< Psalm 28 >

1 Von David. Zu dir, Jahwe, rufe ich; mein Fels, schweige mir nicht, daß ich nicht, wenn du schweigst, denen gleich werde, die in die Grube hinabgefahren.
အကျွန်ုပ် ၏ ကျောက် ဖြစ်တော်မူသောထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်အော်ဟစ် ပါ၏။ မ ထူးဘဲ နေတော်မ မူပါနှင့်။ မ ထူးဘဲနေတော်မူလျှင် ၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်း ထဲသို့ ဆင်း သောသူ ကဲ့သို့ ဖြစ်ရပါမည်။
2 Höre mein lautes Flehen, wenn ich zu dir schreie, wenn ich meine Hände zu deinem Allerheiligsten erhebe!
အကျွန်ုပ် သည် သန့်ရှင်း သောဗျာဒိတ် ဌာနတော်သို့ လက် ကိုချီ ၍၊ ကိုယ်တော် ကို အော်ဟစ် သောအခါ ၊ အကျွန်ုပ် တောင်း လျှောက်သော အသံ ကို နားထောင် တော်မူပါ။
3 Raffe mich nicht weg mit den Gottlosen und mit den Übelthätern, die mit ihren Nächsten freundlich reden, während sie Böses im Sinne haben.
အိမ်နီးချင်း ၏ အကျိုးကိုဖျက်ဆီး လို သော စိတ် နှလုံးရှိသည်နှင့် ၊ လောက ဝတ်စကားကို ပြော တတ် သောသူတည်းဟူသောဆိုးယုတ် သောအမှု၊ မတရား သောအမှုကို ပြု တတ်သောသူတို့နှင့်အတူ အကျွန်ုပ် ကို သွေးဆောင် တော်မ မူပါနှင့်။
4 Gieb ihnen nach ihrem Thun und nach der Bosheit ihrer Thaten: nach dem, was ihre Hände verübten, gieb ihnen; vergilt ihnen, was sie anderen angethan!
သူ တို့ကျင့် သောအကျင့် ဓလေ့ဆိုးယုတ် သည် နှင့်အညီ ၊ အကျိုး အပြစ်ကို ဆပ်ပေး တော်မူပါ။ သူ တို့ ပြုမူ သည် အတိုင်း ဆပ်ပေး ၍ ၊ အပြစ် နှင့် အလျောက် စီရင် တော်မူပါ။
5 Denn sie achten nicht auf die Thaten Jahwes und das Werk seiner Hände; er wird sie niederreißen und nicht wieder aufbauen.
သူ တို့သည် ထာဝရဘုရား ၏အမှုတော် ကို၎င်း၊ လက် တော်နှင့်ပြုပြင် တော်မူရာကို၎င်း မ မှတ် ကြသောကြောင့် ၊ တည်ဆောက် တော်မ မူ၊ ဖြိုဖျက် တော်မူမည်။
6 Gepriesen sei Jahwe, denn er hat mein lautes Flehen gehört!
ထာဝရဘုရား သည် မင်္ဂလာ ရှိတော်မူစေသတည်း။
7 Jahwe ist mein Schutz und mein Schild; auf ihn vertraute mein Herz und mir ward geholfen. So frohlockt denn mein Herz, und mit meinem Liede will ich ihm danken!
ငါ တောင်း လျှောက်သောအသံ ကို နားထောင် တော်မူပြီ။ ထာဝရဘုရား သည် ငါ ၏ခွန်အား ဗလ၊ ငါ ၏ အကွယ် အကာဖြစ်တော်မူ၏။ ငါ့ နှလုံး သည် ထို ဘုရားကို ကိုးစား ၍ ၊ ငါ့ကို စောင့်မ တော်မူသောကြောင့် ၊ ငါ့ နှလုံး သည်ရွှင်လန်း လျက်ရှိ၏။ သီချင်း ဆိုလျက် ဂုဏ်တော်ကို ငါချီးမွမ်း မည်။
8 Jahwe ist Schutz für sein Volk, er die rettende Schutzwehr für seinen Gesalbten.
ထာဝရဘုရား သည် မိမိ လူစု၏ ခွန်အား ဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ် ခံသောသူ ၏ ကယ်တင် ခြင်းအကြောင်းကို ခိုင်ခံ့ မြဲမြံစေတော်မူ၏။
9 Hilf deinem Volk und segne dein Eigentum und weide sie und trage sie bis in Ewigkeit!
ကိုယ်တော် ၏လူစု ကို ကယ်တင် ၍ ၊ အမွေ တော် ကို ကောင်းကြီး မင်္ဂလာပေးတော်မူပါ။ သူ တို့ကိုအုပ်ထိန်း ၍ ၊ ထာဝရ ချီးမြှောက် ခြင်းရှိစေတော်မူပါ။

< Psalm 28 >