< Isaïe 38 >

1 En ce temps-là, Ézéchias fut malade à la mort. Le prophète Ésaïe, fils d’Amots, vint auprès de lui, et lui dit: Ainsi parle l’Éternel: Donne tes ordres à ta maison, car tu vas mourir, et tu ne vivras plus.
ထို​အ​ချိန်​ကာ​လ​လောက်​၌​ပင် ဟေ​ဇ​ကိ​မင်း သည်​သေ​လု​မ​တတ်​ဖျား​နာ​၍​လာ​၏။ အာ​မုတ် ၏​သား​ပ​ရော​ဖက်​ဟေ​ရှာ​ယ​သည်​မင်း​ကြီး အား​လာ​ရောက်​ကြည့်​ရှု​ပြီး​နောက်``အ​ရှင်​သည် ပြန်​လည်​ကျန်း​မာ​လာ​တော့​မည်​မ​ဟုတ်​သ ဖြင့် အ​ရှင်​နောက်​ဆုံး​မှာ​ကြား​ရန်​ရှိ​သည်​တို့ ကို​မှာ​ကြား​ခဲ့​ရန်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ပါ​၏။ သို့​ဖြစ်​၍​နတ်​ရွာ​စံ​ရန်​အ​သင့်​ပြင် ပါ​လော့'' ဟု​ဆို​၏။
2 Ézéchias tourna son visage contre le mur, et fit cette prière à l’Éternel:
ဟေ​ဇ​ကိ​သည်​နံ​ရံ​ဘက်​သို့​မျက်​နှာ​လှည့် လျက်၊-
3 O Éternel! Souviens-toi que j’ai marché devant ta face avec fidélité et intégrité de cœur, et que j’ai fait ce qui est bien à tes yeux! Et Ézéchias répandit d’abondantes larmes.
``အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​အား​ရိုး​ဖြောင့်​စွာ​သစ္စာ​နှင့် ကိုး​ကွယ်​ဝတ်​ပြု​လျက် ကိုယ်​တော်​ပြု​စေ​လို သည့်​အ​တိုင်း​ကြိုး​စား​ပြု​ကျင့်​သည်​ကို အောက်​မေ့​သ​တိ​ရ​တော်​မူ​ပါ'' ဟု​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင်​ဝမ်း​နည်း ပက်​လက်​ငို​ကြွေး​တော်​မူ​၏။
4 Puis la parole de l’Éternel fut adressée à Ésaïe, en ces mots:
ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​သည်​ဟေ​ရှာ​ယ အား၊-
5 Va, et dis à Ézéchias: Ainsi parle l’Éternel, le Dieu de David, ton père: J’ai entendu ta prière, j’ai vu tes larmes. Voici, j’ajouterai à tes jours quinze années.
ဟေ​ဇ​ကိ​ထံ​သို့​ပြန်​လည်​စေ​လွှတ်​တော်​မူ ကာ``သင်​၏​ဘိုး​တော်​ဒါ​ဝိဒ်​၏​ဘု​ရား​သ​ခင်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​၏​ဆု​တောင်း ပတ္ထ​နာ​ကို​ကြား​တော်​မူ​၍ သင်​၏​မျက်​ရည် များ​ကို​မြင်​တော်​မူ​ပြီ။ ငါ​သည်​သင့်​အား နောက်​ထပ်​တစ်​ဆယ့်​ငါး​နှစ်​အ​သက်​ရှင်​စေ မည်။-
6 Je te délivrerai, toi et cette ville, de la main du roi d’Assyrie; je protégerai cette ville.
ငါ​သည်​သင်​နှင့်​ဤ​ယေ​ရု​ရှ​လင်​မြို့​ကို အာ​ရှု​ရိ​ဧ​က​ရာဇ်​၏​လက်​မှ​ကယ်​ဆယ်​မည်။ ဤ​မြို့​ကို​ဆက်​လက်​၍​ကာ​ကွယ်​စောင့်​ရှောက် မည်​ဟု​ဟေ​ဇ​ကိ​မင်း​အား​ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
7 Et voici, de la part de l’Éternel, le signe auquel tu connaîtras que l’Éternel accomplira la parole qu’il a prononcée.
ဟေ​ရှာ​ယ​က``ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏ က​တိ​တော်​အ​တိုင်း​ပြု​တော်​မူ​မည်​ဖြစ်​ကြောင်း အ​ရှင်​သိ​ရှိ​စေ​ရန်​နိ​မိတ်​လက္ခ​ဏာ​တစ်​ခု ကို​ပြ​တော်​မူ​ပါ​လိမ့်​မည်။-
8 Je ferai reculer de dix degrés en arrière avec le soleil l’ombre des degrés qui est descendue sur les degrés d’Achaz. Et le soleil recula de dix degrés sur les degrés où il était descendu.
ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ခပ်​မင်း​စိုက်​ထူ ထား​သည့်​နေ​နာ​ရီ​တွင် အ​ရိပ်​ကို​နောက်​သို့ ဆယ်​ဒီ​ဂ​ရီ​ဆုတ်​စေ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ပြန်​လည်​လျှောက်​ထား​၏။ ဆို​သည့်​အ​တိုင်း အ​ရိပ်​သည်​ဆယ်​ဒီ​ဂ​ရီ​ဆုတ်​လေ​၏။
9 Cantique d’Ézéchias, roi de Juda, sur sa maladie et sur son rétablissement.
ဟေ​ဇ​ကိ​သည် ပြန်​လည်​ကျန်း​မာ​လာ​ပြီး နောက် အောက်​ပါ​ချီး​မွမ်း​သီ​ချင်း​ကို​ရေး​စပ် စီ​ကုံး​တော်​မူ​၏။
10 Je disais: Quand mes jours sont en repos, je dois m’en aller Aux portes du séjour des morts. Je suis privé du reste de mes années! (Sheol h7585)
၁၀ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။ အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။ (Sheol h7585)
11 Je disais: Je ne verrai plus l’Éternel, L’Éternel, sur la terre des vivants; Je ne verrai plus aucun homme Parmi les habitants du monde!
၁၁ဤ​သက်​ရှိ​လော​က​၌​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား​လည်း​ကောင်း​သက်​ရှိ လူ​သတ္တ​ဝါ​တို့​အား​လည်း​ကောင်း၊ နောက်​တစ်​ဖန်​အ​ဘယ်​အ​ခါ​၌​မျှ​တွေ့ မြင်​ရ​တော့​မည် မ​ဟုတ်​ဟု​ထင်​မှတ်​ခဲ့​ပါ​၏။
12 Ma demeure est enlevée et transportée loin de moi, Comme une tente de berger; Je sens le fil de ma vie coupé comme par un tisserand Qui me retrancherait de sa trame. Du jour à la nuit tu m’auras achevé!
၁၂ဖြို​ဖျက်​၍​ချ​လိုက်​သည့်​တဲ​ကဲ့​သို့​လည်း​ကောင်း၊ ယက်​ကန်း​စင်​မှ​ဖြတ်​၍​ထုတ်​လိုက်​သည့် အ​ဝတ်​ကဲ့​သို့​လည်း​ကောင်း၊ ငါ​၏​အ​သက်​တာ​သည်​ဖြတ်​၍ ကုန်​ဆုံး​သွား​လေ​ပြီ။
13 Je me suis contenu jusqu’au matin; Comme un lion, il brisait tous mes os, Du jour à la nuit tu m’auras achevé!
၁၃ငါ​၏​အ​ရိုး​များ​ကို​ခြင်္သေ့​ဝါး​၍​နေ​ဘိ ကဲ့​သို့ ငါ​သည်​နာ​ကျင်​ခြင်း​ဝေ​ဒ​နာ​နှင့်​တစ်​ညဥ့်​လုံး ငို​ကြွေး​ရ​ပါ​၏။ ဘု​ရား​သ​ခင်​သည်​ငါ​၏​အ​သက်​ကို ကုန်​ဆုံး​စေ​တော်​မူ​ပြီ​ဟု​ငါ​ထင်​မှတ် ပါ​၏။
14 Je poussais des cris comme une hirondelle en voltigeant, Je gémissais comme la colombe; Mes yeux s’élevaient languissants vers le ciel: O Éternel! Je suis dans l’angoisse, secours-moi!
၁၄ငါ​၏​အ​သံ​သည်​တုန်​တုန်​ချိ​ချိ​ဖြစ်​၍ နေ​ပါ​၏။ ငါ​သည်​ချိုး​ကဲ့​သို့​ညည်း​ညူ​ပါ​၏။ မိုး​ကောင်း​ကင်​သို့​မျှော်​ကြည့်​ရ​ဖန်​များ သ​ဖြင့် ငါ​၏​မျက်​စိ​များ​သည်​ညောင်း​လျက်​ရှိ​ပါ​၏။ အို ထာ​ဝ​ရ​ဘု​ရား​ဤ​ဒုက္ခ​အ​ပေါင်း​မှ ကျွန်​တော်​မျိုး​အား​ကယ်​ဆယ်​တော်​မူ​ပါ။
15 Que dirai-je? Il m’a répondu, et il m’a exaucé. Je marcherai humblement jusqu’au terme de mes années, Après avoir été ainsi affligé.
၁၅ဤ​အ​မှု​ကို​ထာ​ဝ​ရ​ဘု​ရား ပြု​တော်​မူ​သည်​ဖြစ်​၍ ငါ​အ​ဘယ်​သို့​ပြော​ဆို​နိုင်​ပါ​မည်​နည်း။ ငါ​သည်​ပူ​ပင်​သော​က​ရောက်​လျက် အိပ်​၍​မ​ပျော်​နိုင်​ပါ။
16 Seigneur, c’est par tes bontés qu’on jouit de la vie, C’est par elles que je respire encore; Tu me rétablis, tu me rends à la vie.
၁၆အို ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး​သည် ကိုယ်​တော်​ရှင်​၏​အ​တွက်၊ ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​အ​တွက် အ​သက်​ရှင်​ပါ​မည်။ ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​၍၊ ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ခွင့်​ပြု​တော်​မူ​ပါ။
17 Voici, mes souffrances mêmes sont devenues mon salut; Tu as pris plaisir à retirer mon âme de la fosse du néant, Car tu as jeté derrière toi tous mes péchés.
၁၇ကျွန်​တော်​မျိုး​၏​ပူ​ပင်​သော​က​သည်​စိတ်​ငြိမ်း အေး​မှု အ​ဖြစ်​သို့​ပြောင်း​လဲ​သွား​ပါ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏ အ​သက်​ကို​ဘေး​အန္တရာယ်​အ​ပေါင်း​မှ ကယ်​ဆယ်​တော်​မူ​ပါ​၏။ ကျွန်​တော်​မျိုး​၏​အ​ပြစ်​မှန်​သ​မျှ​ကို​လည်း ဖြေ​လွှတ်​တော်​မူ​ပါ​၏။
18 Ce n’est pas le séjour des morts qui te loue, Ce n’est pas la mort qui te célèbre; Ceux qui sont descendus dans la fosse n’espèrent plus en ta fidélité. (Sheol h7585)
၁၈မ​ရ​ဏ​နိုင်​ငံ​တွင်​အ​ဘယ်​သူ​မျှ​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​မ​ပြု​နိုင်​ပါ။ သူ​သေ​တို့​သည်​ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​ကို ယုံ​ကြည်​ကိုး​စား​နိုင်​စွမ်း​မ​ရှိ​ပါ။ (Sheol h7585)
19 Le vivant, le vivant, c’est celui-là qui te loue, Comme moi aujourd’hui; Le père fait connaître à ses enfants ta fidélité.
၁၉ယ​ခု​ကိုယ်​တော်​ရှင်​အား​ကျွန်​တော်​မျိုး ထော​မ​နာ​ပြု​သ​ကဲ့​သို့၊ အ​သက်​ရှင်​သူ​များ​သာ​လျှင်​ကိုယ်​တော်​ရှင်​အား ထော​မ​နာ​ပြု​ကြ​ပါ​၏။ ဖ​ခင်​တို့​သည်​သား​သမီး​များ​အား​ကိုယ်​တော် ရှင်​၏ သစ္စာ​တော်​အ​ကြောင်း​ကို​ပြော​ကြား​ကြ​ပါ​၏။
20 L’Éternel m’a sauvé! Nous ferons résonner les cordes de nos instruments, Tous les jours de notre vie, Dans la maison de l’Éternel.
၂၀အို ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​ရှင်​သည် ကျွန်​တော်​မျိုး​၏​အ​နာ​ရော​ဂါ​ကို​ပျောက်​ကင်း စေ​တော်​မူ​ပါ​ပြီ။ ကျွန်​တော်​မျိုး​တို့​သည်​စောင်း​များ​ကို​တီး​၍ ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​၍ သီ​ချင်း​ဆို​ပါ​မည်။ မိ​မိ​တို့​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ်​လုံး ကိုယ်​တော်​ရှင်​၏​ဗိ​မာန်​တော်​တွင်​ထော​မ​နာ ပြု​၍ သီ​ချင်း​ဆို​ပါ​မည်။
21 Ésaïe avait dit: Qu’on apporte une masse de figues, et qu’on les étende sur l’ulcère; et Ézéchias vivra.
၂၁ဟေ​ရှာ​ယ​သည်​မင်း​ကြီး​အား``အ​ရှင်​၏​အ​နာ စိမ်း​ကို​သင်္ဘော​သ​ဖန်း​သီး​ဖြင့်​အုံ​၍​ထား​ပါ​မူ ထို​အ​နာ​သည်​သက်​သာ​ပျောက်​ကင်း​သွား​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။-
22 Et Ézéchias avait dit: A quel signe connaîtrai-je que je monterai à la maison de l’Éternel?
၂၂ထို​အ​ခါ​မင်း​ကြီး​က``ငါ​သည်​ဗိ​မာန်​တော် သို့​သွား​ရောက်​နိုင်​လိမ့်​မည်​ဖြစ်​ကြောင်း အ​ဘယ် နိ​မိတ်​လက္ခ​ဏာ​ကို​ထောက်​၍​သိ​ရှိ​နိုင်​ပါ​မည် နည်း'' ဟု​မေး​တော်​မူ​၏။

< Isaïe 38 >