< Isaïe 66 >

1 Ainsi parle l’Éternel: Le ciel est mon trône, Et la terre mon marchepied. Quelle maison pourriez-vous me bâtir, Et quel lieu me donneriez-vous pour demeure?
ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ကောင်းကင် ဘုံသည် ငါ့ ပလ္လင် ဖြစ်၏။ မြေကြီး သည် ငါ့ ခြေ တင် ရာခုံ ဖြစ်၏။ အဘယ်သို့ သော ဗိမာန် ကို ငါ့ အဘို့ တည် ဆောက်ကြမည်နည်း။ အဘယ် အရပ်သည် ငါ ကျိန်းဝပ် ရာအရပ် ဖြစ်မည်နည်း။
2 Toutes ces choses, ma main les a faites, Et toutes ont reçu l’existence, dit l’Éternel. Voici sur qui je porterai mes regards: Sur celui qui souffre et qui a l’esprit abattu, Sur celui qui craint ma parole.
ဤ အရာအလုံးစုံ တို့သည် ငါ့ ကိုယ်တိုင် ဖန်ဆင်း သောကြောင့် ဖြစ် ကြ၏။ စိတ်နှိမ့်ချ ခြင်း၊ နှလုံး ကြေကွဲ ခြင်း၊ ငါ့ စကား ကြောင့် တုန်လှုပ် ခြင်းရှိသောသူကိုသာငါကြည့်ရှု မည်။
3 Celui qui immole un bœuf est comme celui qui tuerait un homme, Celui qui sacrifie un agneau est comme celui qui romprait la nuque à un chien, Celui qui présente une offrande est comme celui qui répandrait du sang de porc, Celui qui brûle de l’encens est comme celui qui adorerait des idoles; Tous ceux-là se complaisent dans leurs voies, Et leur âme trouve du plaisir dans leurs abominations.
တဖန်မိန့်တော်မူသည်ကား၊ နွား ကိုသတ် သောသူသည် လူ ကို သတ် သောသူနှင့်တူ၏။ သိုးသငယ် ကို ယဇ် ပူဇော်သောသူသည် ခွေး လည်ပင်းကိုဖြတ် သော သူနှင့်တူ၏။ အလှူဒါနကို လှူဒါန်း သောသူသည် ဝက် သွေး ကို လှူဒါန်း သောသူနှင့်တူ၏။ လောဗန် ကိုမီးရှို့ သောသူသည် ရုပ်တု ကိုကောင်းကြီး ပေး သော သူ နှင့် တ ူ၏။ အကယ်စင်စစ် ထိုသူ တို့သည် မိမိ အလိုရှိရာ လမ်း ကိုရွေး ကြ၏။ မိမိ ဆိုးညစ် သောအမှုတို့၌ မွေ့လျော် ကြ၏။
4 Moi aussi, je me complairai dans leur infortune, Et je ferai venir sur eux ce qui cause leur effroi, Parce que j’ai appelé, et qu’ils n’ont point répondu, Parce que j’ai parlé, et qu’ils n’ont point écouté; Mais ils ont fait ce qui est mal à mes yeux, Et ils ont choisi ce qui me déplaît.
ငါ သည်လည်း ၊ သူ တို့ဘို့ ဘေးဥပဒ် များကိုရွေး မည်။ သူ တို့ကြောက် သောအမှုကို ရောက် စေမည်။ အကြောင်း မူကား၊ ငါခေါ် သောအခါ အဘယ်သူ မျှမထူး။ ငါပြော သောအခါ သူတို့သည် နား မ ထောင်ကြ။ ငါ့ မျက်မှောက် ၌ မကောင်း သောအကျင့် ကိုကျင့် ၍ ၊ ငါ မ နှစ်သက် သော အရာ ကို ရွေးယူကြ၏။
5 Écoutez la parole de l’Éternel, Vous qui craignez sa parole. Voici ce que disent vos frères, Qui vous haïssent et vous repoussent A cause de mon nom: Que l’Éternel montre sa gloire, Et que nous voyions votre joie! Mais ils seront confondus.
ထာဝရဘုရား ၏ နှုတ်ကပတ် စကားတော်ကြောင့် တုန်လှုပ် သောသူတို့၊ စကား တော်ကို နားထောင် ကြလော့။ သင် တို့ကိုမုန်း ၍၊ ငါ့ နာမ ကြောင့် နှင်ထုတ် သော ညီအစ်ကို တို့က၊ ငါတို့သည်သင် တို့၏ ဝမ်းမြောက် ခြင်းကို မြင် ရမည်အကြောင်း ၊ ထာဝရဘုရား သည် ဘုန်းပွင့် တော်မူစေ သတည်း ဟု ပြော တတ်သော်လည်း ၊ ရှက် ကြောက်ကြ လိမ့်မည်။
6 Une voix éclatante sort de la ville, Une voix sort du temple. C’est la voix de l’Éternel, Qui paie à ses ennemis leur salaire.
မြို့ ၌ အုတ်အုတ် ကျက်ကျက်သောအသံ ၊ ဗိမာန် တော်ထဲက ထွက်သောအသံ ၊ ရန်သူ တို့အား အကျိုး အပြစ် ကိုပေး တော်မူသောထာဝရဘုရား ၏စကားသံ ပေတည်း။
7 Avant d’éprouver les douleurs, Elle a enfanté; Avant que les souffrances lui vinssent, Elle a donné naissance à un fils.
ဇိအုန်သတို့သမီးသည် သားဘွားခြင်းဝေဒနာ ကို မ ခံမှီသားကိုဘွား ၏။ ဝေဒနာ ခံချိန်မ ရောက် မှီ သား ယောက်ျားကိုမြင် ၏။
8 Qui a jamais entendu pareille chose Qui a jamais vu rien de semblable? Un pays peut-il naître en un jour? Une nation est-elle enfantée d’un seul coup? A peine en travail, Sion a enfanté ses fils!
ထို သို့သော အမှုကို အဘယ်သူ သည် ကြား ဘူး သနည်း။ ထိုသို့သော အမှုတို့ကို အဘယ် သူသည် မြင် ဘူး သနည်း။ တိုင်း နိုင်ငံကို တ နေ့ ခြင်းတွင် ဘွား တတ်သလော။ ပြည်သူ ပြည်သားအပေါင်းတို့ကို တပြိုင်နက် ဘွား တတ်သလော။ ဇိအုန် သတို့သမီးသည် သားဘွား ခြင်းဝေဒနာ ကို ခံ အ ံ့ဆဲဆဲ တွင်၊ သား များကို ဘွားမြင် ပါ သည် တကား။
9 Ouvrirais-je le sein maternel, Pour ne pas laisser enfanter? Dit l’Éternel; Moi, qui fais naître, Empêcherais-je d’enfanter? Dit ton Dieu.
သားဘွားမည်အကြောင်းကို ငါ သည်စီရင် ပြီးမှ ၊ မ ဘွား စေဘဲနေရမည်လောဟု ထာဝရဘုရား မေး တော်မူ ၏။ ငါ သည် ပဋိသန္ဓေ ပေးပြီးမှ ၊ မဘွားနိုင်အောင် ချုပ် ထားရမည်လောဟု သင် ၏ဘုရား သခင်မေး တော်မူ ၏။
10 Réjouissez-vous avec Jérusalem, Faites d’elle le sujet de votre allégresse, Vous tous qui l’aimez; Tressaillez avec elle de joie, Vous tous qui menez deuil sur elle;
၁၀ယေရုရှလင် မြို့ကို ချစ် သောသူအပေါင်း တို့၊ သူ နှင့် အတူ ဝမ်းမြောက် ရွှင်လန်း ကြလော့။ ယေရုရှလင် မြို့အတွက် စိတ်မသာညည်းတွား သောသူအပေါင်း တို့၊ သူ နှင့် အတူ အလွန်ဝမ်းမြောက် ကြလော့။
11 Afin que vous soyez nourris et rassasiés Du lait de ses consolations, Afin que vous savouriez avec bonheur La plénitude de sa gloire.
၁၁သို့ပြုလျှင် ၊ သူ ၏ချမ်းသာ ခြင်းသားမြတ် ကိုစို့ ၍ ဝ ကြလိမ့်မည်။ သူ ၏စည်းစိမ် ကြွယ်ဝခြင်းအထဲက ထုတ်ယူ၍ မွေ့လျော် ကြလိမ့်မည်။
12 Car ainsi parle l’Éternel: Voici, je dirigerai vers elle la paix comme un fleuve, Et la gloire des nations comme un torrent débordé, Et vous serez allaités; Vous serez portés sur les bras, Et caressés sur les genoux.
၁၂ထာဝရဘုရား မိန့် တော်မူသည်ကား ၊ မြစ် ကဲ့သို့ ချမ်းသာ ကို၎င်း ၊ စီး သောရေ ကဲ့သို့ တပါး အမျိုးသား တို့၏ စည်းစိမ် ကို၎င်းယေရုရှလင် မြို့သို့ ငါ ရောက် စေမည်။ သင်တို့သည် သားမြတ်ကိုစို့ ၍ ခါး ၌ချီ ခြင်း၊ ဒူး ပေါ် မှာ မြှူ ခြင်းကို ခံစားရကြလိမ့်မည်။
13 Comme un homme que sa mère console, Ainsi je vous consolerai; Vous serez consolés dans Jérusalem.
၁၃အမိ သည် သား ငယ်ကို နှစ်သိမ့် စေသကဲ့သို့ ၊ သင် တို့ကို ငါ နှစ်သိမ့် စေမည်။ ယေရုရှလင် မြို့၌ ချမ်းသာ ရကြလိမ့်မည်။
14 Vous le verrez, et votre cœur sera dans la joie, Et vos os reprendront de la vigueur comme l’herbe; L’Éternel manifestera sa puissance envers ses serviteurs, Mais il fera sentir sa colère à ses ennemis.
၁၄ထိုသို့ တွေ့ မြင်သဖြင့် ၊ သင် တို့၏နှလုံး သည် ရွှင်မြူး ၍ ၊ အရိုး တို့ သည်စိမ်းလန်းသော အပင် ကဲ့သို့ သန် ကြလိမ့်မည်။ ထာဝရဘုရား ၏ လက် တော်သည်လည်း ကျွန် တော်တို့အား၎င်း၊ အမျက်တော်သည် ရန်သူ တို့ အား၎င်း ထင်ရှား လိမ့်မည်။
15 Car voici, l’Éternel arrive dans un feu, Et ses chars sont comme un tourbillon; Il convertit sa colère en un brasier, Et ses menaces en flammes de feu.
၁၅ကြည့်ရှု လော့။ ထာဝရဘုရား သည် ပြင်းစွာသော အရှိန် အားဖြင့် အမျက် တော်ကို၎င်း၊ မီးလျှံ အားဖြင့် ဆုံးမ တော်မူခြင်းကို၎င်းထင်ရှားစွာ ပြ ခြင်းငှါ ၊ လေဘွေ ကဲ့သို့ သော ရထား တော်တို့ကိုစီး၍ ၊ မီး ကဲ့သို့ကြွလာ တော်မူလိမ့်မည်။
16 C’est par le feu que l’Éternel exerce ses jugements, C’est par son glaive qu’il châtie toute chair; Et ceux que tuera l’Éternel seront en grand nombre.
၁၆ထာဝရဘုရား သည် မီး နှင့် ထား အားဖြင့် ၊ လူ သတ္တဝါအပေါင်း တို့ကို အပြစ် ပေးတော်မူ၍၊ ထာဝရဘုရား ကွပ်မျက် တော်မူသောသူတို့ သည် များ ကြလိမ့်မည်။
17 Ceux qui se sanctifient et se purifient dans les jardins, Au milieu desquels ils vont un à un, Qui mangent de la chair de porc, Des choses abominables et des souris, Tous ceux-là périront, dit l’Éternel.
၁၇တဖန်မိန့်တော်မူသည်ကား၊ ဝက် သား ၊ ကြွက် သား၊ ရွံရှာဘွယ် သောအရာကို စား လျက်၊ ဥယျာဉ် တို့တွင် အလယ် ၌ရှိသောသူတ ယောက်နောက် သို့ လိုက်၍၊ မိမိတို့ကို သန့်ရှင်း စင်ကြယ်စေသောသူတို့ သည် တပြိုင်နက် ပျက်စီး ခြင်းသို့ ရောက်ကြလိမ့်မည်။ သူ တို့၏အကျင့် ကို၎င်းအကြံအစည် တို့ကို၎င်းငါ သိ၏။
18 Je connais leurs œuvres et leurs pensées. Le temps est venu de rassembler toutes les nations Et toutes les langues; Elles viendront et verront ma gloire.
၁၈အချိန်တန်မှ ဘာသာ စကားခြားနားသော လူ အမျိုးမျိုးအပေါင်း တို့ကို ငါစည်းဝေး စေသဖြင့် ၊ သူတို့သည် လာ ၍ ငါ ၏ဘုန်း ကို ဖူးမြင် ကြလိမ့်မည်။
19 Je mettrai un signe parmi elles, Et j’enverrai leurs réchappés vers les nations, A Tarsis, à Pul et à Lud, qui tirent de l’arc, A Tubal et à Javan, Aux îles lointaines, Qui jamais n’ont entendu parler de moi, Et qui n’ont pas vu ma gloire; Et ils publieront ma gloire parmi les nations.
၁၉ထိုသူ တို့တွင် အလံ ကို ငါထူ မည်။ ဘေးလွတ် သောသူတို့ ကို တာရှု ပြည် ၊ ဖုလ ပြည်၊ လေး လက်နက်ကို သုံး တတ်သော လုဒ ပြည်၊ တုဗလ ပြည်၊ ယာဝန် ပြည်မှစ၍၊ ငါ ၏နာမ ကိုမ ကြား ၊ ငါ ၏ဘုန်း ကိုမ မြင် ၊ ဝေး စွာသော တကျွန်း တနိုင်ငံအရပ်သို့ စေလွှတ် သဖြင့် ၊ တပါး အမျိုးသား တို့တွင် ငါ ၏ဘုန်း ကို ဟော ပြောကြလိမ့်မည်။
20 Ils amèneront tous vos frères du milieu de toutes les nations, En offrande à l’Éternel, Sur des chevaux, des chars et des litières, Sur des mulets et des dromadaires, A ma montagne sainte, A Jérusalem, dit l’Éternel, Comme les enfants d’Israël apportent leur offrande, Dans un vase pur, A la maison de l’Éternel.
၂၀ဣသရေလ အမျိုးသား တို့သည် စင်ကြယ် သော ဖလား စသည်တို့နှင့် ၊ ပူဇော် သက္ကာကို ဗိမာန် တော်သို့ ဆောင် ခဲ့သကဲ့သို့ ၊ ထိုသူတို့သည် သင် တို့၏ ညီအစ်ကို အပေါင်း ကို မြင်း ၊ ရထား ၊ ထမ်းစင် ၊ မြည်း ၊ ကုလားအုပ် ပေါ် ၌တင်၍၊ ထာဝရဘုရား အား ပူဇော် ဘို့ရာ၊ ခပ်သိမ်း သောအပြည် ပြည်တို့မှ ငါ ၏ သန့်ရှင်း သောတောင် ၊ ယေရုရှလင် မြို့သို့ ဆောင် ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
21 Et je prendrai aussi parmi eux Des sacrificateurs, des Lévites, dit l’Éternel.
၂၁ထိုသူ အချို့တို့ကို ငါရွေး ယူ၍၊ ယဇ်ပုရောဟိတ် အရာ နှင့် လေဝိ လူအရာ ၌ခန့်ထားမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
22 Car, comme les nouveaux cieux Et la nouvelle terre que je vais créer Subsisteront devant moi, dit l’Éternel, Ainsi subsisteront votre postérité et votre nom.
၂၂ငါ ဖန်ဆင်း သော ကောင်းကင် သစ် နှင့် မြေကြီး သစ် သည် ငါ့ ရှေ့ ၌ တည် သကဲ့သို့ ၊ သင် တို့၏အမျိုး အနွယ်နှင့် သင် တို့၏ နာမ သည်လည်း တည် ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
23 A chaque nouvelle lune et à chaque sabbat, Toute chair viendra se prosterner devant moi, dit l’Éternel.
၂၃လူ သတ္တဝါအပေါင်း တို့သည် ငါ့ ရှေ့ မှာ ကိုးကွယ် ခြင်းငှါ လဆန်း နေ့နှင့် ဥပုသ် နေ့အစဉ်အတိုင်းလာ ကြ လိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
24 Et quand on sortira, on verra Les cadavres des hommes qui se sont rebellés contre moi; Car leur ver ne mourra point, et leur feu ne s’éteindra point; Et ils seront pour toute chair un objet d’horreur.
၂၄ထိုသူတို့သည်၊ ငါ့ ကို ပြစ်မှား သောသူ တို့၏ အသေ ကောင်များကို ထွက် ၍ ကြည့် ရှုကြလိမ့်မည်။ သူ တို့၏ ပိုး သည်မ သေ နိုင်ရာ။ သူ တို့၏မီး သည်လည်း မ ငြိမ်း နိုင်ရာ။ လူ သတ္တဝါအပေါင်း တို့၌ ရွံရှာဘွယ် ဖြစ် ရကြ လိမ့်မည်ဟု မိန့်တော်မူ၏။

< Isaïe 66 >