< Psalms 55 >

1 To the Overseer with stringed instruments. — An instruction, by David. Give ear, O God, [to] my prayer, And hide not from my supplication.
အိုဘုရားသခင်၊ အကျွန်ုပ်ဆုတောင်းသော စကားကို နားထောင်တော်မူပါ။ အသနားတော်ခံသော အခါ ရှောင်၍နေတော်မမူပါနှင့်။
2 Attend to me, and answer me, I mourn in my (meditation) and make a noise,
ကြည့်ရှုနားထောင်တော်မူပါ။ ရန်သူ၏စကား သံကြောင့်၎င်း၊ မတရားသောညှဉ်းဆဲခြင်းကြောင့်၎င်း၊ အကျွန်ုပ်သည် ညှိုးငယ်သောစိတ်နှင့် ညည်းတွားမြည် တမ်းလျက်နေရပါ၏။
3 Because of the voice of an enemy, Because of the oppression of the wicked, For they cause sorrow to move against me, And in anger they hate me.
သူတို့သည် အကျွန်ုပ်အပေါ်၌ အပြစ်ကို သက်ရောက်စေ၍၊ ဒေါသစိတ်နှင့်မုန်းကြပါ၏။
4 My heart is pained within me, And terrors of death have fallen on me.
အကျွန်ုပ်နှလုံးသည် ကိုယ်အထဲမှာတုန်လှုပ်၍ သေဘေးကို ကြောက်အားကြီးပါ၏။
5 Fear and trembling come in to me, And horror doth cover me.
ကြောက်ရွံ့တုန်လှုပ်ခြင်းသို့ ရောက်၍ အလွန် ထိတ်လန့်ခြင်း၌ မွန်းလျက်ရှိရပါ၏။
6 And I say, 'Who doth give to me a pinion as a dove? I fly away and rest,
ငါသည် ချိုးငှက်ကဲ့သို့ အတောင်ကို ရပါစေ သော။ ထိုသို့ရလျှင် အခြားသို့ပျံသွား၍၊ ငြိမ်ဝပ်လျက် နေလိမ့်မည်။
7 Lo, I move far off, I lodge in a wilderness. (Selah)
ဝေးစွားသွား၍ တောမှာ နေရာကျလိမ့်မည်။
8 I hasten escape for myself, From a rushing wind, from a whirlwind.
ပြင်းစွာသော မိုဃ်းသက်မုန်တိုင်းနှင့် လွတ်ခြင်း ငှါ၊ အလျင်အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ်စိတ်ရှိပါ၏။
9 Swallow up, O Lord, divide their tongue, For I saw violence and strife in a city.
အိုထာဝရဘုရား၊ သူတို့စကားကို ပပျောက် အောင် ကွဲပြားစေတော်မူပါ။ မြို့တော်တွင် အနိုင်အထက် ပြုခြင်းနှင့် လုယူခြင်းကို အကျွန်ုပ် မြင်ပါပြီ။
10 By day and by night they go round it, on its walls. Both iniquity and perverseness [are] in its midst,
၁၀မြို့ရိုးပေါ်မှာ နေ့ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ထဲမှာ ဆိုးညစ်သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
11 Mischiefs [are] in its midst. Fraud and deceit depart not from its street.
၁၁အဓမ္မတရားတို့သည် မြို့အလယ်၌ရှိ၍၊ ညှဉ်းဆဲ ခြင်းနှင့် လှည့်စားခြင်းသည် လမ်းတို့၌နေရာကျကြပါ၏။
12 For an enemy reproacheth me not, or I bear [it], He who is hating me Hath not magnified himself against me, Or I hide from him.
၁၂ငါ့ကို ကဲ့ရဲ့သောသူသည် ငါ့ရန်သူမဟုတ်။ ဟုတ် လျှင် သည်းခံနိုင်၏။ ငါ့ကိုရန်ဘက်ပြုသောသူသည် ငါ့ကိုမုန်းသောသူမဟုတ်။ ဟုတ်လျှင် ထိုသူကို ငါရှောင် နိုင်၏။
13 But thou, a man — as mine equal, My familiar friend, and mine acquaintance.
၁၃ထိုသို့ပြုသောသူသည် သင်ဖြစ်၏။ ငါနှင့် ဘက်သောသူ၊ ငါ့မိတ်ဆွေ၊ ငါအသိအကျွမ်းဖြစ်၏။
14 When together we sweeten counsel, Into the house of God we walk in company.
၁၄အချင်းချင်းသာယာသော ဆွေးနွေးတိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရားသခင်၏ အိမ်တော်သို့ လူအစုအဝေး နှင့် အတူသွားကြပြီ။
15 Desolations [are] upon them, They go down [to] Sheol — alive, For wickedness [is] in their dwelling, in their midst. (Sheol h7585)
၁၅သူတို့ကို သေမင်းဘမ်းဆီးပါစေ။ အသက်ရှင် လျက် မရဏာနိုင်ငံသို့ဆင်းသက်ကြပါစေ။ အကြောင်းမူ ကား၊ ဒုစရိုက်တို့သည် သူတို့နေရာတွင် သူတို့အထဲ၌ရှိကြ ၏။ (Sheol h7585)
16 I — to God I call, and Jehovah saveth me.
၁၆ငါမူကား၊ ဘုရားသခင်ကို ပဌနာပြု၍၊ ထာဝရ ဘုရားသည် ကယ်တင်တော်မူမည်။
17 Evening, and morning, and noon, I meditate, and make a noise, and He heareth my voice,
၁၇ညဦးအချိန်၊ နံနက်အချိန်၊ မွန်းတည့်အချိန်တို့၌ ငါသည် ညည်းတွားမြည်တမ်း၍၊ ငါ၏အသံကို ကြားတော် မူမည်။
18 He hath ransomed in peace my soul From him who is near to me, For with the multitude they were with me.
၁၈ငါ့ကို စစ်တိုက်ကြစဉ်တွင်၊ ငါ့အသက်ကို ရွေးနှုတ် ၍ ချမ်းသာပေးတော်မူမည်။ ငါ့ဘက်၌ နေသောသူ အများရှိကြ၏။
19 God doth hear and afflict them, And He sitteth of old. (Selah) Because they have no changes, and fear not God,
၁၉ရှေးကာလမှစ၍ အမြဲစီရင်သော ဘုရား သခင်သည် နားထောင်၍ သူတို့ကို နှိမ့်ချတော်မူမည်။ သူတို့သည် ပြောင်းလဲခြင်းမရှိသောကြောင့် ဘုရား သခင်ကို မကြောက်မရွံ့ကြ။
20 He hath sent forth his hands against his well-wishers, He hath polluted his covenant.
၂၀ထိုသို့သောသူသည် မိတ်ဆွေဖြစ်သောသူကို ပြစ်မှား၍ သစ္စာပျက်တတ်၏။
21 Sweeter than honey hath been his mouth, And his heart [is] war! Softer have been his words than oil, And they [are] drawn [swords].
၂၁သူ၏စကားသည် ထောပတ်ထက် ချောသော် လည်း၊ စစ်တိုက်မည်ဟုအကြံရှိ၏။ သူ၏စကားသည် ဆီထက်ပြောသော်လည်း၊ ထုတ်သော ထားဖြစ်၏။
22 Cast on Jehovah that which He hath given thee, And He doth sustain thee, He doth not suffer for ever the moving of the righteous.
၂၂ထမ်းရွက်ရသောဝန်ကို ထာဝရဘုရား၌ ချထား လော့။ သင့်ကို မစတော်မူမည်။ ဖြောင့်မတ်သောသူကို အစဉ်အမြဲလှုပ်ရှားစေတော်မမူရာ။
23 And Thou, O God, dost bring them down To a pit of destruction, Men of blood and deceit reach not to half their days, And I — I do trust in Thee!
၂၃အိုဘုရားသခင်၊ အခြားသောသူတို့ကို ဖျက်ဆီး ရာ တွင်းထဲသို့ချတော်မူမည်။ လူအသက်ကို သတ်သောသူ နှင့် သစ္စာပျက်သောသူတို့သည် မိမိအသက်တာတဝက် ခန့်မျှ မရှင်ရကြ။ အကျွန်ုပ်မူကား၊ ကိုယ်တော်၌ ခိုလှုံ ပါမည် ။

< Psalms 55 >