< Sacharja 14 >

1 Fürwahr, es kommt ein Tag Jahwes, da wird in deiner Mitte deine Beute verteilt werden.
ထာဝရဘုရား ၏ နေ့ရက် သည် ရောက် သောအခါ ၊ သူတပါးတို့သည် သင် ၏ဥစ္စာ ကို လုယူ၍ သင့် အလယ် ၌ ဝေဖန် ကြလိမ့်မည်။
2 Und zwar werde ich alle Nationen zum Streit gegen Jerusalem versammeln, und die Stadt wird eingenommen, die Häuser werden geplündert und die Frauen geschändet; die Hälfte der Stadt wird in die Gefangenschaft ziehen, der Rest der Bevölkerung aber wird nicht aus der Stadt ausgerottet.
ယေရုရှလင် မြို့ကို တိုက် စေခြင်းငှါ ၊ လူမျိုး အပေါင်း တို့ကို ငါစုဝေး စေမည်။ မြို့ ကို တိုက် ယူပြီးလျှင် ၊ အိမ် တို့ကို လုယက် ၍ မိန်းမ တို့ကို အဓမ္မ ပြုကြလိမ့်မည်။ မြို့ သားတဝက် ကို သိမ်း သွား၍ တဝက် သာမြို့ ၌ ကျန်ကြွင်းလိမ့်မည်။
3 Sondern Jahwe wird erscheinen und wider jene Nationen streiten wie einst, als er stritt am Tage des Kampfes.
ထာဝရဘုရား သည်လည်း စစ်တိုက် ရာကာလ ၌ တိုက် သကဲ့သို့ ၊ ထို လူမျိုး တို့ကို တိုက် သွားတော်မူမည်။
4 Seine Füße werden jenes Tags auf dem Ölberge stehen, der im Osten Jerusalem gegenüberliegt, und der Ölberg wird sich von seiner Mitte aus nach Osten und Westen zu einem überaus großen Thale spalten, so daß die eine Hälfte des Bergs nach Norden, die andere nach Süden zurückweicht.
ထိုနေ့ရက် ၌ ခြေ တော်သည် ယေရုရှလင် မြို့ အရှေ့ ၊ သံလွင် တောင် ပေါ် မှာရပ် ၍ ၊ သံလွင် တောင် သည် အရှေ့ ဘက်မှ အနောက် ဘက်တိုင်အောင် အလယ်၌ ကွဲ သဖြင့် ၊ အလွန် ကြီး သော ချိုင့် ဖြစ်လိမ့်မည်။ တောင် တဝက် သည် မြောက် ဘက်သို့ ၎င်း ၊ တဝက် သည် တောင် ဘက်သို့ ၎င်း ရွှေ့ ရလိမ့်မည်။
5 Ihr aber werdet in das Thal meiner Berge fliehen - denn das Thal zwischen den Bergen reicht bis nach Azal -, und zwar werdet ihr fliehen, wie ihr zur Zeit Usias, des Königs von Juda, vor dem Erdbeben floht. Aber Jahwe, mein Gott, wird erscheinen, begleitet von allen Heiligen.
သင် တို့သည် ငါ့ တောင် ကြားချိုင့် လမ်းဖြင့် ပြေး ကြလိမ့်မည်။ ထိုချိုင့် သည် အာဇလ မြို့တိုင်အောင် မှီ လိမ့်မည်။ ယုဒ ရှင်ဘုရင် ဩဇိ မင်းလက်ထက် ၊ မြေကြီးလှုပ် ၍ သင်တို့သည် ပြေး သကဲ့သို့ တဖန် ပြေး ကြလိမ့်မည်။ ငါ ၏ ဘုရား သခင်ထာဝရဘုရား ကြွလာ တော်မူ၍ ၊ မိမိ သန့်ရှင်း သူအပေါင်း တို့သည် ပါ ကြလိမ့်မည်။
6 An jenem Tage wird es weder Hitze noch Kälte und Frost geben,
ထိုနေ့ရက် ၌ အလင်း မ ရှိ ၊ မြတ် သောအရာတို့ သည် ယုတ်လျော့ လိမ့်မည်။
7 und es wird ein ununterbrochener Tag sein - er ist Jahwe bekannt! - ohne Wechsel von Tag und Nacht, und auch zur Abendzeit wird es hell sein.
နေ့ မ ဟုတ်၊ ညဉ့် မ ဟုတ်၊ ထာဝရဘုရား သိ တော်မူသော နေ့ရက် တရက် ဖြစ် ၍ ၊ ညဦးယံ အချိန် ရောက် မှ လင်း လိမ့်မည်။
8 An jenem Tage werden sich von Jerusalem aus lebendige Wasser ergießen: die Hälfte davon wird in das östliche Meer, die andere in das westliche Meer fließen; im Sommer wie im Winter wird es so geschehen.
ထိုနေ့ရက် ၌ အသက် ရေ သည် ယေရုရှလင် မြို့မှ ထွက် ၍ ၊ နွေ ကာလဖြစ်စေ ၊ ဆောင်း ကာလဖြစ်စေ ၊ အရှေ့ ပင်လယ် သို့ တဝက် ၊ အနောက် ပင်လယ် သို့ တဝက် စီး သွား လိမ့်မည်။
9 Jahwe wird dann über das ganze Land König sein; jenes Tags wird Jahwe einer sein und sein Name einer.
ထာဝရဘုရား သည် တပြည်လုံး တွင် ရှင်ဘုရင် ဖြစ် တော်မူမည်။ ထိုနေ့ရက် ၌ ထာဝရဘုရား တပါး တည်း၊ နာမတော် တပါး တည်းဖြစ် တော်မူမည်။
10 Das ganze Land wird zu einer Ebene werden von Geba bis Rimmon im Süden von Jerusalem; dieses aber wird hocherhaben sein und auf seinem Sitze unverrückt bleiben vom Benjaminsthor an bis zu der Stätte des früheren Thors, bis zum Eckthor, und vom Thurm Hananel an bis zu den Königskeltern.
၁၀ဂေဘ မြို့မှ သည် ယေရုရှလင် မြို့ တောင် ဘက်၊ ရိမ္မုန် မြို့တိုင်အောင် တပြည်လုံး ကို ချိုင့် ကဲ့သို့ တညီတည်း ဖြစ်စေတော်မူမည်။ မြို့သည်လည်း ဗင်္ယာမိန် တံခါး မှ သည် အရင် တံခါး ရာ၊ မြို့ထောင့် တံခါး တိုင်အောင် ၎င်း ၊ ဟာနနေလ ရဲတိုက် မှ သည် စပျစ်သီးနယ်ရာ တန်ဆာတော်တိုင်အောင်၎င်း ချီးမြှောက်ခြင်းကိုခံ၍၊ မြို့ဟောင်း ရာ၌ တဖန်တည်ရလိမ့်မည်။
11 Man wird darin wohnen; einen Bannfluch wird es nicht mehr geben, und Jerusalem wird vor jeder Gefahr sicher bleiben.
၁၁နောက် တဖန် ယေရုရှလင် မြို့သည် ကျိန် ခြင်းဘေးကိုမ ခံ ၊ မြို့သား တို့သည် နေရာ ကျ၍ စိုးရိမ် စရာမရှိ ဘဲနေ ကြလိမ့်မည်။
12 Folgendes aber wird die Plage sein, mit der Jahwe alle die Völker schlagen wird, die gegen Jerusalem zu Felde zogen: Das Fleisch verfault ihnen, während sie noch auf ihren Füßen stehen; die Augen verfaulen ihnen in den Augenhöhlen, und ihre Zunge verfault ihnen im Munde.
၁၂ယေရုရှလင် မြို့ကို တိုက် လာသောလူမျိုး အပေါင်း တို့၌ ထာဝရဘုရား ပေးတော်မူသောဘေးဒဏ် ဟူမူကား ၊ ခြေ ဖြင့် ရပ် လျက်ပင်သူ တို့အသား လျော့ ပျက် လိမ့်မည်။ မျက်အိမ် ၌ မျက်လုံး လျော့ ပျက်လိမ့်မည်။ လျှာ သည်လည်း ခံတွင်း ၌ လျော့ ပျက်လိမ့်မည်။
13 Jenes Tags wird eine gewaltige Verwirrung von Jahwe aus über sie kommen, so daß sie einander bei der Hand ergreifen, und die Hand des einen sich wider die des andern erhebt.
၁၃ထို နေ့ရက် ၌ ထာဝရဘုရား ၏ တန်ခိုးတော် ကြောင့် သူ တို့သည် အလွန် ရုန်းရင်းခတ် မျှပြု ၍ ၊ တယောက် ကိုတယောက်လက် ချင်းရိုက် သော်လည်း ၊ တယောက် ကိုတယောက်တိုက် ၍ သတ်ကြလိမ့်မည်။
14 Auch Juda wird gegen Jerusalem kämpfen. Dann wird der Reichtum aller Völker ringsum gesammelt werden, Gold, Silber und Kleider in übergroßer Menge.
၁၄ယုဒ အမျိုးသားတို့လည်း ယေရုရှလင် မြို့၌ တိုက် ကြလိမ့်မည်။ ပတ်လည် ၌နေသောတပါးအမျိုးသား အပေါင်း တို့၏ဥစ္စာ စည်းစိမ်တည်းဟူသော ၊ များစွာ သော ရွှေ ငွေ အဝတ် တန်ဆာစုပုံ လျက်ရှိကြလိမ့်မည်။
15 Und ganz die gleiche Plage wird die Rosse, die Maultiere, die Kamele und Esel und überhaupt alles Vieh treffen, das sich in jenen Kriegslagern befinden wird.
၁၅မြင်း ၊ လား ၊ ကုလားအုပ် ၊ မြည်း မှစ၍ ရန်သူတပ် တွင် ရှိသမျှ သော တိရစ္ဆာန် တို့၌ပေးသော ဘေးဒဏ် သည်၊ အထက်ဆိုခဲ့ပြီးသော ဘေးဒဏ်နှင့် တူလိမ့်မည်။
16 Alle aber, welche aus allen den Nationen übrig bleiben, die gegen Jerusalem herangezogen waren, werden Jahr für Jahr hinaufziehen, um sich vor dem König Jahwe der Heerscharen niederzuwerfen und das Laubhüttenfest zu feiern.
၁၆ယေရုရှလင် မြို့ကို တိုက်လာ သောလူမျိုး အပေါင်း တို့တွင် ကျန်ကြွင်း သမျှ သောသူတို့ သည်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား တည်းဟူသောရှင်ဘုရင် ကို ကိုးကွယ် ၍ ၊ သကေနေ ပွဲ ခံ အံ့သောငှါ မြို့တော်သို့ နှစ် တိုင်းအစဉ်တက် လာကြလိမ့်မည်။
17 Aber wer aus den Geschlechtern der Erde nicht nach Jerusalem hinaufzieht, um sich vor dem König Jahwe der Heerscharen niederzuwerfen, auf dessen Land soll auch kein Regen fallen.
၁၇ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ဟူသော ရှင်ဘုရင် ကို ကိုးကွယ် အံ့သောငှါ ၊ မြို့ တော်သို့ တက် ၍ မ လာသောမြေကြီး သား အဆွေအမျိုး ရှိသမျှအပေါ် သို့ မိုဃ်း မ ရွာရ။
18 Und wenn das Geschlecht Ägyptens nicht hinaufzieht, um sich einzufinden, so wird sie die Plage treffen, mit der Jahwe die Nationen schlägt, die nicht zur Feier des Laubhüttenfestes hinaufziehen.
၁၈အဲဂုတ္တု ပြည်သား အဆွေအမျိုး သည် မ တက် မလာလျှင် ၊ မိုဃ်း မ ရွာဘဲနေ သဖြင့် ၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသောလူမျိုး တို့၌ ၊ ထာဝရဘုရား ပေး တော်မူသောဘေးဒဏ် သည် ထိုသူ တို့ကိုလည်း ထိလိမ့်မည်။
19 Das wird die Strafe Ägyptens sein, wie die Strafe aller Völker, die nicht zur Feier des Laubhüttenfestes hinaufziehen.
၁၉ဤ ရွေ့ကား၊ သကေနေ ပွဲ ကို ခံ အံ့သောငှါ တက် ၍ မ လာသော အဲဂုတ္တု အမျိုးသား၊ တပါးအမျိုးသား အပေါင်း တို့ ခံရ သောအပြစ် ပေတည်း။
20 Jenes Tags werden die Schellen der Rosse die Aufschrift tragen: “Jahwe geheiligt”! und die Kochtöpfe im Tempel Jahwes werden so groß sein wie die Opferbecken vor dem Altare.
၂၀ထို နေ့ရက်ကာလ တွင် ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု၊ မြင်း ၌ဆွဲသော ဆည်းလည်း အပေါ် မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား ၏အိမ် တော်၌ အိုး တို့သည် ယဇ် ပလ္လင်ရှေ့ မှာ ရှိသော ဖလား ကဲ့သို့ ဖြစ် ကြလိမ့်မည်။
21 Jeder Topf in Jerusalem und Juda wird Jahwe der Heerscharen geheiligt sein, und alle, die opfern wollen, werden kommen und welche von ihnen nehmen und in ihnen das Opferfleisch kochen, und jenes Tags wird es keine Krämer mehr im Tempel Jahwes der Heerscharen geben.
၂၁ထိုမျှမက ၊ ယေရုရှလင် မြို့မှစ၍ ယုဒ ပြည်၌ ရှိသမျှ သော အိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အား သန့်ရှင်း ကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်း တို့သည်လာ ၍ ၊ ထို အိုးတို့ကို ယူ ပြီးလျှင် ချက်ပြုတ် ကြလိမ့်မည်။ ထို နေ့ မှစ၍ နောက် တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏အိမ် တော်၌ ခါနနိ လူမ ရှိ ရ။

< Sacharja 14 >