< Luc 3 >

1 La quinzième année du règne de Tibère César, lorsque Ponce Pilate était gouverneur de Judée, qu'Hérode était tétrarque de la Galilée, et Philippe, son frère, tétrarque de l'Iturie et delà Trachonite, et que Lysanias était tétrarque de l'Abilène,
ကဲသာ ဘုရင် တိဗေရိ နန်းစံ တစ်ဆယ်ငါး နှစ် တွင် ၊ ယုဒ ပြည်၌ ပုန္တိ ပိလတ် သည်မြို့ဝန် အရာ၊ ဂါလိလဲ ပြည်၌ ဟေရုဒ် သည် စော်ဘွား အရာ၊ ဣတုရဲ ပြည်နှင့် တရာခေါနိတ် ပြည် ၌ ဟေရုဒ် ညီ ဖိလိပ္ပု သည် စော်ဘွား အရာ၊ အဘိလင် ပြည်၌ လုသာနိ သည် စော်ဘွား အရာ၊
2 du temps du souverain sacrificateur Anne, et de Caïphe, la parole de Dieu fut adressée dans le désert à Jean, fils de Zacharie.
အန္န နှင့် ကယာဖ တို့သည် ယဇ်ပုရောဟိတ် မင်းအရာ၊ အသီးအသီးရှိကြသောအခါ ၊ တော ၌ ရှိသော ဇာခရိ ၏သား ယောဟန် သည် ဘုရားသခင် ၏ ဗျာဒိတ် တော်ကို ခံရ၏ ။
3 Il vint dans toute la contrée qui avoisine le Jourdain, prêchant le baptême de la repentance pour le pardon des péchés,
ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ၌ လာ သည်ကား၊ တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။
4 ainsi qu'il est écrit dans le livre des discours d'Esaïe, le prophète: «C'est une voix qui crie au désert: «Préparez le chemin du Seigneur, faites-lui des sentiers droits:
လမ်း ခရီးတော်ကို ဖြောင့် စေကြလော့။ ချိုင့်ဝှမ်း ရာရှိသမျှ တို့ကို ဖို့ ရမည်။ တောင်ကြီး တောင်ငယ် ရှိသမျှ တို့ကို ဖြို ရမည်။ ကောက် သောလမ်းများကို ဖြောင့် စေရ မည်။
5 toute vallée, sera comblée, toute montagne et toute colline seront abaissées; ce qui est tortu sera redressé, et les chemins raboteux seront aplanis:
ကြမ်းတမ်း သောလမ်းများကိုလည်း သုတ်သင်ပြင်ဆင် ရမည်။
6 et toute chair verra le salut de Dieu.»
လူ အပေါင်း တို့သည် ဘုရားသခင် ၏ ကယ်တင် တော်မူခြင်းအကြောင်း ကို မြင် ရကြလတံ့ဟု လာသည်နှင့်အညီ၊ ယောဟန်သည် ယော်ဒန် မြစ်နား ၌ အနှံ့အပြား လှည့်လည် ၍ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာ နောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လေ၏။
7 Jean disait donc aux foules qui venaient se faire baptiser par lui: «Race de vipères, qui vous a appris à fuir la colère à venir?
ထိုအခါ ၊ ဗတ္တိဇံ ကို ခံအံ့သောငှာလာ ကြသော လူ အစုအဝေးတို့အား ယောဟန် ဟောပြော သည်ကား၊ အချင်းမြွေဆိုး အမျိုး တို့၊ ရောက် လုသောဘေးဒဏ် မှ ပြေးသွား စိမ့်သောငှာအဘယ်သူ သည် သင် တို့ကို သတိပေး ဘိသနည်း။
8 Produisez donc des fruits dignes de la repentance, et ne vous mettez pas à dire en vous-mêmes: «Nous avons pour père Abraham; » car je vous dis que de ces pierres, Dieu peut susciter des enfants à Abraham.
နောင်တရ ခြင်းနှင့် ထိုက်တန် သောအကျင့် ကို ကျင့် ကြလော့။ အာဗြဟံ သည် ငါတို့အဘ ဖြစ် သည်ဟူ၍စိတ်ထဲ၌ မ အောက်မေ့ ကြနှင့်။ ဘုရားသခင် သည် ကျောက်ခဲ တို့မှ အာဗြဟံ သား တို့ကိုထုတ်ဘော် ဖန်ဆင်းနိုင် တော်မူသည်ဟု ငါအမှန် ဆို ၏။
9 Déjà même la cognée est mise à la racine des arbres; tout arbre donc qui ne produit pas de bon fruit, va être coupé et jeté au feu.»
သစ်ပင် အမြစ် နား မှာ ပုဆိန် ထား လျက်ရှိသည် ဖြစ်၍၊ ကောင်း သောအသီး မ သီး သောအပင် ရှိသမျှ တို့ကို ခုတ်လှဲ ၍ မီး ထဲသို့ ချ လိုက်ရသည်ဟု ဟောပြောလေ၏။
10 Et le peuple lui demanda: «Que faut-il donc faire?»
၁၀လူ အစုအဝေးကလည်း ၊ သို့ဖြစ်လျှင် အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြ သော်၊
11 Il leur répondit: «Que celui qui a deux tuniques partage avec celui qui n'en a point; et que celui qui a de quoi manger fasse de même.»
၁၁ယောဟန်က၊ အင်္ကျီ နှစ် ထည်ရှိ သောသူ သည် အင်္ကျီမ ရှိ သောသူ အားမျှ စေ။ စားစရာ ရှိ သောသူ သည် လည်း ထိုနည်းတူ ပြု စေဟု ပြန်ပြော ၏။
12 Des publicains vinrent aussi se faire baptiser, et lui dirent: «Maître, que devons-nous faire?»
၁၂အခွန်ခံ သူတို့သည် ဗတ္တိဇံ ကို ခံခြင်းငှာလာ ၍ ၊ အရှင် ဘုရား၊ အကျွန်ုပ်တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊
13 Il leur dit: «N'exigez rien au delà de ce qui vous est commandé.»
၁၃သင် တို့သခင်သည် ခွဲဝေ စီမံသည်ထက် သာ၍ မ ခွဲ မခံကြနှင့်ဟု ပြန်ပြော ၏။
14 Des militaires l'interrogèrent aussi: «Et nous, que devons-nous faire?» Il leur dit: «Ne commettez point d'extorsions, et ne faites de chicanes à personne; contentez- vous de votre paie.»
၁၄စစ်သူရဲ တို့ကလည်း အကျွန်ုပ် တို့သည် အဘယ်သို့ ပြု ရပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ သင်တို့သည် အဘယ်သူ ကိုမျှ အနိုင် အထက်မပြုကြနှင့်။ အဘယ်သူကိုမျှ မ လျှပ် ကြနှင့်။ ကိုယ် ရသောအခ နှင့် ရောင့်ရဲ ကြလော့ဟု ပြန်ပြော ၏။
15 Comme le peuple était dans l'attente, et que chacun se demandait au dedans de soi, si Jean ne serait point le Messie,
၁၅လူ အများ တို့သည် မြော်လင့် ၍ ၊ ယောဟန် သည် ခရစ်တော် မှန် သည်မမှန်သည်ကို နှလုံး ထဲမှာ တွေးတော ဆင်ခြင်ကြစဉ်၊
16 Jean, s'adressant à tous, leur dit: «Pour moi, je vous baptise d'eau; mais il vient, celui qui est plus puissant que moi, et je ne suis pas digne de délier la courroie de ses sandales: c'est lui qui vous baptisera d'esprit saint et de feu.
၁၆ယောဟန် သည် လူအပေါင်း တို့အား ပြန်ပြော သည်ကား၊ ငါ သည်သင် တို့အား ရေ ၌ ဗတ္တိဇံ ကိုပေး၏။ ငါ့ ထက်တတ်စွမ်း နိုင်သောသူ သည် ကြွလာ သေး၏။ ထိုသူ ၏ခြေ တော်ကြိုး ကိုမျှ ဖြည် ခြင်းငှာငါမ ထိုက် ။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ ၎င်း ၊ မီး ၌၎င်း သင် တို့ကိုဗတ္တိဇံ ကိုပေးမည်။
17 Il a son van à la main, et il nettoiera son aire; il amassera le blé dans son grenier, mais il brûlera la paille dans un feu qui ne s'éteint point.»
၁၇လက် တော်တွင် စံကော ပါလျက် မိမိ ကောက်နယ် တလင်းကို ရှင်းလင်း စေသဖြင့်၊ ဂျုံ စပါးကိုကား ကျီ ၌ စုသိမ်း သွင်းထား၍ ၊ အဖျင်း ကိုကား မငြိမ်းနိုင် သောမီး နှင့် ရှို့ တော်မူလတံ့ဟု ပြောဆို ၏။
18 Il annonçait donc la bonne nouvelle au peuple, tout en lui adressant beaucoup d'autres exhortations.
၁၈အခြား သောစကားများ နှင့် ဆုံးမ သွေးဆောင်၍ ဧဝံဂေလိတရား ကို လူ အများတို့အားဟောပြော လေ၏။
19 Mais Hérode, le tétrarque, qu'il reprit au sujet d'Hérodiade, femme de son frère, et de toutes les mauvaises actions que lui, Hérode, avait commises,
၁၉ထိုနောက် စော်ဘွား ဟေရုဒ် သည် မိမိ ညီ ၏ ခင်ပွန်း ဟေရောဒိ အကြောင်း မှစ၍ ၊ မိမိပြု သောဒုစရိုက် အပြစ်ရှိသမျှ တို့ကို ယောဟန် သည် ဖော်ပြ ဆုံးမသောကြောင့်၊
20 ajouta à tous ses crimes celui de faire jeter Jean en prison.
၂၀ဟေရုဒ် သည် အရင်အပြစ်ရှိသမျှ တို့အပေါ်မှာ အပြစ်သစ်ကိုထပ်လောင်း ၍ ယောဟန် ကို ထောင် ထဲမှာ လှောင် ထား၏။
21 Comme tout le peuple se faisait baptiser, Jésus se fit aussi baptiser; et au moment où il priait, le ciel s'ouvrit;
၂၁လူ အပေါင်း တို့သည် ဗတ္တိဇံ ကိုခံကြသောအခါ ၊ ယေရှု သည်လည်း ဗတ္တိဇံ ကိုခံတော်မူ၍ ဆုတောင်း စဉ် တွင်၊ ကောင်းကင် ဖွင့်လှစ် သဖြင့်၊
22 le Saint-Esprit descendit sur lui sous une forme corporelle, comme une colombe; et une voix sortit du ciel, disant: «Tu es mon Fils bien-aimé; c'est en toi que j'ai mis toute mon affection.»
၂၂သန့်ရှင်း သောဝိညာဉ် တော်သည် ချိုးငှက် ကဲ့သို့ ကိုယ် ထင်ရှား လျက် ကိုယ်တော် ပေါ်၌ ဆင်းသက် တော်မူ၍ ၊ သင် ကား၊ ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
23 Jésus avait environ trente ans, quand il commença son ministère. Il était, à ce que l'on croyait, fils de Joseph, fils d'Héli,
၂၃ထိုအခါ ယေရှု သည် အနှစ် သုံးဆယ် ခန့် မျှရှိ တော်မူ၏။ လူများအထင် အမှတ်အားဖြင့် ကိုယ်တော်၏ အဘကား ယောသပ် တည်း။ ယောသပ်အဘဧလိ ၊
24 fils de Matthat, fils de Lévi, fils de Melchi, fils de Janné, fils de Joseph,
၂၄ဧလိအဘ မဿတ် ၊ မဿတ်အဘလေဝိ ။ လေဝိအဘ မေလခိ ၊ မေလခိအဘ ယန္န ၊ ယန္နအဘ ယောသပ် ၊
25 fils de Mattathias, fils d'Anios, fils de Nahum, fils d'Hesli, fils de Naggé,
၂၅ယောသပ်အဘမတ္တသိ ၊ မတ္တသိအဘ အာမုတ် ၊ အာမုတ်အဘနာဟုံ ၊ နာဟုံအဘဧသလိ ၊
26 fils de Maath, fils de Mattathias, fils de Semeï, fils de Joseph, fils de Juda,
၂၆ဧသလိအဘနဂ္ဂဲ ၊ နဂ္ဂဲအဘ မာအတ် ၊ မာအတ်အဘမတ္တသိ ၊ မတ္တသိအဘ ရှေမိ ၊ ရှေမိအဘ ယောသပ် ၊ ယောသပ်အဘယုဒ ၊ ယုဒအဘယောဟန္န ၊
27 fils de Johanna, fils de Rhésa, fils de Zorobabel, fils de Salathiel, fils de Néri,
၂၇ယောဟန္နအဘ ရေသ ၊ ရေသအဘ ဇေရုဗဗေလ ၊ ဇေရုဗဗေလအဘ ရှာလသေလ ၊ ရှာလသေလအဘနေရိ ၊ နေရိအဘ မေလခိ ၊ မေလခိအဘ အဒ္ဒိ ၊
28 fils de Melchi, fils d'Addi, fils de Cosam, fils d'Elmodain, fils de Her,
၂၈အဒ္ဒိအဘကောသံ ၊ ကောသံအဘဧလမောဒံ ၊ ဧလမောဒံအဘဧရ ၊
29 fils de José; fils d'Eliézer, fils de Jorim, fils de Matthat, fils de Lévi,
၂၉ဧရအဘ ယောသေ ၊ ယောသေအဘဧလျေဇာ ၊ ဧလျေဇာအဘ ယောရိမ် ၊ ယောရိမ်အဘမဿတ် ၊ မသ္သတ်အဘလေဝိ ၊
30 fils de Syméon, fils de Juda, fils de Joseph, fils de Jônan, fils d'Eliakim,
၃၀လေဝိအဘရှိမောင် ၊ ရှိမောင်အဘယုဒ ၊ ယုဒအဘယောသပ် ၊ ယောသပ်အဘယောနန် ၊ ယောနန်အဘဧလျာကိမ် ၊ ဧလျာကိမ်အဘမေလေ ၊
31 fils de Méléa, fils de Maman, fils de Mattatha, fils de Nathan, fils de David,
၃၁မေလေအဘမဲနန် ၊ မဲနန်အဘမတ္တသ ၊ မတ္တသအဘနာသန် ၊ နာသန်အဘဒါဝိဒ် ၊
32 fils d'Issaï, fils de Jobed, fils de Booz, fils de Salmon, fils de Naasson,
၃၂ဒါဝိဒ်အဘယေရှဲ ၊ ယေရှဲအဘဩဗက် ၊ ဩဗက်အဘဗောဇ ၊ ဗောဇအဘစာလမုန် ၊ စာလမုန်အဘနာရှုန် ၊
33 fils d'Aminadab, fils d'Admin, fils d'Ami, fils d'Esron, fils de Phares, fils de Juda,
၃၃နာရှုန်အဘအမိနဒပ် ၊ အမိနဒပ်အဘအာရံ ၊ အာရံအဘဟေဇရုံ ၊ ဟေဇရုံအဘဖာရက် ၊ ဖာရက်အဘယုဒ ၊
34 fils de Jacob, fils d'Isaac, fils d'Abraham, fils de Tharé, fils de Nachor,
၃၄ယုဒအဘ ယာကုပ် ၊ ယာကုပ်အဘဣဇာက် ၊ ဣဇာက်အဘအာဗြဟံ ၊ အာဗြဟံအဘတေရ ၊ တေရအဘ နာခေါ် ၊
35 fils de Seruch, fils de Ragan, fils de Phalez, fils d'Héber, fils de Sala,
၃၅နာခေါ်အဘစေရောက် ၊ စေရောက်အဘရာဂေါ ၊ ရာဂေါအဘဖာလက် ၊ ဖာလက်အဘဟေဗာ ၊ ဟေဗာအဘ ရှာလ ၊
36 fils de Caïnan, fils d'Arpaxad, fils de Sem, fils de Noé, fils de Lamech,
၃၆ရှာလအဘ ကာဣနန် ၊ ကာဣနန်အဘအာဖာဇဒ် ၊ အာဖာဇဒ်အဘရှေမ ၊ ရှေမအဘနောဧ ၊ နောဧအဘလာမက် ၊
37 fils de Mathusalem, fils d'Hénoch, fils de Jared, fils de Maleèl, fils de Caïnan,
၃၇လာမက်အဘမသုရှလ ၊ မသုရှလအဘ ဧနောက် ၊ ဧနောက်အဘယာရက် ၊ ယာရက်အဘမဟာလေလေလ ၊ မဟာလေလေလအဘ ကာဣနန် ၊
38 fils d'Enos, fils de Seth, fils d'Adam, fils de Dieu.
၃၈ကာဣနန်အဘဧနုတ် ၊ ဧနုတ်အဘရှေသ ၊ ရှေသအဘ အာဒံ ၊ အာဒံအဘဘုရားသခင် ပေတည်း။

< Luc 3 >