< 1 Chronik 11 >

1 Nun sammelte sich ganz Israel bei David zu Hebron und sprach: "Wir sind dein Fleisch und Bein.
ထိုအခါ ဣသရေလ အမျိုးသားအပေါင်း တို့ သည် ဒါဝိဒ် ရှိရာ ဟေဗြုန် မြို့၌ စည်းဝေး ၍၊ ကျွန်တော် တို့သည် ကိုယ်တော် အရိုး ၊ ကိုယ်တော် အသား ဖြစ်ကြပါ ၏။
2 Noch als Saul König war, bist du es gewesen, der Israel ins Feld und heimgeführt hat. Auch sprach der Herr, dein Gott, zu dir: 'Du sollst mein Volk Israel weiden und Fürst über mein Volk Israel sein!'"
အထက် က ရှောလု သည် ရှင်ဘုရင် ဖြစ် သောအခါ ၊ ကိုယ်တော် သည် ဣသရေလ အမျိုးကို ဆောင်သွား လျက် ၊ သွင်း ပြန်လျက် နေတော်မူပြီ။ ကိုယ်တော် ၏ ဘုရားသခင် ထာဝရဘုရား ကလည်း၊ သင် သည်ငါ ၏လူ ဣသရေလ အမျိုးကိုလုပ်ကျွေး အုပ်စိုး ရမည်ဟု ကိုယ်တော် အား မိန့် တော်မူပြီဟု လျှောက်ဆိုကြ၏။
3 Also kamen alle Ältesten Israels zum König nach Hebron. Und David schloß mit ihnen zu Hebron vor dem Herrn einen Bund. Dann salbten sie David zum König über Israel nach dem Worte des Herrn durch Samuel.
ထိုသို့ ဣသရေလ အမျိုးအသက်ကြီး သူအပေါင်း တို့သည် ရှင်ဘုရင် ရှိရာ ဟေဗြုန် မြို့သို့ ရောက် လာလျှင် ၊ ဒါဝိဒ် သည် ဟေဗြုန် မြို့၊ ထာဝရဘုရား ရှေ့ တော်မှာ သူ တို့ နှင့် မိဿဟာယ ဖွဲ့ ၍ ၊ ရှမွေလ အားဖြင့် ထာဝရဘုရား ဗျာဒိတ် ထားတော်မူသည်နှင့်အညီ ၊ သူတို့သည် ဒါဝိဒ် ကို ဘိသိတ် ပေး၍ ဣသရေလ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
4 Nun zog David mit ganz Israel gegen Jerusalem, das ist Jebus. Dort waren die Jebusiter einheimisch im Lande.
တဖန် ဒါဝိဒ် သည် ဣသရေလ လူအပေါင်း တို့ကို ခေါ်၍၊ ပြည်သားရင်း ယေဗုသိ လူတို့နေ ရာ ယေဗုတ် မြို့ တည်းဟူသော ယေရုရှလင် မြို့သို့သွား လျှင်၊
5 Da sprachen die Einwohner von Jebus zu David: "Du kommst nicht hier herein." David aber erstürmte die Burg Sions, das ist die Davidsstadt.
ယေဗုတ် မြို့သား တို့က၊ သင်သည် ဤ မြို့သို့ မ ဝင် ရဟု ဆို ကြသော်လည်း ၊ ဒါဝိဒ် သည် ဒါဝိဒ် မြို့ တည်းဟူသော ဇိအုန် ရဲတိုက် ကို တိုက်ယူ လေ၏။
6 Da sprach David: "Jeder, der zuerst einen Jebusiter erschlägt, sei Hauptmann und Befehlshaber!" Da stieg Joab, der Sohn der Zeruja, zuerst hinauf. So ward er Hauptmann.
ဒါဝိဒ် ကလည်း၊ ယေဗုသိ လူတို့ကို အဦး လုပ်ကြံ သောသူသည် ဗိုလ်ချုပ် ဖြစ် စေဟု အမိန့် တော်ရှိသည် အတိုင်း ၊ ဇေရုယာ သား ယွာဘ သည် အဦး တက် ၍ ဗိုလ်ချုပ် အရာကိုခံရ ၏။
7 Hierauf ließ sich David in der Burg nieder. Darum nannte man sie Davidsstadt.
ထိုနောက် ဒါဝိဒ် သည်ရဲတိုက် ၌ နေ သောကြောင့် ၊ ဒါဝိဒ် မြို့ ဟူသောအမည်ဖြင့် သမုတ် ကြ၏။
8 Er baute die Stadt ringsum, von der Bastei bis zu der Ringmauer. Und Joab stellte die übrige Stadt her.
မိလ္လော အရပ်နှင့်တကွမြို့ ပတ်လည် ၌ တည်ဆောက် ပြီးမှ ကျန်ကြွင်း သောမြို့ ကိုယွာဘ ပြုပြင် လေ၏။
9 David aber ward immer größer, und der Herr der Heerscharen war mit ihm.
ဒါဝိဒ် သည် တိုးပွား ၍ အားကြီး သဖြင့် ၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
10 Dies sind der Helden Davids Häupter, die fest zu ihm hielten, als er König ward, um ihn nach des Herrn Wort zum König auch über Gesamtisrael zu machen.
၁၀ဣသရေလ အမျိုး၌ ထာဝရဘုရား ၏ အမိန့် တော်အတိုင်း ၊ ဒါဝိဒ်ကို ရှင် ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ ဣသရေလ အမျိုးအပေါင်း တို့နှင့် ဝိုင်း၍ ဒါဝိဒ် မင်း ဘက် မှာ ကြိုးစား အားထုတ်သော အမှုတော်ထမ်းသူရဲ ကြီး တို့၏ စာရင်းဟူမူကား၊
11 Dies ist die Zahl der Davidshelden: Chaknonis Sohn Josebeam, das Haupt der Dreißig. Er ist es, der seinen Speer über dreihundert Erschlagene auf einmal schwang.
၁၁ဟခမောနိ အမျိုး ယာရှောဗံ သည် ဗိုလ်ချုပ် ဖြစ် ၏။ ထိုသူ သည် လှံ ကိုကိုင် လျက်၊ လူသုံး ရာ ကို တခါတည်း တိုက်၍ လုပ်ကြံ လေ၏။
12 Nach ihm kommt der Achotiter Eleazar, Dodos Sohn. Er gehörte zu den drei Helden.
၁၂သူ့ နောက် မှာ အဟောဟိ အမျိုးဒေါဒေါ သား ဧလာဇာ သည် ဒါဝိဒ် နှင့်အတူ ပါ ၊ သဒမ္မိမ် မြို့သို့ လိုက်သော သူရဲ သုံး ယောက် အဝင်ဖြစ်၏။
13 Er war mit David am Blutsteinfelsen gewesen, als sich die Philister dort zur Schlacht sammelten. Nun war dort ein Feld voll Gerste. Als aber das Volk vor den Philistern floh,
၁၃ဖိလိတ္တိ လူတို့သည် စစ်တိုက် ခြင်းငှါ မုယော စပါးစိုက်သော လယ်ကွက် ၌ စုဝေး ၍ ဣသရေလလူ တို့ သည် ရန်သူရှေ့ မှာ ပြေး ကြသော်လည်း၊
14 stellten sie sich mitten auf das Feldstück, behaupteten es und schlugen die Philister, und der Herr verhalf ihnen zu einem großen Sieg.
၁၄ထိုသူတို့သည် လယ်ကွက် အလယ် ၌ ရပ် ၍ စောင့်မ လျက် ဖိလိတ္တိ လူတို့ကိုလုပ်ကြံ သောအခါ ၊ ထာဝရဘုရား သည် ကြီးစွာ သော အောင် ခြင်းအားဖြင့်သူတို့ကို ကယ်တင် တော်မူ၏။
15 Drei von den dreißig Hauptleuten stiegen nach dem Felsennest zu David, in die Höhle von Adullam hinab. Das Philisterheer aber lagerte in der Rephaimebene.
၁၅ဗိုလ် စုအဝင်သုံး ယောက်တို့သည် ဒါဝိဒ် ရှိရာ ကျောက် ကြား၊ အဒုလံ ဥမင် သို့ ဆင်းသွား ၍ ၊ ဖိလိတ္တိ လူတို့ သည် ရေဖိမ် ချိုင့် ၌ တပ်ချ လျက် ရှိကြ၏။
16 Damals war David in der Feste, die Philisterbesatzung aber in Bethlehem.
၁၆ထိုအခါ ဒါဝိဒ် သည် ရဲတိုက် တွင် နေ၍ ၊ ဖိလိတ္တိ လူတို့သည် ဗက်လင် မြို့၌ လည်း တပ်ချကြ၏။
17 Nun spürte David ein Gelüste und fragte: "Wer holt mir Trinkwasser aus dem Brunnen in Bethlehem am Tore?"
၁၇ဒါဝိဒ် ကလည်း တစုံတယောက် သောသူသည် ဗက်လင် မြို့တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ် ၍ ငါ့ အားပေး ပါစေသောဟု တောင့်တ သောစိတ်နှင့် ဆို သော်၊
18 Da schlugen sich die Drei durch das Philisterlager, schöpften Wasser aus dem Brunnen in Bethlehem am Tore und brachten es David. David aber wollte es nicht mehr trinken, sondern spendete es für den Herrn.
၁၈ထိုသူသုံး ယောက်တို့သည် ဖိလိတ္တိ တပ် ကိုဖျက် ၍ ၊ ဗက်လင် မြို့ တံခါး နား မှာရှိသော ရေတွင်း ထဲက ရေ ကို ခပ်ယူ ပြီးလျှင် ဒါဝိဒ် ထံ တော်သို့ဆောင် ခဲ့ကြ၏။ သို့သော်လည်း ဒါဝိဒ် သည် မ သောက် ဘဲ ထာဝရဘုရား ရှေ့ တော်၌ သွန်း လျက်၊
19 Er sprach: "Bewahre mich mein Gott davor, daß ich so etwas tue! Sollte ich dieser Männer Blut samt ihrem Leben trinken? Denn mit Lebensgefahr haben sie es hergebracht." Und so wollte er es nicht trinken. Solches taten die drei Helden.
၁၉ဤ ရေကို သောက်သောအမှုသည် ငါ နှင့် ဝေး ပါစေသော။ ကိုယ် အသက် ကို မနှမြောဘဲသွားသောသူ တို့၏ အသွေး ကို ငါသောက် ရမည်လော။ သူတို့သည် ကိုယ် အသက် ကို စွန့်စား၍ ဤရေကိုဆောင် ခဲ့ကြ ပြီဟုဆိုလျက် မ သောက် ဘဲနေ၏။ ထိုသူရဲ သုံး ယောက်တို့သည် ထိုသို့ သော အမှုတို့ကိုပြု ကြ၏။
20 Joabs Bruder Abisai war das Haupt der Dreißig. Er war es, der seinen Speer gegen dreihundert Unreine schwang. Bei den Dreien war er angesehen.
၂၀ယွာဘ ညီ အဘိရှဲ သည်လည်း သူရဲသုံး ယောက် တွင် အကြီး ဖြစ် ၏။ သူ သည် လှံ ကိုကိုင် ၍ လူသုံး ရာ တို့ကို တိုက်ဖျက်လုပ်ကြံ သောကြောင့်၊ သူရဲသုံး ယောက် အဝင် နေရာရသတည်း။
21 Er wurde schnell von den Dreien ausgezeichnet, und so ward er bei ihnen Hauptmann. Aber an die Drei reichte er nicht heran.
၂၁သူရဲသုံး ယောက်တွင် နှစ် ယောက်ထက်သာ၍မြတ် သောကြောင့်ဗိုလ်ချုပ် အရာကိုရ ၏။ သို့သော်လည်း ပဌမသူရဲသုံး ယောက်တို့ကို မ မှီ။
22 Benaja, Jojadas Sohn, war der Sohn eines tüchtigen, tatenreichen Mannes aus Kabseel, ein tapferer Held. Er selber hatte Moabs beide Kämpen erschlagen. Auch war er hinabgestiegen und hatte den Löwen mitten im Brunnen erschlagen, als Schnee fiel.
၂၂အထူးသဖြင့် ပြုဘူးသောကပ်ဇေလ မြို့သား၊ သူရဲ ယောယဒ ၏သား ဗေနာယ သည်လည်း ခြင်္သေ့ နှင့် တူသော မောဘ လူနှစ် ယောက်ကိုသတ် ၏။ ဆောင်း ကာလ ၌ လည်း၊ အခြားသို့သွား ၍ မြေတွင်း ၌ ရှိသောခြင်္သေ့ ကိုသတ် ၏။
23 Er ist es auch, der den Ägypter, einen riesigen Mann von fünf Ellen, erschlagen hat. Der Ägypter hatte einen Speer gleich einem Weberbaume in der Hand. Er aber ging mit dem Stocke auf ihn los, entriß dem Ägypter die Lanze und tötete ihn mit dem eigenen Speere.
၂၃အရပ်ငါး တောင် မြင့်သော အဲဂုတ္တု လူ ကိုလည်း သတ် ၏။ အဲဂုတ္တု လူသည် ရက်ကန်း လက်လိပ်နှင့်အမျှ ကြီးသော လှံ ကိုကိုင်သော်လည်း ၊ ဗေနာယသည် တောင်ဝေး ကိုသာ ကိုင်လျက်သွား ၍ ၊ အဲဂုတ္တု လူလက် မှ လှံ ကို လုယူ ပြီးလျှင် ထိုလှံ နှင့် သူ့ ကိုသတ် ၏။
24 Solches hatte Benaja, Jojadas Sohn, getan. Und er war bei den Dreien angesehen.
၂၄ထိုသို့ သော အမှုတို့ကို ယောယဒ သား ဗေနာယ သည် ပြု ၍ သူရဲ သုံး ယောက်အဝင် နေရာကိုရ၏။
25 Er hatte sich unter den Dreißig ausgezeichnet. Aber an die Drei reichte er nicht heran. David setzte ihn über seine Leibwache.
၂၅ဗိုလ်များထက် သာ၍မြတ် သော်လည်း ပဌမ သူရဲသုံး ယောက်တို့ကိုမ မှီ။ ဒါဝိဒ် သည် အတွင်းဝန် ချုပ် အရာကို လည်း ပေး ၏။
26 Die tapferen Helden sind Joabs Bruder Asael, der Bethlehemite Elchanan, Dodos Sohn,
၂၆ယွာဘ ညီ အာသဟေလ သည်လည်း ဗိုလ် စုအဝင်ဖြစ်၏။ ထိုအတူ၊ ဗက်လင် မြို့နေ၊ ဒေါဒေါ ၏သား ဧလဟာနန်၊
27 der Haroditer Sammot, der Pelomiter Cheles,
၂၇ဟေရောဒိ အမျိုး ရှမ္မ ၊ ဖာလတိ အမျိုး ဟေလက်၊
28 der Tekoiter Ira, des Ikkes Sohn, der Anatotiter Abiezer,
၂၈တေကော အမျိုး ဣကေရှ ၏သား ဣရ ၊ အနေသောသိ အမျိုး အဗျေဇာ၊
29 der Chusatiter Sibkai, der Achotiter Ilai,
၂၉ဟုရှသိ အမျိုးသိဗေကဲ ၊ အဟောဟိ အမျိုး ဣလဲ ၊
30 der Netophatiter Mocharai, der Netophatiter Cheled, Baanas Sohn,
၃၀နေတောဖာသိ အမျိုး မဟာရဲ ၊ နေတောဖာသိ အမျိုး ဗာန ၏သား ဟေလက်၊
31 Ribais Sohn Itai aus Gibea Benjamins, der Paratoniter Benaja,
၃၁ဗင်္ယာမိန် အမျိုး ၊ ဂိဗာ မြို့နေ၊ ရိဘဲ ၏သား ဣတ္တဲ ၊ ပိရသောနိ အမျိုး ဗေနာယ ၊
32 Churai aus Nachale Gaas, der Asbatiter Abiel,
၃၂ဂါရှ ချိုင့် သားဟုရဲ ၊ အာဗသိ အမျိုးအဗျေလ၊
33 der Bacharumiter Azmavet, der Saalboniter Eljachba,
၃၃ဗာဟုမိ အမျိုးအာဇမာဝက် ၊ ရှာလဗောနိ အမျိုး ဧလျာဘ၊
34 der Gizoniter Hasem, der Harariter Jonatan, des Sage Sohn,
၃၄ဂိဇောနိ အမျိုးယာရှင် ၏သား တို့တွင် ယောနသန် ၊ ဟာရရိ အမျိုး ရှမ္မ၊
35 der Harariter Achiam, Sakars Sohn, Eliphal, Urs Sohn,
၃၅ဟာရရိ အမျိုးရှာရ ၏ သား အဟိအံ ၊ ဥရ ၏သား ဧလိဖလ၊
36 der Mekeratiter Chepher, der Peloniter Achia,
၃၆မေခေရသိ အမျိုးဟေဖာ ၊ ပေလောနိ အမျိုး အဟိယ ၊
37 der Karmeliter Chesro, Naarai, Ezbais Sohn,
၃၇ကရမေလ အမျိုးဟေဇရဲ ၊ ဧဇဗဲ ၏သား နာရဲ၊
38 Joel, Natans Bruder, Mibchar, Chagris Sohn,
၃၈နာသန် ၏ညီ ယောလ ၊ ဟဂ္ဂေရိ ၏သား မိဗဟာ၊
39 der Ammoniter Selek, der Berotiter Nachrai, des Serujasohnes Joab Waffenträger,
၃၉အမ္မုန် အမျိုးဇေလက် ၊ ဇေရုယာ သား ယွာဘ ၏ လက်နက် ဆောင် လုလင်၊ ဗေရောသိ အမျိုး နဟာရဲ ၊
40 der Istriter Ira, der Istriter Gareb,
၄၀ဣသရိ အမျိုး ဣရ ၊ ဣသရိ အမျိုးဂါရက်၊
41 der Chittiter Uria, Zobad, Achlais Sohn,
၄၁ဟိတ္တိ အမျိုးဥရိယ ၊ အာလဲ ၏သား ဇာဗဒ်၊
42 der Rubenite Adina, Zizas Sohn, ein Häuptling der Rubeniter und Anführer der Dreißig,
၄၂ရုဗင် အမျိုးသားသုံး ကျိပ်ကို အုပ်သောဗိုလ် ၊ ရှိဇ ၏သား အဒိန၊
43 Chanan, Maakas Sohn, der Mitniter Josaphat,
၄၃မာခါ ၏သား ဟာနန် ၊ မိသနိ အမျိုး ယောရှဖတ်၊
44 der Astarotiter Uzzia, Sama und Jeiel, die Söhne des Aroëriters Chotam,
၄၄အာရှတယောသိ အမျိုးဩဇိ ၊ အာရော် အမျိုး ဟောသန် ၏သား ရှာမ နှင့် ယေဟေလ၊
45 Jediael, Simris Sohn, und sein Bruder Jocha, der Tisiter,
၄၅တိဇိ အမျိုးရှိမရိ ၏သား ယေဒျေလ နှင့် သူ ၏ညီ ယောဟ၊
46 der Machanatiter Eliel, Jeribai und Josavja, Elnaams Söhne, der Moabiter Itma,
၄၆မဟာဝိ အမျိုးဧလျေလ ၊ ဧလနန် ၏သား ယေရိဗဲ နှင့် ယောရှဝိ ၊ မောဘ အမျိုးဣသမ နှင့်တကွ၊
47 Eliel, Obed und der Mesobaiter Jaasiel.
၄၇ဧလျေလ ၊ ဩဗက် ၊ မေဇောဗိတ် အမျိုး ယာသေလ တည်း။

< 1 Chronik 11 >