< 2 Rois 24 >

1 De son temps Nébuchadnetsar, Roi de Babylone, monta [contre Jéhojakim], et Jéhojakim lui fut asservi l'espace de trois ans; puis ayant changé de volonté, il se rebella contre lui.
ယောယကိမ်မင်းလက်ထက် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ချီလာ၍၊ ယောယကိမ်သည် သုံးနှစ် ကျွန်ခံပြီးမှ တဖန်လှန်ပြန်၍ ပုန်ကန်လေ၏။
2 Et l'Eternel envoya contre Jéhojakim des troupes de Chaldéens, et des troupes de Syriens, et des troupes de Moab, et des troupes des enfants de Hammon; il les envoya, dis-je, contre Juda, pour le détruire, suivant la parole de l'Eternel qu'il avait prononcée par le moyen des Prophètes ses serviteurs.
ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့ဖြင့် မိန့်တော်မူသော စကားတော်အတိုင်း၊ ယုဒပြည်ကို ဖျက်သိမ်းစေခြင်းငှါ၊ ခါလဒဲတပ်သား၊ ရှုရိတပ်သား၊ မောဘတပ်သား၊ အမ္မုန်တပ်သားတို့ကို စစ်ချီစေတော် မူ၏။
3 Et cela arriva selon le mandement de l'Eternel contre Juda, pour le rejeter de devant sa face, à cause des péchés de Manassé, selon tout ce qu'il avait fait;
မနောရှမင်းပြုမိသမျှသောအပြစ်၊
4 Et à cause aussi du sang innocent qu'il avait répandu, ayant rempli Jérusalem de sang innocent; [c'est pourquoi] l'Eternel ne lui voulut point pardonner.
အသေမခံထိုက်သော သူတို့ကို သတ်၍ သူတို့ အသွေးနှင့် ယေရုရှလင်မြို့ကို ပြည့်စေသော အပြစ်များ ကို ထာဝရဘုရားသည် လွှတ်တော်မမူ။ ယုဒအမျိုးကို မျက်မှောက်တော်မှ ပယ်ရှားလိုသောငှါ စီရင်တော်မူသည် အတိုင်းသာ ထိုအမှုရောက်သတည်း။
5 Le reste des faits de Jéhojakim, tout ce, dis-je, qu'il a fait, n'est-il pas écrit au Livre des Chroniques des Rois de Juda?
ယောယကိမ်ပြုမူသော အမှုအရာကြွင်းလေ သမျှတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
6 Ainsi Jéhojakim s'endormit avec ses pères; et Jéhojachin son fils régna en sa place.
ယောယကိမ်သည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ သားတော် ယေခေါနိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
7 Or le Roi d'Egypte ne sortit plus de son pays, parce que le Roi de Babylone avait pris tout ce qui était au Roi d Egypte, depuis le torrent d'Egypte jusqu'au fleuve d'Euphrate.
အဲဂုတ္တုမြစ်မှစ၍ ဥဖရတ်မြစ်တိုင်အောင် အဲဂုတ္တုရှင်ဘုရင်ပိုင်သမျှသော မြေကို ဗာဗုလုန်ရှင်ဘုရင် သောကြောင့်၊ နောက်တဖန် အဲဂုတ္တုရှင်ဘုရင်သည် မိမိပြည်မှ မချီမထွက်ရ။
8 Jéhojachin était âgé de dix-huit ans quand il commença à régner, et il régna trois mois à Jérusalem; sa mère avait nom Nehusta, fille d'Elnathan de Jérusalem.
ယေခေါနိသည် အသက်ဆယ်ရှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ သုံးလစိုးစံလေ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သား ဧလနာ သန်၏သမီး နဟုတ္တအမည်ရှိ၏။
9 Il fit ce qui déplaît à l'Eternel, comme avait fait son père.
ထိုမင်းသည် ခမည်းတော်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ဒုစရိုက်ကိုပြု၏။
10 En ce temps-là les gens de Nébuchadnetsar, Roi de Babylone, montèrent contre Jérusalem, et là ville fut assiégée.
၁၀ထိုကာလ၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ ၏ ကျွန်တို့သည် ယေရုရှလင်မြို့သို့စစ်ချီ၍ ဝိုင်းထားကြ ၏။
11 Et Nébuchadnetsar Roi de Babylone vint contre la ville, lorsque ses gens l'assiégeaient.
၁၁ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ကိုယ်တိုင်ရောက်၍၊ သူ၏ကျွန်တို့သည် မြို့ကို ဝိုင်းထား ကြသောအခါ၊
12 Alors Jéhojachin Roi de Juda sortit vers le Roi de Babylone, lui, sa mère, ses gens, ses capitaines, et ses Eunuques; de sorte que le Roi de Babylone le prit la huitième année de son règne.
၁၂ယုဒရှင်ဘုရင် ယေခေါနိသည် မယ်တော်မှစသော ကျွန်၊ မှူးမတ်၊ အရာရှိတို့နှင့်တကွ ဗာဗုလုန် ရှင်ဘုရင်ထံသို့ ထွက်၍ ဗာဗုလုန်ရှင်ဘုရင်သည် နန်းစံ ရှစ်နှစ်တွင် ယုဒရှင်ဘုရင်ကိုရ၏။
13 Et il tira hors de là, selon que l'Eternel en avait parlé, tous les trésors de la maison de l'Eternel, et les trésors de la maison Royale, et mit en pièces tous les ustensiles d'or que Salomon Roi d'Israël avait faits pour le Temple de l'Eternel.
၁၃ထာဝရဘုရား မိန့်တော်မူဘူးသည်အတိုင်း ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာရှိသမျှကို သိမ်း သွား၍၊ ဗိမာန်တော်အဘို့ ဣသရေလ ရှင်ဘုရင်လုပ် သော ရွှေတန်ဆာအလုံးစုံတို့ကို အပိုင်းပိုင်းဖြတ်လေ၏။
14 Et il transporta tout Jérusalem, savoir, tous les capitaines, et tous les vaillants hommes de guerre, au nombre de dix mille captifs, avec les charpentiers et les serruriers, de sorte qu'il ne demeura personne de reste que le pauvre peuple du pays.
၁၄ယေရုရှလင်မြို့သား မှူးမတ်၊ ခွန်အားကြီးသော စစ်သူရဲတသောင်း၊ အထူးထူးအပြားပြားသော ဆရာ သမားအပေါင်းတို့ကို သိမ်းသွား၍၊ သာမညဆင်းရဲသားမှ တပါးအဘယ်သူမျှ မကျန်ကြွင်းရ။
15 Ainsi il transporta Jéhojachin à Babylone, avec la mère du Roi, et les femmes du Roi et ses Eunuques, et il emmena captifs à Babylone tous les plus puissants du pays de Jérusalem;
၁၅ယေခေါနိနှင့် မယ်တော်အစရှိသော မိဖုရား များ၊ အရာရှိများ၊ အားကြီးသော ပြည်သားများ အပေါင်း၊
16 Avec tous les hommes vaillants au nombre de sept mille, et les charpentiers et les serruriers au nombre de mille, tous puissants et propres à la guerre, lesquels le Roi de Babylone emmena captifs [à] Babylone.
၁၆စစ်တိုက်ခြင်းငှါ တတ်စွမ်းနိုင်သောသူ ရှိသမျှ၊ ခွန်အားကြီးသော လူခုနစ်ထောင်၊ အထူးထူးအပြား အပြားသော ဆရာသမားတထောင်တို့ကို ယေရုရှလင် မြို့မှ ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏။
17 Et le Roi de Babylone établit pour Roi, en la place de Jéhojachin, Mattania son oncle, et lui changea son nom, [l'appelant] Sédécias.
၁၇ဗာဗုလုန် ရှင်ဘုရင်သည် ယေခေါနိ ဘထွေး တော်မဿနိကို ဇေဒကိအမည်ဖြင့်မှည့်၍ ယေခေါနိ အရာ၌ နန်းတင်၏။
18 Sédécias était âgé de vingt et un ans, quand il commença à régner, et il régna onze ans à Jérusalem; sa mère avait nom Hamutal, fille de Jérémie de Libna.
၁၈ဇေဒကိသည် အသက်နှစ်ဆယ်တနှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌တဆယ်တနှစ်စိုးစံလေ၏။ မယ်တော်ကား၊ လိဗနမြို့သား ယေရမိ၏သမီး ဟာမု ဘာလအမည်ရှိ၏။
19 Il fit ce qui déplaît à l'Eternel comme avait fait Jéhojakim.
၁၉ထိုမင်းသည် ယောယကိမ်ပြုသမျှအတိုင်း ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
20 Car il arriva à cause de la colère de l'Eternel contre Jérusalem et contre Juda, afin qu'il les rejetât de devant sa face, que Sédécias se rebella contre le Roi de Babylone.
၂၀ထာဝရဘုရားသည် ယုဒပြည်သူ ယေရုရှလင် မြို့သားတို့ကို အထံတော်မှ မနှင့်ထုတ်မှီတိုင်အောင် အမျက်ထွက်တော်မူ၍၊ ဇေဒကိမင်းသည် ဗာဗုလုန် ရှင်ဘုရင်ကို ပုန်ကန်လေ၏။

< 2 Rois 24 >