< Josué 13 >

1 Et Josué était vieux, ayant vécu bien des jours, et le Seigneur dit à Josué: Tu as vécu bien des jours, et une grande part de votre héritage est délaissée.
ယော​ရှု​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့်​လာ ပြီ​ဖြစ်​သည်။ ထာ​ဝ​ရ​ဘု​ရား​က​ယော​ရှု အား``သင်​သည်​အ​သက်​အ​ရွယ်​ကြီး​ရင့် လာ​ပြီ။ သိမ်း​ယူ​ရ​မည့်​နယ်​မြေ​များ​စွာ ကျန်​ရှိ​နေ​သေး​သည်။-
2 Voilà quelle est cette terre qui reste à partager: le territoire des Philistins, Gésiri et le Chananéen,
ဖိ​လိတ္တိ​ပြည်​တစ်​နယ်​လုံး၊ ဂေ​ရှု​ရိ​တစ်​နယ်​လုံး၊
3 Depuis le désert qui est devant l'Egypte, jusqu'aux confins d'Accaron, à gauche des Chananéens; elle est comprise dans les cinq principautés des Philistins, savoir: Gaza, Azot, Ascalon, Geth et Accaron, et dans le pays de l'Evéen;
နှင့်​တောင်​ပိုင်း​ရှိ​အာ​ဝိ​အ​မျိုး​သား​တို့​ပိုင်​တစ် နယ်​လုံး​ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။ (အီ​ဂျစ်​ပြည်​နယ်​နိ​မိတ်​တွင်​ရှိ​သော​ရှိ​ဟော​ရ ချောင်း​မှ မြောက်​ဘက်​ဧ​ကြုန်​နယ်​နိ​မိတ်​အ​ထိ ကျယ်​ပြန့်​သော​နယ်​မြေ​သည် ခါ​နာန်​အ​မျိုး သား​တို့​နေ​ထိုင်​ရာ​နယ်​မြေ​ဖြစ်​၏။ ဖိ​လိတ္တိ မင်း​တို့​သည်​ဂါ​ဇ​မြို့၊ အာ​ဇုတ်​မြို့၊ ဧ​ရှ က​လုန်​မြို့၊ ဂဒ်​မြို့​နှင့်​ဧ​ကြုန်​မြို့​များ​တွင် စိုး​စံ​သည်။-)
4 A partir de Théman, et dans tout le territoire Chananéen qui fait face à Gaza. Il y a encore le territoire des Sidoniens, jusqu'à Aphec et jusqu'aux confins des Amorrhéens;
ဇိ​ဒုန်​အ​မျိုး​သား​တို့​ပိုင်​နယ်​မြေ​ဖြစ်​သော မာ​ရာ​မှ အာ​ဖက်​မြို့​နှင့်​အာ​မော​ရိ​အ​မျိုး သား​တို့​၏​နယ်​နိ​မိတ်​အ​ထိ​တည်​ရှိ​သော ခါ​နာန်​အ​မျိုး​သား​တို့​ပိုင်​တစ်​နယ်​လုံး၊-
5 Puis, tout le territoire de Galiath des Philistins, et tout le Liban, depuis ses bases orientales et depuis Galgal, sous le mont Hermon, jusqu'à l'entrée d'Emath.
ဂေ​ဗ​လ​အ​မျိုး​သား​တို့​၏​ပြည်၊ ဟေ​ရ​မုန် တောင်​၏​တောင်​ဘက်​ရှိ​ဗာ​လ​ဂဒ်​မြို့​မှ​ဟာ မတ်​တောင်​ကြား​အ​ထိ၊ အ​ရှေ့​ဘက်​တွင် တည်​ရှိ​သော​လေ​ဗ​နုန်​ပြည်​အား​လုံး​တို့ ကို​သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သည်။-
6 Les habitants de la contrée montagneuse depuis le Liban, jusqu'à Masereth en Memphomaïm, et tous les Sidoniens, je les exterminerai devant Israël. Distribue donc par le sort, aux fils d'Israël, leur territoire ainsi que je le l'ai prescrit.
သိမ်း​ယူ​ရန်​ကျန်​ရှိ​နေ​သေး​သော​နယ်​မြေ များ​တွင် လေ​ဗ​နုန်​တောင်​နှင့်​မိ​သ​ရ​ဖော​သ မိမ်​မြို့​စပ်​ကြား​တောင်​ကုန်း​ဒေ​သ​တွင် နေ ထိုင်​သော​ဇိ​ဒုန်​အ​မျိုး​သား​တို့​၏​နယ်​မြေ အား​လုံး​လည်း​ပါ​ဝင်​သည်။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဤ​ပြည်​များ​ကို​သိမ်း ယူ​ရန်​ချီ​တက်​လာ​သည့်​အ​ခါ သူ​တို့​အား လုံး​ကို​ငါ​နှင်​ထုတ်​မည်။ ငါ​သည်​သင့်​အား မိန့်​မှာ​ထား​သည့်​အ​တိုင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​တွက်​နယ်​မြေ​အား​လုံး ကို​ခွဲ​ဝေ​ပေး​ရ​မည်။-
7 Maintenant, partage toute cette terre depuis le Jourdain, jusqu'à la grande mer de l'occident, et donne-la en héritage aux neuf tribus et à la demi- tribu de Manassé. La grande mer sera sa limite.
သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။
8 Moïse a donné la rive orientale du Jourdain aux deux tribus de Ruben et de Gad, et à l'autre demi-tribu de Manassé; Moïse serviteur de Dieu la leur a donnée,
ရု​ဗင်၊ ဂဒ်​နှင့်​အ​ခြား​မ​နာ​ရှေ​အ​နွယ်​ဝင် တစ်​ဝက်​တို့​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ရှိ နယ်​မြေ​ကို​ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ မော​ရှေ​သတ်​မှတ်​ခွဲ​ဝေ​ပေး​သည့်​အ​တိုင်း ရ​ရှိ​ကြ​ပြီး​ဖြစ်​သည်။ ထို​ဒေ​သ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်​ကမ်း​ဖြစ်​၏။-
9 Depuis Aroer, qui est sur le bord du torrent d'Arnon; il leur a donné la ville qui est au milieu de la vallée, et tout le territoire de Misor à partir de Médaban,
သူ​တို့​ရ​ရှိ​သော​နယ်​မြေ​သည်(အာ​နုန်​မြစ် ဝှမ်း​န​ဖူး​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း အ​လယ်​ရှိ​မြို့​အ​ထိ​ကျယ်​ပြန့်​၍​မေ​ဒ​ဘ မြို့​နှင့်​ဒိ​ဘုန်​မြို့​အ​ကြား​ရှိ​ကုန်း​ပြင်​မြင့် တစ်​ခု​လုံး​ပါ​ဝင်​သည်။-
10 Et toutes les villes de Séhon, roi des Amorrhéens, qui régnait en Esebon jusqu'aux confins des fils d'Ammon,
၁၀ထို​နယ်​မြေ​တွင်​ဟေ​ရှ​ဘုန်​မြို့​တွင်​စိုး​စံ သော​အာ​မော​ရိ​မင်း ရှိ​ဟုန်​လက်​အောက်​ခံ ဖြစ်​ခဲ့​သော​မြို့​အား​လုံး​ပါ​ဝင်​၍​အမ္မုန် ပြည်​နယ်​စပ်​အ​ထိ​ကျယ်​ပြန့်​သည်။-
11 Et tout Galaad et les confins de Gésiri et ceux de Machati; tout le mont Hermon et tout Basan jusqu'à Acha,
၁၁ဂိ​လဒ်​နယ်၊ ဂေ​ရှု​ရိ​နယ်၊ မာ​ခါ​နယ်၊ ဟေ​ရ​မုန် တောင်​တစ်​ခု​လုံး​နှင့်​သာ​လ​က​ပြည်​အ​ထိ ကျယ်​ပြန့်​သော​ဗာ​ရှန်​ပြည်​တစ်​ပြည်​လုံး​တို့ သည်​လည်း​ကောင်း၊-
12 Et tout le royaume d'Og, roi de Basan, qui régnait en Astarotb et en Edraïn; ce dernier était un reste des géants, et Moïse le vainquit, et il le fit mourir.
၁၂အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​တို့​တွင်​စိုး​စံ ၍​ရိ​ဖိမ်​အ​မျိုး​သား​တို့​၏ နောက်​ဆုံး​အ​ဆက် အ​နွယ်​ဖြစ်​သူ​သြ​ဃ​မင်း​၏​ပြည်​သည်​လည်း ကောင်း​ပါ​ဝင်​သည်။ မော​ရှေ​သည်​ဤ​မင်း​နှစ် ပါး​စ​လုံး​ကို​ကွပ်​မျက်​၍​သူ​တို့​၏​တိုင်း ပြည်​များ​ကို​သိမ်း​ယူ​ခဲ့​သည်။-
13 Les fils d'Israël ne détruisirent ni Gésiri, ni Machati, ni le Chananéen. Et le roi de Gésiri et celui de Machati demeurèrent parmi les fils d'Israël, et y demeurent encore de nos jours.
၁၃သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ဂေ​ရှု​ရိ​အ​မျိုး​သား​နှင့်​မာ​ခါ​အ​မျိုး သား​တို့​ကို​နှင်​မ​ထုတ်​ကြ​သ​ဖြင့် သူ​တို့ သည်​ယ​နေ့​တိုင်​အောင်​ဣ​သ​ရေ​လ​နိုင်ငံ တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သည်။
14 A la seule tribu de Lévi il ne fut point donné d'héritage. Le Seigneur Dieu d'Israël lui-même est son héritage, comme l'a dit le Seigneur aux lévites. Or, voici le partage que fit Moïse aux fils d'Israël en Araboth des Moabites, sur la rive gauche du Jourdain, en face de Jéricho.
၁၄မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ထာ​ဝ​ရ​ဘု​ရား က​မော​ရှေ​အား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း သူ​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ယဇ် ပလ္လင်​ပေါ်​တွင်​မီး​ရှို့​ပူ​ဇော်​သော​ပူ​ဇော် သ​ကာ​မှ​ဝေ​စု​ကို​ရ​ရှိ​ကြ​လေ သည်။
15 Moïse donna à la tribu de Ruben sa part, selon le nombre des familles;
၁၅မော​ရှေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု​တို့ အား​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
16 Ses limites comprirent Aroer, qui est sur le bord du torrent d'Arnon, et la ville qui s'élève au milieu de la vallée et tout Misor,
၁၆သူ​တို့​၏​နယ်​မြေ​သည်(အာ​နုန်​မြစ်​ဝှမ်း​ပေါ်​ရှိ) အာ​ရော်​မြို့​နှင့်​မြစ်​ဝှမ်း​အ​ထက်​ရှိ​မြို့​များ အ​ထိ​ကျယ်​ပြန့်​၍ မေ​ဒ​ဘ​မြို့​ပတ်​လည်​ရှိ ကုန်း​ပြင်​မြင့်​တစ်​ခု​လုံး​ပါ​ဝင်​သည်။-
17 Jusqu'à Esebon, avec toutes les villes qui sont en Misor, et Dibon, Bémon-Baal, la maison de Meelboth,
၁၇ဟေ​ရှ​ဘုန်​မြို့​နှင့်​ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့ များ​ဖြစ်​သော​ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊-
18 Basan, Bacedmoth, Méphaad,
၁၈ယ​ဟာ​ဇ​မြို့၊ ကေ​ဒ​မုတ်​မြို့၊ မေ​ဖတ်​မြို့၊-
19 Cariathim, Sébania, Sérada et Sion, sur le mont Enab,
၁၉ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​ဝှမ်း​တောင် ကုန်း​ပေါ်​ရှိ​ဇာ​ရက်​ရှာ​ဟာ​မြို့၊-
20 Bethphogor, Asedoth-Phasga, Betthasinoth,
၂၀ဗက်​ပေ​ဂု​ရ​မြို့၊ ပိ​သ​ကာ​တောင်​စောင်း​နှင့် ဗက်​ယေ​ရှိ​မုတ်​မြို့​များ​ပါ​ဝင်​သည်။-
21 Et toutes les villes de Misor, et tout le royaume de Séhon, roi des Amorrhéens, que Moïse vainquit avec tous les princes de Madian: Evi, Roboc, Sur, Hur et Rhobé, prince des dépouilles de Sion, et tous les habitants de Sion.
၂၁ကုန်း​ပြင်​မြင့်​ပေါ်​ရှိ​မြို့​အား​လုံး​နှင့်​ဟေ​ရှ ဘုန်​မြို့​တွင် စိုး​စံ​သော​အာ​မော​ရိ​မင်း​ရှိ​ဟုန် ၏​နိုင်​ငံ​တစ်​ခု​လုံး​ပါ​ဝင်​သည်။ မော​ရှေ သည်​ထို​မင်း​နှင့်​တ​ကွ​မိ​ဒျန်​မင်း​များ​ဖြစ် ကြ​သော​ဧ​ဝိ​မင်း၊ ရေ​ကင်​မင်း၊ ဇု​ရ​မင်း၊ ဟု​ရ​မင်း​နှင့်​ရေ​ဘ​မင်း​တို့​ကို​နှိမ်​နင်း​ခဲ့ လေ​သည်။ ထို​မင်း​ငါး​ပါး​တို့​သည်​ရှိ​ဟုန် မင်း​၏​သြ​ဇာ​ခံ​မင်း​များ​ဖြစ်​ကြ​သည်။-
22 Et le devin Balaam, fils de Béor, fut tué au fort du combat.
၂၂ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကွပ်​မျက်​ခဲ့ သော​သူ​များ​တွင် ဗော​ရ​၏​သား​မှော်​ဆ​ရာ ဗာ​လမ်​လည်း​ပါ​ဝင်​လေ​သည်။-
23 Ruben eut le Jourdain pour limite Occidentale. Tel fut l'héritage de Ruben par familles, tels furent ses villes et ses villages.
၂၃ရု​ဗင်​အ​နွယ်​ဝင်​တို့​ပိုင်​သော​နယ်​မြေ​၏ အ​နောက်​ဘက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ် ဖြစ်​၏။ အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင် သော​နယ်​မြေ​သည်​ရု​ဗင်​အ​နွယ်​ဝင်​မိ​သား​စု တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။
24 Et Moïse donna, par familles, la part de la tribu de Gad,
၂၄မော​ရှေ​သည်​ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အား လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
25 Dont les limites renfermèrent Jazer, toutes les villes de Galaad, la moitié du territoire des Ammonites, jusqu'à Araba qui est en face d'Arad,
၂၅သူ​တို့​၏​နယ်​မြေ​သည်​ယာ​ဇာ​မြို့​နှင့်​ဂိ​လဒ် ပြည်​ရှိ​မြို့​အား​လုံး၊ ရဗ္ဗာ​မြို့​အရှေ့​ဘက်​တွင် ရှိ​သော​အာ​ရော်​မြို့​အ​ထိ​ကျယ်​ပြန့်​သော အမ္မုန်​ပြည်​တစ်​ဝက်​ပါ​ဝင်​သည်။-
26 Le territoire depuis Esebon jusqu'à Araboth, en face de Messapba; Botanim, Maan, jusqu'aux confins de Dibon,
၂၆သူ​တို့​၏​နယ်​မြေ​သည်​ဟေ​ရှ​ဘုန်​မြို့​မှ ရာ​မတ်​မိ​ဇ​ပါ​မြို့​နှင့်​ဗေ​တော​နိမ်​မြို့​တိုင် အောင်​လည်း​ကောင်း၊ မ​ဟာ​နိမ်​မြို့​မှ​လို​ဒီ​ဗာ နယ်​စပ်​တိုင်​အောင်​လည်း​ကောင်း​ကျယ်​ပြန့်​သည်။-
27 Enadom, Othargaï, Benthanabré, Socchotha, Saphan et le reste du royaume de Séhon, roi d'Esebon. Et la rive orientale du Jourdain fut sa limite, jusqu'aux bords de la mer de Cénéreth.
၂၇ယော်​ဒန်​မြစ်​ဝှမ်း​တွင်​တည်​ရှိ​သော​ဗေ​သာ​ရံ မြို့၊ ဗက်​နိ​မ​ရ​မြို့၊ သု​ကုတ်​မြို့၊ ဇာ​ဖုန်​မြို့​များ နှင့်​ဟေ​ရှ​ဘုန်​မင်း​ရှိ​ဟုန်​ပိုင်​နက်​မှ​ကျန်​သော နယ်​မြေ​များ​ပါ​ဝင်​သည်။ သူ​တို့​နယ်​မြေ အ​နောက်​နယ်​နိ​မိတ်​သည်​ယော်​ဒန်​မြစ်​တစ် လျှောက်​မြောက်​ဘက်​ဂါ​လိ​လဲ​အိုင်​အ​ထိ ဖြစ်​သည်။-
28 Tels furent l'héritage et les villes des fils de Gad, par familles; ils combattirent par familles, puisque leurs villes et leurs villages leur furent distribués par familles.
၂၈အ​ထက်​ဖော်​ပြ​ပါ​မြို့​များ​ပါ​ဝင်​သော​နယ် မြေ​သည် ဂဒ်​အ​နွယ်​ဝင်​မိ​သား​စု​တို့​အ​တွက် ဝေ​စု​ဖြစ်​သည်။
29 Et Moïse donna, par familles, la part de la demi-tribu de Manassé,
၂၉မော​ရှေ​သည်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​မိ​သား​စု တို့​အား​လည်း​နယ်​မြေ​ခွဲ​ဝေ​ပေး​ခဲ့​၏။-
30 Dont les limites renfermèrent: le territoire à partir de Maan, tout le royaume de Basan, tout le royaume de Og, roi de Basan, toutes les bourgades de Jaïr qui sont en Basan, soixante villes;
၃၀သူ​တို့​၏​နယ်​မြေ​သည်​မ​ဟာ​နိမ်​မြို့​အ​ထိ ကျယ်​ပြန့်​၍​ဗာ​ရှန်​ဘု​ရင်​သြ​ဃ​မင်း​ပိုင်​သော ပြည်​တစ်​ပြည်​လုံး​နှင့်​တ​ကွ​ဗာ​ရှန်​ပြည်​တွင်း ရှိ​ယာ​ဣ​ရ​၏​ရွာ​ပေါင်း​ခြောက်​ဆယ်​ပါ​ဝင် သည်။-
31 Et Moïse donna la moitié de Galaad, plus, en Basan, Astaroth et Edraïn, villes royales du roi Og, aux fils de Machir, fils de Manassé, c'est-à-dire à la moitié des fils de Machir, fils de Manassé, par familles.
၃၁ဂိ​လဒ်​ပြည်​တစ်​ဝက်​နှင့်​သြ​ဃ​မင်း​အ​စိုး​ရ သော​ဗာ​ရှန်​ပြည်​၏​မြို့​တော်​များ​ဖြစ်​သည့် အာ​ရှ​တ​ရုတ်​မြို့​နှင့်​ဧ​ဒြိ​မြို့​များ​လည်း ပါ​ဝင်​သည်။ အ​ထက်​ဖော်​ပြ​ပါ​နယ်​မြေ​သည် မ​နာ​ရှေ​၏​သား​မာ​ခိ​ရ​၏​မိ​သား​စု​တစ် ဝက်​တို့​အ​တွက်​ဝေ​စု​ဖြစ်​သည်။
32 Ce sont ceux à qui Moïse, en Araboth de Moab, distribua des héritages sur la rive orientale du Jourdain, en face de Jéricho.
၃၂မော​ရှေ​သည်​မော​ဘ​လွင်ပြင်​တွင်​ရောက်​ရှိ​စဉ် အ​ခါ​က​ယေ​ရိ​ခေါ​မြို့​နှင့်​ယော်​ဒန်​မြစ် အ​ရှေ့​ဘက်​ရှိ​နယ်​မြေ​ကို​အ​ထက်​ပါ အ​တိုင်း​ခွဲ​ဝေ​ပေး​ခဲ့​လေ​သည်။-
၃၃မော​ရှေ​သည်​လေ​ဝိ​အ​နွယ်​အား​နယ်​မြေ​ခွဲ ဝေ​ပေး​ခြင်း​မ​ပြု​ခဲ့​ချေ။ ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား ပူ​ဇော်​သော​ပူ​ဇော်​သ​ကာ​မှ​ဝေ​စု​ကို သူ​တို့​ရ​မည်​ဟု​မော​ရှေ​မိန့်​ကြား​ခဲ့​၏။

< Josué 13 >