< Ézéchiel 15 >

1 Et la parole du Seigneur me vint, disant:
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
2 Dis, fils de l'homme, qu'est-ce que le bois de la vigne, en comparaison des arbres qui se trouvent dans les forêts?
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။-
3 Prendra-t-on le bois pour le rendre propre à être mis en œuvre? En fera- t-on des chevilles pour y suspendre quelque objet?
သင်​သည်​စ​ပျစ်​နွယ်​သား​ဖြင့်​အ​ဘယ်​အ​ရာ ကို​ပြု​လုပ်​နိုင်​သ​နည်း။ ပစ္စည်း​တစ်​စုံ​တစ်​ခု ကို​ဆွဲ​ချိတ်​ရန်​အ​တွက်​ယင်း​ကို​အ​စို့​အ​ဖြစ် ဖြင့်​အ​သုံး​ပြု​နိုင်​သ​လော။-
4 Il n'est bon qu'à être jeté au feu et consumé; le feu chaque année consume le sarment qu'on ôte à la vigne en la taillant, et finalement il n'en reste rien; est-ce qu'il est propre à être mis en œuvre?
စ​ပျစ်​ပင်​သည်​မီး​မွှေး​ရန်​အ​တွက်​သာ​လျှင် ကောင်း​၏။ အဖျား​ပိုင်း​များ​လောင်​ကျွမ်း​၍​အ​လယ် ပိုင်း​သည်​ပြာ​ဖြစ်​သွား​သော​အ​ခါ သင်​သည် ထို​စ​ပျစ်​ပင်​ကို​အ​ဘယ်​သို့​အ​သုံး​ပြု​နိုင် မည်​နည်း။-
5 Et même lorsqu'il est encore entier, il ne peut servir à aucune œuvre: si donc le feu l'a entièrement consumé, sera-t-il propre à être mis en œuvre?
ယင်း​သည်​မီး​မ​ရှို့​မီ​အ​ခါ​က​လည်း​အ​သုံး မ​ဝင်။ မီး​ရှို့​၍​ပြာ​ဖြစ်​သွား​သော​အ​ခါ​၌ လည်း ပို​၍​ပင်​အ​သုံး​မ​ဝင်​ချေ'' ဟု​မိန့် တော်​မူ​၏။
6 À cause de cela, dis-leur: Ainsi parle le Seigneur: De même que j'ai abandonné au feu, pour être consumé, le bois de la vigne parmi les arbres de la forêt; ainsi j'ai abandonné les habitants de Jérusalem.
အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊-
7 Et je tournerai contre eux mon visage; ils sortiront du feu, et cependant le feu les dévorera, et ils sauront que je suis le Seigneur, lorsque j'aurai tourné mon visage contre eux.
အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​သည်​မီး​ဘေး တစ်​ခု​မှ​လွတ်​မြောက်​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​အ​ခြား​မီး​ဘေး​တစ်​ခု​သင့်​ကြ လိမ့်​မည်။ ထို​သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
8 Et je livrerai leur terre à la désolation pour les punir de leurs transgressions, dit le Seigneur.
သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။

< Ézéchiel 15 >