< Psaumes 36 >

1 Jusqu'à la Fin. Psaume de David, serviteur du Seigneur. L'injuste a dit en lui-même qu'il pécherait; il n'a point devant les yeux la crainte du Seigneur.
သူ​ယုတ်​မာ​၏​စိတ်​နှ​လုံး​အ​တွင်း​၌ အ​ပြစ်​ဒု​စ​ရိုက်​သည်​တီး​တိုး​လှုံ့​ဆော်​လျက်​နေ​တတ်​၏။ ထို​သူ​သည်​ဘု​ရား​ကို​ပစ်​ပယ်​တတ်​၏။ ကိုယ်​တော်​ကို​လည်း​မ​ကြောက်​မ​ရွံ့​တတ်။
2 Car il a agi frauduleusement en sa présence, au point que son iniquité lui a attiré sa haine.
မိ​မိ​ကိုယ်​ကို​အ​ထင်​ကြီး​လှ​သ​ဖြင့် သူ​သည်​မိ​မိ​၏​အ​ပြစ်​ကို​ထာ​ဝ​ရ​ဘု​ရား တွေ့​ရှိ​တော်​မူ​လိမ့်​မည်​မ​ဟုတ်၊ မိ​မိ​အား​အ​ပြစ်​ဒဏ်​လည်း​ခတ်​တော်​မူ​လိမ့်​မည် မ​ဟုတ်​ဟု​ထင်​မှတ်​တတ်​၏။
3 Les paroles de sa bouche sont fraude et iniquité; il n'a pas voulu comprendre pour faire le bien.
သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။ သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။
4 Sur sa couche, il a pensé au mal; il s'est arrêté en toute voie mauvaise; il n'a point haï la méchanceté.
သူ​သည်​အိပ်​ရာ​ပေါ်​တွင်​လဲ​လျောင်း​စဉ် မ​ကောင်း​မှု​များ​ကို​ကြံ​စည်​တတ်​၏။ သူ​ပြု​ကျင့်​လေ​သ​မျှ​သည်​မ​ကောင်း​မှု သာ​ဖြစ်​၏။ သူ​သည်​ဆိုး​ညစ်​မှု​ကို​အ​ဘယ်​အ​ခါ​မျှ​မ​ပစ် ပယ်။
5 Seigneur, ta miséricorde est au ciel, et ta vérité s'étend jusqu'aux nuages.
အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် ကောင်း​ကင်​သို့​တိုင်​အောင်​လည်း​ကောင်း၊ သစ္စာ​တော်​သည်​မိုး​တိမ်​အ​ထက်​သို့ တိုင်​အောင်​လည်း​ကောင်း​ရောက်​ပါ​၏။
6 Ta justice est comme les montagnes de Dieu; tes jugements sont comme un abîme profond; Seigneur, tu sauves les hommes et les bêtes.
ကိုယ်​တော်​၏​တ​ရား​မျှ​တ​မှု​သည်​မြင့်​မား​သော တောင်​ရိုး​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​စီ​ရင်​တော်​မူ​ချက်​တို့​သည် ပင်​လယ်​၏​နက်​ရှိုင်း​ရာ​များ​နှင့်​တူ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​ကို စောင့်​ရှောက်​တော်​မူ​ပါ​၏။
7 Combien tu as multiplié ta miséricorde, ô mon Dieu! à l'ombre de tes ailes, les fils des hommes espéreront.
အို ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော်​သည် လွန်​စွာ​မြတ်​နိုး​ဖွယ်​ဖြစ်​ပါ​၏။ ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​၏​အ​တောင် တော်​ရိပ် အောက်​တွင်​ဘေး​မဲ့​လုံ​ခြုံ​ခွင့်​ရ​ရှိ​ကြ​ပါ​၏။
8 Ils s'enivreront de l'abondance de ta demeure; tu les abreuveras du torrent de tes délices.
ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​ပေါ​များ​စွာ ချ​ပေး​တော်​မူ​သော​အ​စာ​ရေ​စာ​ကို စား​သုံး​ကြ​ရ​ပါ​၏။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​အား ကိုယ်​တော်​၏​ကောင်း​မြတ်​တော်​မူ​ခြင်း​တည်း​ဟူ​သော မြစ်​ရေ​မှ​သောက်​သုံး​ခွင့်​ကို​ပေး​တော်​မူ​ပါ။
9 Car en toi est la fontaine de vie; et dans ta lumière nous verrons la lumière.
ကိုယ်​တော်​ရှင်​ထံ​မှ​သတ္တ​ဝါ​မှန်​သ​မျှ​တို့​သည် အ​သက်​ကို​ရ​ရှိ​ကြ​ပါ​၏။ ကိုယ်​တော်​ရှင်​၏​အ​လင်း​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​အ​လင်း​ကို​ရ​ရှိ​ကြ ပါ​၏။
10 Étends ta miséricorde sur ceux qui te connaissent, et ta justice sur les hommes au cœur droit.
၁၀ကိုယ်​တော်​ရှင်​ကို​သိ​ကျွမ်း​သူ​တို့​အား ဆက်​လက်​၍ မေတ္တာ​ထား​တော်​မူ​ပါ။ သူ​တော်​ကောင်း​တို့​အား​ဆက်​လက်​၍ ကျေး​ဇူး​ပြု​တော်​မူ​ပါ။
11 Que le pied de l'orgueil ne vienne point jusqu'à moi; que la main du pécheur ne m'ébranle jamais.
၁၁မာ​န​ကြီး​သူ​တို့​အား​ကျွန်​တော်​မျိုး​ကို​တိုက် ခိုက်​ခွင့်၊ သူ​ယုတ်​မာ​တို့​သည်​ကျွန်​တော်​မျိုး​ကို​နှင်​ထုတ်​ခွင့် မ​ရ​ပါ​စေ​နှင့်။
12 Là sont tombés les ouvriers d'iniquité; ils ont été repoussés, et ils n'ont pu se tenir debout.
၁၂ဆိုး​ယုတ်​သူ​တို့​လဲ​ရာ​အ​ရပ်​ကို​ကြည့်​ကြ​လော့။ သူ​တို့​သည်​မ​ထ​နိုင်​တော့​ဘဲ​ထို​နေ​ရာ​တွင် လဲ​လျက်​နေ​ကြ​၏။

< Psaumes 36 >