< Matthieu 12 >
1 En ce temps-là, Jésus traversa des champs de blé un jour de sabbat. Ses disciples, qui avaient faim, se mirent à arracher des épis et à manger.
၁ထိုနောက်များမကြာမီဥပုသ်နေ့၌သခင် ယေရှုသည် ဂျုံခင်းတို့ကိုဖြတ်၍ကြွတော်မူ၏။ တပည့်တော်တို့သည်ဆာလောင်မွတ်သိပ်သဖြင့် ဂျုံနှံများကိုဆွတ်ခူး၍စားကြ၏။-
2 Les pharisiens, voyant cela, lui dirent: Voici, tes disciples font ce qu’il n’est pas permis de faire pendant le sabbat.
၂ဤအခြင်းအရာကိုဖာရိရှဲတို့မြင်လျှင် ``ကြည့် ပါ။ ကိုယ်တော်၏တပည့်များသည်ဥပုသ်နေ့၌မပြု အပ်သောအမှုကိုပြုနေကြပါသည်တကား'' ဟုဆိုကြ၏။
3 Mais Jésus leur répondit: N’avez-vous pas lu ce que fit David, lorsqu’il eut faim, lui et ceux qui étaient avec lui;
၃ကိုယ်တော်က ``ဒါဝိဒ်မင်းသည်မိမိနှင့်အဖော်တို့ ဆာလောင်မွတ်သိပ်သောအခါအဘယ်သို့ပြုခဲ့ ကြောင်း သင်တို့တစ်ခါမျှမဖတ်ဖူးပါသလော။-
4 comment il entra dans la maison de Dieu, et mangeales pains de proposition, qu’il ne lui était pas permis de manger, non plus qu’à ceux qui étaient avec lui, etqui étaient réservés aux sacrificateurs seuls?
၄သူနှင့်သူ့အဖော်တို့သည်ဘုရားသခင်၏ ဗိမာန်တော်သို့ဝင်၍ ယဇ်ပုရောဟိတ်များသာ စားအပ်သောရှေ့တော်မုန့်ကိုစားဖူးသည် မဟုတ်လော။-
5 Ou, n’avez-vous pas lu dans la loi que, les jours de sabbat, les sacrificateurs violent le sabbat dans le temple, sans se rendre coupables?
၅ထိုမှတစ်ပါးဗိမာန်တော်တွင်ယဇ်ပုရောဟိတ် တို့သည် ဥပုသ်နေ့ဆိုင်ရာပညတ်ကိုချိုးဖောက် သော်လည်းအပြစ်မသင့်ကြောင်း မောရှေ၏ ပညတ်ကျမ်းတွင်မဖတ်ဖူးကြပါသလော။-
6 Or, je vous le dis, il y a ici quelque chose de plus grand que le temple.
၆ဤအရပ်တွင်ဗိမာန်တော်ထက်ကြီးမြတ်သော အရာရှိ၏ဟုသင်တို့အားငါဆို၏။-
7 Si vous saviez ce que signifie: Je prends plaisir à la miséricorde, et non aux sacrifices, vous n’auriez pas condamné des innocents.
၇`ငါသည်သနားကြင်နာခြင်းကိုယဇ်ပူဇော်ခြင်း ထက်ပို၍နှစ်သက်၏' ဟုကျမ်းစကား၏အနက် အဋ္ဌိပ္ပါယ်ကိုနားလည်ပါမူ သင်တို့သည်အပြစ် မရှိသူများကိုပြစ်တင်ရှုတ်ချကြလိမ့်မည် မဟုတ်။-
8 Car le Fils de l’homme est maître du sabbat.
၈လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟု မိန့်တော်မူ၏။
9 Étant parti de là, Jésus entra dans la synagogue.
၉ကိုယ်တော်သည်ထိုအရပ်မှကြွတော်မူ၍ တရားဇရပ်တစ်ခုသို့ဝင်တော်မူ၏။-
10 Et voici, il s’y trouvait un homme qui avait la main sèche. Ils demandèrent à Jésus: Est-il permis de faire une guérison les jours de sabbat? C’était afin de pouvoir l’accuser.
၁၀တရားဇရပ်ထဲတွင်လက်တစ်ဖက်သေသူလူ တစ်ယောက်ရှိ၏။ လူအချို့တို့သည်ကိုယ်တော်ကို ပြစ်တင်စွပ်စွဲလို၍ ``ဥပုသ်နေ့၌အနာရောဂါ ပျောက်ကင်းစေအပ်ပါသလော'' ဟုမေးလျှောက် ကြ၏။
11 Il leur répondit: Lequel d’entre vous, s’il n’a qu’une brebis et qu’elle tombedans une fosse le jour du sabbat, ne la saisira pour l’en retirer?
၁၁ကိုယ်တော်က ``အကယ်၍သင်တို့၏သိုးတစ်ကောင် သည်ဥပုသ်နေ့၌တွင်းထဲသို့ကျသည်ရှိသော် ထို သိုးကိုမဆွဲမတင်ဘဲနေမည့်သူသင်တို့တွင် ရှိပါသလော။-
12 Combien un homme ne vaut-il pas plus qu’une brebis! Il est donc permis de faire du bien les jours de sabbat.
၁၂လူသည်သိုးထက်များစွာပို၍အဖိုးထိုက်သည် မဟုတ်ပါလော။ သို့ဖြစ်၍ဥပုသ်နေ့၌ကောင်း သောအမှုကိုပြုလုပ်နိုင်ခွင့်ရှိ၏'' ဟုမိန့်တော် မူသည်။-
13 Alors il dit à l’homme: Étends ta main. Il l’étendit, et elle devint saine comme l’autre.
၁၃ထိုနောက်ကိုယ်တော်ကလက်သေသူအား ``သင်၏ လက်ကိုဆန့်လော့'' ဟုမိန့်တော်မူ၏။ ထိုသူသည် လက်ကိုဆန့်လိုက်လျှင်ထိုလက်သည်အခြားလက် တစ်ဖက်ကဲ့သို့အကောင်းပကတိဖြစ်လာ၏။-
14 Les pharisiens sortirent, et ils se consultèrent sur les moyens de le faire périr.
၁၄ဖာရိရှဲတို့သည်တရားဇရပ်မှထွက်သွားကြ ပြီးလျှင် ကိုယ်တော်ကိုသတ်ရန်ကြံစည်တိုင်ပင် ကြ၏။
15 Mais Jésus, l’ayant su, s’éloigna de ce lieu. Une grande foule le suivit. Il guérit tous les malades,
၁၅ယင်းသို့ကြံစည်ကြောင်းကိုသခင်ယေရှုကြား သိတော်မူသောအခါ ထိုအရပ်မှကြွသွားတော် မူ၏။ များစွာသောလူတို့သည်နောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ဖျားနာသူတို့၏ရောဂါ များကိုပျောက်ကင်းစေတော်မူ၏။-
16 et il leur recommanda sévèrement de ne pas le faire connaître,
၁၆သို့ရာတွင်မိမိ၏အကြောင်းကိုသူတစ်ပါးတို့ အားမပြောကြားရန် ထိုသူတို့ကိုပညတ်တော် မူ၏။-
17 afin que s’accomplît ce qui avait été annoncé par Ésaïe, le prophète:
၁၇ဤသို့ပညတ်တော်မူရခြင်းမှာပရောဖက် ဟေရှာယမှတစ်ဆင့် ဘုရားသခင်ပေးတော်မူ သောဗျာဒိတ်တော်အတိုင်းဖြစ်ပျက်လာစေရန် ပင်ဖြစ်သတည်း။ ထိုဗျာဒိတ်တော်ကား၊
18 Voici mon serviteur que j’ai choisi, Mon bien-aimé en qui mon âme a pris plaisir. Je mettrai mon Esprit sur lui, Et il annoncera la justice aux nations.
၁၈``ငါနှစ်သက်မြတ်နိုးသူ၊ငါရွေးချယ်သော အစေခံကိုကြည့်ကြလော့။ ငါ၏ဝိညာဉ်တော်ကိုသူ၏အပေါ်သို့ သက်ရောက်စေမည်။ သူသည်ငါချမှတ်တော်မူသည့်တရား စီရင်ချက်ကို၊ လူမျိုးတကာတို့အားကြေညာလိမ့်မည်။
19 Il ne contestera point, il ne criera point, Et personne n’entendra sa voix dans les rues.
၁၉သို့ရာတွင်သူသည်ငြင်းခုံခြင်း၊သို့မဟုတ် ဟစ်အော်ခြင်းကိုပြုလိမ့်မည်မဟုတ်၊ လမ်းတွင်သူ၏အသံကိုအဘယ်သူမျှ ကြားရလိမ့်မည်မဟုတ်။
20 Il ne brisera point le roseau cassé, Et il n’éteindra point le lumignon qui fume, Jusqu’à ce qu’il ait fait triompher la justice.
၂၀သူသည်ကွေ့ကောက်လျက်ရှိသောကူပင်ကိုမချိုး၊ မီးမတောက်ဘဲတငွေ့ငွေ့လောင်နေသော မီးစာကိုမငြိမ်းသတ်။ သူသည်တရားမျှတမှုစိုးမိုးလာသည်တိုင်အောင် လုပ်ဆောင်လိမ့်မည်။
21 Et les nations espéreront en son nom.
၂၁လူမျိုးတကာတို့သည်လည်းသူ့ကိုကိုးစားလိမ့်မည်'' ဟူ၍ဖြစ်၏။
22 Alors on lui amena un démoniaque aveugle et muet, et il le guérit, de sorte que le muet parlait et voyait.
၂၂နတ်မိစ္ဆာပူးဝင်နေသဖြင့်မျက်စိမမြင်၊ ဆွံ့အ နေသူလူတစ်ယောက်ကို လူအချို့တို့သည်အထံ တော်သို့ခေါ်ခဲ့ကြ၏။ ကိုယ်တော်သည်နတ်မိစ္ဆာကို နှင်ထုတ်တော်မူသဖြင့် ထိုသူသည်မျက်စိမြင် လာပြီးလျှင်စကားပြောလေ၏။-
23 Toute la foule étonnée disait: N’est-ce point là le Fils de David?
၂၃လူပရိသတ်တို့သည်များစွာအံ့သြကြ လျက် ``ဤသူသည်ဒါဝိဒ်၏သားတော်ဖြစ်ပါ မည်လော'' ဟုဆိုကြ၏။
24 Les pharisiens, ayant entendu cela, dirent: Cet homme ne chasse les démons que par Béelzébul, prince des démons.
၂၄ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
25 Comme Jésus connaissait leurs pensées, il leur dit: Tout royaume divisé contre lui-même est dévasté, et toute ville ou maison divisée contre elle-même ne peut subsister.
၂၅ထိုသူတို့၏စိတ်နှလုံးအကြံအစည်ကိုသိတော်မူ သဖြင့်ကိုယ်တော်က ``နိုင်ငံတစ်ခုတွင်လူတို့သည် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေလျှင် ထိုနိုင်ငံသည်မကြာမီပျက်စီးလိမ့်မည်။ ထိုနည်း တူလူတို့စိတ်ဝမ်းကွဲပြားလျက်နေသောမြို့ သို့မဟုတ်အိမ်ထောင်သည်မရပ်မတည်နိုင်ရာ။-
26 Si Satan chasse Satan, il est divisé contre lui-même; comment donc son royaume subsistera-t-il?
၂၆သို့ဖြစ်၍စာတန်၏အုပ်စိုးမှုကိုဝန်ခံသူတို့ သည်အချင်းချင်းတိုက်ခိုက်လျက်နေပါလျှင် သူ၏နိုင်ငံသည်အဘယ်သို့တည်တံ့နိုင်ပါ မည်နည်း။-
27 Et si moi, je chasse les démons par Béelzébul, vos fils, par qui les chassent-ils? C’est pourquoi ils seront eux-mêmes vos juges.
၂၇ငါသည်ဗေလဇေဗုလကိုအမှီပြု၍နတ် မိစ္ဆာများကိုနှင်ထုတ်သည်ဆိုပါလျှင် သင်တို့၏ တပည့်များကားမည်သူကိုအမှီပြု၍နှင်ထုတ် ကြပါသနည်း။ သင်တို့မှားယွင်းကြောင်းကိုသင် တို့တပည့်များ၏အပြုအမူကပင်သက်သေ ခံ၏။-
28 Mais, si c’est par l’Esprit de Dieu que je chasse les démons, le royaume de Dieu est donc venu vers vous.
၂၈ငါသည်ဗေလဇေဗုလ၏တန်ခိုးအားဖြင့် မဟုတ်၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုး အားဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်သည်။ ထို သို့မှန်လျှင်ဘုရားသခင်၏နိုင်ငံတော်သည် သင်တို့တွင်တည်လျက်ရှိပေပြီ။
29 Ou, comment quelqu’un peut-il entrer dans la maison d’un homme fort et piller ses biens, sans avoir auparavant lié cet homme fort? Alors seulement il pillera sa maison.
၂၉``အဘယ်သူသည်ခွန်အားကြီးသူကိုဦးစွာ မချည်မနှောင်ဘဲ သူ၏အိမ်သို့ဝင်၍ဥစ္စာပစ္စည်း များကိုလုယူနိုင်ပါမည်နည်း။ ချည်နှောင်ပြီး မှသာလုယူနိုင်ပေမည်။
30 Celui qui n’est pas avec moi est contre moi, et celui qui n’assemble pas avec moi disperse.
၃၀``ငါ့ဘက်မှာမနေသူသည်ငါ့ကိုဆန့်ကျင် သူဖြစ်၏။ ငါနှင့်အတူမစုမသိမ်းသူသည် ကြဲဖြန့်သူဖြစ်၏။-
31 C’est pourquoi je vous dis: Tout péché et tout blasphème sera pardonné aux hommes, mais le blasphème contre l’Esprit ne sera point pardonné.
၃၁ထိုအကြောင်းကြောင့်သင်တို့အားငါဆိုသည် ကား၊ အပြစ်ဟူသမျှအတွက်လည်းကောင်း၊ ပြစ် မှားပြောဆိုသည့်စကားဟူသမျှအတွက် လည်းကောင်း လူတို့အပြစ်ဖြေလွှတ်နိုင်ခွင့်ရှိ၏။ သန့်ရှင်းသောဝိညာဉ်တော်ကိုပြစ်မှားပြောဆို သူသည်အပြစ်ဖြေလွှတ်နိုင်ခွင့်မရှိ။-
32 Quiconque parlera contre le Fils de l’homme, il lui sera pardonné; mais quiconque parlera contre le Saint-Esprit, il ne lui sera pardonné ni dans ce siècle ni dans le siècle à venir. (aiōn )
၃၂လူသားကိုပြစ်မှားပြောဆိုသူသည်အပြစ်ဖြေ လွှတ်နိုင်၏။ သို့ရာတွင်သန့်ရှင်းသောဝိညာဉ်တော် ကိုပြစ်မှားပြောဆိုသောသူမူကားယခုဘဝ နောင်ဘဝတွင်အပြစ်ဖြေလွှတ်လိမ့်မည်မဟုတ်။ (aiōn )
33 Ou dites que l’arbre est bon et que son fruit est bon, ou dites que l’arbre est mauvais et que son fruit est mauvais; car on connaît l’arbre par le fruit.
၃၃``အသီးကောင်းကိုရလိုလျှင်အပင်ကောင်းကို စိုက်ရမည်။ အပင်ညံ့သည်အသီးညံ့ကိုသီး လိမ့်မည်။ အသီးကိုထောက်၍အပင်အကြောင်း ကိုသိရ၏။-
34 Races de vipères, comment pourriez-vous dire de bonnes chose, méchants comme vous l’êtes? Car c’est de l’abondance du cœur que la bouche parle.
၃၄အချင်းမြွေဆိုးအမျိုးတို့၊ သင်တို့သည်ဆိုးယုတ် သူများဖြစ်သဖြင့် အဘယ်သို့လျှင်ကောင်းမြတ် သည့်စကားကိုပြောနိုင်ကြပါမည်နည်း။ စိတ် နှလုံး၌ပြည့်လျှံနေသည့်အရာများကိုနှုတ် ကဖော်ပြတတ်၏။-
35 L’homme bon tire de bonnes choses de son bon trésor, et l’homme méchant tire de mauvaises choses de son mauvais trésor.
၃၅ကောင်းမြတ်သောသူသည်မိမိ၏ကောင်းမြတ်သော စိတ်နှလုံးဘဏ္ဍာတိုက်အတွင်းမှကောင်းမြတ်သော အရာကိုထုတ်ဖော်တတ်၏။ ဆိုးယုတ်သောသူသည် မိမိဆိုးယုတ်သောစိတ်နှလုံးဘဏ္ဍာတိုက်အတွင်း မှဆိုးယုတ်သောအရာများကိုထုတ်ဖော်တတ်၏။
36 Je vous le dis: au jour du jugement, les hommes rendront compte detoute parole vaine qu’ils auront proférée.
၃၆``သင်တို့အားငါဆိုသည်ကားတရားစီရင်တော် မူရာနေ့၌လူတို့သည်မိမိတို့အကျိုးမဲ့ပြောဆို သောစကားများအတွက်စစ်ဆေးစီရင်ခြင်းကို ခံရကြလတ္တံ့။-
37 Car par tes paroles tu seras justifié, et par tes paroles tu seras condamné.
၃၇သင်တို့အပြစ်ဒဏ်ခံထိုက်သည်မခံထိုက်သည် ကိုသင်တို့ပြောဆိုသည့်စကားများအရ ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
38 Alors quelques-uns des scribes et des pharisiens prirent la parole, et dirent: Maître, nous voudrions te voir faire un miracle.
၃၈အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
39 Il leur répondit: Une génération méchante et adultère demande un miracle; il ne lui sera donné d’autre miracle que celui du prophète Jonas.
၃၉ကိုယ်တော်က ``ဆိုးညစ်၍ဘုရားမဲ့သောဤခေတ် လူတို့သည်နိမိတ်လက္ခဏာကိုတောင်းဆိုကြပါ သည်တကား။ သင်တို့သည်ယောန၏နိမိတ်လက္ခ ဏာမှတစ်ပါး အဘယ်နိမိတ်လက္ခဏာကိုမျှ တွေ့မြင်ရလိမ့်မည်မဟုတ်။-
40 Car, de même que Jonas fut trois jours et trois nuits dans le ventre d’un grand poisson, de même le Fils de l’homme sera trois jours et trois nuits dans le sein de la terre.
၄၀ယောနသည်ငါးကြီး၏ဝမ်းထဲတွင်သုံးရက်တိုင် တိုင်နေရသကဲ့သို့ လူသားသည်လည်းမြေကြီး ထဲတွင်သုံးရက်နေရလတ္တံ့။-
41 Les hommes de Ninive se lèveront, au jour du jugement, avec cette génération et la condamneront, parce qu’ils se repentirentà la prédication de Jonas; et voici, il y a ici plus que Jonas.
၄၁နိနေဝေမြို့သားတို့သည်ယောန၏ဟောပြောချက် ကြောင့်နောင်တရခဲ့ကြ၏။ သို့ဖြစ်၍သူတို့သည် တရားစီရင်တော်မူရာနေ့၌ထ၍သင်တို့အား ပြစ်တင်စွပ်စွဲကြလိမ့်မည်။ ဤအရပ်တွင်ယောန ထက်ကြီးမြတ်သည့်အရာရောက်ရှိနေလေပြီ။
42 La reine du Midi se lèvera, au jour du jugement, avec cette génération et la condamnera, parce qu’elle vint des extrémités de la terre pour entendre la sagesse de Salomon, et voici, il y a ici plus que Salomon.
၄၂ဒက္ခိဏပြည်ကဘုရင်မသည်ဉာဏ်ပညာရှင် ရှောလမုန်မင်းကြီး၏စကားကိုကြားနာရန် ဝေးလံရပ်ခြားတိုင်းတစ်ပါးမှလာရောက်ခဲ့၏။ သို့ဖြစ်၍တရားစီရင်တော်မူရာနေ့၌သူသည် ထ၍သင်တို့အားပြစ်တင်စွပ်စွဲလိမ့်မည်။ ဤ အရပ်တွင်ရှောလမုန်မင်းထက်ကြီးမြတ်သည့် အရာရောက်ရှိနေလေပြီဟုငါဆို၏။
43 Lorsque l’esprit impur est sorti d’un homme, il va par des lieux arides, cherchant du repos, et il n’en trouve point.
၄၃``ညစ်ညမ်းသောနတ်သည်မိမိပူးဝင်နေသူလူ ထဲမှထွက်သည့်အခါခြောက်သွေ့ရာအရပ်တွင် လှည့်လည်၍နားနေစရာကိုရှာတတ်၏။ ယင်း သို့ရှာ၍မတွေ့သောအခါ၊
44 Alors il dit: Je retournerai dans ma maison d’où je suis sorti; et, quand il arrive, il la trouve vide, balayée et ornée.
၄၄`ငါယခင်နေခဲ့သည့်နေရာသို့ပင်ပြန်ပါအံ့' ဟုဆို၏။ ထိုနေရာသို့ပြန်ရောက်သောအခါ သပ်ရပ်စွာလှည်းကျင်းထားသည်ကိုတွေ့သဖြင့်၊
45 Il s’en va, et il prend avec lui sept autres esprits plus méchants que lui; ils entrent dans la maison, s’y établissent, et la dernière condition de cet homme est pire que la première. Il en sera de même pour cette génération méchante.
၄၅သူသည်သွား၍မိမိထက်ညစ်ညမ်းသောနတ် ခုနစ်ဦးကိုခေါ်ခဲ့ပြီးလျှင်ထိုနေရာတွင်နေ လေ၏။ သို့ဖြစ်၍နတ်ပူးဝင်သူ၏နောက်ဖြစ်အင် သည်ပထမဖြစ်အင်ထက်ဆိုးရွားလေတော့၏။ ဤဆိုးညစ်သောလူတို့သည်လည်းထိုနည်းအတိုင်း ပင်ခံစားရကြလတ္တံ့'' ဟုမိန့်တော်မူ၏။
46 Comme Jésus s’adressait encore à la foule, voici, sa mère et ses frères, qui étaient dehors, cherchèrent à lui parler.
၄၆ကိုယ်တော်သည်လူပရိသတ်တို့အားဟောပြော သွန်သင်လျက်နေတော်မူစဉ်မယ်တော်နှင့်ညီတော် များရောက်လာ၍ကိုယ်တော်နှင့်တွေ့လိုသဖြင့် အပြင်တွင်စောင့်လျက်နေကြ၏။-
47 Quelqu’un lui dit: Voici, ta mère et tes frères sont dehors, et ils cherchent à te parler.
၄၇လူတစ်ယောက်က ``အရှင်၏မယ်တော်နှင့်ညီတော် များသည်အရှင်နှင့်တွေ့လို၍အပြင်တွင်စောင့် နေကြပါသည်'' ဟုလျှောက်၏။-
48 Mais Jésus répondit à celui qui le lui disait: Qui est ma mère, et qui sont mes frères?
၄၈ကိုယ်တော်က ``ငါ့အမိကားမည်သူနည်း။ ငါ့ညီ၊ ငါ့အစ်ကိုများကားမည်သူနည်း'' ဟုပြန်၍ မေးတော်မူ၏။-
49 Puis, étendant la main sur ses disciples, il dit: Voici ma mère et mes frères.
၄၉ထိုနောက်ကိုယ်တော်သည်တပည့်တော်တို့ကို ညွှန်ပြလျက် ``ငါ့အမိ၊ ငါ့ညီ၊ ငါ့အစ်ကိုများ ကားဤသူတို့တည်း။-
50 Car, quiconque fait la volonté de mon Père qui est dans les cieux, celui-là est mon frère, et ma sœur, et ma mère.
၅၀ကောင်းကင်ဘုံရှင်ငါ့ခမည်းတော်၏အလိုတော် အတိုင်းဆောင်ရွက်သူမှန်သမျှသည်ငါ့ညီ၊ ငါ့ အစ်ကို၊ ငါ့အစ်မ၊ ငါ့နှမ၊ ငါ့အမိတို့ပေ တည်း'' ဟုမိန့်တော်မူ၏။