< Psaumes 83 >

1 Cantique et Psaume d'Asaph. O Dieu, qui sera semblable à toi? Ne garde point le silence, ô Dieu, ne te tiens pas en repos.
အို ဘု​ရား​သ​ခင်၊ ဆိတ်​ဆိတ်​နေ​တော်​မ​မူ​ပါ​နှင့်။ ငြိမ်​သက်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။ ဆိတ်​ငြိမ်​စွာ​နေ​တော်​မ​မူ​ပါ​နှင့်။
2 Car voilà que tes ennemis ont crié, et que ceux qui te haïssent ont levé la tête.
ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သောင်း ကျန်း ထ​ကြွ​လျက်​နေ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​ကို​မုန်း​သော​သူ​တို့​သည် တော်​လှန်​ပုန်​ကန်​လျက်​နေ​ကြ​ပါ​၏။
3 Ils ont formé de perfides conseils, ils ont conspiré contre tes saints;
သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​လူ​စု​တော်​အား တိုက်​ခိုက်​ရန်​လျှို့​ဝှက်​ကြံ​စည်​လျက်​နေ​ကြ ပါ​၏။ ကိုယ်​တော်​ရှင်​ကွယ်​ကာ​ထား​တော်​မူ​သော သူ​တို့​အား​ဆန့်​ကျင်​ရန်​တိုင်​ပင်​လျက်​နေ ကြ​ပါ​၏။
4 Ils ont dit: Venez, et bouleversons-les; qu'ils ne soient plus une nation, et que l'on ne se souvienne plus du nom d'Israël.
သူ​တို့​က``လာ​ကြ၊ဣသ​ရေ​လ​မျိုး​ရိုး​သည် ထာ​ဝ​စဉ်​တိမ်​ကော​၍​သွား​စေ​ရန်​သူ​တို့ လူ​မျိုး​ကို သုတ်​သင်​ချေ​မှုန်း​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​၏။
5 Ils ont délibéré unanimement; ils ont fait ensemble alliance contre toi:
သူ​တို့​သည်​တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြံ​စည်​ကြ​ပြီး​နောက် ကိုယ်​တော်​ရှင်​အား​ဆန့်​ကျင်​ဘက်​ပြု​၍ မ​ဟာ​မိတ်​အ​ဖွဲ့​ကို​ဖွဲ့​စည်း​လိုက်​ကြ​ပါ​၏။
6 Les tentes des Iduméens, et les Ismaélites, et Moab, et les Agaréniens,
ထို​မ​ဟာ​မိတ်​အ​ဖွဲ့​တွင်​ဧ​ဒုံ၊ဣ​ရှ​မေ​လ၊ မော​ဘ၊ ဟာ​ဂ​ရ​အ​မျိုး​သား​များ၊
7 Et Gébal, et Ammon, et Amalec, et les étrangers avec les habitants de Tyr;
ဂေ​ဗ​လ၊အမ္မုန်၊အာ​မ​လက်၊ဖိ​လိတ္တိ​အ​မျိုး​သား များ​နှင့် တု​ရု​မြို့​သား​များ​ပါ​ဝင်​ကြ​၏။
8 Assur aussi est venu avec eux; ils sont les champions des fils de Lot.
အာ​ရှု​ရိ​အ​မျိုး​သား​များ​သည်​လည်း​လော​တ​၏ သား​မြေး​များ​ဖြစ်​သော​အမ္မုန်​နှင့်​မော​ဘ​ဘက်​မှ မ​ဟာ​မိတ်​အ​ဖြစ်​ဖြင့်​ပါ​ဝင်​ကြ​ပါ​၏။
9 Fais-leur comme à Madian et Sisara, et comme à Jabin au torrent de Cison.
အင်္ဒေါ​ရ​အ​ရပ်​တွင်​မိ​ဒျန်​အ​မျိုး​သား တို့​သည်​လည်း​ကောင်း၊ ခိ​ရှုန်​မြစ်​အ​နီး​၌​သိ​ရ​မင်း​နှင့်​ယာ​ဘိန်​မင်း တို့​သည်​လည်း​ကောင်း​စစ်​ပွဲ​ရှုံး​သ​ဖြင့် သူ​တို့​၏​အ​လောင်း​များ​သည်​စစ်​တ​လင်း ပေါ်​၌ ပုပ်​ပျက်​သွား​စေ​သ​ကဲ့​သို့ ဤ​မ​ဟာ​မိတ်​အ​ဖွဲ့​အား​လည်း​အ​လား တူ ကံ​ကြမ္မာ​နှင့်​တွေ့​ကြုံ​စေ​တော်​မူ​ပါ။
10 Ils furent détruits à Endor; ils devinrent comme le fumier de la terre.
၁၀
11 Traite leurs princes comme Oreb et Zeb, et Zébée et Salmana, tous leurs princes,
၁၁သြ​ရ​ဘ​မင်း​နှင့်​ဇေ​ဘ​မင်း​တို့​ကို ကိုယ်​တော်​ရှင် ပြု​သ​ကဲ့​သို့ သူ​တို့​၏​ခေါင်း​ဆောင်​များ​အား​ပြု​တော်​မူ​ပါ။ ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​အား​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​သ​ကဲ့​သို့ သူ​တို့​၏​မင်း​ရှိ​သ​မျှ​အား​လည်း​အ​ရေး​ရှုံး​နိမ့် စေ​တော်​မူ​ပါ။
12 Qui ont dit: Possédons en héritage le sanctuaire de Dieu.
၁၂ဇေ​ဘ​မင်း​နှင့်​ဇာ​လ​မုန္န​မင်း​တို့​က``ငါ​တို့​သည် ဘု​ရား​သ​ခင်​ပိုင်​တော်​မူ​သော​ပြည်​ကို သိမ်း​ယူ​ကြ​ကုန်​အံ့'' ဟု​ဆို​ကြ​ပါ​၏။
13 Mon Dieu, fais qu'ils soient comme une roue, comme la paille devant la face du vent.
၁၃အို ဘု​ရား​သ​ခင်၊ သူ​တို့​အား​လေ​ဗွေ​၌​ပါ​သွား​သော မြေ​မှုန့်​ကဲ့​သို့​လည်း​ကောင်း၊ လေ​တိုက်​ရာ​လွင့်​ပါ​သွား​တတ်​သည့် ဖွဲ​ကဲ့​သို့​လည်း​ကောင်း​ဖြစ်​စေ​တော်​မူ​ပါ။
14 Tel un feu brûle la forêt; telle une flamme incendie les montagnes:
၁၄သစ်​တော​ကို​ကျွမ်း​လောင်​စေ​သည့် မီး​ကဲ့​သို့​လည်း​ကောင်း၊ တောင်​ကုန်း​များ​ကို​ကျွမ်း​လောင်​စေ​သည့် မီး​တောက်​မီး​လျှံ​ကဲ့​သို့​လည်း​ကောင်း
15 Ainsi tu les poursuis de ta tempête, et tu les trouble en ta colère.
၁၅ကိုယ်​တော်​ရှင်​၏​မိုး​သက်​မုန်​တိုင်း​အား​ဖြင့် သူ​တို့​အား​လိုက်​လံ​တိုက်​ခိုက်​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လေ​ပြင်း​အား​ဖြင့်​သူ​တို့​ကို ကြောက်​လန့်​စေ​တော်​မူ​ပါ။
16 Remplis leur face d'ignominie, et ils cherchent ton nom, Seigneur.
၁၆အို ထာ​ဝ​ရ​ဘု​ရား၊ သူ​တို့​သည်​ကိုယ်​တော်​ရှင်​၏​တန်​ခိုး​တော် ကြီး​မား​ကြောင်း​ကို​ဝန်​ခံ​ကြ​စေ​ရန်​မျက်​နှာ​ကို ရှက်​စေ​တော်​မူ​ပါ။
17 Qu'ils rougissent de honte et soient remplis de trouble dans les siècles des siècles; qu'ils soient confondus, et qu'ils périssent.
၁၇သူ​တို့​သည်​အ​စဉ်​အ​မြဲ​အ​ရေး​ရှုံး​နိမ့်​လျက် ထိတ်​လန့်​ကြ​ပါ​စေ​သော။ သူ​တို့​သည်​လုံး​ဝ​ဂုဏ်​အ​သ​ရေ​ပျက်​လျက် သေ​ကျေ​ကြ​ပါ​စေ​သော။
18 Et qu'ils connaissent que ton nom est le Seigneur, et que seul tu es le Très-Haut sur toute la terre.
၁၈သူ​တို့​သည်​ကိုယ်​တော်​ရှင်​တစ်​ပါး​တည်း​သာ​လျှင် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​၍ ကမ္ဘာ​တစ်​ဝန်း​လုံး​တွင်​ဘု​ရင်​တ​ကာ​တို့​၏​ဘု​ရင် ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ​ပါ​စေ​သော။

< Psaumes 83 >