< 1 Rois 13 >

1 Mais voici qu’un homme de Dieu vint de Juda à Béthel par ordre du Seigneur, tandis que Jéroboam, debout près de l’autel, faisait fumer l’encens;
ထိုအခါ ယေရောဗောင် သည် နံ့သာပေါင်းကို မီးရှို့ ခြင်းငှါ ယဇ် ပလ္လင်နား မှာရပ် နေစဉ်တွင်၊ ဘုရားသခင် ၏ လူ တယောက်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ၊ ယုဒ ပြည်မှ ဗေသလ မြို့သို့ ရောက် လာ၍၊
2 et il cria à l’autel, selon l’ordre de Dieu, cette parole: "Autel! Autel! Ainsi parle le Seigneur: Un fils va naître à la famille de David Josias sera son nom qui égorgera sur toi les prêtres des hauts-lieux, lesquels font fumer sur toi l’encens, et ce sont des ossements humains qu’on brûlera sur toi."
ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် လျက် ၊ အိုယဇ် ပလ္လင်၊ ယဇ် ပလ္လင်၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဒါဝိဒ် မင်း မျိုး ၌ ယောရှိ အမည် ရှိသောသူကို ဘွားမြင် လိမ့်မည်။ သင့် အပေါ် မှာ နံ့သာပေါင်းကို မီးရှို့ ၍၊ မြင့် သောအရပ်၌ ယဇ်ပုရောဟိတ် လုပ်သောသူတို့ကို ထိုသူသည် သင့် အပေါ် မှာပူဇော် ၍ ၊ လူ သေအရိုး တို့ကို မီးရှို့ လိမ့်မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို၏။
3 Et le jour même, il donna une preuve de sa mission en disant: "Voici la preuve que c’est l’Eternel qui a parlé: l’autel va se fendre, et la cendre qui est dessus se répandra à terre."
ထို နေ့ခြင်းတွင် ပုပ္ပ နိမိတ်ကိုလည်း ပေး ၍ ထာဝရဘုရား မိန့် တော်မူသော ပုပ္ပ နိမိတ်ဟူမူကား ၊ ယဇ် ပလ္လင် သည် ကွဲ ၍ ပလ္လင်ပေါ် မှာရှိသော ပြာ လည်း ယိုကျ လိမ့်မည်ဟု ဟော လေ၏။
4 En entendant l’apostrophe que l’homme de Dieu avait adressée à l’autel de Béthel, le roi Jéroboam étendit la main de dessus l’autel et dit: "Arrêtez-le!" Mais sa main tendue se paralysa et il ne put la ramener à lui.
ထိုသို့ ဘုရားသခင် ၏ လူ သည် ဗေသလ မြို့ ယဇ် ပလ္လင်တဘက် ၌ ကြွေးကြော် သော စကား ကို ယေရောဗောင်မင်းကြီး သည် ကြား လျှင် ၊ ယဇ် ပလ္လင်ပေါ် မှာရှိသော မိမိ လက် ကိုဆန့် ၍ ထိုသူ ကို ဘမ်းဆီး ကြဟုဆို လျက်၊ ဆန့် သော လက် သည် သွေ့ခြောက် ၍ နောက် တဖန် မ ရုပ်နိုင်။။
5 L’Autel se fendit et la cendre s’en répandit à terre, selon la preuve annoncée par l’homme de Dieu sur l’ordre du Seigneur.
ဘုရားသခင် ၏ လူ သည်ထာဝရဘုရား ၏ နှုတ်ကပတ် တော်အတိုင်း ပေး သော ပုပ္ပ နိမိတ်နှင့်အညီ ယဇ် ပလ္လင် ကွဲ ၍ ၊ ပြာ သည်လည်း ပလ္လင် ပေါ်က ယိုကျ လေ၏။
6 Sur quoi, s’adressant à l’homme de Dieu, le roi dit: "De grâce, veuille implorer l’Eternel, ton Dieu, et le prier pour moi, que je puisse ramener ma main." L’Homme de Dieu implora l’Eternel, le roi put ramener sa main et en recouvra l’usage.
ရှင် ဘုရင်ကလည်း၊ ငါ့ လက် ၌ ရောက်သောရောဂါကို ပျောက်စေမည်အကြောင်း ၊ ငါ့ အတွက် ပဌနာ ပြု ၍ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ တောင်းပန် ပါလော့ဟုဘုရားသခင် ၏ လူ ကို ပြောဆို ၏။ ဘုရားသခင် ၏လူ သည် ထာဝရဘုရား ကို တောင်းပန် သဖြင့် ၊ ရှင်ဘုရင် လက် သည် ရောဂါပျောက်၍ ပကတိ အတိုင်း ဖြစ် လေ၏။
7 Le roi dit à l’homme de Dieu: "Viens avec moi dans ma demeure et restaure-toi; je voudrais ensuite te faire un présent."
ရှင် ဘုရင်ကလည်း ၊ ငါ နှင့်အတူ လိုက် ၍ အားဖြည့် လော့။ လက်ဆောင် ပေး မည်ဟု ဘုရားသခင် ၏ လူ အား ဆို လျှင်၊
8 L’Homme de Dieu répondit au roi: "Quand tu me donnerais la moitié de ta maison, je n’irais point avec toi; je ne mangerai ni ne boirai ici.
ဘုရားသခင် ၏လူ က၊ နန်း တော်တဝက် ကိုပေး သော်လည်း သင် နှင့်အတူ ငါမ လိုက်။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
9 Car ainsi me l’a ordonné la parole du Seigneur, disant: Tu ne mangeras pas de pain, tu ne boiras pas d’eau, et tu ne reviendras pas par le même chemin que tu auras pris pour aller."
ထာဝရဘုရား ၏ နှုတ်ကပတ် တော်က၊ မုန့် ကို မ စား နှင့်။ ရေ ကို မ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား ပညတ် တော်မူပြီဟု ရှင်ဘုရင် အား ပြောဆို ၏။
10 Il s’en retourna donc par un autre chemin, et ne reprit pas celui qui l’avait conduit à Béthel.
၁၀ထိုနောက် ဗေသလ မြို့သို့ လာ သော လမ်း ကို ရှောင် ၍ အခြား သောလမ်း ဖြင့် ပြန် သွား၏။
11 Or, un autre prophète, âgé, demeurait à Béthel. Un de ses fils vint lui raconter tout ce que l’homme de Dieu avait fait ce jour-là à Béthel et les paroles qu’il avait dites au roi, et ils les redirent à leur père.
၁၁ထိုကာလ၌ ဗေသလ မြို့တွင် အသက် ကြီးသော ပရောဖက် တယောက် ရှိ ၏။ သူ ၏သား တို့သည်လာ ၍ ဘုရားသခင် ၏လူ သည် ထိုနေ့ ၌ ဗေသလ မြို့မှာ ပြု သော အမှု ရှိသမျှ နှင့် ရှင်ဘုရင် အား ပြော သော စကား များကို အဘ အား ပြန်ကြား လျှင်၊
12 Celui-ci leur demanda par quel chemin il était parti (ses fils avaient vu par quel chemin était parti l’homme de Dieu venu de Juda).
၁၂ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ သည် အဘယ်လမ်း ဖြင့် ပြန်သွား သည်ကို မြင် ကြသောကြောင့် ၊ အဘ က ထိုသူသည် အဘယ် လမ်း ဖြင့်ပြန်သွား သနည်းဟုမေး ပြီးလျှင်၊
13 Et il dit à ses fils: "Sanglez-moi l’âne." Ils lui sanglèrent l’âne et il le monta.
၁၃မြည်း ကို ကုန်းနှီး တင်ကြလော့ဟု ဆို သည် အတိုင်း ၊ သား တို့သည် မြည်း ကိုကုန်းနှီး တင်၍ အဘသည် စီး သွားလျက်၊
14 Il alla dans la direction de l’homme de Dieu, le trouva assis au pied d’un térébinthe et lui dit: "Es-tu l’homme de Dieu qui est venu de Juda? C’Est moi," répondit-il.
၁၄ဘုရားသခင် ၏ လူ ကိုလိုက် လေ၏။ သပိတ် ပင် အောက် မှာထိုင် လျက် ရှိသည်ကိုတွေ့ လျှင် ၊ သင် သည် ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏ လူ မှန် သလောဟုမေး သော် ၊ ငါ မှန်သည်ဟု ပြန်ဆို ၏။
15 Il reprit: "Viens avec moi dans ma maison et prends de la nourriture."
၁၅ပရောဖက်ကလည်း၊ ငါ နှင့်အတူ ငါ့အိမ် သို့ လိုက် ၍ မုန့် ကို စား ပါလော့ဟု ခေါ်ပင့်လျှင်၊
16 Il répondit: "Je ne puis revenir sur mes pas et aller avec toi, je ne mangerai ni ne boirai rien chez toi en ce lieu;
၁၆ငါသည် သင် နှင့်အတူ မ လိုက် ရ၊ သင့်အိမ်သို့မဝင်ရ။ ဤ အရပ် ၌ မုန့် ကိုမ စား ၊ ရေ ကိုလည်း မ သောက် ရ။
17 car cet ordre m’est venu de la part de l’Eternel: Tu ne dois rien manger ni boire là, ni reprendre le chemin par où tu es venu.
၁၇ထာဝရဘုရား က၊ ထို အရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကိုမ သောက် နှင့်။ လာ သော လမ်း ဖြင့် မ ပြန် နှင့်ဟု ငါ့ အား မိန့် တော်မူကြောင်းကို ပြောဆို ၏။
18 Moi aussi, répliqua l’autre, je suis prophète comme toi; or, un ange m’a dit par ordre de l’Eternel: Ramène-le dans ta maison, qu’il y mange et y boive." (Il lui mentait.)
၁၈ပရောဖက်ကလည်း ၊ ငါ သည် သင် ကဲ့သို့ ပရောဖက် ဖြစ်၏။ သင်သည်မုန့် ကိုစား ၍ ရေ ကိုသောက် စေခြင်းငှါသင့် ကိုငါ့အိမ် သို့ ခေါ် ရမည်အကြောင်း၊ ကောင်းကင် တမန်သည် ထာဝရဘုရား ၏ နှုတ်ကပတ် တော် အားဖြင့် မှာ ထားပြီဟု မုသာ သုံး၍ ပြောဆို ၏။
19 L’Homme retourna avec lui, mangea et but dans sa maison.
၁၉ထိုကြောင့် ဘုရားသခင်၏လူသည် ပရောဖက် နှင့်အတူ ပြန် လာ၍ ၊ သူ ၏အိမ် မှာ မုန့် ကိုစား ၏။ ရေ ကို လည်း သောက် ၏။
20 Tandis qu’ils étaient attablés, une voix divine s’adressa au prophète qui l’avait fait revenir,
၂၀ထိုသူ နှစ်ပါးတို့သည် စားပွဲ နား မှာ ထိုင် စဉ်တွင် ၊ ခေါ် ခဲ့သော ပရောဖက် သို့ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရောက် ၍၊
21 et interpellant l’homme de Dieu venant de Juda, elle lui dit: "Ainsi a parlé le Seigneur: Parce que tu as désobéi au Seigneur, que tu n’as pas respecté l’ordre que t’avait donné l’Eternel, ton Dieu;
၂၁ယုဒ ပြည်မှ လာ သော ဘုရားသခင် ၏လူ အား ၊ သင်သည် ထာဝရဘုရား ၏နှုတ်တော် ထွက်ကို နား မထောင်၊ သင် ၏ဘုရားသခင် ထာဝရဘုရား ထား တော်မူသော ပညတ် တော်ကို မ စောင့်၊
22 parce que tu as rebroussé chemin, que tu as mangé et bu dans le lieu où il t’avait défendu de manger et de boire, ta dépouille n’entrera point au sépulcre de tes pères."
၂၂ဤမည်သောအရပ်၌ မုန့် ကိုမ စား နှင့်။ ရေ ကို မ သောက် နှင့်ဟု ပညတ် တော်မူသော အရပ် သို့ ပြန် လာ၍ မုန့် နှင့် ရေ ကိုစား သောက် သောကြောင့် ၊ သင် ၏အလောင်း သည် ဘိုးဘေး တို့၏ သင်္ချိုင်း သို့ မ ရောက် ရဟု ထာဝရဘုရား မိန့် တော်မူကြောင်း ကို အော်ဟစ် ၍ ဆင့်ဆို ၏။
23 Après qu’il eut mangé et bu, on sangla pour lui l’âne appartenant au prophète qui l’avait ramené.
၂၃မုန့် နှင့် ရေကို စား သောက် ပြီးမှ ၊ ထိုပရောဖက်သည် ပြန် လာသော ပရောဖက် အဘို့ မိမိမြည်း ကို ကုန်းနှီး တင်၍ လွှတ်လိုက်လေ၏။
24 Il partit et rencontra sur son chemin un lion qui le fit périr. Son corps était étendu sur la route, l’âne restant à ses côtés et le lion aussi près du cadavre.
၂၄လမ်း မှာ ခြင်္သေ့ တွေ့ ၍ သတ် ၏။ အသေ ကောင်သည် လမ်း ၌ လဲ ၍ ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေ၏။
25 Des passants aperçurent ce cadavre abandonné sur la route et le lion qui se tenait auprès; ils allèrent le raconter dans la ville où demeurait le vieux prophète.
၂၅အသေ ကောင်သည် လမ်း ၌ လဲ ၍ မြည်းနှင့်ခြင်္သေ့ သည် အနား မှာ ရပ် နေသည်ကို ခရီး သွားသောသူတို့ သည် မြင် လျှင် ၊ အသက် ကြီးသော ပရောဖက် နေ သော မြို့ သို့ လာ ၍ သိတင်း ပြောကြ၏။
26 Le prophète qui l’avait fait revenir dit en les entendant: "C’Est le corps de l’homme de Dieu, qui a désobéi à l’ordre du Seigneur; le Seigneur l’a livré au lion, qui l’a mis en pièces et l’a fait périr ainsi que le Seigneur le lui avait prédit."
၂၆ခေါ် ခဲ့သော ပရောဖက် သည် ထိုသိတင်းကိုကြား လျှင် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို နား မထောင်သော ဘုရားသခင် ၏ လူ ဖြစ်လိမ့်မည်။ ထာဝရဘုရား သည် ထိုသူ အား မိန့် တော်မူသော စကား အတိုင်း ၊ သူ့ ကိုခြင်္သေ့ ၌ အပ် တော်မူသဖြင့် ၊ ခြင်္သေ့သည် ကိုက် သတ် လေပြီတကား ဟု ဆို လျက်၊
27 Et il dit à ses fils: "Sanglez-moi l’âne"; ce qu’ils firent.
၂၇မြည်း ပေါ်မှာ ကုန်းနှီး ကို တင်ကြလော့ဟု သား တို့အား ဆို သည်အတိုင်း သူတို့သည် ကုန်းနှီး တင်ကြ၏။
28 Il partit et trouva le corps étendu sur la route, le lion et l’âne à ses côtés; le lion n’avait point dévoré le cadavre ni mis l’âne en pièces.
၂၈ပရောဖက်သွား ၍ အသေ ကောင်သည် လမ်း ၌ လဲ လျက် ၊ မြည်း နှင့် ခြင်္သေ့ သည် အနား မှာ ရပ် နေလျက် ရှိသည်ကိုတွေ့ ၏။ ခြင်္သေ့ သည် အသေ ကောင်ကိုမ စား ၊ မြည်း ကိုလည်း မ ကိုက်။
29 Le prophète enleva le corps de l’homme de Dieu, le posa sur l’âne et le ramena. Le vieux prophète entra ainsi dans la ville pour procéder à la cérémonie de deuil et à l’inhumation.
၂၉အသက် ကြီးသော ပရောဖက် သည် ဘုရားသခင် ၏လူ အလောင်း ကောင်ကို မြည်း ပေါ် သို့ ချီ ၍ တင် ပြီးလျှင် ငိုကြွေး မြည်တမ်းခြင်းကို ပြု၍ ၊ သင်္ဂြိုဟ် ခြင်းငှါ မိမိမြို့ သို့ ဆောင် သွား၏။
30 Il déposa le corps dans son propre sépulcre, et on récita sur lui la complainte Hoï ahi.
၃၀အလောင်း ကောင်ကို မိမိ သင်္ချိုင်း တွင်း၌ ထား လျက် ၊ အို ငါ့ ညီ ဟူ၍ငိုကြွေး မြည်တမ်းခြင်းကို ပြု၏။
31 Après qu’on l’eut enterré, il dit à ses fils: "Quand je serai mort, ensevelissez-moi dans la tombe où repose l’homme de Dieu, et placez mes ossements auprès des siens;
၃၁သင်္ဂြိုဟ် ပြီးမှ သား တို့ကိုခေါ်၍၊ ငါ သေ သောအခါ ဘုရားသခင် ၏ လူ သင်္ချိုင်း တွင်း၌ သင်္ဂြိုဟ် ကြလော့။ ငါ့ အရိုး တို့ကို သူ့ အရိုး တို့အနား မှာထား ကြလော့။
32 car, certes, elle se réalisera la parole qu’il a prononcée, par l’ordre du Seigneur, sur l’autel qui est à Béthel et sur tous les temples des hauts-lieux qui sont dans les villes de Samarie…"
၃၂ဗေသလ မြို့ယဇ် ပလ္လင်တစ်ဘက် ရှမာရိ မြို့ ရွာတွင် ၊ မြင့် သောအရပ်ပေါ်မှာ ဆောက်သော အိမ် များ တစ်ဘက် ၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်အတိုင်း ကြွေးကြော် သော စကား သည် စင်စစ်ပြည့်စုံ လိမ့်မည်ဟု မှာ ထားလေ၏။
33 En dépit de ces faits, Jéroboam ne renonça pas à sa mauvaise conduite: il prit de nouveau, dans les rangs du peuple, des prêtres pour les hauts-lieux; qui le voulait se faisait consacrer, et l’on devenait ainsi prêtre des hauts-lieux.
၃၃ထိုနောက်မှ ယေရောဗောင် သည် မိမိ အဓမ္မ လမ်း ကို မ ရှောင်။ သာမညလူ တို့ကို မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် အရာ၌ ထပ်၍ ခန့်ထား ၏။ ယဇ်ပုရောဟိတ်လုပ်ချင် သောသူ ရှိသမျှကို ချီးမြှောက် သဖြင့် ၊ သူတို့သည် မြင့် သောအရပ်တွင် ယဇ်ပုရောဟိတ် ဖြစ် ကြ၏။
34 Cette manière d’agir entraîna la condamnation de la maison de Jéroboam, la fit proscrire et anéantir de dessus la face de la terre.
၃၄ထိုသို့ ပြုသောကြောင့်ယေရောဗောင် အမျိုး ကို မြေကြီး ပြင် မှ သုတ်သင် ပယ်ရှင်းစေသော အပြစ် ရောက် သတည်း။

< 1 Rois 13 >