< Psalm 111 >

1 Alleluja! Aus ganzem Herzen danke ich dem Herrn im Kreis der Frommen und in der Gemeinde.
ငါသည် ဖြောင့်မတ်သော သူတို့၏ အစည်း အဝေး၌၎င်း၊ ပရိသတ်၌၎င်း၊ ထာဝရဘုရား၏ ဂုဏ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ ချီးမွမ်းမည်။
2 Des Herren Werke sind gewaltig, wie ausgesucht für alle ihre Zwecke.
ထာဝရဘုရား၏ အမှုတော်တို့သည် ကြီးမြတ် ကြ၏။ ကြည်ညိုသော သူတို့သည် ထိုအမှုတော်တို့ကို ရှာဖွေလိုက်စစ်တတ်ကြ၏။
3 Sein Wirken ist nur Pracht und Glanz, und ewig währet seine Liebe.
စီရင်တော်မူသောအရာသည် ဘုန်းအသရေနှင့် ပြည့်စုံ၍၊ ဖြောင့်မတ်တော်မူခြင်းတရားလည်း အစဉ်အမြဲ တည်၏။
4 Er sorgt für seiner Wunder Fortbestand; erbarmungsvoll und gnädig ist der Herr.
အံ့ဘွယ်သော အမှုတော်တို့ကို အောက်မေ့ဘို့ရာ စီရင်တော်မူပြီ။ ထာဝရဘုရားသည် ကျေးဇူးပြုတတ် သော သဘော၊ သနားစုံမက်တတ်သော သဘောနှင့် ပြည့်စုံတော်မူ၏။
5 Er spendet Nahrung denen, die ihn fürchten, auf immer seines Bundes eingedenk.
ကြောက်ရွံ့ရိုသေသောသူတို့ကို ကျွေးမွေးတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အောက်မေ့တော် မူ၏။
6 Er zeigte seinem Volke seiner Taten höchstes Maß, wie er das Eigentum der Heiden ihnen zum Besitze gab.
အမှုတော်တို့၌ရှိသော တန်ခိုးကို မိမိလူတို့အား ပြ၍၊ တပါးအမျိုးသားတို့၏ အမွေကို ပေးတော်မူ၏။
7 Von Recht und Treue zeugt ja seiner Hände Werk; was er verfügt, ist alles wohlgemeint.
လက်တော်နှင့်ပြုသော အမှုတို့သည် သစ္စာနှင့်၎င်း၊ တရားနှင့်၎င်း ယှဉ်ကြ၏။ ပညတ်တော် အလုံးစုံ တို့သည် ဖေါက်ပြန်ခြင်းသဘောနှင့် ကင်းလွတ်ကြ၏။
8 Für alle Zeiten sind sie festgesetzt und ausgeführt mit Treue und Gerechtigkeit.
သစ္စာစောင့်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့်ယှဉ်သော ကြောင့်၊ အစဉ်အမြဲတည်ကြ၏။
9 Er sandte seinem Volk Erlösung und schloß auf ewig seinen Bund. "Furchtbarer", "Heiliger" ist sein Name.
မိမိလူတို့၌ရွေးတော်မူခြင်း ကျေးဇူးကို ပြုတော် မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲ ထားတော် မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ရိုသေဘွယ် ဖြစ်၏။
10 Der Weisheit Anfang ist die Furcht des Herrn. Wer also tut, der führt sich gut. Sein Ruhm besteht für ewige Zeiten.
၁၀ထာဝရဘုရားကို ကြောက်ရွံသော သဘောသည် ပညာ၏ အချုပ်အခြာဖြစ်၏။ ပညတ်တော်တို့ကို စောင့်ရှောက်သမျှသော သူတို့သည် ကောင်းသောဥာဏ် ရှိကြ၏။ ဂုဏ်အသရေတော်သည် အစဉ်အမြဲ တည် သတည်း။

< Psalm 111 >