< 1 Chronik 9 >

1 Alle Israeliten sind in den Sippenlisten eingetragen worden. Und sie sind im Buch der Könige Israels aufgezeichnet. Die Judäer sind wegen ihrer Frevel nach Babel fortgeführt worden.
အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ၌ ပါ သတည်း။
2 Die früheren Einwohner aber, die wieder auf ihrem Eigentum in ihren Städten lebten, waren Israeliten, die Priester, die Leviten und die Tempeldiener.
နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။
3 In Jerusalem haben von den Söhnen Judas Benjamins, Ephraims und Manasses gewohnt:
ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား၊
4 Utai, Ammihuds Sohn und Enkel Omris, des Sohnes Imris und Enkels Banis, von des Judasohnes Peres Nachkommen.
ယုဒ သား ဖာရက် အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊
5 Von den Siloniten der Erstgeborene Asaja samt seinen Söhnen.
ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊
6 Von Zerachs Söhnen Jeuel samt ihren Brüdern, 690.
ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။
7 Von Benjamins Söhnen Sallu, des Mesullam Sohn und Enkel Hodavjas, des Sohnes Hassenas,
ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊
8 ferner Jerochams Sohn Ibneja und Ela, Uzzis Sohn und Enkel Mikris, und Mesullam, Sephatjas Sohn und Enkel Reuels, des Ibniasohnes,
ယေရောဟံ သား ဣဗနိယ ၊ မိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊
9 samt ihren Brüdern nach ihren Geschlechtern, 956. Alle diese Männer sind in ihren Familien Familienhäupter.
သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
10 Von den Priestern sind es Jedaja, Jojarib, Jakin
၁၀ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊
11 und Azarja, der Sohn des Chilkia und Enkel Mesullams, des Sohnes Sadoks und Enkels des Merajot, des Achitubsohnes, des Fürsten am Gotteshaus,
၁၁အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊
12 und Adaja, Jerochams Sohn und Enkel des Paschur, des Malkiasohnes, und Masai, Adiels Sohn und Enkel des Jachzera, des Sohnes Mesullams und Enkels Mesillemits, des Immersohnes,
၁၂မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊
13 und ihre Brüder, Häupter in ihren Familien, 1.760, Vorgesetzte der Schar, die den Dienst im Gotteshaus tut.
၁၃အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။
14 Von den Leviten sind es Semaja, des Chassub Sohn und Enkel Azrikams, des Sohnes Chasabjas, von den Merarisöhnen,
၁၄လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊
15 und Bakbakkar, Cheres, Galal, Makamja, des Mika Sohn und Enkel des Asaphsohnes Zikri,
၁၅ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလ သုံးပါး၊ အာသပ် ၊ ဇိခရိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊
16 Obadja, des Semaja Sohn und Enkel des Jedutunsohnes Galal, und Berekja, des Asa Sohn und Enkel des Elkana, der in den Netophatiterdörfern wohnt.
၁၆ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။
17 Ferner die Torhüter Sallum, Akkub, Talmon und Achiman, sowie ihre Brüder. Sallum ist der Oberste.
၁၇တံခါးစောင့် မူကား ရှလ္လုံ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန် အစရှိသော ညီအစ်ကို တစု၊
18 Bis heute sind am Königstore gegen Osten die Torhüter in den Lagern der Levisöhne.
၁၈ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။
19 Sallum, Kores Sohn und Enkel des Korachsohnes Ebjasaph, und seine Brüder aus seiner Familie, die Korachiter, liegen dem Dienste ob; sie hüten im Zelt die Schwellen. Schon ihre Väter sind im Lager des Herrn die Hüter des Eingangs gewesen.
၁၉ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။
20 Vor Zeiten ist Fürst über sie Eleazars Sohn Pinechas gewesen. Der Herr sei mit ihm!
၂၀ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
21 Zakarja, Meselemjas Sohn, ist am Bundeszelte Torhüter.
၂၁မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။
22 Sie alle, die zu Torhütern an den Schwellen auserlesen sind, zählen 212. Sie sind in ihren Dörfern aufgezeichnet. David und der Seher Samuel haben sie in ihre Amtspflicht eingesetzt.
၂၂တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ ၌ စာရင်း ဝင်ကြ၏။
23 Sie, wie auch ihre Söhne, stehen an den Toren im Hause des Herrn, im Zelthaus, auf Wache.
၂၃ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။
24 Nach den vier Winden stehen die Torhüter gegen Osten, Westen, Norden, Süden.
၂၄တံခါးစောင့် တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေး မျက်နှာ ၌ စောင့်နေရကြ၏။
25 Ihre Brüder in ihren Dörfern haben jeweils für sieben Tage zu kommen, sie zu unterstützen.
၂၅ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက် ၊ ခုနစ်ရက် လာ ရ ကြ၏။
26 Denn die vier Obersten der Torhüter stehen in steter Dienstpflicht. Dies sind die Leviten. Sie beaufsichtigen auch die Zellen und Vorratskammern im Gotteshaus.
၂၆ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။
27 Sie bleiben in der Umgebung des Gotteshauses über Nacht. Denn ihnen liegt die Wache ob, und sie haben jeden Morgen aufzuschließen.
၂၇ထိုသို့စောင့် ၍ နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့် ၊ ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။
28 Und ein Teil von ihnen beaufsichtigt die Dienstgeräte. Denn sie bringen diese abgezählt hinein und hinaus.
၂၈အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။
29 Ein anderer Teil von ihnen ist über die Güter bestellt, und zwar über die heiligsten Güter, über das Feinmehl, den Wein, das Öl, den Weihrauch und die Spezereien.
၂၉အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။
30 Einige der Priestersöhne haben aus den Spezereien Salben zu mischen.
၃၀ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။
31 Einer der Leviten, Mattitja, des Korachiten Sallum Erstgeborener, ist mit dem Pfannenbackwerk betraut.
၃၁လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။
32 Etliche der Kehatitersöhne, ihrer Brüder, sind für die reihenweise gelegten Brote bestellt, die sie Sabbat um Sabbat bereiten.
၃၂သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။
33 Das sind die Sänger, levitische Familienhäupter, die nur in den Zellen dienstfrei sind. Denn sie haben sonst Tag und Nacht Dienst.
၃၃သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။
34 Dies sind levitische Familienhäupter, auch nach ihren Sippen Häupter. Diese wohnten zu Jerusalem.
၃၄ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။
35 Zu Gibeon wohnte Jeiel, Gibeons Vater. Sein Weib heißt Maaka.
၃၅ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။
36 Sein erstgeborener Sohn ist Abdon, ferner Sur, Kis, Baal, Ner, Nadab,
၃၆သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ်၊
37 Gedor, Achjo, Zakarja und Miklot.
၃၇ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တို့ဖြစ်ကြ၏။
38 Miklot hat Simam gezeugt. Auch sie wohnten zu Jerusalem bei ihren Brüdern, diesen gegenüber.
၃၈မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။
39 Ner hat Kis gezeugt, Kis den Saul, Saul den Jonatan, Malkisua, Abinadab und Esbaal.
၃၉နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တို့၏အဘ ဖြစ်၏။
40 Jonatans Sohn ist Meribbaal, und Meribbaal hat Mika gezeugt.
၄၀ယောနသန် ၏သား သည် မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။
41 Mikas Söhne sind Piton, Melek und Tachre.
၄၁မိက္ခါ ၏သား များမှာ ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တို့ဖြစ်ကြ၏။
42 Achaz hat Jara gezeugt und Jara den Alemet, Azmawet und Zimri. Zimri hat Mosa gezeugt
၄၂အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက် ၊ အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။
43 und Mosa den Bina. Sein Sohn ist Rephaja, dessen Sohn Elasa und dessen Sohn Asel.
၄၃မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယ ၊ ရေဖာယ ၏သား ဧလာသ ၊ ဧလာသ ၏သား အာဇေလ ဖြစ်၏။
44 Asel hat sechs Söhne. Dies sind ihre Namen: Azrikam, Bokru, Ismael, Searja, Obadja und Chanan. Dies sind Asels Söhne.
၄၄အဇေလ ၏သား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။

< 1 Chronik 9 >