< Psalm 129 >

1 Ein Stufenlied. - Sie haben mich schon oft von Jugend an bedrängt." So spreche Israel!
ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီဟူသော စကားနှင့်ချီ၍၊ ဣသရေလအမျိုးဆိုရသော စကားဟူမူကား၊
2 "Schon oft von Jugend an bedrängt, jedoch nicht überwältigt.
ငယ်သောအရွယ်မှစ၍၊ ကြိမ်ဖန်များစွာ ငါ့ကို သူတပါးတို့သည် ညှဉ်းဆဲကြပြီ။ သို့သော်လည်း ငါ့ကို မနိုင်ကြ။
3 Mit meinem Rücken pflügten sie und dehnten ihre Ackerfelder in die Weite.
ထွန်သော သူတို့သည် ငါ့ကျောပေါ်မှာ ထွန်၍၊ ရှည်သော ထွန်ကြောင်းတို့ကို ဖြစ်စေကြ၏။
4 Der Herr jedoch, gerecht, zerhaut der Frevler Stränge."
ထာဝရဘုရားသည် ဖြောင့်မတ်တော်မူ၏။ မတရားသော သူတို့၏ ကြိုးတို့ကို ဖြတ်တော်မူပြီ။
5 In Schande sollen weichen all die Hasser Sions.
ဇိအုန်မြို့ကို မုန်းသောသူအပေါင်းတို့သည် ရှက်ကြောက်၍ လှန်ခြင်းကို ခံရကြပါစေ။
6 Sie seien wie das Gras auf Dächern, das vor dem Blühen schon verdorrt!
အိမ်မိုးပေါ်မှာ ပေါက်၍၊ အဘယ်သူမျှ မနှုတ်ဘဲ ညှိုးနွမ်းတတ် သော မြက်ပင်ကဲ့သို့ဖြစ်ကြပါစေ။
7 Der Schnitter füllt nicht seine Hand damit, nicht seinen Schoß der Garbenbinder.
ထိုမြက်ပင်ကို ရိတ်သောသူသည် လက်တဆုပ်မျှ မရ။ စည်းသောသူလည်း လက်တပွေ့မျှမရ။
8 Und keiner der Vorübergehenden ruft: "Des Herren Segen über euch! Wir grüßen euch im Namen des Herrn."
လမ်း၌ ရှောက်သွားသော သူတို့ကလည်း၊ ထာဝရဘုရားပေးတော်မူသော မင်္ဂလာသက်ရောက်ပါ စေသော။ ထာဝရဘုရား၏ နာမတော်ကို အမှီပြု၍၊ သင်တို့ကို ကောင်းကြီးပေးကြ၏ဟု မပြောမဆိုရကြ။

< Psalm 129 >