< Nombres 9 >
1 Et le Seigneur parla à Moïse dans le désert de Sina, en la seconde année depuis leur sortie d'Egypte, pendant le premier mois, disant:
၁ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊-
2 Parle, et que les fils d'Israël fassent la pâque au moment indiqué.
၂``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။-
3 Le quatorzième jour de la première lune, sur le soir, tu feras la pâque comme il est prescrit; tu la feras selon sa loi et ses rites.
၃
4 Moïse ordonna donc aux fils d'Israël de célébrer la pâque,
၄သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊-
5 A partir du quatorzième jour de la lune, dans le désert de Sina, comme le Seigneur le lui avait prescrit; et ils obéirent.
၅သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
6 Cependant, quelques hommes qui étaient impurs à cause d'un mort s'approchèrent; empêchés par là de faire la pâque ce même jour, ils vinrent auprès d'Aaron et de Moïse,
၆သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
7 Et ils dirent à ce dernier: Nous qui sommes impurs à cause d'un mort, devons-nous seuls, parmi les fils d'Israël, être privés d'offrir des dons au Seigneur, dans le temps qu'il a prescrit?
၇``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
8 Attendez, leur répondit Moïse; je vais ouïr ce que le Seigneur ordonnera vous concernant.
၈ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
9 Et le Seigneur dit à Moïse:
၉ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသရေလအမျိုးသားတို့အား``ယခုဖြစ်စေ၊ နောင်အခါဖြစ်စေ ဣသရေလအမျိုးသားတို့တွင်တစ်စုံတစ်ယောက်သည် ပသခါပွဲခံချိန်၌လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်သူသည်လည်းကောင်း၊ ရပ်ဝေးသို့ခရီးလွန်နေသူသည်လည်းကောင်းပသခါပွဲခံလိုသော်၊-
10 Parle aux fils d Israël, et dis-leur: Tout homme qui sera impur à cause d'un mort, ou qui sera en voyage loin de vous, en toutes vos générations, fera aussi la pâque.
၁၀
11 Le quatorzième jour de la seconde lune au soir, il la célèbrera; il la mangera. avec des azymes et des légumes amers.
၁၁တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
12 Il n'en laissera rien pour le jour suivant; il n'en broiera pas les os; il fera la pâque selon la loi.
၁၂နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-
13 Tout homme pur qui ne sera pas en voyage au loin, et qui manquera de faire la pâque, sera exterminé parmi le peuple, pour n'avoir pas fait d'offrande au Seigneur dans le temps présent; cet homme portera son péché.
၁၃တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
14 Et si un prosélyte s'est réuni à vous en votre terre, il fera aussi la pâque du Seigneur; il la fera selon la loi et les rites; il n'y aura qu'une loi parmi vous pour le prosélyte et pour l'indigène.
၁၄``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
15 Le jour ou fut dressé le tabernacle, une nuée enveloppa la maison du témoignage. Et le soir, il y eut, sur le tabernacle, comme un feu jusqu'au matin.
၁၅ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-
16 Et il en fut de même toujours; le tabernacle fut enveloppé le jour d'une nuée, et comme d'un feu pendant la nuit.
၁၆
17 Lorsque la nuée montait et s'éloignait du tabernacle, aussitôt les fils d'Israël levaient le camp, et au lieu où la nuée s'arrêtait les fils d'Israël stationnaient. Car il leur avait été dit:
၁၇မိုးတိမ်အထက်သို့တက်သည့်အခါတိုင်းဣသရေလအမျိုးသားတို့သည် စခန်းဖြုတ်၍မိုးတိမ်သက်ဆင်းသည့်နေရာတွင်တစ်ဖန်စခန်းချကြ၏။-
18 Les fils d'Israël stationneront et lèveront leur camp à l'ordre du Seigneur; tous les jours pendant lesquels la nuée ombragera le tabernacle, les fils d'Israël camperont.
၁၈သူတို့သည်ထာဝရဘုရား၏အမိန့်တော်အရစခန်းဖြုတ်ခြင်း၊ စခန်းချခြင်းပြုကြ၏။ မိုးတိမ်သည်တဲတော်အပေါ်တွင်တည်ရှိနေသမျှကာလပတ်လုံးသူတို့သည်စခန်းမဖြုတ်ကြချေ။-
19 Aussi longtemps que la nuée sera étendue sur le tabernacle, les fils d'Israël obéiront à l'ordre de Dieu, et ils ne lèveront point leur camp.
၁၉မိုးတိမ်သည်တဲတော်အပေါ်တွင်အချိန်ကြာမြင့်စွာတည်ရှိနေသောအခါ သူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုနာခံ၍ခရီးဆက်ခြင်းမပြုကြချေ။-
20 Et, dociles à la voix du Seigneur, ils s'arrêteront tant que la nuée ombragera le tabernacle; au commandement du Seigneur, ils lèveront leur camp.
၂၀တစ်ခါတစ်ရံမိုးတိမ်သည်တဲတော်အပေါ်တွင်ရက်အနည်းငယ်မျှသာတည်ရှိနေ၏။ မည်သို့ပင်ဖြစ်စေသူတို့သည်ထာဝရဘုရား၏အမိန့်တော်အတိုင်းသာ စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းကိုပြုလုပ်ကြသည်။-
21 Lorsque la nuée aura persisté du soir au matin et qu'elle s'enlèvera le matin, ils lèveront le camp dans la journée ou dans la nuit suivante.
၂၁တစ်ခါတစ်ရံမိုးတိမ်သည်ညနေခင်းမှနံနက်အထိသာတည်ရှိ၏။ သူတို့သည်မိုးတိမ်တက်လျှင်ခရီးဆက်ကြသည်။-
22 Et si la nuée maintient son ombre au delà d'une lune entière, les fils d'Israël continueront de camper, et ils ne se mettront point en marche.
၂၂တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။-
23 Ils ne partiront qu'au commandement du Seigneur; tels étaient les commandements de Dieu que leur avait transmis Moïse; ils s'y conformaient et ils obéissaient aux ordres du Seigneur.
၂၃မောရှေမှတစ်ဆင့်ထာဝရဘုရားပေးသောအမိန့်တော်အရ သူတို့သည်စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းပြုလုပ်ကြ၏။