< Exode 18 >

1 Cependant, Jéthro, prêtre de Madian, beau-père de Moïse, apprit tout ce que le Seigneur Dieu d'Israël avait fait en faveur de son peuple; car le Seigneur avait tiré Israël de l'Égypte.
မိ​ဒျန်​ပြည်​မှ​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သူ​မော​ရှေ ၏​ယောက္ခ​မ​ယေ​သ​ရော​သည် ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​တော်​မူ ခဲ့​စဉ်​က မော​ရှေ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ထာ​ဝ​ရ​ဘု​ရား​မည်​ကဲ့​သို့​ကျေး​ဇူး ပြု​တော်​မူ​ကြောင်း​ကို​ကြား​သိ​ရ​၏။-
2 Et Jéthro, beau-père de Moïse, avait reçu Séphora, femme de Moïse, après la séparation,
သို့​ဖြစ်​၍​သူ​သည်​ယောက္ခ​မ​အိမ်​သို့​ဇ​နီး​ဇိ​ပေါ​ရ ကို​စေ​လွှတ်​ခဲ့​ရာ ယေ​သ​ရော​သည်​ဇိ​ပေါ​ရ​နှင့် သား​နှစ်​ယောက်​ဖြစ်​သော ဂေ​ရ​ရှုံ​နှင့်​ဧ​လျေ​ဇာ တို့​ကို​လက်​ခံ​၏။ (မော​ရှေ​က``ငါ​သည်​နိုင်​ငံ​ခြား ၌​ဧည့်​သည်​ဖြစ်​သည်'' ဟု​ဆို​၍​သား​တစ်​ယောက် ကို​ဂေ​ရ​ရှုံ​ဟု​နာ​မည်​ပေး​ခဲ့​၏။-
3 Ainsi que ses deux fils, l'un, qu'à sa naissance il nomma Gersam, parce que, dit-il, je suis passager en une contrée étrangère,
4 L'autre, qu'il nomma Eliézer, parce que, dit-il, Dieu est mon auxiliaire, et il m'a tiré des mains du Pharaon.
တစ်​ဖန်``ငါ့​အ​ဖ​၏​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့ ကို​အီ​ဂျစ်​ဘု​ရင်​၏​ဋ္ဌား​ဘေး​မှ​ကယ်​တင်​တော် မူ​၏'' ဟု​ဆို​၍​အ​ခြား​သော​သား​တစ်​ယောက် ကို​ဧ​လျေ​ဇာ​ဟု​နာ​မည်​ပေး​ခဲ့​၏။-)
5 Jéthro, beau-père de Moïse, les fils de celui-ci et sa femme, partirent donc pour l'aller trouver dans le désert, où il campait sur la montagne du Seigneur.
ယေ​သ​ရော​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား များ​တို့​ကို တော​ကန္တာ​ရ​ရှိ​ထာ​ဝ​ရ​ဘု​ရား ၏​တောင်​တွင်​စ​ခန်း​ချ​လျက်​ရှိ​သော​မော​ရှေ ထံ​သို့​ခေါ်​ဆောင်​လာ​၏။-
6 Et l'on vint dire à Moïse: Voilà que ton beau-père Jéthro arrive avec ta femme et tes deux fils.
သူ​သည်​မော​ရှေ​၏​ဇ​နီး​နှင့်​သား​နှစ်​ယောက် တို့​နှင့်​အ​တူ လာ​ရောက်​မည်​ဖြစ်​ကြောင်း မော​ရှေ​ထံ​သ​တင်း​ပို့​ခဲ့​၏။-
7 Moïse alla à la rencontre de son beau-père; il se prosterna devant lui, et il le baisa; après qu'ils se furent tous embrassés, il les conduisit sous sa tente.
သို့​ဖြစ်​၍​မော​ရှေ​သည်​ထွက်​လာ​၍​ယောက္ခ​မ ကို​ဦး​ညွှတ်​လျက်​နမ်း​ရှုပ်​ကြို​ဆို​လေ​၏။ သူ တို့​အ​ချင်း​ချင်း​နှုတ်​ခွန်း​ဆက်​ကြ​ပြီး နောက်​မော​ရှေ​၏​တဲ​ထဲ​သို့​ဝင်​ကြ​၏။-
8 Là, Moïse raconta à son beau-père, tout ce que le Seigneur avait fait aux Égyptiens et à Pharaon, à cause d'Israël, ainsi que toutes ses souffrances sur la route, depuis que le Seigneur les avait tirés d'Égypte.
မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​ကယ်​တင်​ရန်​အ​လို့​ငှါ အီ​ဂျစ်​ဘု​ရင်​နှင့်​အီ​ဂျစ်​အ​မျိုး​သား​တို့ အ​ပေါ်​ပြု​တော်​မူ​ပုံ​အ​ကြောင်း​အ​ရာ​အား​လုံး ကို ယေ​သ​ရော​အား​ပြော​ပြ​၏။ ထို့​အ​ပြင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရင်​ဆိုင်​ခဲ့​ရ သော​အ​ခက်​အ​ခဲ​များ​နှင့်​တ​ကွ ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ ကို​ကယ်​တင်​ခဲ့​ကြောင်း​ကို​ပြော​ပြ​၏။-
9 Jéthro fut saisi d'admiration pour les bienfaits de Dieu en faveur du peuple, et parce qu’il l’avait tiré des mains des Égyptiens, et des mains du Pharaon.
ယေ​သ​ရော​သည်​အီ​ဂျစ်​အ​မျိုး​သား​များ လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ထာ​ဝ​ရ​ဘု​ရား​ကယ်​တင်​တော်​မူ​ခဲ့​သည့် သ​တင်း​ကို​ကြား​ရ​လျှင် အ​လွန်​ဝမ်း​သာ အား​ရ​ဖြစ်​လေ​၏။-
10 Et Jéthro dit: Béni soit le Seigneur, parce qu'il a tiré Israël des mains des Égyptiens, et des mans du Pharaon.
၁၀ယေ​သ​ရော​က``အီ​ဂျစ်​အ​မျိုး​သား​တို့​နှင့် အီ​ဂျစ်​ဘု​ရင်​၏​လက်​မှ သင်​တို့​ကို​ကယ်​တင် တော်​မူ​သော​ထာ​ဝ​ရဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ ကျွန်​ဘ​ဝ​မှ​မိ​မိ​လူ​မျိုး တော်​အား ကယ်​တင်​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။-
11 Je reconnais aujourd'hui à ce qui est advenu, quand les Égyptiens vous ont poursuivis, que le Seigneur est grand au-dessus de tous les dieux.
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အ​ပေါ် မာ​န​ထောင်​လွှား​ခဲ့​သော အီ​ဂျစ်​အ​မျိုး​သား​တို့​အ​ပေါ်​ပြု​မူ​ပုံ ကြောင့် ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရား​အ​ပေါင်း တို့​ထက်​ပို​၍​ဘုန်း​တန်​ခိုး​ကြီး​တော်​မူ ကြောင်း​ယ​ခု​ငါ​သိ​ပြီ'' ဟု​ဆို​၏။-
12 Et Jéthro, beau-père de Moïse, fit des holocaustes et des sacrifices à Dieu. Or, Aaron et tous les anciens d'Israël survinrent pour manger des pains devant le Seigneur, avec le beau-père de Moïse.
၁၂ထို​နောက်​ယေ​သ​ရော​သည်​ထာ​ဝ​ရ​ဘု​ရား အား​ပူ​ဇော်​ရန် မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား​ပူ ဇော်​ရာ​ယဇ်​များ​ကို​ဆောင်​ခဲ့​၏။ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း​ဆောင်​အပေါင်း တို့​သည်​ယေ​သ​ရော​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့​တော်​၌​အ​စား​အ​စာ​သုံး​ဆောင်​ရန် လာ​ကြ​၏။
13 À l'aurore, Moïse s'assit pour juger le peuple, et la multitude comparut devant Moïse, depuis le matin jusqu'au soir.
၁၃နောက်​တစ်​နေ့​တွင်​မော​ရှေ​သည်​လူ​တို့​၏ အ​မှု​အ​ခင်း​များ​ကို နံ​နက်​ချိန်​မှ​စ​၍ မိုး​ချုပ်​သည့်​တိုင်​အောင်​စီ​ရင်​ရ​သည်။-
14 Jéthro, ayant vu tout ce qu'il faisait en faveur du peuple, dit: Que fais-tu? Pourquoi sièges-tu seul, quand le peuple comparait devant toi, depuis le matin jusqu'au soir?
၁၄လူ​တို့​အ​တွက်​မော​ရှေ​ဆောင်​ရွက်​ရ​သ​မျှ​ကို ယေ​သ​ရော​မြင်​ရ​သော​အ​ခါ​မော​ရှေ​အား``သင် သည်​ဤ​လူ​တို့​အ​တွက်​မည်​သည့်​အ​မှု​ကိစ္စ​ကို ဆောင်​ရွက်​ပေး​နေ​ပါ​သ​နည်း။ အ​ဘယ်​ကြောင့် တစ်​ယောက်​တည်း​ဆောင်​ရွက်​နေ​ပါ​သ​နည်း။ လူ အ​ပေါင်း​တို့​သည်​သင့်​ထံ​၌​တစ်​နေ​ကုန်​ရပ် လျက်​စောင့်​နေ​ကြ​ပါ​သည်​တ​ကား'' ဟု​ဆို လေ​၏။
15 Moïse répondit à son beau-père: Tout le peuple vient à moi, demander jugement au nom du Seigneur.
၁၅မော​ရှေ​က``သူ​တို့​သည်​ဘု​ရား​သ​ခင်​၏ အ​လို​တော်​ကို​သိ​လို​၍ ကျွန်ုပ်​ထံ​သို့​လာ ကြ​ပါ​၏။-
16 Quand une contestation s'élève entre eux, ils viennent à moi, je juge chacun, et je leur rappelle les commandements de Dieu et sa loi.
၁၆လူ​နှစ်​ဦး​၌​အ​ငြင်း​အ​ခုံ​ဖြစ်​ပွား​လျှင် ကျွန်ုပ် ၏​အ​ဆုံး​အ​ဖြတ်​ကို​ခံ​ယူ​ရန်​ကျွန်ုပ်​ထံ​သို့ လာ​ကြ​ပါ​သည်။ ကျွန်ုပ်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့်​နှင့်​ပ​ညတ်​တော်​များ​ကို​လိုက် နာ​ရန် ပြော​ပြ​ရ​ပါ​သည်'' ဟု​ဖြေ​ကြား​လေ ၏။
17 Et le beau-père de Moïse lui dit: Tu n'agis pas bien en cette œuvre.
၁၇ထို​အ​ခါ​ယေ​သ​ရော​က​မော​ရှေ​အား``သင် ပြု​လုပ်​နေ​ပုံ​မှာ​မ​တော်​မ​သင့်​ပါ။-
18 Tu consumeras toi et ton peuple par une fatigue insoutenable; trop pesante est cette œuvre pour toi, et tu ne pourras la faire seul.
၁၈သင်​နှင့်​တ​ကွ​ဤ​သူ​အား​လုံး​တို့​သည်​ပင် ပန်း​နွမ်း​ရိ​ကြ​လိမ့်​မည်။ ဤ​တာ​ဝန်​သည်​သင့် အ​တွက်​ကြီး​လွန်း​လှ​၏။ သင်​တစ်​ဦး​တည်း ထမ်း​ဆောင်​နိုင်​မည်​မ​ဟုတ်။-
19 Ecoute-moi donc; je te donnerai un conseil, et Dieu sera avec toi; sois pour le peuple l'interprète des choses de Dieu, et rapporte à Dieu ses paroles.
၁၉ငါ​သည်​သင့်​အား​အ​ကြံ​ကောင်း​ပေး​ပါ​မည်။ ဘု​ရား​သ​ခင်​သည်​သင်​နှင့်​အ​တူ​ရှိ​ပါ​စေ သော။ သင်​၏​တာ​ဝန်​မှာ​လူ​တို့​၏​အ​ငြင်း​ပွား မှု​များ​ကို သူ​တို့​၏​ကိုယ်​စား​ဘု​ရား​သ​ခင် ထံ​တော်​သို့​တင်​လျှောက်​ပေး​ခြင်း​မှာ​ကောင်း ပေ​သည်။-
20 Tu leur déclareras les ordres de Dieu et sa loi tu leur indiqueras les voies en lesquelles ils doivent marcher, et les œuvres qu'ils auront à faire.
၂၀သင်​သည်​သူ​တို့​အား​ဘု​ရား​သ​ခင်​၏​အ​မိန့် နှင့်​ပ​ညတ်​တော်​များ​ကို​သင်​ကြား​ပေး​၍ သူ တို့​မည်​ကဲ့​သို့​လိုက်​နာ​ကျင့်​သုံး​ရ​မည်​ကို ရှင်း​လင်း​ပေး​ခြင်း​မှာ​လည်း​ကောင်း​ပေ သည်။-
21 Cependant, choisis parmi le peuple, pour te les associer, des hommes forts et pieux, des hommes justes, haïssant l'orgueil; mets à la tête du peuple des chefs de mille hommes, des chefs de cent, des chefs de cinquante et des chefs de dix.
၂၁သို့​ရာ​တွင်​သင်​သည်​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​ကို​ခေါင်း​ဆောင်​နိုင် မည့်​အ​ရည်​အ​ချင်း​ရှိ​သူ​များ​ကို​ရွေး​ချယ် ခန့်​ထား​သင့်​ပါ​သည်။ ထို​သူ​တို့​သည်​ဘု​ရား ကို​ကြောက်​ရွံ့​၍​ရိုး​သား​ဖြောင့်​မတ်​လျက် အ​ဂ​တိ​မလိုက်​စား​တတ်​သူ​များ​ဖြစ်​ရ ကြ​မည်။-
22 Qu'ils jugent le peuple à toute heure, qu'ils te rapportent toute affaire d'importance, qu'ils jugent eux-mêmes les causes les plus faciles; ils allégeront ainsi ton labeur en le partageant.
၂၂သူ​တို့​ကို​အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ အ​ဖြစ် လူ​တို့​၏​အ​မှု​အ​ခင်း​များ​ကို​စီ​ရင် စေ​ရ​မည်။ သူ​တို့​သည်​ခက်​ခဲ​သော​အ​မှု​များ ကို​သင့်​ထံ​သို့​တင်​ပြ​၍ သေး​ငယ်​သော​အ​မှု များ​ကို​သူ​တို့​ကိုယ်​တိုင်​စီ​ရင်​ဆုံး​ဖြတ်​စေ ရ​မည်။ ဤ​နည်း​အား​ဖြင့်​သူ​တို့​သည် သင်​၏ တာ​ဝန်​ကို​ခွဲ​ဝေ​ထမ်း​ဆောင်​ကြ​သော ကြောင့်​သင့်​အ​တွက်​သက်​သာ​လိမ့်​မည်။-
23 Si tu exécutes ce projet, Dieu te fortifiera et tu pourras tenir bon, et ce peuple s'en ira en paix au lieu où il doit aller.
၂၃ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​နှင့်​အ​ညီ ဤ​နည်း​အ​တိုင်း​ဆောင်​ရွက်​လျှင် သင်​သည်​ပင် ပန်း​နွမ်း​ရိ​လိမ့်​မည်​မ​ဟုတ်။ ဤ​လူ​အ​ပေါင်း တို့​သည်​လည်း​အ​မှု​အ​ခင်း​များ​ပြီး​ပြတ် လျက် မိ​မိ​တို့​နေ​အိမ်​သို့​ပြန်​နိုင်​ကြ​လိမ့် မည်'' ဟု​အကြံ​ပေး​သည်။
24 Moïse fut docile au conseil de son beau-père, et il exécuta ce qu'il lui avait dit.
၂၄မော​ရှေ​သည်​ယေ​သ​ရော​အ​ကြံ​ပေး​သည့် အ​တိုင်း လိုက်​နာ​ဆောင်​ရွက်​လေ​၏။-
25 Moïse, parmi tous les fils d'Israël, choisit des hommes forts; il les mit à la tête du peuple: chefs de mille, chefs de cent, chefs de cinquante, chefs de dix.
၂၅သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အ​ထဲ​မှ အ​ရည်​အ​ချင်း​ပြည့်​စုံ​သူ​တို့​ကို ရွေး​၍​လူ​တစ်​ထောင်​စု၊ တစ်​ရာ​စု၊ ငါး​ဆယ်​စု၊ တစ်​ဆယ်​စု​တို့​တွင်​ခေါင်း​ဆောင်​များ​အ​ဖြစ် ခန့်​ထား​လေ​၏။-
26 Ceux-ci jugèrent le peuple à toute heure; ils rapportèrent à Moïse toute affaire d'importance, et ils jugèrent eux-mêmes toute affaire facile.
၂၆ထို​သူ​တို့​သည်​လူ​များ​ကို​တ​ရား​စီ​ရင်​ရန် အ​မြဲ​တမ်း​တ​ရား​သူ​ကြီး​များ​အ​ဖြစ် ဆောင်​ရွက်​ရ​သည်။ သူ​တို့​သည်​ခက်​ခဲ​သော အ​မှု​များ​ကို​မော​ရှေ​ထံ​သို့​တင်​ပြ​၍ သေး ငယ်​သော​အ​မှု​များ​ကို​ကိုယ်​တိုင်​ဆုံး​ဖြတ် ကြ​၏။
27 Alors, Moïse congédia son beau-père, et celui-ci retourna dans son pays.
၂၇ထို​နောက်​ယေ​သ​ရော​သည် မော​ရှေ​အား​နှုတ် ခွန်း​ဆက်​သ​၍ မိ​မိ​၏​နေ​ရပ်​သို့​ပြန်​သွား လေ​သည်။

< Exode 18 >