< 2 Mose 34 >

1 Da befahl Jahwe Mose: haue dir zwei Steintafeln zurecht, wie die früheren waren; dann will ich auf die Tafeln die Gebote schreiben, die auf den früheren Tafeln standen, welche du zerbrochen hast.
တဖန် ထာဝရဘုရား က၊ အရင် ကျောက်ပြားနှစ်ပြားနှင့်တူ အောင် ကျောက် ပြားနှစ် ပြားကို ခုတ် လော့။ သင်ချိုးဖဲ့ သော အရင် ကျောက် ပြား၌ စကား ပါ သည်အတိုင်း နောက်ကျောက် ပြားပေါ် မှာ ငါရေး ထားမည်။
2 Und sei bereit, morgen in aller Frühe auf den Berg Sinai hinaufzusteigen; dann erwarte mich dort auf der Spitze des Berges.
နက်ဖြန်နံနက် သင်သည် အသင့် နေလျက်၊ သိနာ တောင် ပေါ် သို့ တက် ၍ တောင် ထိပ် ၌ ငါ့ ရှေ့ မှာကိုယ်ကို ပြ လော့။
3 Es darf aber niemand mit dir hinaufsteigen. Ja es darf sich niemand im Bereiche des ganzen Berges blicken lassen; selbst Schafe und Rinder dürfen nirgends in der Nähe dieses Berges weiden.
သင် နှင့်အတူ အဘယ်သူမျှမ တက် ရ။ တောင် တပြင်လုံး ၌ လူ ကို မ ထင်ရှား စေနှင့်။ တောင် ခြေရင်း ၌ သိုး နွား တို့ကို ကျက်စား ရာမ ပြုစေနှင့်ဟု မောရှေ အား မိန့် တော်မူ၏။
4 Da hieb er zwei Steintafeln aus wie die früheren. Und Mose brach des anderen Tages früh auf und stieg auf den Berg Sinai, wie ihm Jahwe befohlen hatte, und nahm zwei Steintafeln mit sich.
ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ အရင် ကျောက် ပြားနှင့်တူ အောင် ကျောက်ပြားနှစ် ပြားကို ခုတ် ပြီးမှ ၊ မောရှေ သည် နံနက် စောစောထ ၍ ထိုကျောက် ပြားနှစ် ပြားကို ကိုင် လျက် ၊ သိနာ တောင် ပေါ် သို့ တက် လေ၏။
5 Da fuhr Jahwe in einer Wolke hernieder; er aber stellte sich dort neben ihn und rief den Namen Jahwes an.
ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ ၊ ထို အရပ်၌ မောရှေ အနား မှာရပ် လျက်၊ ထာဝရဘုရား ၏နာမ တော်ကို ကြွေးကြော် တော်မူ၏။
6 Da zog Jahwe an ihm vorüber, indem er rief: Jahwe, Jahwe ist ein barmherziger und gnädiger Gott, langsam zum Zorn und reich an Huld und Treue,
ထာဝရဘုရား သည် မောရှေ ရှေ့ ၌ ကြွ သွားတော်မူလျက် ၊ ထာဝရဘုရား ၊ ထာဝရဘုရား ၊ ချစ် သနားခြင်း မေတ္တာ ကရုဏာနှင့်ပြည့်စုံ၍ စိတ်ရှည် ခြင်း၊ ကျေးဇူး ပြုခြင်း၊ သစ္စာ စောင့်ခြင်းနှင့် ကြွယ်ဝ တော်မူထသော၊
7 der Huld bewahrt Tausenden, der Missethat, Übertretung und Sünde vergiebt, aber nicht ganz ungestraft läßt, sondern Väterschuld ahndet an den Kindern und an den Enkeln, am dritten und vierten Gliede.
အထောင် အသောင်းများသောသူတို့အား သနားခြင်းကျေးဇူး တရားကို စောင့် တော်မူထသော၊ အဓမ္မ ကျင့်ခြင်း၊ တရားတော်ကို လွန်ကျူး ခြင်း၊ ပြစ်မှားခြင်းအပြစ် တို့ကို ဖြေလွှတ် သော်လည်း ၊ အချည်းနှီးသက်သက်ဖြေလွှတ် တော်မ မူထသော၊ သားစဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထအဆက်တိုင်အောင်၊ အဘ တို့၏ အပြစ် ကိုသား တို့၌ ဆပ်ပေး စီရင်တော်မူသောဘုရား သခင်ဟု ကြွေးကြော် တော်မူ၏။
8 Da neigte sich Mose eilends bis auf den Boden, warf sich nieder
မောရှေ သည် အလျင်အမြန် ဦး ညွှတ်ချ၍ ကိုးကွယ် လျက် ၊
9 und sprach: O Herr, wenn ich irgend Gnade vor dir gefunden habe, so wolle doch mitten unter uns einherziehen! Das Volk ist ja halsstarrig; aber verzeihe uns unsere Missethaten und Sünden und mache uns zu deinem Eigentum!
အိုဘုရားရှင် ၊ အကျွန်ုပ်သည် ရှေ့ တော်၌ မျက်နှာ ရ လျှင် ၊ အကျွန်ုပ်အရှင် သည် အကျွန်ုပ် တို့နှင့်အတူ ကြွ တော်မူပါစေသော၊ အကျွန်ုပ်တောင်းပန် ပါ၏။ ဤ လူမျိုးသည် လည်ပင်း ခိုင်မာ သော အမျိုး ဖြစ်သော်လည်း ၊ အကျွန်ုပ် တို့ပြစ်မှားမိသော ဒုစရိုက် အပြစ် များကို လွှတ် ၍ အကျွန်ုပ် တို့ကို ကိုယ်တော်အမွေ ဥစ္စာဘို့ သိမ်းယူတော်မူပါဟုလျှောက် လျှင် ၊
10 Er antwortete: Wohlan, ich verordne feierlich im Beisein deines ganzen Volkes: Ich will Wunder thun, wie sie nicht verrichtet worden sind auf der ganzen Erde und unter allen Völkern, und das ganze Volk, inmitten dessen du dich befindest, soll das Thun Jahwes gewahren; denn staunenswert ist, was ich an dir thun werde!
၁၀ထာဝရဘုရားက၊ ကြည့်ရှု လော့။ ငါ ပဋိညာဉ် ပြု ၏။ မြေကြီး ပေါ်မှာ လူမျိုး ၌ မ ပြု စဖူးသော အံ့ဘွယ် သောအမှုတို့ကို သင် ၏လူမျိုး ရှေ့ မှာ ငါပြု မည်။ သင် တို့အဘို့ ငါ ထာဝရဘုရား ပြု ရသော အမှုသည် ကြောက်မက် ဘွယ်သောအမှု ဖြစ်ကြောင်း ကို သင် ပေါင်းဘော် သော လူ အပေါင်း တို့သည် မြင် ရကြလိမ့်မည်။
11 Beobachte, was ich dir heute gebiete. Ich will vor dir vertreiben die Amoriter, die Kanaaniter, die Hethiter, die Pheresiter, die Heviter und die Jebusiter.
၁၁ယနေ့ ငါ မှာ ထားသော စကားကို မှတ် လော့။ သင့် ရှေ့ မှာ အာမောရိ လူ၊ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဖေရဇိ လူ၊ ဟိဝိ လူ၊ ယေဗုသိ လူတို့ကို ငါ နှင်ထုတ် မည်။
12 Hüte dich davor, mit den Bewohnern des Landes, in welches du kommen wirst, ein Abkommen zu treffen; sie könnten euch sonst, wenn sie mitten unter euch wohnen, zum Fallstricke werden.
၁၂သင် သည် ယခုသွားသော ပြည်သူ ပြည်သားတို့နှင့် မိဿဟာယ ဖွဲ့ သဖြင့်၊ သင့် အလယ်၌ တိုက်မိ၍ လဲစရာ အကြောင်းမ ဖြစ် စေခြင်းငှာ ၊ ကိုယ်ကိုကိုယ်သတိ ပြုလော့။
13 Vielmehr sollt ihr ihre Altäre zerstören, ihre Malsteine zertrümmern und ihre heiligen Bäume umhauen.
၁၃သူ တို့ယဇ်ပလ္လင် များကို ဖျက်ဆီး ရမည်။ သူ တို့ရုပ်တု ဆင်းတုများကို ချိုးဖဲ့ ရမည်။ သူ တို့ အာရှရ ပင် များကို ခုတ် လှဲရမည်။
14 Aber du sollst dich vor keinem anderen Gotte niederwerfen. Denn Jahwe heißt eifersüchtig; ein eifersüchtiger Gott ist er.
၁၄အခြား သောဘုရား ကို သင်သည် မ ကိုးကွယ် ရ။ အပြစ် ရှိယုံလွယ်အမည် ရှိသောထာဝရဘုရား သည် အပြစ်ရှိသည်ဟု ယုံ လွယ်သော ဘုရား သခင်ဖြစ်တော်မူ၏။
15 Wenn du ein Abkommen mit den Bewohnern des Landes triffst, und sie mit ihren Göttern Abgötterei treiben und ihren Göttern Opfer bringen und dich dazu einladen, so lauft ihr Gefahr, von ihrer Opfergabe zu essen.
၁၅သင်သည် ထိုပြည်သူ ပြည်သားတို့နှင့် မိဿ ဟာယဖွဲ့ သဖြင့်၊ သူတို့သည် မိမိ တို့ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ ၊ ထိုဘုရား တို့အား ယဇ် ပူဇော်သောအခါ၊ သင့် ကို ခေါ် ၍ သင်သည် ထိုယဇ် ကောင်ကို စား မည်ဟူ၍၎င်း၊
16 Auch würdet ihr ihre Töchter für eure Söhne freien; wenn dann ihre Töchter ihren Göttern dienend Abgötterei trieben, so würden sie auch deine Söhne zu der gleichen Abgötterei verführen.
၁၆သင်သည် သူ တို့ သမီး များကိုယူ ၍၊ ကိုယ် သား တို့နှင့် ထိမ်းမြားပေးစားသဖြင့်၊ ထိုသမီး တို့သည် မိမိ တို့ ဘုရား နှင့် မှားယွင်း ခြင်းကို ပြု၍ သင် ၏သား တို့ကို ထိုဘုရား တို့နှင့် မှားယွင်း စေမည်ဟူ၍၎င်း စိုးရိမ်စရာ ရှိ၏။
17 Du sollst dir nicht ein gegossenes Gottesbild machen.
၁၇သင်သည် ကိုယ် အဘို့ သွန်း သော ဘုရား တို့ကို မ လုပ် ရ။
18 Das Fest der ungesäuerten Brote sollst du halten; sieben Tage hindurch sollst du ungesäuerte Brote essen, wie ich dir befohlen habe, zur Zeit des Monats Abib; denn im Monat Abib bist du aus Ägypten weggezoggen.
၁၈သင်သည် အဗိဗ လ ၌ အဲဂုတ္တု ပြည်မှ ထွက် သောကြောင့် ၊ ငါပညတ် သည်အတိုင်း ၊ အဗိဗ လ တွင် ခုနစ် ရက် ပတ်လုံးတဆေး မဲ့မုန့်ကို စား ၍ အဇုမ ပွဲကို ခံ ရမည်။
19 Alle Erstgeburt gehört mir; ebenso all' dein Vieh, soweit es männlich ist, - der erste Wurf von Rindern und Schafen.
၁၉သားဦး အပေါင်း တို့သည် ငါ့ ဥစ္စာဖြစ်ကြ၏။ သင် ၏တိရစ္ဆာန် တို့တွင်လည်း ၊ နွား ဖြစ်စေ ၊ သိုး ဖြစ်စေ၊ သားဦး အပေါင်း တို့သည် ငါ့ဥစ္စာဖြစ်ကြ၏။ သို့ရာတွင် ၊ မြည်း သားဦး ကို သိုး သငယ်နှင့် ရွေး ယူရမည်။
20 Den ersten Wurf eines Esels aber sollst du mit einem Schaf auslösen und wenn du ihn nicht auslösen willst, so mußt du ihm das Genick brechen. Alle Erstgeburt unter deinen Söhnen sollst du auslösen; und vor mir soll man nicht mit leeren Händen erscheinen.
၂၀မ ရွေး လိုလျှင် ၊ မြည်း သငယ်၏လည်ပင်းကို ချိုး ရမည်။ သင် ၏သားဦး အပေါင်း တို့ကို ရွေး ရမည်။ ငါ့ ထံသို့ အဘယ်သူမျှလက်ချည်း မ ပေါ် မလာရ။
21 Sechs Tage hindurch magst du arbeiten, aber am siebenten Tage sollst du ruhen; selbst während der Zeit des Pflügens und Erntens sollst du ruhen.
၂၁ခြောက် ရက် ပတ်လုံးအလုပ်လုပ် ရမည်။ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေရမည်။ လယ် လုပ်ရာ ကာလ၊ အသီးအနှံ သိမ်းရာကာလဖြစ်သော်လည်း၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ် စွာ နေရမည်။
22 Und das Wochenfest sollst du halten, das Fest der Erstlinge der Weizenernte und das Fest des Einherbstens bei der Wende des Jahres.
၂၂ဂျုံ စပါးကို သိမ်း စရှိသည်ကာလခုနစ်သိတင်း ပွဲ ကို၎င်း၊ နှစ် လဲ သောအခါ သိုထား ပွဲ ကို၎င်း ခံ ရမည်။
23 Dreimal im Jahre soll alles, was männlich unter euch ist, vor dem Herrn, Jahwe, dem Gott Israels erscheinen.
၂၃သင် တို့အမျိုးသား ယောက်ျားအပေါင်း တို့သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်တည်းဟူသောထာဝရ အရှင်ဘုရား သခင့် ရှေ့ တော်၌ တနှစ် လျှင် သုံး ကြိမ် မျက်နှာပြ ရကြမည်။
24 Denn ich will dir zuliebe Völker ihres Besitzes berauben und deinem Gebiete eine weite Ausdehnung geben; aber niemand soll sich gelüsten lassen nach deinem Lande, während du hinziehst, um vor Jahwe, deinem Gotte, zu erscheinen, dreimal im Jahre.
၂၄တပါးအမျိုးသား များကို သင် တို့ရှေ့ က ငါနှင်ထုတ် ၍ ၊ သင် တို့နေရာနယ် ကို ငါ ကျယ် စေမည်။ သင် ၏ ဘုရား သခင်ထာဝရဘုရား ရှေ့ တော်၌ တနှစ် တွင် သုံး ကြိမ် မျက်နှာပြ သွား သောအခါ ၊ သင် ၏မြေ ကို အဘယ်သူ မျှမ တပ်မက် ရ။
25 Du sollst das Blut meiner Opfer nicht zu gesäuertem Brote schlachten, und das Opferfleich des Passahfestes soll nicht bis zum andern Morgen aufbehalten werden.
၂၅ငါ့ ယဇ်ကောင် အသွေး ကို တဆေး နှင့် ရော၍ မ ပူဇော် ရ။ ပသခါ ပွဲ ယဇ်ကောင် ကို၊ နံနက် တိုင်အောင် မ ကြွင်း စေရ။
26 Die Erstlinge von den ersten Früchten deines Bodens sollst du zum Hause Jahwes, deines Gottes, bringen. Du sollst ein Böckchen nicht in der Milch seiner Mutter kochen.
၂၆သင် ၏မြေ ၌ အဦး သီးသော အသီးအနှံအကောင်းဆုံး ကို သင် ၏ ဘုရား သခင်ထာဝရဘုရား ၏ အိမ် တော်ထဲသို့ ဆောင် သွင်းရမည်။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
27 Und Jahwe befahl Mose: Schreibe dir diese Gebote auf; denn auf Grund dieser Gebote schließe ich mit dir und mit Israel einen Bund.
၂၇ဤ စကား များကို ရေး ထားလော့။ ဤ စကား များလာသည် အတိုင်း သင် မှစ၍ ဣသရေလ အမျိုးနှင့် ငါပဋိညာဉ် ပြု သည်ဟု မောရှေ အား မိန့် တော်မူ၏။
28 Er verweilte aber dort bei Jahwe vierzig Tage und vierzig Nächte, ohne Speise und Trank zu sich zu nehmen. Da schrieb er die Bundesgebote, die zehn Gebote, auf die Tafeln.
၂၈ထို အရပ်မှာ မောရှေသည် အစာ ကို မ စား ၊ ရေ ကို မ သောက် ဘဲ ၊ အရက် လေးဆယ် ပတ်လုံးထာဝရဘုရား အထံတော်၌ နေ လေ၏။ ကျောက် ပြားပေါ် မှာ ပဋိညာဉ် စကား ၊ ပညတ် တော်ဆယ် ပါးကို ရေး ထားတော်မူ ၏။
29 Als aber Mose vom Berge Sinai herabstieg mit den beiden Gesetztafeln in der Hand, - als er vom Berge herabstieg, wußte Mose nicht, daß die Haut seines Antlitzes glänzend geworden war infolge seiner Unterredung mit ihm.
၂၉မောရှေ သည် သက်သေခံ ချက် ကျောက် ပြားနှစ် ပြားကို ကိုင် လျက်၊ သိနာ တောင် ပေါ်မှ ဆင်းသက် သောအခါ ၊ မိမိ နှင့် ဘုရား သခင်နှုတ်ဆက် တော်မူသောကြောင့် ၊ မိမိ မျက်နှာ အရေ ထွန်းပ ကြောင်း ကို မိမိမ သိ။
30 Als nun Aaron und alle Israeliten an Mose wahrnahmen, daß die Haut seines Antlitzes glänzte, fürchteten sie sich, ihm nahe zu kommen.
၃၀အာရုန် နှင့် ဣသရေလ အမျိုးသား အပေါင်း တို့သည်၊ မောရှေ ကို မြင် သောအခါ ၊ သူ ၏မျက်နှာ အရေ ထွန်းပ သောကြောင့် ၊ သူတို့သည် မချဉ်း မ ကပ်ဝံ့ကြ။
31 Mose aber rief ihnen zu; da wandten sie sich ihm wieder zu, sowohl Aaron, als alle Fürsten in der Gemeinde. Und Mose redete mit ihnen.
၃၁မောရှေ သည် သူ တို့ကို ခေါ် ၍ ၊ အာရုန် နှင့် ပရိသတ် သူကြီး တို့သည် ချဉ်းကပ် ကြလျှင် ၊ မောရှေ သည် နှုတ်ဆက် လေ၏။
32 Darnach traten alle übrigen Israeliten heran. Da trug er ihnen alle Gebote vor, welche ihm Jahwe auf dem Berge Sinai anbefohlen hatte.
၃၂ထိုနောက် ဣသရေလ အမျိုးသား အပေါင်း တို့သည် ချဉ်းကပ် ကြလျှင် ၊ သိနာ တောင် ပေါ် မှာ ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို သူ တို့အား ဆင့်ဆို လေ၏။
33 Als aber Mose seine Unterredung mit ihnen beendigt hatte, legte er eine Hülle auf sein Antlitz.
၃၃မောရှေ သည် သူ တို့အား ဟောပြော ၍ မပြီး မှီ မိမိ မျက်နှာ ကို ဖုံးအုပ်လေ၏။
34 Jedesmal wenn Mose vor Jahwe trat, um mit ihm zu reden, entfernte er die Hülle, bis er wieder herauskam. Und jedesmal wenn er herauskam, richtete er den Israeliten aus, was ihm aufgetragen worden war.
၃၄ထာဝရဘုရား ရှေ့ တော်သို့ ဝင် ၍လျှောက်သောအခါ ၊ မ ထွက် မှီတိုင်အောင်မျက်နှာဖုံး ကို ချွတ် ထား၏။ တဖန် ထွက် ၍ အမိန့် တော်ကို ဣသရေလ အမျိုးသားတို့အား ဆင့်ဆို ၏။
35 Da sahen dann jedesmal die Israeliten, daß die Haut des Antlitzes Moses glänzte. Dann legte Mose die Hülle wieder auf sein Antlitz, bis er hineinging, mit ihm zu reden.
၃၅သူ ၏မျက်နှာ အရေ ထွန်းပ ကြောင်း ကို ဣသရေလ အမျိုးသား တို့သည် မြင် ကြလျှင် ၊ တဖန် အထဲသို့ ဝင်၍ မ လျှောက် မှီတိုင်အောင်မိမိ မျက်နှာ ကို ဖုံးအုပ် ပြန်၏။

< 2 Mose 34 >