< Joël 3 >

1 Car voici, en ces jours-là et en ce temps-là où je rétablirai les captifs de Juda et de Jérusalem,
ထိုနေ့ရက်ကာလ၌ အထက်က သိမ်းသွားခြင်း ကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို ငါဆောင်ခဲ့ပြန်သောအခါ၊
2 je rassemblerai toutes les nations, et je les ferai descendre dans la vallée de Josaphat, et là j’entrerai en jugement avec elles au sujet de mon peuple et de mon héritage, Israël, qu’elles ont dispersé parmi les nations; et elles ont partagé mon pays,
ခပ်သိမ်းသော လူမျိုးတကာတို့ကို ငါသည် စုဝေး စေ၍ ယောရှဖတ်ချိုင့်သို့ ခေါ်ခဲ့မည်။ သူတို့သည် ငါ့ပြည် ကို ဝေဖန်၍ အတိုင်းတိုင်းအပြည်ပြည်တို့တွင် ကွဲပြားစေ သော ငါ၏အမွေလူ ဣသရေလအမျိုးဘက်မှာ ငါသည် တရားစီရင်မည်။
3 et elles ont jeté le sort sur mon peuple, et ont donné le jeune garçon pour une prostituée, et ont vendu la jeune fille pour du vin, et elles l’ont bu.
သူတို့သည် ငါ၏လူတို့အဘို့ စာရေးတံချကြပြီ။ လူကလေးကို ပြည်တန်ဆာနှင့်၎င်း၊ မိန်းမကလေးကို မိမိသောက်စရာ စပျစ်ရည်နှင့်၎င်း ဖယ်လှယ်ကြပြီ တကား။
4 Et vous aussi, que me voulez-vous, Tyr et Sidon, et tous les districts de la Philistie? Est-ce une récompense que vous me donnez? Et si vous me récompensez, je ferai retomber votre récompense vite et promptement sur votre tête;
အိုတုရုမြို့၊ ဇိဒုန်မြို့၊ ပါလေတ္တိနပြည်နှင့် နီးစပ် သော အရပ်ရှိသမျှတို့၊ သင်တို့သည် ငါနှင့် အဘယ်သို့ ဆိုင်ကြသနည်း။ ငါ့ကို ရန်တုံ့ပြုကြမည်လော။ ငါ့ကို ရန်တုံ့ ပြုကြလျှင်၊ ထိုရန်ကို သင်တို့ ခေါင်းပေါ်သို့ အလျင်အမြန် ငါပြန်ရောက်စေမည်။
5 parce que vous avez pris mon argent et mon or, et que vous avez porté dans vos temples mes belles choses désirables,
သင်တို့သည် ငါ့ရွှေငွေကို ယူ၍၊ ငါနှစ်သက် ဘွယ်သော ဥစ္စာမြတ်တို့ကို သင်တို့ဘုံဗိမာန်ထဲသို့ သွင်းသောကြောင့်၎င်း၊
6 et que vous avez vendu aux fils de Javan les fils de Juda et les fils de Jérusalem, afin de les éloigner de leurs confins.
ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့ကို နေရင်း ပြည်မှ အဝေးသို့ ပြောင်းစေလိုသောငှါ၊ ဟေလသ အမျိုးသားတို့အား ရောင်းလိုက်သောကြောင့်၎င်း၊
7 Voici, je les réveillerai du lieu où vous les avez vendus, et je ferai retomber votre récompense sur votre tête;
သင်တို့ ရောင်းလိုက်ရာအရပ်မှ ငါသည် ထ မြောက်၍၊ သင်တို့ ရန်တုံ့ပြုခြင်းကို သင်တို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်။
8 et je vendrai vos fils et vos filles en la main des fils de Juda, et ils les vendront aux Sabéens, à une nation lointaine; car l’Éternel a parlé.
သင်တို့သားသမီးများကိုလည်း ယုဒအမျိုးသား တို့၌ ငါရောင်း၍၊ သူတို့သည် တဖန်ဝေးသော အမျိုး၊ ရှေဘပြည်သားတို့၌ ရောင်းလိုက်ကြလိမ့်မည်။ ထိုသို့ ထာဝရဘုရားမိန့်တော်မူပြီ။
9 Proclamez ceci parmi les nations, préparez la guerre, réveillez les hommes forts; qu’ils approchent, qu’ils montent, tous les hommes de guerre!
ဤအမှုကို တပါးအမျိုးသားတို့အား ကြားပြော ကြလော့။ စစ်တိုက်ခြင်းငှာ ပြင်ဆင်၍ စစ်သူရဲတို့ကို နှိုးဆော်ကြလော့။ စစ်သူရဲအပေါင်းတို့သည် ချဉ်းကပ်၍ တက်လာကြစေ။
10 De vos socs forgez des épées, et de vos serpes, des javelines. Que le faible dise: Je suis fort!
၁၀သံထွန်သွားများကို ထားဖြစ်စေခြင်းငှာ၎င်း၊ တံစဉ်များကို လှံဖြစ်စေခြင်းငှာ၎င်း ထုလုပ်ကြလော့။ အားနည်းသောသူက၊ ငါအားကြီးသည်ဟု ပြောဆိုစေ။
11 Accourez et venez, vous, toutes les nations, de toute part, et rassemblez-vous! Là, Éternel, fais descendre tes hommes forts!
၁၁ပတ်လည်၌နေသော တပါးအမျိုးသား အပေါင်းတို့၊ စုဝေး၍ လာကြလော့။ သင်းဖွဲ့ကြလော့။ စုဝေးရာအ ရပ်၌ သင်တို့သူရဲများကို ထာဝရဘုရားနှိမ့်ချတော်မူ မည်။
12 Que les nations se réveillent et montent à la vallée de Josaphat, car là je m’assiérai pour juger toutes les nations, de toute part.
၁၂တပါးအမျိုးသားတို့သည် ထ၍ ယောရှဖတ်ချိုင့် သို့ တက်လာကြစေ။ ပတ်လည်၌နေသော တပါးအမျိုး သားအပေါင်းတို့ကို စစ်ကြောစီရင်ခြင်းငှာ ထိုအရပ်၌ ငါထိုင်မည်။
13 Mettez la faucille, car la moisson est mûre; venez, descendez, car le pressoir est plein, les cuves regorgent; car leur iniquité est grande.
၁၃ရိတ်စရာ စပါးမှည့်သောကြောင့် တံစဉ်ကို လွှတ်ကြလော့။ စပျစ်သီး နယ်ရာတန်ဆာပြည့်၍၊ စပျစ် ရည် ကျင်းတို့သည် လျှံသောကြောင့် လာကြ။ ဆင်းကြ လော့။ အကြောင်းမူကား၊ သူတို့ပြုသော ဒုစရိုက်အပြစ် သည် ကြီးလှ၏။
14 Multitudes, multitudes, dans la vallée de jugement! car le jour de l’Éternel est proche dans la vallée de jugement.
၁၄ကွပ်မျက်ရာချိုင့်၌ လူများ စည်းဝေးလျက်၊ လူများစည်းဝေးလျက်ရှိကြ၏။ ကွပ်မျက်ရာချိုင့်၌ ထာဝရ ဘုရား၏ နေ့ရက်သည် ရောက်လုနီးပြီ။
15 Le soleil et la lune seront obscurcis, et les étoiles retireront leur splendeur;
၁၅နေနှင့်လသည် မိုက်လိမ့်မည်။ ကြယ်တို့သည် လည်း မထွန်းလင်းဘဲ နေကြလိမ့်မည်။
16 et l’Éternel rugira de Sion, et de Jérusalem il fera entendre sa voix, et les cieux et la terre trembleront; et l’Éternel sera l’abri de son peuple et le refuge des fils d’Israël.
၁၆ထာဝရဘုရားသည်လည်း ဇိအုန်တောင်ပေါ်က ကြွေးကြော်၍၊ ယေရှုရှလင်မြို့ထဲက အသံကိုလွှင့်တော်မူ သဖြင့်၊ မိုဃ်းကောင်းကင်နှင့် မြေကြီးသည် တုန်လှုပ်လိမ့် မည်။ သို့ရာတွင်၊ ထာဝရဘုရားသည် မိမိလူတို့၏ ခိုလှုံရာ၊ ဣသရေလအမျိုးသားတို့၏ အစွမ်းသတ္တိဖြစ်တော်မူလိမ့် မည်။
17 Et vous saurez que moi, l’Éternel, je suis votre Dieu, qui demeure en Sion, ma montagne sainte. Et Jérusalem sera sainte, et les étrangers n’y passeront plus.
၁၇ငါသည်လည်း ငါ၏သန့်ရှင်းသော ဇိအုန်တောင် ပေါ်မှာနေသော သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိရကြလိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း သန့်ရှင်းလိမ့်မည်။ နောက်တဖန် ထိုမြို့ကို တပါးအမျိုးသား မနင်းရ။
18 Et il arrivera, en ce jour-là, que les montagnes ruisselleront de moût, et les collines découleront de lait, et tous les torrents de Juda découleront d’eau; et une source sortira de la maison de l’Éternel, et arrosera la vallée de Sittim.
၁၈ထိုကာလ၌ ချိုသော စပျစ်ရည်သည် တောင်တို့ မှ ယိုလိမ့်မည်။ နို့ရည်သည် ကုန်းတို့မှ ထွက်လိမ့်မည်။ ယုဒမြစ်ရှိသမျှတို့သည် ရေစီးကြလိမ့်မည်။ ထာဝရဘုရား၏ အိမ်တော်ထဲက စမ်းရေထွက်၍ ရှိတ္တိမ်ချိုင့်ကို စိုစေလိမ့်မည်။
19 L’Égypte sera une désolation, et Édom sera un désert désolé, à cause de leur violence contre les fils de Juda, parce qu’ils ont répandu du sang innocent dans leur pays.
၁၉ယုဒပြည်၌ အပြစ်မရှိသောသူတို့ကို သတ်၍ ယုဒအမျိုးသားတို့ကို ညှဉ်းဆဲသောကြောင့်၊ အဲဂုတ္တုပြည် သည်လူဆိတ်ညံလျက် ရှိလိမ့်မည်။ ဧဒုံပြည်သည်လည်း လူဆိတ်ညံသော တောဖြစ်လိမ့်မည်။
20 Mais Juda sera habité à toujours, et Jérusalem de génération en génération,
၂၀ယုဒပြည်မူကား၊ ထာဝရပြည်၊ ယေရုရှလင်မြို့မူကား၊ ကာလအစဉ်အဆက်တည်သော မြို့ဖြစ်လိမ့်မည်။
21 et je les purifierai du sang dont je ne les avais pas purifiés: et l’Éternel demeure en Sion.
၂၁ထိုမြို့သားတို့သည် အသေသတ်ခြင်းကို ခံရသောအပြစ်ကြောင့်၊ ငါသည် မပေးသေးသောဒဏ်ကို တဖန်ပေးဦးမည်။ ထာဝရဘုရားသည် ဇိအုန်တောင်ပေါ်မှာ ကျိန်းဝပ်တော်မူသတည်း။

< Joël 3 >