< Ézéchiel 25 >

1 La parole de l’Eternel me fut adressée en ces termes:
တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
2 "Fils de l’homme, dirige ta face contre les fils d’Ammon, et prophétise sur eux.
အချင်းလူသား၊ သင်သည် အမ္မန်အမျိုးသားတို့ တဘက်၌မျက်နှာထား၍ ပရောဖက်ပြုလျက်၊
3 Tu diras aux fils d’Ammon: Ecoutez la parole du Seigneur Dieu! Ainsi parle le Seigneur Dieu: Parce que tu as crié: Holà! sur mon sanctuaire, lorsqu’il fut profané, sur la terre d’Israël, lorsqu’elle fut dévastée, et sur la maison do Juda, lorsqu’elle partit pour l’exil,
ဆင့်ဆိုရမည်မှာ၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို နားထောင်ကြလော့။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ရှုတ်ချလျက်ရှိသော ငါ၏ သန့်ရှင်း ရာဌာနကို၎င်း၊ လူဆိတ်ညံခြင်းသို့ရောက်သော ဣသ ရေလပြည်ကို၎င်း၊ အေ့ဟေဟု သင်ဆိုမိသောကြောင့်၊
4 c’est pourquoi je te livre aux fils de l’Orient en toute propriété; ils installeront leurs campements chez toi et y établiront leurs habitations; c’est eux qui mangeront tes fruits, eux qui boiront ton lait.
သင့်ကိုအရှေ့ပြည်သားတို့အား ငါအပိုင် ပေးမည်။ သူတို့သည် သင်၏အထဲ၌ဘုံဗိမာန်တို့ကို တည်ဆောက်၍ နေရာကျကြလိမ့်မည်။ သင်၏အသီး အနှံကိုစား၍ သင်၏နို့ကို သောက်ကြလိမ့်မည်။
5 Je ferai de Rabba un pacage de chameaux et des fils d’Ammon un cantonnement de brebis, et vous saurez que je suis l’Eternel."
ရဗ္ဗာမြို့ကို ကုလားအုပ်တင်းကုပ်၊ အမ္မုန်ပြည်ကို သိုးကျက်စားရာ ငါဖြစ်စေမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
6 "Oui, ainsi parle le Seigneur Dieu, parce que tu as battu des mains, trépigné du pied, et que tu t’es réjouie avec tant de mépris, du fond de l’âme, au sujet du pays d’Israël,
သင်သည် ဣသရေလပြည်ကို မနာလိုသော စိတ်အားကြီးလျက် လက်ခုပ်တီးခြင်း၊ ခြေနှင့်ဆောင့်ခြင်း ကို ဝမ်းမြောက်စွာ ပြုသောကြောင့်၊
7 c’est pourquoi je vais étendre ma main sur toi et te donner en proie aux nations; je te retrancherai du rang des peuples et te ferai disparaître d’entre les pays, je te réduirai à néant, et tu sauras que je suis l’Eternel."
ငါသည် သင့်ကိုတိုက်၍၊ လူအမျိုးမျိုးလုယူဘို့ရာ အပ်မည်။ လူနေရာအတိုင်းတိုင်း အပြည်ပြည်ထဲက သင့်ကို သုတ်သင်ပယ်ရှင်းမည်။ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းကို သင်သိရလိမ့်မည်ဟု အရှင်ထာဝရ ဘုရားမိန့်တော်မူ၏။
8 Ainsi parle le Seigneur Dieu: "Parce que Moab et Séir ont dit: Voilà que la maison de Juda est comme toutes les nations.
တဖန်မောဘပြည်နှင့် စိရမြို့က၊ ယုဒအမျိုး သည် တပါးအမျိုးသားအပေါင်းတို့နှင့် တူသည်ဟု ဆိုသောကြောင့်၊
9 C’Est pourquoi je vais entamer le flanc de Moab, en le privant des villes, de ses villes extrêmes, la parure du pays, de Béth-Hayechimot, Baal-Meôn et Kiriataïm.
အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ မောဘနံပါး၊ ပြည်စွန်းနားမှာ နိုင်ငံ၏ဘုန်းဖြစ်သော ဗက်ယေရှိမုတ်မြို့၊ ဗာလမောင်မြို့၊ ကိရယသိမ်မြို့တို့ကို ငါလှန်ထားမည်။
10 Aux fils de l’Orient, contre les fils d’Ammon, je donne ce district en possession, afin que les fils d’Ammon ne soient plus mentionnés parmi les peuples.
၁၀ထိုမြို့တို့ကို အမ္မုန်အမျိုးသားတို့နှင့်တကွ အရှေ့ ပြည်သားတို့အား အပိုင်ပေးမည်။ အမ္မုန်ပြည်သားတို့ကို တိုင်းနိုင်ငံစုတွင်မမှတ်ရ။
11 Et j’infligerai des châtiments à Moab et ils sauront que je suis l’Eternel."
၁၁မောဘပြည်ကိုလည်း ငါသည် အပြစ်ဒဏ် စီရင် ၍၊ ငါသည် ထာဝရားဖြစ်ကြောင်းကို သူတို့သိကြရလိမ့် မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
12 Ainsi parle le Seigneur Dieu: "A cause des procédés d’Edom, quand il a tiré vengeance de la maison de Juda, et parce qu’il s’est rendu coupable par les représailles qu’il a exercées,
၁၂တဖန်ဧဒုံပြည်သည် ချင်ရဲပြေစေခြင်းငှါ၊ ယုဒ အမျိုးတဘက်၌နေ၍ အလွန်ပြစ်မှားသဖြင့်၊ အပြစ်ဒဏ်စီရင်သောကြောင့်၊
13 c’est pourquoi, ainsi parle le Seigneur Dieu, j’étendrai ma main sur Edom et j’en exterminerai hommes et bêtes; j’en ferai une ruine depuis Têmân, et jusqu’à Dedân ils tomberont sous l’épée.
၁၃အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဧဒုံပြည်ကိုငါတိုက်၍ လူနှင့်တိရစ္ဆာန်တို့ကို ပယ်ဖြတ်မည်။ တေမန်မြို့မှစ၍ လူဆိတ်ညံစေမည်။ ဒေဒန်မြို့တိုင် အောင် ထားဖြင့် ဆုံးရကြလိမ့်မည်။
14 Je confierai le soin de ma vengeance contre Edom à la main de mon peuple Israël; ils traiteront Edom conformément à ma colère et à ma fureur, et il se ressentira de ma vengeance, dit le Seigneur Dieu."
၁၄ငါ၏လူဣသရေလ အမျိုးသားများအားဖြင့်၊ ဧဒုံ ပြည်ကိုငါ၏ ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးမည်။ သူတို့ သည် ငါ၏အမျက်အရှိန်အားကြီးသည့်အတိုင်း ဧဒုံပြည် ကို ပြုကြလိမ့်မည်။ ငါပေးသော အပြစ်ဒဏ်ကို သိရ ကြလိမ်မည်ဟု ရှင်ထာဝရဘုရားမိန့်တော်မူ၏။
15 Ainsi parle le Seigneur Dieu: "Parce que les Philistins ont agi par vengeance, qu’ils se sont livrés à des représailles dans un profond sentiment de mépris, cherchant à détruire dans leur éternelle haine,
၁၅တဖန် ဖိလိတ္တိလူတို့သည် အငြိုးထား၍ မနာလို သောစိတ်အားကြီးသည်နှင့် ဒေါသအလိုကုပြည့်စုံစွာ ပြု၍၊ ရှင်းရှင်းဖျက်ဆီးခြင်းငှါ အပြစ်ဒဏ် ပေးသော ကြောင့်၊
16 c’est pourquoi, ainsi parle le Seigneur Dieu, voici que je vais étendre ma main sur les Philistins, anéantir les Kerêthites et faire périr ce qui reste sur le littoral de la mer.
၁၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ဖိလိတ္တိလူတို့ကို ငါထိုက်၍ ခေရသိလူတို့ကို ပယ်ဖြတ်မည်။ ပင်လယ်ကမ်းနား၌ ကျန်ကြွင်းသောသူတို့ကို ဖျက်ဆီး မည်။
17 J’Exercerai sur eux de grandes vengeances, par de violents sévices, et ils sauront que je suis l’Eternel, alors que je ferai éclater ma vengeance parmi eux."
၁၇ပြင်းစွာသော ဆုံးမခြင်းနှင့်တကွ ကြီးစွာသော အပြစ်ဒဏ်ကို ပေးမည်။ ထိုသို့ငါ၏ချင်ရဲပြေစေခြင်းငှါ ဒဏ်ပေးသောအခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်း ကို သူတို့သိရကြလိမ့်မည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။

< Ézéchiel 25 >