< Psalm 28 >

1 Von David. - Ich rufe, Herr, zu Dir. Sei doch nicht taub vor mir, mein Hort! Wenn Du vor mir verstummst, dann gleiche ich ins Grab Gesunkenen.
အကျွန်ုပ်၏ ကျောက်ဖြစ်တော်မူသော ထာဝရ ဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်အော်ဟစ်ပါ၏။ မထူးဘဲ နေတော်မမူပါနှင့်။ မထူးဘဲနေတော်မူလျှင်၊ အကျွန်ုပ် သည် သင်္ချိုင်းတွင်းထဲသို့ ဆင်းသောသူ ကဲ့သို့ဖြစ်ရ ပါမည်။
2 Mein lautes Flehen hör, wenn ich, zu Dir um Hilfe rufend, zu Deinem Allerheiligsten die Hände breite!
အကျွန်ုပ်သည် သန့်ရှင်းသောဗျာဒိတ်ဌာနတော်သို့ လက်ကိုချီ၍၊ ကိုယ်တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်တောင်းလျှောက်သော အသံကို နားထောင် တော်မူပါ။
3 Nicht lange laß mich sein bei Frevlern und nicht bei Übeltätern! Sie reden freundlich mit dem Nächsten; doch sinnen sie im Herzen Böses.
အိမ်နီးချင်း၏ အကျိုးကိုဖျက်ဆီးလိုသော စိတ်နှလုံးရှိသည်နှင့်၊ လောကဝတ်စကားကို ပြောတတ် သောသူတည်းဟူသော ဆိုးယုတ်သောအမှု၊ မတရား သောအမှုကို ပြုတတ်သောသူတို့နှင့်အတူ အကျွန်ုပ်ကို သွေးဆောင်တော်မမူပါနှင့်။
4 Vergilt Du ihnen ihrer Tat gemäß, nach ihrer bösen Art! Nach ihrer Hände Werk belohne sie! Behandle sie, wie sie's verdienen!
သူတို့ကျင့်သော အကျင့်ဓလေ့ဆိုးယုတ်သည် နှင့်အညီ၊ အကျိုးအပြစ်ကို ဆပ်ပေးတော်မူပါ။ သူတို့ ပြုမူသည် အတိုင်းဆပ်ပေး၍၊ အပြစ်နှင့် အလျောက်စီရင် တော်မူပါ။
5 Sie achten nimmer auf des Herren Taten und nicht auf seiner Hände Werk; sie reißen sie herab und bauen sie nicht auf, -
သူတို့သည် ထာဝရဘုရား၏အမှုတော်ကို၎င်း၊ လက်တော်နှင့်ပြုပြင်တော်မူရာကို၎င်း မမှတ်ကြသော ကြောင့်၊ တည်ဆောက်တော်မမူ၊ ဖြိုဖျက်တော်မူမည်။
6 Gepriesen sei der Herr, wenn er mein lautes Flehen hört!
ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသ တည်း။
7 Der Herr ist mir ein Schutz und Schild; auf ihn vertraut mein Herz. Mir wird geholfen; mein Herz frohlockt. Ich danke ihm mit meinem Liede.
ငါတောင်းလျှောက်သောအသံကို နားထောင် တော်မူပြီ။ ထာဝရဘုရားသည် ငါ၏ခွန်အားဗလ၊ ငါ၏ အကွယ်အကာဖြစ်တော်မူ၏။ ငါ့နှလုံးသည် ထိုဘုရားကို ကိုးစား၍၊ ငါ့ကို စောင့်မတော်မူသောကြောင့်၊ ငါ့နှလုံး သည်ရွှင်လန်းလျက်ရှိ၏။ သီချင်းဆိုလျက်ဂုဏ်တော်ကို ငါချီးမွမ်း မည်။
8 Der Herr ist seines Volkes Schutzgott, ein Zufluchtsort, wo sein Gesalbter Hilfe findet.
ထာဝရဘုရားသည် မိမိလူစု၏ ခွန်အားဗလ ဖြစ်တော်မူ၏။ အထံတော်၌ ဘိသိတ်ခံသောသူ၏ ကယ်တင်ခြင်းအကြောင်းကို ခိုင်ခံ့မြဲမြံစေတော်မူ၏။
9 Zuhilfe Deinem Volk! Den ewig Deinen spende Segen! Und weide sie und sorge ewiglich für sie!
ကိုယ်တော်၏လူစုကို ကယ်တင်၍၊ အမွေတော် ကို ကောင်းကြီးမင်္ဂလာပေးတော်မူပါ။ သူတို့ကိုအုပ်ထိန်း ၍၊ ထာဝရချီးမြှောက်ခြင်းရှိစေတော်မူပါ။

< Psalm 28 >