< Psalm 96 >
1 Singt Jahwe ein neues Lied, singt Jahwe, alle Lande!
၁သီချင်းသစ်ကိုဆို၍ထာဝရဘုရား၏ ဂုဏ်တော်ကိုချီးကူးကြလော့။ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၊သီချင်းဆို၍ ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း ကြလော့။
2 Singt Jahwe, preist seinen Namen! Verkündet von einem Tage zum andern sein Heil!
၂သီချင်းဆို၍ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်အားထောမနာပြုကြလော့။ ကိုယ်တော်သည်ငါတို့အား ကယ်တော်မူကြောင်းသတင်းကောင်းကို နေ့စဉ်နေ့တိုင်းပြောကြားကြလော့။
3 Erzählt unter den Heiden seine Herrlichkeit, unter allen Völkern seine Wunder.
၃လူမျိုးတကာတို့အားကိုယ်တော်၏ ဘုန်းအသရေတော်ကိုလည်းကောင်း၊ လူအပေါင်းတို့အားကိုယ်တော်၏ အံ့သြဖွယ်ကောင်းသောအမှုတော်တို့ကို လည်းကောင်း ထုတ်ဖော်ကြေညာကြလော့။
4 Denn groß ist Jahwe und hoch zu loben; furchtbar ist er über alle Götter.
၄ထာဝရဘုရားသည်ကြီးမြတ်တော်မူသည် ဖြစ်၍ အလွန်ပင်ထောမနာပြုခြင်းကိုခံထိုက်တော် မူ၏။ ကိုယ်တော်သည်ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေခြင်းကိုခံထိုက်တော်မူ၏။
5 Denn alle Götter der Völker sind Götzen, aber Jahwe hat den Himmel geschaffen.
၅အခြားလူမျိုးအပေါင်းတို့၏ဘုရားများသည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကားမိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
6 Majestät und Hoheit sind vor seinem Angesicht, Stärke und Pracht in seinem Heiligtum.
၆ဘုန်းတော်နှင့်ဂုဏ်တော်သည်ကိုယ်တော်ကို ခြံရံလျက်ရှိ၏။ တန်ခိုးတော်နှင့်ဂုဏ်ကြက်သရေတော်သည် ဗိမာန်တော်၌တည်လျက်ရှိ၏။
7 Gebt Jahwe, ihr Völkergeschlechter, gebt Jahwe Herrlichkeit und Stärke!
၇ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့၊ထာဝရ ဘုရားကို ထောမနာပြုကြလော့။ ကိုယ်တော်၏ဘုန်းအသရေတော်နှင့်တန်ခိုး အာနုဘော်တော်ကိုထောမနာပြုကြလော့။
8 Gebt Jahwe die Herrlichkeit, die seinem Namen gebührt; bringt Gaben und kommt zu seinen Vorhöfen.
၈ထာဝရဘုရား၏ဘုန်းကြီးသောနာမတော်ကို ထောမနာပြုကြလော့။ ပူဇော်သကာကိုယူဆောင်၍ကိုယ်တော်၏ ဗိမာန်တော်ထဲသို့ဝင်ကြလော့။
9 Werft euch nieder vor Jahwe in heiligem Schmuck, erzittert vor ihm, alle Lande!
၉သန့်ရှင်းမြင့်မြတ်တော်မူသောအရှင်ကြွလာ တော်မူသောအခါဦးညွှတ်ပျပ်ဝပ်ကြလော့။ ကမ္ဘာမြေကြီးသားအပေါင်းတို့၊ကိုယ်တော်၏ ရှေ့တော်၌ကြောက်လန့်တုန်လှုပ်ကြလော့။
10 Sprecht unter den Heiden: Jahwe ward König! Auch hat er den Erdkreis gefestigt, daß er nicht wankt. Er richtet die Völker, wie es recht ist.
၁၀``ထာဝရဘုရားသည်ရှင်ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုခိုင်မြဲစွာ တည်စေတော်မူသည်ဖြစ်၍လှုပ်ရှား၍မရ နိုင်ရာ။ ကိုယ်တော်သည်လူအပေါင်းတို့ကိုဖြောင့်မှန်စွာ တရားစီရင်တော်မူလိမ့်မည်'' ဟူ၍ လူမျိုးတကာတို့အားပြောကြားကြလော့။
11 Es freue sich der Himmel und die Erde frohlocke; es brause das Meer und was es füllt.
၁၁အချင်းကုန်းမြေနှင့်ကောင်းကင်တို့၊ရွှင်လန်း ဝမ်းမြောက်ကြလော့။ အချင်းပင်လယ်နှင့်ပင်လယ်ထဲရှိ သတ္တဝါအပေါင်းတို့၊အသံကျယ်စွာ ကြွေးကြော်ကြလော့။
12 Es jauchze das Gefilde und alles, was darauf ist; alsdann werden jubeln alle Bäume des Waldes
၁၂အချင်းလယ်ပြင်နှင့်လယ်ပြင်တွင်ရှိသမျှ သော အရာတို့၊ရွှင်လန်းဝမ်းမြောက်ကြလော့။ တော၌ရှိသောသစ်ပင်တို့သည်ရွှင်လန်း ဝမ်းမြောက်စွာကြွေးကြော်ကြလိမ့်မည်။
13 vor Jahwe, denn er kommt, denn er kommt, die Erde zu richten und die Völker kraft seiner Treue.
၁၃အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုအုပ်စိုးရန် ကြွလာတော်မူပြီဖြစ်သောကြောင့်တည်း။ ကိုယ်တော်သည်ကမ္ဘာသူကမ္ဘာသားတို့အား တရားမျှတစွာအုပ်စိုးတော်မူလိမ့်မည်။