< Psalm 41 >

1 Dem Musikmeister. Ein Psalm Davids. Wohl dem, der auf den Geringen achtet; am Unglückstage wird ihn Jahwe erretten.
ဆင်းရဲသောသူကို အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ ခဲယဉ်းသောကာလ၌ ထိုသူကို ထာဝရ ဘုရား ကယ်နှုတ်တော်မူမည်။
2 Jahwe wird ihn behüten und am Leben erhalten; er wird beglückt werden im Lande, und der Wut seiner Feinde wirst du ihn nicht preisgeben.
ထာဝရဘုရားသည် စောင့်မ၍ အသက်ချမ်း သာပေးတော်မူသဖြင့်၊ ထိုသူသည် ပြည်တော်၌ ကောင်းကြီးမင်္ဂလာကို ခံရလိမ့်မည်။ ထိုသူကို ရန်သူတို့ အလိုသို့ ကိုယ်တော်သည် အပ်တော်မမူပါ။
3 Jahwe wird ihn auf dem Siechbette stützen; sein ganzes Lager wandelst du bei seiner Krankheit.
သူသည်နာဖျား၍ တုံးလုံးနေသောအခါ၊ ထာဝရ ဘုရားသည် ထောက်ပင့်တော်မူမည်။ နာ၍နေစဉ်ကာလ ကိုယ်တော်သည် သူ၏အိပ်ရာရှိသမျှကို လှန်ပြန်တော် မူမည်။
4 Ich sprach: Jahwe sei mir gnädig! heile meine Seele, denn ich habe gegen dich gesündigt.
ငါလျှောက်ဆိုရသည်ကား၊ အိုထာဝရဘုရား၊ အကျွန်ုပ်ကို သနားတော်ပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ပြစ်မှားမိသည်ဖြစ်၍၊ အကျွန်ုပ်၌ စိတ်ဝိညာဉ်၏ အနာကိုပျောက်စေတော်မူပါဟု လျှောက်ဆို၏။
5 Meine Feinde reden Schlimmes über mich: “Wann wird er sterben und sein Name verschwinden?”
ငါ့ရန်သူတို့က၊ သူသည်သေ၍ သူ၏နာမသည် အဘယ်ကာလမှ တိမ်မြှပ်လိမ့်မည်နည်းဟု ငါ့ကိုမနာလို၍ ဆိုတတ်ကြ၏။
6 Und kommt einer, mich zu besuchen, so redet er Falschheit; sein Herz sammelt Bosheit an: er geht hinaus, redet wider mich.
ငါ့ကို ကြည့်လာသောသူသည် မုသာစကားကို ပြောတတ်၏။ သူ၏နှလုံးသည်လည်း မကောင်းသော အကြံကို ဆည်းဖူးသည်နှင့်၊ ထွက်သွားသောအခါ ထုတ်ဘော်ပြောတတ်၏။
7 Alle, die mich hassen, flüstern zusammen über mich, ersinnen Unheil für mich.
ငါ့ကိုမုန်းသော သူအပေါင်းတို့သည် ငါ့ကို ရန်ဘက်ပြု၍၊ တယောက်နှင့်တယောက် တိုးတိုးပြော လျက်၊ ငါ၌မကောင်းသောအကြံကို ကြံစည်တတ်ကြ၏။
8 “Heilloses haftet ihm an, und wer sich einmal gelegt hat, der steht nicht wieder auf!”
သူ၌ အဓမ္မအမှုအရာစွဲကပ်သည်ဖြစ်၍၊ တခါလဲလျှင် နောက်တဖန်မထရဟု ဆိုကြ၏။
9 Auch der, mit dem ich in Frieden lebte, auf den ich vertraute, der mein Brot aß, hat die Ferse wider mich erhoben.
အကယ်စင်စစ်ငါယုံ၍၊ ငါ့မုန့်ကိုစားသော အဆွေခင်ပွန်းသည် ငါ့ကို ခြေနှင့်ကျောက်သတည်း။
10 Du aber, Jahwe, sei mir gnädig und richte mich wieder auf, damit ich ihnen vergelte!
၁၀အိုထာဝရဘုရား၊ သူတို့အပြစ်ကို အကျွန်ုပ် ဆပ်ပေးနိုင်မည်အကြောင်း၊ အကျွန်ုပ်ကို သနား၍ ထမြောက်စေတော်မူပါ။
11 Daran erkenne ich, daß du Wohlgefallen an mir hast, daß mein Feind nicht über mich jauchzen wird.
၁၁အကျွန်ုပ်၏ ရန်သူသည် အကျွန်ုပ်အား မနိုင် ကြောင်းကို ထောက်၍၊ ကိုယ်တော်သည် အကျွန်ုပ် မြတ်နိုးတော်မူသည်ဟု သိရပါ၏။
12 Infolge meiner Redlichkeit hieltest du mich aufrecht und stelltest mich immerdar vor dein Angesicht.
၁၂ကိုယ်တော်သည် အကျွန်ုပ်ကို အကျွန်ုပ်စုံလင် ခြင်းအရာ၌မစ၍၊ ကာလအစဉ်အဆက် ရှေ့တော်ထံမှာ နေရာပေးတော်မူလတံ့။
13 Gepriesen sei Jahwe, der Gott Israels, von Ewigkeit zu Ewigkeit. Amen, Amen.
၁၃ဣသရေလအမျိုး၏ဘုရားသခင်တည်းဟူ သော ထာဝရဘုရားသည် ကမ္ဘာအဆက်ဆက်မင်္ဂလာ ရှိတော်မူစေသတည်း။ အာမင်နှင့် အာမင်။

< Psalm 41 >