< Hosea 13 >

1 Wenn Ephraim redete, herrschte Schrecken; es war Fürst in Israel. Aber es verschuldete sich durch Götzendienst und starb dahin.
ဧဖရိမ်သည် နှုတ်မြွက်သောအခါ သူတပါး ကြောက်လန့်တတ်၏။ သူသည် ဣသရေလအမျိုး၌ မြင့် မြတ်၏။ နောက်တဖန် ဗာလဘုရားအားဖြင့် ပြစ်မှား သောကြောင့် သေ၏။
2 Und gegenwärtig sündigen sie immer von Neuem: sie haben sich aus ihrem Silber Gußbilder gemacht nach dem Muster von Götzen - Arbeit von Künstlern ist das alles! Das ist's, was diese anreden! Opfernde Menschen küssen Stiere!
ယခုမှာ အထပ်ထပ်ပြစ်မှား၍ ကိုယ်ဥာဏ်ပညာ အားဖြင့် အရည်သွန်းသော ငွေရုပ်တု၊ ဆရာသမား လုပ်တတ်သော ရုပ်တုဆင်းတုများကို ကိုယ့်အဘို့ လုပ်ကြ ၏။ လုပ်ပြီးမှ ယဇ်ပူဇော်သောသူသည် နွားသငယ်ကို နမ်းစေဟု ဆိုတတ်ကြ၏။
3 Deshalb werden sie dem Morgengewölke gleich werden und wie der Tau, der früh wieder vergeht, wie Spreu, die von der Tenne verweht wird, und wie Rauch, der durch das Gitter abzieht.
ထိုကြောင့်၊ သူတို့သည် နံနက်မိုဃ်းတိမ်ကဲ့သို့၎င်း၊ စောစောကွယ်ပျောက်တတ်သော နှင်းကဲ့သို့၎င်း၊ ကောက်နယ်တလင်းမှ လေဘွေတိုက်သွားသော ဖွဲကဲ့သို့ ၎င်း၊ မီးဖိုထဲကထွက်သော မီးခိုးကဲ့သို့၎င်း ဖြစ်ရကြလိမ့် မည်။
4 Aber ich, Jahwe, bin doch dein Gott von Ägypten her - einen andern, der Gott wäre, kennst du nicht; einen andern, der Heiland wäre, giebt es nicht.
သို့ရာတွင်၊ ငါထာဝရဘုရားသည် သင့်ကို အဲဂုတ္တုပြည်မှ ကယ်နှုတ်သော သင်၏ဘုရားသခင် ဖြစ်၏။ ငါမှတပါး အခြားသော ဘုရားသခင်ကို သင်မသိ ပြီ။ ငါမှတပါး ကယ်တင်နိုင်သော သခင်မရှိ။
5 ich war es, der dir in der Steppe, im Lande der Dürre, Weide gab.
အလွန်သွေ့ခြောက်သော အရပ်တည်းဟူသော တော၌ပင် သင့်ကို ငါသိပြီ။ ကျက်စားရာအရပ်၌ ဝပြော စွာ စားရကြ၏။
6 Aber je mehr Weide sie hatten, desto mehr fraßen sie sich satt. Als sie sich satt gefressen hatten, wurden sie übermütig; so kam es, daß sie mich vergaßen.
ဝသောအခါ ဝါကြွားသော စိတ်ရှိ၍ ငါ့ကို မေ့ လျော့ကြ၏။
7 Daher erzeige ich mich gegen sie wie ein Löwe, laure ihnen am Wege auf wie ein Panther,
ထိုကြောင့်၊ သူတို့၌ ငါသည် ခြင်္သေ့ကဲ့သို့ ဖြစ် မည်။ လမ်းနားမှာ ချောင်းသော ကျားသစ်ကဲ့သို့ သူတို့ကို ချောင်းမြောင်းမည်။
8 überfalle sie wie eine der Jungen beraubte Bärin und zerreiße den Panzer ihres Herzens. Dort sollen Jungleuen sie verzehren, die wilden Tiere sie aufschlitzen.
သားပျောက်သော ဝံမကဲ့သို့ သူတို့ကို ငါဆီးကြို ၍၊ သူတို့နှလုံး၌ ဖုံးသော အမြှေးကို ဆုတ်ဖဲ့မည်။ ခြင်္သေ့ မင်းကဲ့သို့ တွေ့သောအရပ်၌ပင် ငါကိုက်စားမည်။ တော သားရဲဖြစ်၍ အပိုင်းပိုင်းဆွဲဖြတ်မည်။
9 Wenn ich dich verderbe, Israel, wer könnte dir da helfen?
အို ဣသရေလ၊ သင့်ကို ကယ်တင်နိုင်သော အရှင် ငါ့ကို သင်သည် ဆန့်ကျင်ဘက်ပြုသောကြောင့် အကျိုးနည်းရှိ၏။
10 Wo ist denn nun dein König, daß er dich rette, und alle deine Oberhäupter, daß sie dir Recht schaffen? von denen du sagtest: Man schaffe mir einen König und Oberhäupter!
၁၀သင်၏ ရှင်ဘုရင်သည် အဘယ်မှာ ရှိသနည်း။ သင့်နေရာမြို့ရှိသမျှတို့၌ ကယ်တင်ပါစေသော။ သင်၏ တရားသူကြီးတို့သည် အဘယ်မှာ ရှိကြသနည်း။
11 Ja, ich schaffe dir einen König in meinem Zorn und nehme ihn wieder in meinem Grimm!
၁၁ရှင်ဘုရင်နှင့် မင်းများကို ပေးပါဟု သင် တောင်းသောကြောင့်၊ ငါအမျက်ထွက်၍ ရှင်ဘုရင်ကို ပေးပြီ။ တဖန်ပြင်းစွာ အမျက်ထွက်၍ ရှင်ဘုရင်ကို ပယ် ရှားပြီ။
12 Ephraims Schuld ist sicher verschlossen, seine Sünde wohl verwahrt.
၁၂ဧဖရိမ်ပြုသော ဒုစရိုက်ကို ငါထုပ်ထား၍ သူ၏ အပြစ်ကို သိုမှီးပြီ။
13 Geburtswehen erfassen es; aber es gleicht einem unfügsamen Kinde. Denn wenn es Zeit ist, tritt es nicht in den Muttermund.
၁၃သူသည် သားဘွားသော မိန်းမကဲ့သို့ ဝေဒနာကို ခံရချိန်နီးပြီ။ မိုက်သောအမျိုးသားဖြစ်၏။ သားဘွားရာ ဝမ်းဝ၌ ကြာမြင့်စွာနေပါသည်တကား။
14 Sollte ich sie aus der Gewalt der Unterwelt befreien, sollte ich sie vom Tod erlösen? Wo sind deine Seuchen, o Tod? Wo sind deine Qualen, o Unterwelt? Meine Augen kennen kein Mitleid mehr! (Sheol h7585)
၁၄သူတို့ကို မရဏာနိုင်ငံတန်ခိုးမှ ငါကယ်လွှတ် မည်။ သေမင်းလက်မှလည်း ရွေးမည်။ အိုသေမင်း၊ သင့် ကို ကာလနာ စွဲစေမည်။ အိုမရဏာနိုင်ငံ၊ သင်၌ ဖျက်ဆီး သောဘေးကို ရောက်စေမည်။ နောင်တရမည်အကြောင်း ကို ပမာဏမပြု။ (Sheol h7585)
15 Denn mag Ephraim auch als Fruchtbaum unter den Bruderstämmen dastehen, es bricht ein Ostwind herein, ein Sturm Jahwes, aus der Steppe sich erhebend, daß seine Brunnen vertrocknen, und seine Quellen versiegen. Er selbst wird seinen Schatz aller kostbaren Kleinode berauben müssen.
၁၅မိမိညီအစ်ကိုတို့တွင် အသီးများစွာ သီးတတ် သော်လည်း၊ အရှေ့လေလာလိမ့်မည်။ ထာဝရဘုရား၏ လေသည် တောမှလာ၍ သူ၏စမ်းရေတွင်းကို ခန်းခြောက်စေသဖြင့် ရေပြတ်လိမ့်မည်။ ဘဏ္ဍာတိုက်၌ ရှိသ မျှသော တန်ဆာအကောင်းအမြတ်တို့ကို ရန်သူ လုယူ လိမ့်မည်။
16 Samaria muß es büßen, daß es gegen seinen Gott widerspenstig war; durch das Schwert sollen sie fallen, die zarten Kinder sollen zerschmettert, die Schwangeren aufgeschlitzt werden.
၁၆ရှမာရိမြို့သည် မိမိဘုရားသခင်ကို ပုန်ကန်သောကြောင့် ပျက်စီးလိမ့်မည်။ မြို့သားတို့သည် ထားဖြင့် လဲ၍ သေကြလိမ့်မည်။ သူငယ်တို့သည် မြေပေါ်မှာ ဆောင့်ဖွပ်ခြင်းကို၎င်း၊ ကိုယ်ဝန်ဆောင်သောမိန်းမတို့ သည် ဝမ်းခွဲခြင်းကို၎င်း ခံရကြလိမ့်မည်။

< Hosea 13 >