< Josué 12 >

1 Et voici les rois que firent disparaître les fils d'Israël, et dont la terre devint l'héritage de ces derniers au delà du Jourdain, sur la rive orientale, depuis le val d'Arnon jusqu'au mont Hermon (toute la terre d'Araba, à l'orient):
ယော်ဒန်မြစ်အရှေ့ နေထွက်ရာဘက်၌၊ အာနုန် မြစ်မှစ၍ ဟေရမုန်တောင်တိုင်အောင်၊ အရှေ့လွင်ပြင်ရှိ သမျှပါလျက်၊ ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍ သိမ်းယူသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
2 Séhon, roi des Amorrhéens, qui demeurait en Esebon et régnait sur tout le pays, depuis Arnon qui est dans la vallée dont elle occupe une partie, et depuis le milieu de Galaad jusqu'à Jaboc, limite des fils d'Ammon,
အာနုန်မြို့အနားမှာ အာရော်မြို့၊ မြစ်တဝက်၊ ဂိလဒ်ပြည်တဝက်မှစ၍ အမ္မုန်ပြည်စွန်း အပိုင်းအခြား ယဗ္ဗုတ်မြစ်တိုင်အောင်၎င်း၊
3 Et sur Araba jusqu'à la rive orientale de la mer de Cénéroth, et jusqu'à la rive orientale de la mer d'Araba (la mer des Sels), vers la route d'Asimoth, à partir de Théman, qui est sous Asedoth-Phasga.
အရှေ့မျက်နှာ၌ လွင်ပြင်မှစ၍ ဂင်္နေသရက် အိုင်နှင့် လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်အရှေ့ ဘက် ဗက်ယေရှိမုတ်မြို့သို့ သွားရာလမ်း၊ အာဇုတ်ပိသဂါ မြို့အနား၊ တောင်မျက်နှာမှ လာရာလမ်းတိုင်အောင်၎င်း အစိုးရ၍၊ ဟေရှဘုန်မြို့၌နေသော အာမောရိရှင်ဘုရင် ရှိဟုန်တပါး၊
4 Et le roi de Basan, Og, reste des géants, qui habitait en Astaroth et en Edraïn, et
ဟေရမုန်တောင်နှင့် သာလကပြည်ကို၎င်း၊
5 Régnait, depuis le mont Hermon et depuis Secchaï, sur toute la terre de Basan, jusqu'aux confins de Gergési, sur Machis et sur la moitié de Galaad, limitrophe de Séhon, roi d'Esebon.
ဂေရှုရိလူ၊ မာခါသိလူနေသော ပြည်စွန်းတိုင် အောင် ဗာရှန်ပြည်တရှောက်လုံးကို၎င်း၊ ဟေရှဘုန် ရှင်ဘုရင် ရှိဟုန်ပိုင်သော နိုင်ငံစွန်းတိုင်အောင် ဂိလဒ် ပြည်တဝက်ကို၎င်း အစိုးရ၍၊ အာရှတရုတ်မြို့၊ ဧဒြိမြို့၌ နေသော အလွန်ကြီးမားသော လူမျိုးထဲက ကျန်ကြွင်း သောသူ ဗာရှန်ရှင်ဘုရင်ဩဃတပါး၊
6 Moïse, serviteur de Dieu, et les fils d'Israël détruisirent ces deux rois, et ils donnèrent leurs royaumes en héritage a Ruben, a Gad et à la demi-tribu de Manassé.
ထိုရှင်ဘုရင်နှစ်ပါးကို ထာဝရဘုရား၏ကျွန် မောရှေနှင့် ဣသရေလအမျိုးသားတို့သည် လုပ်ကြံ၍၊ ထာဝရဘုရား၏ကျွန်မောရှေသည် သူတို့ပြည်ကို ရုဗင် အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတဝက်တို့အား အပိုင်ပေး လေ၏။
7 Et voici les rois des Amorrhéens que détruisirent Josué et les fils Israël en deçà du Jourdain, du côté de l'occident, depuis Balagad, dans la plaine au- dessous du Liban, jusqu'aux montagnes de Chelcha qui s'élèvent vers Séir. Et Josué donna leurs royaumes en héritage aux tribus d'Israël en tirant les portions au sort.
ယော်ဒန်မြစ်အနောက်ဘက်မှာ လေဗနုန်ချိုင့်၌ ရှိသော ဗာလဂဒ်မြို့မှစ၍၊
8 Dans la montagne, et dans la plaine, et dans Araba, et dans Asedoth, et dans le désert, en Nageb, il détruisit l'Hettéen, l'Amorrhéen, le Chananéen, le Phérézéen, l'Evéen et le Jébuséen,
စိရလမ်းတွင်ရှိသော ဟာလက်တောင်တိုင် အောင် တောင်ပေါ်အရပ်၊ ချိုင့်ထဲအရပ်၊ လွင်ပြင်အရပ်၊ စမ်းရေတွင်းအရပ်၊ တောအရပ်၊ တောင်မျက်နှာအရပ်၊ ဟိတ္တိလူ၊ အာမောရိလူ၊ ခါနနိလူ၊ ဖေရဇိလူ၊ ဟိဝိလူ၊ ယေဗုသိလူနေရာ၊ ယောရှုနှင့်ဣသရေလအမျိုးသား လုပ် ကြံ၍၊ ယောရှုသည် ဣသရေလအမျိုးအနွယ် အသီးသီး တို့အား အပိုင်ပေးသောပြည်ကို အစိုးရသောမင်းကြီးများ ဟူမူကား၊
9 Le roi de Jéricho, le roi d'Haï qui est près de Béthel,
ယေရိခေါမင်းကြီးတပါး၊ ဗေသလမြို့အနားမှာ၊ အာဣမင်းကြီးတပါး၊
10 Le roi de Jérusalem, le roi d'Hébron,
၁၀ယေရုရှလင်မင်းကြီးတပါး၊ ဟေဗြုန်မင်းကြီး တပါး၊
11 Le roi de Jérimuth, le roi de Lachis,
၁၁ယာမုတ်မင်းကြီးတပါး၊ လာခိရှမင်းကြီးတပါး၊
12 Le roi d'Elam, le roi de Gazer,
၁၂ဧဂလုန်မင်းကြီးတပါး၊ ဂေဇာမင်းကြီးတပါး၊
13 Le roi de Dabir, le roi de Gader,
၁၃ဒေဗိရမင်းကြီးတပါး၊ ဂေဒါမင်းကြီးတပါး၊
14 Le roi d'Hermath, le roi d'Ader,
၁၄ဟောမာမင်းကြီးတပါး၊ အာရဒ်မင်းကြီးတပါး၊
15 Le roi de Lebna, le roi d'Odollam,
၁၅လိဗနမင်းကြီးတပါး၊ အဒုလံမင်းကြီးတပါး၊
16 Le roi d'Elath,
၁၆မက္ကဒါမင်းကြီးတပါး၊ ဗေသလမင်းကြီးတပါး၊
17 Le roi de Taphut, le roi d'Opher,
၁၇တာပွါမင်းကြီးတပါး၊ ဟေဖါမင်းကြီးတပါး၊
18 Le roi d'Ophec d'Aroc,
၁၈အာဖက်မင်းကြီးတပါး၊ လာရှရုန်မင်းကြီးတပါး၊
19 le roi d'Aaom,
၁၉မာဒုန်မင်းကြီးတပါး၊ ဟာဇော်မင်းကြီးတပါး၊
20 Le roi de Symoon, le roi de Mambroth, le roi d'Aziph,
၂၀ရှိမရုန်မင်းကြီးတပါး၊ အာခရှပ်မင်းကြီးတပါး၊
21 Le roi de Cadès, le roi de Zachac,
၂၁တာနက်မင်းကြီးတပါး၊ မေဂိဒ္ဒေါမင်းကြီးတပါး၊
22 Le roi de Maredoth, le roi de Jécom du mont Carmel,
၂၂ကေဒေရှမင်းကြီးတပါး၊ ကရမေလတောင်ပေါ် မှာ ယောကနမ်မင်းကြီးတပါး၊
23 Le roi d'Odollam de Phennéaldor, le roi de Géï en Galilée,
၂၃ဒေါရပြည်နယ်မှာ ဒေါရမင်းကြီးတပါး၊ ဂိလဂါ လပြည်မှာ ဂေါအိမ်မင်းကြီးတပါး၊
24 Le roi de Thersa; en tout: vingt-neuf rois.
၂၄တိရဇမင်းကြီးတပါး၊ မင်းကြီးပေါင်း သုံးဆယ် တပါးတည်း။

< Josué 12 >