< 2 Rois 12 >

1 Il monta sur le trône dans la septième année de Jéhu, et il régna quarante ans à Jérusalem. Sa mère s’appelait Cibya, de Beersabée.
ယေဟုနန်းစံ ခုနစ်နှစ်တွင် ယောရှသည် အသက်ခုနစ်နှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ အနှစ်လေးဆယ်စိုးစံ၏။ မယ်တော်ကား၊ ဗေရရှေဘမြို့သူ ဇိဗိအမည်ရှိ၏။
2 Joas fit toute sa vie ce qui plaît au Seigneur, conformément aux enseignements que lui avait donnés le prêtre Joïada.
ယဇ်ပုရောဟိတ်ယောယဒသွန်သင်သော ကာလပတ်လုံးယောရှသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြု၏။
3 Seulement, les hauts-lieux ne disparurent point; le peuple continuait d’offrir des sacrifices et de l’encens sur les hauts-lieux.
သို့ရာတွင် မြင့်သောအရပ်တို့ကို မပယ်ရှားသော ကြောင့်၊ လူတို့သည် ထိုအရပ်တို့၌ ယဇ်ပူဇော်၍နံ့သာ ပေါင်းကို မီးရှို့ကြ၏။
4 Joas dit aux prêtres: "Tout l’argent consacré qu’on apporte dans la maison de Dieu, l’argent donné par chaque homme qui est recensé ainsi que celui qui est versé pour l’estimation des personnes, et toutes les sommes que chacun, suivant l’impulsion de son cœur, offrira au temple.
ယောရှမင်းကလည်း၊ ဗိမာန်တော်ထဲသို့ သွင်း သော အလှူဥစ္စာကို ရောင်း၍ရသောငွေ၊ စာရင်းဝင် သောသူတိုင်းကိုယ်အတွက်ပေးသောငွေ၊ ကိုယ်ဘိုးပြတ်၍ ရသောငွေ၊ အလိုလို လှူသောငွေရှိသမျှကို၊
5 que les prêtres les prennent, chacun des gens de sa connaissance, et qu’ils réparent eux-mêmes les dégradations du temple, partout où il s’en trouvera."
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အသိအကျွမ်း လှူသည်အတိုင်း ခံယူ၍၊ ဗိမာန်တော်ပြိုပျက်ရာရှိသမျှ တို့ကို ပြုပြင်ကြစေဟု ယဇ်ပုရောဟိတ်တို့အား မိန့်တော် မူ၏။
6 Or, dans la vingt-troisième année du règne de Joas, les prêtres n’avaient pas encore réparé les dégradations du temple.
သို့သော်လည်း ယောရှမင်းကြီးနန်းစံနှစ်ဆယ် သုံးနှစ်တွင်၊ ယဇ်ပုရောဟိတ်တို့သည် ဗိမာန်တော်ပြိုပျက် ရာတို့ကို မပြုပြင်ကြသေး။
7 Joas manda alors le pontife Joïada et les autres prêtres et leur dit: "Pourquoi ne réparez-vous pas les dégradations du temple? Dorénavant, n’acceptez plus d’argent de vos connaissances, mais affectez-le aux réfections du sanctuaire."
ထိုအခါ ယောရှမင်းကြီးသည် ယဇ်ပုရောဟိတ် ယောယဒ နှင့်အခြားသော ယဇ်ပုရောဟိတ် တို့ကိုခေါ်၍၊ သင်တို့သည် ဗိမာန်တော်ပြိုပျက်ရာတို့ကို အဘယ်ကြောင့် မပြုပြင်ဘဲ နေကြသနည်း။ နောက်တဖန် အသိအကျွမ်းလှူသော ငွေကိုကိုယ်တိုင် မယူကြနှင့်။ ဗိမာန်တော်ပြိုပျက်ရာတို့ကို ပြုပြင်ဘို့ရာအပ်ကြလော့ဟု ဆိုသည်အတိုင်း၊
8 Les prêtres convinrent de ne plus recevoir d’argent du peuple et de ne pas s’occuper des réparations du temple.
ယဇ်ပုရောဟိတ်တို့သည် နောက်တဖန် လူများ လှူသောငွေကို မခံရ။ ဗိမာန်တော်ပြိုပျက်ရာကိုလည်း မပြုပြင်ရဟုဝန်ခံကြ၏။
9 Joïada le prêtre, prit une caisse, perça un trou dans le couvercle, et la plaça à côté de l’autel, à droite de l’entrée du temple, et les prêtres préposés à la garde du seuil y jetaient tout l’argent qu’on apportait dans la maison de Dieu.
ယဇ်ပုရောဟိတ် ယောယဒသည် သေတ္တာကို ယူ၍အဖုံးကို ဖောက်ပြီးလျှင်၊ ဗိမာန်တော်အထဲသို့ ဝင်သောလမ်းလက်ျာဘက် ယဇ်ပလ္လင် နားမှာထားလေ ၏။ ဗိမာန်တော်သို့ဆောင်ခဲ့သော ငွေရှိသမျှကို တံခါး စောင့် ယဇ်ပုရောဟိတ်တို့သည် သေတ္တာထဲမှာထားကြ၏။
10 Lorsqu’ils voyaient que l’argent était abondant dans la caisse, le secrétaire du roi et le grand prêtre allaient ramasser et compter la somme qui se trouvait dans le temple de l’Eternel.
၁၀ငွေများသည်ကိုသိမြင်လျှင်၊ ရှင်ဘုရင်၏ စာရေး တော်ကြီးနှင့် ယဇ်ပုရောဟိတ်မင်းသည် လာ၍ဗိမာန် တော်၌စုသောငွေကို ထုတ်ထားလျက် စာရင်းယူ၏။
11 Ils remettaient ensuite l’argent ainsi compté à ceux qui étaient chargés des travaux du temple, et ceux-ci le dépensaient en payant les charpentiers et les architectes qui travaillaient à la maison de Dieu,
၁၁ထိုသို့ ချိန်ထားသော ငွေကို ဗိမာန်တော်အုပ် အမှုတော်စောင့်တို့၌အပ်၍၊ ဗိမာန်တော်၌ အလုပ်လုပ် သော လက်သမား၊
12 ainsi que les maçons et les tailleurs de pierres, et en achetant le bois et les pierres de taille nécessaires aux réparations de la maison de Dieu, enfin pour toute dépense nécessitée par la restauration du temple.
၁၂ပန်းရန်သမား၊ ကျောက်ဆစ်သမားတို့အတွက် ဗိမာန်တော် ပြိုပျက်ရာကို ပြုပြင်စရာကျောက်နှင့် သစ်သားကိုဝယ်၍ ကုန်သမျှသော အတွက်ပေးဝေကြ၏။
13 Cependant, on ne confectionnait pour la maison de Dieu ni bassins d’argent, ni couteaux, ni cuvettes, ni trompettes, ni aucun ustensile d’or et d’argent, avec les sommes apportées au temple.
၁၃ဗိမာန်တော်အဘို့ငွေဖလား၊ မီးညှပ်၊ အင်တုံ၊ တံပိုး၊ ရွှေတန်ဆာ၊ ငွေတန်ဆာတို့ကို ထိုငွေနှင့်မလုပ် သေး။
14 Elles étaient remises aux directeurs des travaux, qui les consacraient aux réparations de la maison de Dieu.
၁၄အလုပ်လုပ်သောသူတို့အားသာ ပေး၍၊ ဗိမာန်တော်ကို ပြုပြင်ကြ၏။
15 On ne demandait pas de comptes aux hommes à qui l’on confiait l’argent pour le remettre aux ouvriers, car ils agissaient avec honnêteté.
၁၅အလုပ်လုပ်သော သူတို့အား ပေးစေခြင်းငှါ၊ ငွေကို လက်ခံသော သူတို့သည် သစ္စာစောင့်သောသူ ဖြစ်သောကြောင့် စာရင်းမပေးကြ။
16 L’Argent provenant des sacrifices délictifs ou expiatoires n’était pas apporté au temple: il appartenait aux prêtres.
၁၆ဒုစရိုက်ငွေ၊ အပြစ်ငွေကိုမူကား၊ ဗိမာန်တော်သို့ မသွင်းဘဲ ယဇ်ပုရောဟိတ်တို့သည် ယူကြ၏။
17 En ce temps-là, Hazaël, roi de Syrie, alla attaquer Gath et s’en empara; puis il se prépara à monter vers Jérusalem.
၁၇ထိုအခါ ရှုရိရှင်ဘုရင်ဟာဇေလသည် ဂါသမြို့ ကို စစ်ချီ၍ တိုက်ယူပြီးမှ၊ ယေရုရှလင်မြို့သို့ ချီအံ့သောငှါ အားထုတ်လေ၏။
18 Joas roi de Juda, prit tous les objets consacrés par Josaphat, Joram et Achazia, ses aïeux, qui avaient régné sur Juda, avec les objets qu’il avait consacrés lui-même, ainsi que tout l’or contenu dans les trésors du temple, et il les fit remettre à Hazaël, roi de Syrie. Celui-ci s’éloigna alors de Jérusalem.
၁၈ယုဒရှင်ဘုရင်ယောရှသည် ဘိုးတော်ဘေးတော် တည်းဟူသော ယုဒရှင်ဘုရင်ယောရှဖတ်၊ ယဟောရံ၊ အာခဇိလှူသမျှသော တန်ဆာနှင့် ကိုယ်တိုင်သန့်ရှင်း သမျှသော တန်ဆာများ၊ ဗိမာန်တော်ဘဏ္ဍာ၊ နန်းတော် ဘဏ္ဍာတွင် တွေ့သမျှသော ရွှေကိုယူ၍ ရှုရိရှင်ဘုရင် ဟာဇေလ ထံသို့ပေးလိုက်သောကြောင့်၊ ဟာဇေလသည် ယေရုရှလင်မြို့ကို ထား၍ သွား၏။
19 Pour le reste de l’histoire et des actes de Joas, ils sont consignés dans le livre des annales des rois de Juda.
၁၉ယောရှပြုမူသောအမှုအရာ ကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
20 Les serviteurs de Joas, en révolte contre lui, avaient formé un complot et l’avaient frappé dans la maison de Millo, sur le chemin qui descend vers Silla.
၂၀ထိုမင်း၏ကျွန်ရှိမတ်သား ယောဇဗဒ်နှင့် ရှိမရိတ်သား ယဟောဇဗပ်တို့သည် ထ၍ သင်းဖွဲ့ပြီးလျှင်၊ သိလရွာသို့ သွားသောလမ်း၊ မိလ္လောစံနန်းတွင်ယောရှကို သေအောင်လုပ်ကြံ၍၊
21 C’Étaient ses serviteurs Yozakhar, fils de Chimeat, et Yehozabad, fils de Chomer, qui l’avaient frappé à mort; il fut inhumé avec ses pères dans la Cité de David, et eut pour successeur son fils Amacia.
၂၁ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။ သားတော်အာ မဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။

< 2 Rois 12 >