်တန်ဆာတည်းဟူသောအဝတ်အဖြူ အပြာ ကို ဝတ်ဆင်လျက်၊ ကြီးစွာ သော ရွှေ သရဖူ ကို ဆောင်းလျက်၊ ပိတ် ချောနှင့် မောင်း သော အထည်ဖြင့် ပြီးသောဝတ်လုံ ကို ခြုံလျက်၊ ရှင်ဘုရင် ထံ တော်မှ ထွက်သွား ၍၊
16 Den Juden aber war Licht und Freude und Wonne und Ehre gekommen.
၁၆ရှုရှန် မြို့ တော်သည် ဝမ်းမြောက် ရွှင်လန်း ခြင်းသို့ ရောက်လေ၏။ ယုဒ လူတို့သည်လည်း၊ သက်သာ ရွှင်လန်း ၍ ဝမ်းမြောက် ခြင်း၊ အသရေ ထွန်းလင်းခြင်းသို့ ရောက် ကြ၏။
17 Und in allen Landen und Städten, an welchen Ort des Königs Wort und Gebot gelangte, da war Freude und Wonne unter den Juden, Wohlleben und gute Tage, daß viele aus den Völkern im Lande Juden wurden; denn die Furcht vor den Juden war über sie gekommen.
၁၇ရှင်ဘုရင် အမိန့် တော်စာရောက်လေသော အပြည် ပြည်အမြို့မြို့၌ ၊ ယုဒ လူတို့သည် ဝမ်းမြောက် ရွှင်လန်း ခြင်း၊ ပွဲ ခံခြင်း၊ မင်္ဂလာ နေ့ စောင့်ခြင်းကို ပြု၍၊ ပြည်သူ ပြည်သားအများတို့သည် ယုဒ လူတို့ကို ကြောက်ရွံ သောကြောင့် ယုဒ ဘာသာကို ဝင်ကြ၏။

< Ester 8 >