< Psaumes 57 >

1 Au chef de musique. Al-Tashkheth. De David. Mictam; quand il fuyait devant Saül, dans la caverne. Use de grâce envers moi, ô Dieu! use de grâce envers moi; car en toi mon âme se réfugie, et sous l’ombre de tes ailes je me réfugie, jusqu’à ce que les calamités soient passées.
အိုဘုရားသခင်၊ အကျွန်ုပ်ကို သနားတော်မူပါ။ သနားတော်မူပါ။ ဘေးမလွန်မှီတိုင်အောင် အကျွန်ုပ်၏ ဝိညာဉ်သည် ကိုယ်တော်ကို ခိုလှုံပါ၏။ အတောင်တော် အရိပ်၌ ခိုလှုံပါ၏။
2 Je crierai au Dieu Très-haut, à Dieu qui mène [tout] à bonne fin pour moi.
ငါသည်အမြင့်ဆုံးသော ဘုရားသခင်၊ ငါ့အမှုကို ပြီးစီးစေတော်မူသော ဘုရားသခင်ကို အော်ဟစ်မည်။
3 Il a envoyé des cieux, et m’a sauvé; il a couvert de honte celui qui veut m’engloutir. (Sélah) Dieu a envoyé sa bonté et sa vérité.
ကောင်းကင်ကလက်တော်ကို ဆန့်တော်မူမည်။ ငါ့ကို ကိုက်စားအံ့သောသူကို အရှက်ခွဲသဖြင့်၊ ငါ့ကို ကယ်တင်တော်မူမည်။ ကရုဏာတော်နှင့်သစ္စာတော်ကို ဘုရားသခင် စေလွှတ်တော်မူမည်။
4 Mon âme est au milieu de lions; je suis couché parmi ceux qui soufflent des flammes, – les fils des hommes, dont les dents sont des lances et des flèches, et la langue une épée aiguë.
ငါ့ဝိညာဉ်သည် ခြင်္သေ့စုထဲမှာ နေရ၏။ ဒေါသ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်ရ၏။ သူတို့ သွားတို့သည် လှံနှင့်မြှားဖြစ်ကြ၏။ သတို့လျှာသည်လည်း ထက်သောသန်လျှက် ဖြစ်၏။
5 Élève-toi, ô Dieu! au-dessus des cieux; que ta gloire soit au-dessus de toute la terre!
အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။
6 Ils ont préparé un filet pour mes pas, mon âme se courbait; ils ont creusé devant moi une fosse, ils sont tombés dedans. (Sélah)
သူတို့သည် ငါသွားရာလမ်း၌ ကျော့ကွင်းကို ပြင်ဆင်ကြပြီ။ ငါ့ဝိညာဉ်သည် နှိမ့်ချလျက်ရှိ၏။ ငါ့ရှေ့၌ တွင်းကို တူးကြပြီးမှ ကိုယ်တူးသော တွင်းထဲသို့ ကိုယ်ကျ ကြပြီ။
7 Mon cœur est affermi, ô Dieu! mon cœur est affermi; je chanterai et je psalmodierai.
အိုဘုရားသခင်၊ အကျွန်ုပ်နှလုံးသည် တည် ကြည်ပါ၏။ အကျွန်ုပ်နှလုံးသည် တည်ကြပါ၏။ သီချင်း ဆိုပါမည်။ ချီးမွမ်းထောမနာပြုပါမည်။
8 Éveille-toi, mon âme! Éveillez-vous, luth et harpe! Je m’éveillerai à l’aube du jour.
အိုငါ့ဝိညာဉ်၊ နိုးလော့။ တယောနှင့်စောင့်တို့ နိုးကြလော့။ ငါလည်း စောစောနိုးမည်။
9 Je te célébrerai parmi les peuples, ô Seigneur! je chanterai tes louanges parmi les peuplades;
အိုထာဝရဘုရား၊ ပရိသတ်အလယ်၌ ကိုယ် တော်ကို ချီးမွမ်းပါမည်။ လူမျိုးတို့တွင် ကိုယ်တော်အား ထောမနာသီးချင်းဆိုပါမည်။
10 Car ta bonté est grande jusqu’aux cieux, et ta vérité jusqu’aux nues.
၁၀အကြောင်းမူကား၊ ကရုဏာတော်သည် ကောင်း ကင်သို့၎င်း၊ သစ္စာတော်သည် မိုဃ်းတိမ်သို့၎င်း မှီပါ၏။
11 Élève-toi, ô Dieu! au-dessus des cieux; que ta gloire soit au-dessus de toute la terre!
၁၁အိုဘုရားသခင်၊ ကောင်းကင်မြင့်သည်ထက် ကိုယ်တော်ကြီးမြင့်တော်မူစေသတည်း။ မြေကြီးတပြင်လုံး ကို ဘုန်းတော်လွှမ်းမိုးပါစေသတည်း။ ဒါဝိဒ်သည်ဥမင်၌ ရှောလုထံမှထွက်ပြေးသောအခါ စပ်ဆိုသောဆာလ။

< Psaumes 57 >