< Habacuc 1 >

1 L’oracle qu’a vu Habakuk, le prophète.
ပရောဖက်ဟဗက္ကုတ်ခံရသော ဗျာဒိတ်တော် အချက်ဟူမူကား၊
2 Jusques à quand, Éternel, crierai-je, et tu n’entendras pas? Je crie à toi: Violence! et tu ne sauves pas.
အို ထာဝရဘုရား၊ ကိုယ်တော်သည် ကြားတော် မမူဘဲ၊ အဘယ်မျှကာလပတ်လုံး အကျွန်ုပ်အော်ဟစ်ရပါ မည်နည်း။ ကယ်တင်တော်မမူဘဲ အကျွန်ုပ်သည် အဓမ္မ အမှုကို ခံ၍၊ ရှေ့တော်၌ အဘယ်မျှကာလပတ်လုံး အော် ဟစ်ရပါမည်နည်း။
3 Pourquoi me fais-tu voir l’iniquité, et contemples-tu l’oppression? La dévastation et la violence sont devant moi, et il y a contestation, et la discorde s’élève.
မတရားသောအမှုကို အကျွန်ုပ်အား အဘယ် ကြောင့်ပြတော်မူသနည်း။ အဓမ္မအမှုကို အဘယ်ကြောင့် မြင်စေတော်မူသနည်း။ လုယူခြင်း၊ အနိုင်အထက်ပြုခြင်း အမှုသည် အကျွန်ုပ်ရှေ့မှာ အဘယ်ကြောင့် ရှိရပါသ နည်း။ ငြင်းခုံခြင်း၊ ရန်တွေ့ခြင်းကိုလည်း အဘယ်ကြောင့် လူချင်းပြုရပါသနည်း။
4 C’est pourquoi la loi reste impuissante, et le juste jugement ne vient jamais au jour; car le méchant cerne le juste; c’est pourquoi le jugement sort perverti.
သို့ဖြစ်၍ တရားလျော့ပါ၏။ တရားသဖြင့် စီရင် ဆုံးဖြတ်ခြင်းမရှိပါ။ မတရားသော သူတို့သည် ဖြောင့် မတ်သောသူတို့ကို ဝိုင်းသောကြောင့်၊ မတရားသဖြင့် စီရင် ဆုံးဖြတ်ကြပါ၏။
5 Voyez parmi les nations, et regardez, et soyez stupéfaits; car je ferai en vos jours une œuvre que vous ne croirez pas, si elle [vous] est racontée.
သစ္စာပျက်သောသူတို့၊ ကြည့်ရှုဆင်ခြင်၍ အလွန်မှိုင်တွေကြလော့။ အကြောင်းမူကား၊ သင်တို့အား သူတပါး ပြညွှန်သော်လည်း သင်တို့ မယုံသော အမှုကို သင်တို့လက်ထက်ကာလ၌ ငါပြု၏။
6 Car voici, je suscite les Chaldéens, la nation cruelle et impétueuse, qui marche par la largeur de la terre pour prendre possession de domiciles qui ne lui appartiennent pas.
ပြင်းထန်လျင်မြန်သော ခါလဒဲအမျိုးကို ငါနှိုး ဆော်၏။ ကိုယ်မပိုင်သော နေရာအရပ်တို့ကို သိမ်းယူ ခြင်းငှါ မြေတပြင်လုံး၌ ချီသွားကြလိမ့်မည်။
7 Elle est formidable et terrible; son jugement et sa dignité procèdent d’elle-même.
အလွန်ကြောက်မက်ဘွယ်သော သူဖြစ်၍ ကိုယ် အလိုအလျောက်တရားစီရင်ဆုံးဖြတ်ကြ၏။
8 Ses chevaux sont plus rapides que les léopards, plus agiles que les loups du soir; et ses cavaliers s’élancent fièrement, et ses cavaliers viennent de loin: ils volent comme l’aigle se hâte pour dévorer.
သူတို့၏ မြင်းသည် ကျားသစ်ထက် လျင်မြန်၏။ ညဉ့်၌ လည်သော တောခွေးထက် ကြမ်းတမ်း၏။ မြင်းစီး သူရဲတို့သည် အဝေးကလာ၍ ခုန်ကြလိမ့်မည်။ အကောင် ကို ကိုက်စားခြင်းငှါ လျင်မြန်သော ရွှေလင်းတကဲ့သို့ ပျံ လာကြလိမ့်မည်။
9 Ils viennent tous pour la violence; leurs faces sont toutes ensemble tournées en avant; ils rassemblent les captifs comme le sable.
ထိုသူအပေါင်းတို့သည် ညှဉ်းဆဲခြင်းငှါ လာကြ ၏။ ရှေ့သို့သာ မျက်နှာပြုသော အလုံးအရင်းဖြစ်၍၊ ဘမ်း မိသောသူတို့ကို သဲလုံးနှင့်အမျှ စုဝေးစေကြလိမ့်မည်။
10 Et il se moque des rois, et les princes lui sont une risée; il se rit de toutes les forteresses: il entassera de la poussière et les prendra.
၁၀ရှင်ဘုရင်တို့ကို အားမနာ၊ မင်းများတို့ကို ပြက် ယယ်ပြုကြလိမ့်မည်။ ရဲတိုက်ရှိသမျှတို့ကို ကဲ့ရဲ့လျက်၊ မြေ မှုန့်ကို ပုံထား၍ တိုက်ယူကြလိမ့်မည်။
11 Alors il changera de pensée, et passera outre et péchera: cette puissance qu’il a, est devenue son dieu!
၁၁ထိုနောက် သူတို့သည် သဘောပြောင်းလဲလျက် လွန်ကျူး၍ အပြစ်ခံရကြလိမ့်မည်။ မိမိတို့ တန်ခိုးသည် မိမိတို့ ဘုရားဖြစ်လေသည်တကား။
12 – Toi, n’es-tu pas de toute ancienneté, Éternel, mon Dieu, mon Saint? Nous ne mourrons pas! Ô Éternel, tu l’as établi pour le jugement, et tu l’as fondé, ô Rocher, pour châtier.
၁၂အို ထာဝရဘုရား၊ အကျွန်ုပ်၏ဘုရားသခင်၊ သန့်ရှင်းတော်မူသောဘုရား၊ ကိုယ်တော်သည် နိစ္စထာဝရ တည်တော်မူသည်မဟုတ်လော။ သို့ဟုတ်လျှင်၊ အကျွန်ုပ် တို့သည် သေခြင်းနှင့် ကင်းလွတ်ကြပါမည်။ အိုထာဝရ ဘုရား၊ အကျွန်ုပ်တို့ကို စစ်ကြောခြင်းငှါ သူတို့ကို ခန့်ထား တော်မူပြီ။ အိုကျောက်ထရံ၊ ဆုံးမစေခြင်းငှါ သူတို့ကို နေရာချတော်မူပြီ။
13 Tu as les yeux trop purs pour voir le mal, et tu ne peux contempler l’oppression. Pourquoi contemples-tu ceux qui agissent perfidement, [et] gardes-tu le silence quand le méchant engloutit celui qui est plus juste que lui?
၁၃ကိုယ်တော်သည် ဒုစရိုက်ကို ကြည့်ရှုတော်မမူ။ သန့်ရှင်းသော မျက်စိရှိတော်မူ၏။ အဓမ္မအမှုကို ကြည့်ရှု ၍ နေတော်မမူတတ်ပါ။ သို့ဖြစ်၍၊ သစ္စာပျက်သော သူတို့ ကို အဘယ်ကြောင့် ကြည့်ရှု၍ နေတော်မူသနည်း။ အဓမ္မ လူသည် မိမိထက်ဖြောင့်မတ်သောသူကို ကိုက်စားသော အခါ၊ အဘယ်ကြောင့် တိတ်ဆိတ်စွာ နေတော်မူသနည်း။
14 Tu rends aussi les hommes comme les poissons de la mer, comme la bête rampante qui n’a personne qui la gouverne.
၁၄လူသတ္တဝါတို့ကိုလည်း ပင်လယ်ငါးကဲ့သို့၎င်း၊ မင်းမရှိသော ပိုးကောင်ကဲ့သို့၎င်း အဘယ်ကြောင့် ဖြစ် စေတော်မူသနည်း။
15 Il les fait tous monter avec l’hameçon; il les tire dans son filet, et les rassemble dans son rets; c’est pourquoi il se réjouit et s’égaie:
၁၅ရန်သူသည် ထိုသူအပေါင်းတို့ကို ငါးမျှားနှင့် မျှား လျက်၊ ကွန်နှင့်အုပ်လျက်၊ ပိုက်နှင့်လှောင်လျက် ဝမ်း မြောက်ရွှင်လန်းတတ်၏။
16 c’est pourquoi il sacrifie à son filet, et brûle de l’encens à son rets, parce que, par leur moyen, sa portion est grasse et sa nourriture succulente.
၁၆မိမိကွန်အား ယဇ်ပူဇော်၍၊ မိမိပိုက်အား နံ့သာ ပေါင်းကို မီးရှို့တတ်၏။ အကြောင်းမူကား၊ ထိုတန်ဆာ အားဖြင့် ဥစ္စာရတတ်၍ ဝစွာစားရ၏။
17 Videra-t-il pour cela son filet, et égorgera-t-il toujours les nations, sans épargner?
၁၇သို့ဖြစ်၍၊ သူသည် ပိုက်ကွန်ထဲက ငါးတို့ကို သွန်း လောင်းရပါမည်လော။ လူအမျိုးမျိုးတို့ကို မနှမြောဘဲ အစဉ်လုပ်ကြံရပါမည်လော။

< Habacuc 1 >