< Apostelgeschichte 24 >

1 Fünf Tage darauf gieng der Hohepriester Ananias hinab mit einigen Aeltesten und einem Sprecher Tertyllus, und sie machten dem Statthalter ihre Angaben gegen Paulus.
နောက်​ငါး​ရက်​ကြာ​သော​အ​ခါ​ယဇ်​ပု​ရော​ဟိတ် မင်း​အာ​န​နိ​သည် ဘာ​သာ​ရေး​ခေါင်း​ဆောင်​အ​ချို့ တို့​လိုက်​ပါ​လျက် တေ​ရ​တု​လု​နာ​မည်​ရှိ​သော ရှေ့​နေ​နှင့်​အ​တူ​ကဲ​သ​ရိ​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​သူ​တို့​သည်​ဘု​ရင်​ခံ​ဖေ​လဇ်​၏​ရှေ့​တော်​သို့ ဝင်​၍​ပေါ​လု​အ​ကြောင်း​နှင့်​ပတ်​သက်​၍​စွဲ​ချက် တင်​ကြ​၏။-
2 Nachdem er aber herbeigeholt war, begann Tertyllus die Anklage gegen ihn vorzutragen: Tiefen Frieden genießen wir durch dich, und durch deine Umsicht sind diesem Volke Verbesserungen zu teil geworden;
ဘု​ရင်​ခံ​မင်း​သည်​ပေါ​လု​ကို​ရှေ့​တော်​သို့​ခေါ် ယူ​ပြီး​သော​အ​ခါ ရှေ့​နေ​တေ​ရ​တု​လု​က ``အ​ရှင် ဖေ​လဇ်​မင်း၊ အ​ရှင်​၏​အ​မြော်​အ​မြင်​ကြီး​မှု ကြောင့် အ​ကျွန်ုပ်​တို့​သည်​အ​လွန်​အေး​ချမ်း​သာ ယာ​စွာ​နေ​ထိုင်​နိုင်​ကြ​ပါ​၏။ အ​ရှင်​သည် အ​ကျွန်ုပ်​တို့​၏​တိုင်း​ပြည်​အ​ကျိုး​အ​တွက် လို​အပ်​သော​အ​သစ်​ပြု​ပြင်​ပြောင်း​လဲ​မှု များ​ကို​ပြု​လုပ်​ပေး​လျက်​ရှိ​ပါ​၏။-
3 das nehmen wir allerseits und überall mit großer Dankbarkeit hin, hochgeehrter Felix.
ဤ​ဆောင်​ရွက်​ချက်​များ​ကို​အ​ကျွန်ုပ်​တို့​သည် အ​ရပ်​တ​ကာ​တွင် အ​ခါ​ခပ်​သိမ်း​အ​ထူး ကျေး​ဇူး​တင်​စွာ​ဖြင့်​ကြို​ဆို​ကြ​ပါ​၏။-
4 Doch, um dich nicht weiter zu belästigen, ersuche ich dich, uns in Kürze nach deiner Geneigtheit anzuhören.
အ​ကျွန်ုပ်​သည်​အ​ရှင်​၏​အ​ချိန်​ကို​များ​စွာ မ​ယူ​လို​ပါ။ သို့​ဖြစ်​၍​အ​ကျဉ်း​ချုပ်​အား​ဖြင့် အ​ကျွန်ုပ်​တို့​လျှောက်​လဲ​သည်​ကို​နား​ထောင် ပါ​ရန်​ပန်​ကြား​ပါ​၏။-
5 Diesen Mann also haben wir kennen gelernt als Verderber und Unruhestifter unter allen Juden auf dem Erdkreis, und Anführer der Nazoräer-Sekte,
ဤ​သူ​သည်​အ​နှောင့်​အ​ယှက်​အ​လွန်​ပေး​တတ် သူ၊ တိုင်း​ပြည်​အ​တွက်​အန္တ​ရာယ်​ရှိ​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​တို့​တွေ့​ရှိ​ရ​ပါ​သည်။ သူ​သည်​ကမ္ဘာ အ​ရပ်​ရပ်​ရှိ​ယု​ဒ​အ​မျိုး​သား​အ​ပေါင်း​တို့ ကို ရုန်း​ရင်း​ဆန်​ခတ်​ဖြစ်​အောင်​လှုံ့​ဆော်​ပေး ပါ​၏။ နာ​ဇ​ရက်​ဂိုဏ်း​သား​တို့​၏​ခေါင်း​ဆောင် တစ်​ယောက်​ဖြစ်​ပါ​၏။-
6 der nun auch versucht hat, den Tempel zu entweihen. So haben wir ihn festgenommen,
ဗိ​မာန်​တော်​ကို​လည်း​ညစ်​ညမ်း​စေ​ရန်​ကြိုး​စား အား​ထုတ်​သ​ဖြင့် သူ့​အား​အ​ကျွန်ုပ်​တို့​ဖမ်း​ဆီး ခဲ့​ကြ​ပါ​၏။ (သူ့​အား​အ​ကျွန်ုပ်​တို့​သည်​ပ​ညတ် တ​ရား​အ​ရ​စစ်​ဆေး​စီ​ရင်​ရန်​အ​လို​ရှိ​သော် လည်း၊-
7 und wir wollten ihn nach unserem Gesetz richten. Aber der Oberst Lysias kam herunter und nahm ihn uns mit Gewalt, und befahl seinen Anklägern zu dir zu kommen,
တပ်​မှူး​လု​သိ​သည်​လာ​၍​အ​ကျွန်ုပ်​တို့​လက် မှ​အ​တင်း​အ​ဋ္ဌမ္မ​ခေါ်​ယူ​သွား​ပါ​၏။-
8 und du magst nun selbst ihn verhören, und dich über das alles vergewissern, wessen wir ihn verklagen.
သူ့​အား​ပြစ်​တင်​ပြော​ဆို​သူ​တို့​ကို​လည်း​အ​ရှင် ၏​ထံ​သို့​လာ​ကြ​ရန်​အ​မိန့်​ပေး​ခဲ့​ပါ​၏။) အ​ရှင်​ကိုယ်​တိုင်​သူ့​အား​စစ်​ဆေး​မေး​မြန်း​ကြည့် ပါ​လျှင်​သူ့​အား​အ​ကျွန်ုပ်​တို့​စွပ်​စွဲ​သည့်​အ​ချက် အား​လုံး​ကို​ကြား​သိ​ရ​ပါ​လိမ့်​မည်'' ဟု​လျှောက်​၏။-
9 Es schloßen sich aber auch die Juden an und bestätigten seine Angaben.
ယု​ဒ​အ​မျိုး​သား​တို့​က​လည်း ``ဤ​စ​ကား​များ သည်​ဟုတ်​မှန်​ပါ​၏'' ဟု​ဆို​ကာ​ပေါ​လု​ကို​ဝိုင်း ၍​စွပ်​စွဲ​ပြော​ဆို​ကြ​လေ​သည်။
10 Auf den Wink des Statthalters, zu reden, nahm auch Paulus das Wort: da ich dich als vieljährigen Richter bei diesem Volke kenne, verteidige ich gutes Muts meine Sache.
၁၀ဘု​ရင်​ခံ​မင်း​သည်​လက်​ရိပ်​ပြ​၍​ပေါ​လု​အား တင်​လျှောက်​ခွင့်​ပြု​သော​အ​ခါ​ပေါ​လု​က၊ ``အ​ရှင်​သည်​ဤ​လူ​မျိုး​အ​ပေါ်​၌​နှစ်​ပေါင်း များ​စွာ တ​ရား​စီ​ရင်​လျက်​နေ​ခဲ့​သူ​ဖြစ်​ကြောင်း အ​ကျွန်ုပ်​သိ​ပါ​၏။ ထို့​ကြောင့်​အ​ကျွန်ုပ်​မှာ​အ​ပြစ် မ​ရှိ​ကြောင်း​ကို အ​ရှင်​အား​လျှောက်​လဲ​ရ​သည့် အ​တွက်​ဝမ်း​မြောက်​ပါ​၏။-
11 Wie du dich vergewissern magst, sind es erst zwölf Tage, daß ich nach Jerusalem hinaufkam, um anzubeten.
၁၁အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ဘု​ရား သ​ခင်​ကို ဝတ်​ပြု​ကိုး​ကွယ်​ရန်​သွား​ရောက်​ခဲ့ သည်​မှာ​တစ်​ဆယ့်​နှစ်​ရက်​မျှ​သာ​ရှိ​ပါ​သေး သည်။ ဤ​အ​ချက်​များ​ကို​အ​ရှင်​စုံ​စမ်း​သိ ရှိ​နိုင်​ပါ​၏။-
12 Und weder hat man mich im Tempel betroffen, daß ich zu jemand geredet oder einen Volksauflauf gemacht hätte, noch in den Synagogen, noch in der Stadt.
၁၂ဗိ​မာန်​တော်​တွင်​ဖြစ်​စေ၊ တ​ရား​ဇ​ရပ်​များ တွင်​ဖြစ်​စေ၊ မြို့​ထဲ​တွင်​ဖြစ်​စေ​လူ​တို့​ဆူ​ပူ လှုပ်​ရှား​အောင် အ​ကျွန်ုပ်​လှုံ့​ဆော်​ပေး​သည် ကို​ယု​ဒ​အ​မျိုး​သား​တို့​မ​တွေ့​မ​ရှိ​ခဲ့ ကြ​ပါ။-
13 Auch nichts können sie dir beweisen von den Anklagen, die sie jetzt gegen mich vorbringen.
၁၃ယ​ခု​အ​ကျွန်ုပ်​အား​စွပ်​စွဲ​ပြော​ဆို​ကြ​သည့် အ​ချက်​များ​ကို သူ​တို့​သည်​သက်​သေ​မ​ပြ နိုင်​ကြ​ပါ။-
14 Ich bekenne dir aber dies, daß ich nach der Lehre, die sie eine Sekte nennen, so meinem angestammten Gott diene, indem ich alles glaube, was im Gesetz und in den Propheten geschrieben ist,
၁၄သို့​သော်​လည်း​ထို​သူ​တို့​က​လွဲ​မှား​သည်​ဟု ယူ​ဆ​သည့်​လမ်း​စဉ်​တော်​အ​ရ အ​ကျွန်ုပ်​သည် ဘိုး​ဘေး​များ​၏​ဘု​ရား​သ​ခင်​ကို​ကိုး​ကွယ် ကြောင်း​ကို​မူ​အ​ရှင်​အား​ဝန်​ခံ​ပါ​၏။ သို့​ရာ တွင်​အ​ကျွန်ုပ်​သည်​မော​ရှေ​၏​ပ​ညတ်​ကျမ်း နှင့်​ပ​ရော​ဖက်​ကျမ်း​များ​တွင်​ဖော်​ပြ​ပါ​ရှိ သ​မျှ​သော​အ​ရာ​တို့​ကို​ယုံ​ကြည်​ပါ​သည်။-
15 und die Hoffnung zu Gott habe, welche auch diese selbst annehmen, daß eine Auferstehung der Gerechten und Ungerechten kommen werde.
၁၅အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ကို​အား​ကိုး မျှော်​လင့်​သူ​ဖြစ်​၍ လူ​ဆိုး​လူ​ကောင်း​မ​ရွေး လူ​ခပ်​သိမ်း​တို့​သည် သေ​ခြင်း​မှ​ရှင်​ပြန် ထ​မြောက်​ကြ​လိမ့်​မည်​ဟု​မျှော်​လင့်​ပါ​၏။-
16 Darum bemühe ich mich auch ein unverletztes Gewissen zu haben gegenüber von Gott und den Menschen in allewege.
၁၆သို့​ဖြစ်​၍​အ​ကျွန်ုပ်​သည်​ဘု​ရား​သ​ခင်​ရှေ့​လူ တို့​ရှေ့​တွင် မိ​မိ​၏​သြတ္တပ္ပ​စိတ်​ကြည်​လင်​မှု​ရှိ စေ​ရန်​အ​စဉ်​အ​မြဲ​အ​စွမ်း​ကုန်​ကြိုး​စား အား​ထုတ်​ပါ​၏။
17 Ich kam aber nach mehreren Jahren mit Almosen für mein Volk und Opfergaben;
၁၇``အ​ကျွန်ုပ်​သည်​ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​ခွာ ၍​နှစ်​ပေါင်း​များ​စွာ​ကြာ​ပြီး​နောက် မိ​မိ​၏ အ​မျိုး​သား​ချင်း​များ​အ​တွက်​အ​လှူ​ငွေ ယူ​ဆောင်​လာ​ရန်​အ​တွက်​လည်း​ကောင်း၊ ဘု​ရား သ​ခင်​အား​ပူ​ဇော်​သ​ကာ​ဆက်​သ​ရန်​အ​တွက် လည်း​ကောင်း​ပြန်​လည်​ရောက်​ရှိ​လာ​ပါ​၏။-
18 dabei haben sie mich gefunden als einen der sich der Reinigung unterworfen, im Tempel, nicht mit einer Volksmenge noch im Tumult.
၁၈ဗိ​မာန်​တော်​ထဲ​တွင်​အ​ကျွန်ုပ်​သည်​သန့်​စင် ခြင်း​မင်္ဂ​လာ​ကို​ပြု​ပြီး​နောက်​ပူ​ဇော်​သကာ ဆက်​သ​နေ​ချိန်​၌ ထို​သူ​တို့​သည်​အ​ကျွန်ုပ် ကို​တွေ့​မြင်​ကြ​ပါ​၏။ ထို​အ​ခါ​လူ​ပ​ရိ သတ်​များ​မ​ရှိ​ပါ။ ရုန်း​ရင်း​ဆန်​ခတ်​လည်း မ​ဖြစ်​ပါ။-
19 Einige Juden aber aus Asia, die müßten hier stehen und klagen, wenn sie etwas gegen mich wüßten,
၁၉သို့​ရာ​တွင်​ထို​နေ​ရာ​တွင်​အာ​ရှ​နယ်​မှ​လာ သော​ယု​ဒ​အ​မျိုး​သား​အ​ချို့​ရှိ​ပါ​၏။ အ​ကျွန်ုပ် အား​စွပ်​စွဲ​ပြော​ဆို​စ​ရာ​ရှိ​လျှင်​သူ​တို့​ကိုယ် တိုင်​ဤ​အ​ရပ်​သို့​လာ​၍၊-
20 oder sollen diese selbst sagen, was sie für ein Vergehen herausgebracht, da ich vor dem Synedrium stand,
၂၀အ​ကျွန်ုပ်​ကူး​လွန်​သော​အ​ပြစ်​ကို​အ​ရှင့်​ထံ တွင်​ဖော်​ပြ​စွပ်​စွဲ​သင့်​ပါ​၏။-
21 als etwa wegen des einen Wortes, das ich vor ihnen ausrief: um der Auferstehung der Toten willen muß ich heute bei euch zu Gericht stehen.
၂၁ထို​သို့​မ​ဟုတ်​လျှင်​လည်း​အ​ကျွန်ုပ်​သည် တ​ရား​လွှတ်​တော်​အ​ဖွဲ့​ရှေ့​တွင် ချေ​ပ​လျှောက် လဲ​နေ​စဉ်​အ​ခါ​က `အ​ကျွန်ုပ်​သည်​သူ​သေ တို့​ရှင်​ပြန်​ထ​မြောက်​ကြ​လိမ့်​မည်​ကို​မျှော် လင့်​သူ​ဖြစ်​သ​ဖြင့် ယ​နေ့​သင်​တို့​ရှေ့​တွင် အ​စစ်​အ​ဆေး​ခံ​နေ​ရ​ပါ​၏' ဟူ​၍​ကြွေး ကြော်​ခဲ့​သည့်​စ​ကား​ရပ်​မှ​တစ်​ပါး​အ​ခြား အ​ဘယ်​ပြစ်​မှု​ရှိ​ကြောင်း​ဤ​သူ​တို့​ဖော်​ပြ ကြ​ပါ​စေ'' ဟု​လျှောက်​လေ​၏။
22 Felix aber vertagte ihre Sache, da er recht gut wußte, um was es sich bei der Lehre handle, und sprach: wenn der Oberst Lysias herunterkommt, will ich mich über eure Angelegenheit erkundigen,
၂၂ဖေ​လဇ်​သည်​လမ်း​စဉ်​တော်​အ​ကြောင်း​ကို ကောင်း​စွာ​သိ​ရှိ​ထား​သူ​ဖြစ်​သ​ဖြင့် အ​မှု စစ်​ဆေး​ကြား​နာ​မှု​ကို​ထို​အ​ချိန်​၌​ရပ် နား​လိုက်​၏။ သူ​က ``တပ်​မှူး​လု​သိ ရောက်​ရှိ​လာ​သော​အ​ခါ​မှ​သင်​တို့​အ​မှု ကို​ငါ​စီ​ရင်​ချက်​ချ​မှတ်​မည်'' ဟု​ဆို​၏။-
23 und wies den Hauptmann an, daß er in Gewahrsam gehalten werde, doch in leichter Haft, und niemand von den Seinigen an Dienstleistungen gegen ihn verhindert werden solle.
၂၃ပေါ​လု​ကို​အ​စောင့်​အ​ကြပ်​နှင့်​အ​ကျယ်​ချုပ် ထား​ကာ သူ​၏​မိတ်​ဆွေ​သင်္ဂ​ဟ​များ​လာ​ရောက် ပြု​စု​သည်​ကို​ခွင့်​ပြု​ရန်​တပ်​ခွဲ​မှူး​အား​အ​မိန့် ပေး​၏။
24 Einige Tage nachher aber erschien Felix mit seiner Frau Drusilla, einer Jüdin, und beschied den Paulus und hörte ihn über den Glauben an Christus Jesus.
၂၄ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖေ​လဇ်​သည် မိ​မိ​၏​ဇ​နီး​ဒြု​သိ​လေ​နှင့်​အ​တူ​လာ​ရောက်​၏။ ဒြု​သိ​လေ​ကား​ယု​ဒ​အ​မျိုး​သ​မီး​ဖြစ်​၏။ ဖေ​လဇ် သည်​ပေါ​လု​ကို​အ​ခေါ်​ခိုင်း​ပြီး​လျှင် ခ​ရစ်​တော် ယေ​ရှု​အား​ယုံ​ကြည်​ခြင်း​နှင့်​ပတ်​သက်​၍ ပေါ​လု ဟော​ပြော​သော​တ​ရား​စ​ကား​များ​ကို​ကြား နာ​လေ​သည်။-
25 Da er aber von Gerechtigkeit und Enthaltsamkeit und dem künftigen Gerichte redete, ward dem Felix bange, und er antwortete: für diesmal kannst du gehen; wenn ich einmal Zeit bekomme, will ich dich holen lassen;
၂၅သို့​ရာ​တွင်​ပေါ​လု​သည်​ကောင်း​မြတ်​ခြင်း အ​ကြောင်း​နှင့် ကာ​မ​ဂုဏ်​ချုပ်​တည်း​ခြင်း အ​ကြောင်း​ကို​လည်း​ကောင်း၊ သက်​ရောက်​လတ္တံ့ သော​တ​ရား​စီ​ရင်​တော်​မူ​ရာ​နေ့​ရက် အ​ကြောင်း​ကို​လည်း​ကောင်း ဟော​ပြော​သော အ​ခါ​ဖေ​လဇ်​သည်​ကြောက်​လန့်​သ​ဖြင့် ``ယ​ခု သင်​သွား​နိုင်​ပြီ။ နောင်​အ​ခွင့်​ကြုံ​သည့်​အ​ခါ သင့်​ကို​ငါ​ခေါ်​ဦး​မည်'' ဟု​ဆို​၏။-
26 wobei er zugleich hoffte, daß er von Paulus Geld bekommen werde; darum ließ er ihn auch öfter holen, und besprach sich mit ihm.
၂၆ဖေလဇ်​သည်​မိ​မိ​အား​ပေါ​လု​လာဘ်​ထိုး​လိမ့် မည်​ဟု​မျှော်​လင့်​ကာ သူ့​အား​မ​ကြာ​မ​ကြာ ခေါ်​၍​စ​ကား​ပြော​လေ​၏။
27 Nachdem aber zwei Jahre herumgegangen, erhielt Felix den Porcius Festus zum Nachfolger, und weil Felix die Juden sich verpflichten wollte, hinterließ er den Paulus in Banden.
၂၇နောက်​နှစ်​နှစ်​မျှ​ကြာ​သော်​ဖေ​လဇ်​၏​ဘု​ရင်​ခံ ရာ​ထူး​ကို​ပေါ​ကိ​ဖေတ္တု​ဆက်​ခံ​ရ​၏။ ဖေ​လဇ် သည်​ယု​ဒ​အ​မျိုး​သား​တို့​ထံ​မှ​မျက်​နှာ​ရ လို​သ​ဖြင့် ပေါ​လု​အား​ဆက်​လက်​၍​အ​ကျဉ်း ချ​ထား​ခဲ့​၏။

< Apostelgeschichte 24 >