< Jesaja 52 >

1 Auf! Sion! Auf! Dein Festkleid angelegt! In deine Prachtgewänder hülle dich, Jerusalem, du heilige Stadt! Kein Unbeschnittener, kein Unreiner betritt dich fernerhin.
ဇိ​အုန်​မြို့၊သင်​သည်​တစ်​ဖန်​ပြန်​လည်​ကြံ့​ခိုင် ခမ်း​နား​ကြီး​ကျယ်​၍​လာ​လော့။ အို ဘု​ရား​သ​ခင်​၏​သန့်​ရှင်း​မြင့်​မြတ်​သည့်​မြို့​တော်၊ သင်​၏​ကိုယ်​ကို​ဘုန်း​အ​သ​ရေ​နှင့်​လွှမ်း​ခြုံ​ပါ​လော့။ တိုင်း​တစ်​ပါး​သား​တို့​သည် နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​သင်​၏ တံ​ခါး​ထဲ​၌​ဝင်​ရ​ကြ​တော့​မည်​မ​ဟုတ်။
2 Schüttle den Staub ab! Auf! Gefangenes Jerusalem! Lös dir die Fesseln deines Halses, gefangene Sionstochter!
အို ယေ​ရု​ရှ​လင်​မြို့၊သင်​၏​ကိုယ်​ကို​ရုန်း​ခါ​၍ လွတ်​မြောက်​အောင်​ပြု​လော့။ မြေ​မှုန့်​ထဲ​မှ​ထ​၍​သင်​၏​ပလ္လင်​ပေါ်​တွင်​ထိုင်​လော့။ အို သုံ့​ပန်း​ဇိ​အုန်​မြို့​သူ​မြို့​သား​တို့၊သင်​တို့​အား ချည်​နှောင်​ထား​သည့်​သံ​ကြိုး​များ​ကို​ဖြေ​ကြ​လော့။
3 Ja, also spricht der Herr: "Umsonst seid ihr verkauft; so werdet ihr auch unentgeltlich freigegeben."
ထာ​ဝ​ရ​ဘု​ရား​က​မိ​မိ​၏​လူ​မျိုး​တော်​အား``သင် တို့​သည်​ငွေ​ဖြင့်​ရောင်း​ချ​မှု​ကို​မ​ခံ​ရ​သော်​လည်း ကျွန်​ဘဝ​သို့​ရောက်​ရှိ​သွား​ကြ​၏။ ထို့​ကြောင့်​သင် တို့​အား​ရွေး​နုတ်​ရာ​တွင်​လည်း​အ​ဖိုး​ငွေ​ပေး​ရ လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​အ​ခ​မဲ့​လွတ်​လပ် ခွင့်​ကို​ရ​ရှိ​ကြ​လိမ့်​မည်။-
4 Denn also spricht der Herr, der Herr: "Mein Volk zog damals nach Ägypten und wollte dort nur gasten, Assur bedrückte es um nichts.
ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​က အ​ခါ​တစ်​ပါး က​သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင် လူ​မျိုး​ခြား များ​အ​ဖြစ်​ဖြင့်​နေ​ထိုင်​ခဲ့​ရကြ​၏။ ထို​နောက် အာ​ရှု​ရိ​အ​မျိုး​သား​တို့​သည်​သင်​တို့​အား အ​ကြောင်း​မဲ့​နှိပ်​စက်​ညှဉ်း​ဆဲ​ကြ​၏။-
5 Nun aber, wie geschieht mir hier?" Ein Spruch des Herrn: "Mein Volk ist ohne Grund gefangen, und seine Fürsten klagen wehe." Ein Spruch des Herrn: "Mein Name wird noch immerfort gelästert.
ထာ​ဝ​ရ​ဘု​ရား​က​ယ​ခု​အ​ခါ​ဗာ​ဗု​လုန်​ပြည် တွင်​လည်း ဤ​အ​တိုင်း​ပင်​ဖြစ်​ပြန်​လေ​ပြီ။ သင် တို့​သည်​ထို​ပြည်​တွင်​အ​ကြောင်း​မဲ့​သုံ့​ပန်း​များ ဖြစ်​လျက်​နေ​ကြ​ရ​၏။ သင်​တို့​ကို​အုပ်​စိုး​သူ များ​သည်​ပြောင်​လှောင်​ကာ ငါ့​နာ​မ​တော်​ကို အ​စဉ်​ပင်​မ​ထီ​မဲ့​မြင်​ပြု​ကြ​၏​ဟု​မိန့်​တော် မူ​သည်။-
6 Drum soll mein Volk es noch erfahren, wie ich heiße, jawohl an diesem Tag, daß ich es bin, der da gesagt: 'Seht! Ich bin da.'"
သို့​ရာ​တွင်​ငါ​သည်​ဘု​ရား​သခင်​ဖြစ်​တော်​မူ ကြောင်း၊ ငါ​၏​လူ​တို့​သည်​ငါ​၏​နာ​မ​တော်​ကို သိ​၍ သင်​တို့​အား​ဗျာ​ဒိတ်​ပေး​တော်​မူ​ခဲ့​သူ မှာ ငါ​ဖြစ်​ကြောင်း​နောင်​အ​ခါ​၌​သင်​တို့​သိ မှတ်​လာ​ကြ​လိမ့်​မည်။
7 Wie hochwillkommen eilen über das Gebirge des Freudenboten Füße, der Frieden ausruft, Glück verkündet und Heil verlauten läßt, der Sion meldet: "Dein Gott ist wieder König!"
ငြိမ်း​ချမ်း​ရေး​တည်း​ဟူ​သော​သ​တင်း​ကောင်း​ကို ယူ​ဆောင်​လာ​သူ၊စေ​တ​မန်​တစ်​ဦး တောင်​ရိုး​ကို​ဖြတ်​ကျော်​နေ​သည်​ကို​တွေ့​မြင်​ရ​ပုံ​မှာ ကျက်​သ​ရေ​ရှိ​လှ​ပါ​သည်​တ​ကား။ ထို​စေ​တ​မန်​သည်​ကယ်​တင်​ခြင်း​သ​တင်း​ကို ကြေ​ညာ​လျက်၊ ဇိ​အုန်​မြို့​အား``သင်​၏​ဘု​ရား​သ​ခင်​သည် ဘု​ရင်​ဖြစ်​တော်​မူ​၏'' ဟု​ဆို​၏။
8 Horch! Deine Wächter rufen laut; sie jubeln alle. Sie sehen ganz genau den Herrn zurück nach Sion kehren.
မြို့​စောင့်​တပ်​သား​များ​သည်​အ​သံ​ကျယ်​စွာ​နှင့် အား​ရ​ရွှင်​လန်း​စွာ​တ​ညီ​တ​ညွတ်​တည်း ကြွေး​ကြော်​လျက်​နေ​ကြ​၏။ ဇိ​အုန်​မြို့​သို့​ထာ​ဝ​ရ​ဘု​ရား​ပြန်​လည် ကြွ​လာ​တော်​မူ​မည်​ကို၊သူ​တို့​ကိုယ်​တိုင်​ပင် တွေ့​မြင်​နိုင်​ကြ​လေ​သည်။
9 Jauchzt auf! Im Chore jubelt, Trümmer von Jerusalem! Der Herr erbarmt sich seines Volkes, befreit Jerusalem.
အ​ချင်း​ယို​ယွင်း​ပျက်​စီး​လျက်​ရှိ​သည့် ယေ​ရု​ရှ​လင်​အ​ဆောက်​အ​ဦ​တို့၊အား​ရ​ရွှင်​လန်း​စွာ ကြွေး​ကြော်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား နှစ်​သိမ့်​စေ​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​ယေ​ရု​ရှ​လင်​မြို့​တော်​ကို ကယ်​တင်​တော်​မူ​ပြီ။
10 Der Herr entblößt den heiligen Arm vor aller Heidenvölker Augen. Alle Enden der Erde schaun die Hilfe unseres Gottes.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​သန့်​ရှင်း​မြင့်​မြတ်​သည့် လက်​တော်​အား​ဖြင့်၊နိုင်​ငံ​အ​သီး​သီး​၏​ရှေ့​တွင် မိ​မိ​၏​လူ​မျိုး​တော်​ကို​ကယ်​တင်​တော်​မူ​ပြီ​ဖြစ်​၍၊ ထို​အ​ချင်း​အ​ရာ​ကို​ကမ္ဘာ​တစ်​ဝှမ်း​လုံး​ပင် တွေ့​မြင်​ရ​ကြ​လေ​ပြီ။
11 Hinweg! Hinweg! Heraus von da! Berührt nichts Unreines! Zieht fort aus seiner Mitte! Doch reinigt euch, die ihr des Herrn Gefäße tragt!
၁၁သန့်​ရှင်း​မြင့်​မြတ်​သည့်​ခွက်​ဖ​လား​များ​ကို ကိုင်​ဆောင်​လာ​သူ​အ​ပေါင်း​တို့၊ ဗာ​ဗု​လုန်​ပြည်​မှ​ချက်​ချင်း​ထွက်​ခွာ​လာ​ကြ​လော့။ တား​မြစ်​ထား​သည့်​အ​ရာ​များ​ကို​လက်​နှင့်​မျှ မ​တို့​ကြ​နှင့်။ သင်​တို့​ကိုယ်​ကို​သန့်​စွာ​ထား​၍​မြို့​ထဲ​မှ ထွက်​ခွာ​သွား​ကြ​လော့။
12 Doch euer Auszug sei nicht eilig und eure Reise nicht fluchtartig! Der Herr geht euch voran, und eure Nachhut bildet wieder Israels Gott.
၁၂ယ​ခု​တစ်​ကြိမ်​တွင်​သင်​တို့​သည်​အ​ဆော​တ​လျင် ထွက်​ခွာ​သွား​ရန်​လို​လိမ့်​မည်​မ​ဟုတ်။ သင်​တို့​သည်​ထွက်​ပြေး​ရန်​ကြိုး​စား​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ဣ​သ​ရေ​လ​အ​မျိုး​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​ကို​လမ်း​ပြ​ပို့​ဆောင်​တော်​မူ​၍၊ အ​ဘက်​ဘက်​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။
13 Fürwahr! Mein Knecht hat Glück; groß wird er, hochgeachtet, hochgeehrt.
၁၃ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​အ​စေ​ခံ​သည်​မိ​မိ​ပြု​သော​အ​မှု​တွင် ပ​ညာ​ရှိ​စွာ​ပြု​မူ​လိမ့်​မည်။ သူ​သည်​ချီး​မြှောက်​ခြင်း​ခံ​ရ​၍​ကြီး​မြတ်​သော ဂုဏ်​အ​သ​ရေ​ရှိ​လိမ့်​မည်။
14 Wie viele seinetwegen sich entsetzten, - so sehr entstellt war er, so wenig sah er andern Menschen ähnlich, so wenig andern Menschenkindern gleich -,
၁၄လူ​အ​များ​ပင်​သူ့​ကို​တွေ့​မြင်​သော​အ​ခါ လိပ်​ပြာ​လန့်​၍​သွား​ကြ​၏။ သူ​သည်​လွန်​စွာ​ရုပ်​ပျက်​ဆင်း​ပျက်​ဖြစ်​၍​နေ သ​ဖြင့် လူ​နှင့်​ပင်​မ​တူ​တော့။
15 so setzt er viele Heidenvölker über sich in Staunen, und Könige verschließen ihren Mund. Denn nie Erzähltes schauen sie, und nie Gehörtes hören sie.
၁၅သို့​ရာ​တွင်​ယ​ခု​အ​ခါ​သူ​သည်​လူ​မျိုး​တ​ကာ တို့​ကို သန့်​ရှင်း​စေ​လိမ့်​မည်။ ရှင်​ဘု​ရင်​များ​သည်​လည်း​မိန်း​မော​တွေ​ဝေ​၍ နေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​အ​ဘယ်​အ​ခါ​က​မျှ မ​သိ​မ​မြင်​ဘူး​သော​အ​ရာ မ​ကြား​ဘူး​သော​အ​ရာ​တို့​ကို​တွေ့​မြင်​သိ​ရှိ နား​လည်​လာ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Jesaja 52 >