< 2 Rois 21 >

1 Manassé avait douze ans en montant sur le trône, et il régna cinquante-cinq ans à Jérusalem; sa mère s’appelait Hefci-Bah.
မနာရှေသည် အသက်တဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ ငါးဆယ်ငါးနှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဟဇ္ဇိဘအမည်ရှိ၏။
2 Il fit le mal aux yeux de l’Eternel, imitant les abominations des peuples que l’Eternel avait dépossédés au profit des enfants d’Israël.
ထိုမင်းသည် ဣသရေလအမျိုးသားရှေ့မှ ထာဝရဘုရားနှင့် ထုတ်တော်မူသော တပါးအမျိုးသား ရွံရှာဘွယ်ထုံးစံအတိုင်း၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၏။
3 Il rétablit de nouveau les hauts-lieux qu’Ezéchias, son père, avait détruits, érigea des autels à Baal, institua une Achêra à l’exemple d’Achab, roi d’Israël, se prosterna devant toute la milice céleste et l’adora.
ခမည်းတော်ဟေဇကိ ဖျက်ဆီးသောကုန်းတို့ကို ပြုပြင်၍၊ ဣသရေလရှင်ဘုရင် အာဟပ်ပြုသကဲ့သို့ ဗာလအဘို့ ယဇ်ပလ္လင်တို့ကို တည်၏။ အာရှရပင်ကို လည်း ပြုစု၏။ မိုဃ်းကောင်းကင် တန်ဆာများကိုလည်း ဝတ်ပြုကိုးကွယ်၏။
4 Il construisit des autels dans le temple du Seigneur, malgré cette parole de l’Eternel: "C’Est à Jérusalem que je ferai dominer mon nom."
ယေရုရှလင်မြို့၌ ငါ့နာမကိုငါတည်စေမည်ဟု ထာဝရဘုရား မိန့်တော်မူသောမြို့၊ ဗိမာန်တော်၌ ယဇ် ပလ္လင်တည်းဟူသော၊
5 Or, c’est en l’honneur de toute la milice céleste qu’il érigea des autels dans les deux parvis du temple.
ဗိမာန်တော်တန်တိုင်းနှစ်ရပ်တွင် မိုဃ်း ကောင်းကင်တန်ဆာများ အဘို့ ယဇ်ပလ္လင်တို့ကိုတည်၏။
6 Il fit passer son fils par le feu, s’adonna aux augures et aux sortilèges, et pratiqua les évocations et les divinations. Immense fut le mal qu’il fit aux yeux de l’Eternel pour l’irriter.
မိမိသားကို မီးဖြင့်ပူဇော်၏။ ကာလဗေဒင်ကို ကြည့်တတ်၏။ ပြုစားသော အတတ်ကို သုံးဆောင်၍ စုန်းနှင့်နတ်ဝင်တို့ကိုလည်း အခွင့်ပေး၏။ ထာဝရဘုရား ၏ အမျက်တော်ကို နှိုးဆော်ခြင်းငှါ ရှေ့တော်၌ များစွာ သော ဒုစရိုက်ကိုပြု၏။
7 L’Idole d’Astarté qu’il avait fabriquée, il la plaça dans le temple, dont l’Eternel avait dit à David et à son fils Salomon: "C’Est dans ce temple, à Jérusalem, la ville élue entre toutes les tribus d’Israël, que je ferai à jamais résider mon nom.
ဤဗိမာန်၌၎င်း၊ ဣသရေလခရိုင်များတို့တွင် ငါရွေးကောက်သော ယေရုရှလင်မြို့၌၎င်း၊ ငါ့နာမကို အစဉ်အမြဲ ငါတည်စေမည်ဟု ထာဝရဘုရားသည် ဒါဝိဒ် နှင့် သားတော်ရှောလမုန်အား မိန့်တော်မူရာ၌၊ ရည် ဆောင်သော ဗိမာန်တော်ထဲမှာ မိမိပြုစုသော အာရှရ ပင်နှင့်တူအောင် လုပ်သောရုပ်တုကို တင်ထား၏။
8 Je ne ferai plus errer les pas d’Israël loin du pays que j’ai donné à ses ancêtres, pourvu qu’il accomplisse scrupuleusement mes commandements, ainsi que toute la loi que mon serviteur Moïse lui a prescrite."
ငါမှာထားသမျှအတိုင်း ငါ့ကျွန်မောရှေ မှာထား သမျှသော တရားအတိုင်း ဣသရေလအမျိုးသားတို့သည် ကျင့်ခြင်းငှါ စောင့်ရှောက်လျှင်၊ သူတို့ဘိုးဘေးတို့အား ငါပေးသော ပြည်မှ သူတို့ကို နောက်တဖန် ငါမရွှေ့ မပြောင်းစေဟု မိန့်တော်မူသော်လည်း၊
9 Mais ils désobéirent; Manassé les induisit à agir plus mal que les peuples exterminés par l’Eternel au profit des enfants d’Israël.
သူတို့သည် နားမထောင်၊ ဣသရေလအမျိုးသား တို့ရှေ့မှာ ထာဝရဘုရား ဖျက်ဆီးတော်မူသော လူမျိုးတို့ ပြုသည်ထက် သာ၍ ဒုစရိုက်ကိုပြုစေခြင်းငှါ မနာရှေ သည် သွေးဆောင်လေ၏။
10 C’Est pourquoi, l’Eternel parla ainsi par l’organe des prophètes, ses serviteurs:
၁၀ထိုကြောင့် ထာဝရဘုရားသည် မိမိကျွန်ပရော ဖက်တို့ဖြင့် မိန့်တော်မူသည်ကား၊
11 "Puisque Manassé, roi de Juda, s’est rendu coupable de ces abominations en faisant le mal plus que les Amorréens qui l’avaient précédé, et qu’il a entraîné même Juda au péché par ses idoles,
၁၁ယုဒရှင်ဘုရင် မနာရှေသည် သူ့ရှေ့မှာ ဖြစ်ဘူး သော အာမောရိလူတို့ပြုသမျှထက် သာ၍ရွံရှာဘွယ် သော ဤဒုစရိုက်တို့ကို ပြုသောကြောင့်၎င်း၊ မိမိရုပ်တု ဆင်းတုအားဖြင့် ယုဒအမျိုးကို ပြစ်မှားစေသောကြောင့် ၎င်း၊
12 moi, l’Eternel, Dieu d’Israël, je susciterai contre Jérusalem et contre Juda des calamités telles que les deux oreilles tinteront à qui les apprendra.
၁၂ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ သိတင်းကြားသောသူတိုင်း နားနှစ်ဘက်ခါးစေခြင်းငှါ ငါသည် ယေရုရှလင်မြို့၊ ယုဒ ပြည်၌ ဘေးရောက်စေမည်။
13 Je passerai sur Jérusalem le cordeau de Samarie et le niveau de la maison d’Achab, et je nettoierai Jérusalem comme on nettoie un vase qu’on retourne après l’avoir nettoyé.
၁၃ယေရုရှလင်မြို့ အပေါ်မှာ ရှမာရိမျဉ်းကြိုးနှင့် အာဟပ်အမျိုး၏ ချိန်ကြိုးကို ငါတန်းချမည်။ ပုကန်ကို သုတ်၍ သုတ်ပြီးမှ မှောက်ထားသကဲ့သို့ ယေရုရှလင်မြို့ကို ငါပြုမည်။
14 J’Abandonnerai les débris de mon héritage, je les livrerai au pouvoir de leurs ennemis, qui tous les pilleront et les dépouilleront,
၁၄ကျန်ကြွင်းသောငါ့အမွေ လူတို့ကိုငါစွန့်၍ရန်သူလက်သို့ အပ်သဖြင့်၊ သူတို့သည်ရန်သူအပေါင်းတို့၏ လုယက်နှိပ်စက် ရာဖြစ်ကြလိမ့်မည်။
15 en raison du mal qu’ils ont fait à mes yeux, de façon à m’irriter, depuis le jour où leurs ancêtres sont sortis de l’Egypte jusqu’au jour présent."
၁၅အကြောင်းမူကား ဘိုးဘေးတို့သည် အဲဂုတ္တု ပြည်က ထွက်သော နေ့မှစ၍ ယနေ့တိုင်အောင် အစဉ် အဆက်တို့သည် ငါ့ရှေ့မှာ ဒုစရိုက်ကို ပြု၍ ငါ့အမျက်ကို နှိုးဆော်ကြပြီဟု မိန့်တော်မူ၏။
16 Manassé répandit aussi le sang innocent en si grande abondance que Jérusalem en était remplie d’une extrémité à l’autre, sans parler du crime d’avoir induit Juda à faire le mal aux yeux de l’Eternel.
၁၆မနာရှေသည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ယုဒအမျိုးကို ပြစ်မှားစေသောအပြစ်မှ တပါးအပြစ်မရှိသော သူအများတို့ကို သတ်၍ ယေရု ရှလင်မြို့တဘက်မှ တဘက်တိုင်အောင် သူတို့အသွေးနှင့် ပြည့်စေခြင်းငှါပြု၏။
17 Le reste de l’histoire de Manassé, les œuvres qu’il a accomplies et les péchés qu’il a commis, tout cela est consigné dans les arme es des rois de Juda.
၁၇မနာရှေပြုမူသော အမှုအရာ ကြွင်းလေသမျှ တို့နှင့် ပြစ်မှားသော အပြစ်တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
18 Manassé s’endormit avec ses pères, et fut enseveli dans le jardin de son palais, dans le jardin d’Ouzza. Son fils Amon lui succéda.
၁၈မနာရှေသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍၊ ဩဇဥယျာဉ်တည်းဟူသော မိမိအိမ်နှင့်ဆိုင်သော ဥယျာဉ်၌ သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်အာမုန် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
19 Aman avait vingt-deux ans en montant sur le trône, et il régna deux ans à Jérusalem; sa mère s’appelait Mechoullémet, fille de Harouç, de Yotba.
၁၉အာမုန်သည် အသက်နှစ်ဆယ်နှစ်နှစ်ရှိသော် နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်နှစ်စိုးစံလေ၏။ မယ်တော်ကား ယုပ္ဘါမြို့သူ ဟာရုပ်သမီး မေရှုလမက် အမည်ရှိ၏။
20 Il fit le mal aux yeux de l’Eternel, à l’exemple de Manassé, son père.
၂၀ထိုမင်းသည် ခမည်းတော် မနာရှေပြုသကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
21 Il suivit en tout la voie où celui-ci avait marché, Il adora les idoles que son père avait servies et se prosterna devant elles;
၂၁ခမည်းတော်လိုက်သမျှသောလမ်းသို့ လိုက်၏။ ခမည်းတော်ဝတ်ပြုသော ရုပ်တုဆင်းတုတို့ကို ဝတ်ပြု ကိုးကွယ်၏။
22 il abandonna l’Eternel, le Dieu de ses ancêtres, et ne marcha pas dans ses voies.
၂၂ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်၍ ထာဝရဘုရား၏ လမ်းတော်ကိုလွှဲရှောင်၏။
23 Les officiers d’Amon conspirèrent contre lui, et le mirent à mort dans son palais.
၂၃မိမိကျွန်တို့သည် သင်းဖွဲ့၍ ရှင်ဘုရင်ကို နန်းတော်၌ လုပ်ကြံကြ၏။
24 La population du pays massacra tous ceux qui s’étaient conjurés contre le roi Amon, et proclama roi à sa place son fils Josias.
၂၄အာမုန်မင်းကြီးတဘက်၌ သင်းဖွဲ့သော သူ အပေါင်းတို့ကို ပြည်သူပြည်သားတို့သည် ကွပ်မျက်၍ သားတော်ယောရှိကို ခမည်းတော်အရာ၌ နန်းတင်ကြ၏။
25 Le reste de l’histoire d’Amon et les faits accomplis par lui sont consignés dans le livre des annales des rois de Juda.
၂၅အာမုန်ပြုမူသော အမှုအရာ ကြွင်းလေသမျှတို့ သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
26 On l’ensevelit dans son sépulcre du jardin d’Ouzza, et Josias le remplaça sur le trône.
၂၆ဩဇဥယျာဉ်တွင် မိမိသင်္ချိုင်းတွင်း၌ သင်္ဂြိုဟ် ခြင်းကိုခံ၍၊ သားတော်ယောရှိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။

< 2 Rois 21 >