< Numbers 13 >

1 And there the Lord spak to Moises,
တဖန် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူသည်ကား၊
2 and seide, Sende thou men that schulen biholde the lond of Canaan, which Y schal yyue to the sones of Israel, of ech lynage o man of the princes.
ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ၊ အမျိုးအနွယ် အသီးအသီး ထဲက အဆွေအမျိုး သူကြီး ဖြစ်သောသူ တမျိုး တယောက်စီ ရွေးကောက်၍ စေလွှတ် လော့ဟု၊
3 Moises dide that that the Lord comaundide, and sente fro the deseert of Pharan princes, men of whiche these ben the names.
ထာဝရဘုရား မှာထား တော်မူသည်အတိုင်း၊ မောရှေ သည် လူ တို့ကို ပါရန် တော က စေလွှတ် လေ၏။ စေလွှတ်သောသူအပေါင်း တို့သည် ဣသရေလ အမျိုး ၌ အကဲအမှူး ဖြစ်ကြ၏။
4 Of the lynage of Ruben, Semmya, the sone of Zectur.
သူ တို့အမည် ကား၊ ရုဗင် အမျိုး ၊ ဇက္ကုရ သား ရှမွာ။
5 Of the lynage of Symeon, Saphat, the sone of Hury.
ရှိမောင် အမျိုး ၊ ဟောရိ သား ၊ ရှာဖတ်။
6 Of the lynage of Juda, Caleph, the sone of Jephone.
ယုဒ အမျိုး ၊ ယေဖုန္န သား ကာလက်။
7 Of the lynage of Isachar, Igal, the sone of Joseph.
ဣသခါ အမျိုး ၊ ယောသပ် သား ဣဂါလ။
8 Of the lynage of Effraym, Osee, the sone of Nun.
ဧဖရိမ် အမျိုး ၊ နုန် သား ဩရှေ။
9 Of the lynage of Beniamyn, Phalti, the sone of Raphu.
ဗင်္ယာမိန် အမျိုး ၊ ရာဖု သား ပါလတိ။
10 Of the lynage of Zabulon, Gediel, the sone of Sodi.
၁၀ဇာဗုလုန် အမျိုး ၊ သောဒိ သား ဂါဒျေလ။
11 Of the lynage of Joseph, of the gouernaunce of Manasses, Gaddi, the sone of Susy.
၁၁ယောသပ် သား တွင် မနာရှေ အမျိုး ၊ သုသိ သား ဂဒ္ဒိ။
12 Of the lynage of Dan, Amyel, the sone of Gemalli.
၁၂ဒန် အမျိုး ၊ ဂေမလ္လိ သား အမျေလ။
13 Of the lynage of Aser, Sur, the sone of Mychael.
၁၃အာရှာ အမျိုး ၊ မိက္ခေလ သား သေသုရ။
14 Of the lynage of Neptalym, Nabdi, the sone of Napsi.
၁၄နဿလိ အမျိုး ၊ ဝါဖသိ သား နာဘိ။
15 Of the lynage of Gad, Guel, the sone of Machi.
၁၅ဂဒ် အမျိုး မာခိ သား ဂွေလ တည်းဟူသော၊
16 These ben the names of men, which Moises sente to biholde the lond of Canaan; and he clepide Osee, the sone of Nun, Josue.
၁၆ခါနာန်ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် သောသူတို့ ၏အမည် တည်း။ နုန် ၏သား ဩရှေ ကို ယောရှု ဟူသောအမည်ဖြင့် မောရှေ မှည့် လေ၏။
17 Therfor Moises sente hem to biholde the lond of Canaan, and seide to hem, `Stie ye bi the south coost; and whanne ye comen to the hillis,
၁၇ခါနာန် ပြည် ကို စူးစမ်း စေခြင်းငှါ မောရှေ စေလွှတ် လျက် ၊ သင်တို့သည် တောင် မျက်နှာလမ်းဖြင့် သွား ၍ တောင်ရိုး ပေါ်သို့တက် ကြလော့။
18 biholde ye the lond, what maner lond it is; and biholde ye the puple which is the dwellere therof, whether it is strong, ethir feble, `whether thei ben fewe in noumbre, ether manye;
၁၈ထိုပြည် သည် အဘယ်သို့ သော ပြည်ဖြစ် သနည်း။ ပြည်သား တို့သည် အားကြီး သလော၊ အားနည်း သလော။ များ သလော၊ နည်း သလော။
19 whether that lond is good, ethir yuel; what maner citees ben, wallid, ether without wallis;
၁၉သူ တို့နေ သောပြည် သည် ကောင်း သလော၊ မကောင်း လော။ သူ တို့နေ သော မြို့ ရွာတို့သည် အဘယ်သို့ နည်း။ တဲ နှင့် နေကြသလော။ ခိုင်ခံ့ သော မြို့နှင့် နေကြသလော။
20 whether the lond is fat, ether bareyn, `whether it is ful of woodis, ethir without trees. Be ye coumfortid, and `brynge ye to vs of the fruytis of that lond. Sotheli the tyme was, whanne grapis first ripe myyten be etun thanne.
၂၀ထိုမြေ သည် ကောင်း သလော၊ မကောင်း လော။ တော များသလော၊ နည်း သလောဟုကြည့်ရှုကြလော့။ ရဲရင့် သောစိတ်ရှိကြလော့။ သစ်သီး အချို့ ကိုလည်း ယူ ခဲ့ ကြလော့ဟု မှာလိုက်လေ၏။ ထိုကာလ သည် စပျစ်သီး မှည့် စကာလ ဖြစ်သတည်း။
21 And whanne thei hadden stied, thei aspieden the lond, fro the deseert of Syn `til to Rohob, as men entryth to Emath.
၂၁ထိုသူတို့သည် ဇိန တော မှ သွား ၍ ဟာမတ် မြို့သို့ ရောက်သော လမ်းနား၊ ရဟောဘ မြို့တိုင်အောင် ခါနာန် ပြည် ကို စူးစမ်း ကြ၏။
22 And thei stieden to the south, and camen in to Ebron, where Achyman, and Sisai, and Tholmai, the sones of Enach, weren; for Hebron was maad bi seuen yeer bifor Thamnys, the citee of Egipt.
၂၂တောင် မျက်နှာ၌ ရှောက်သွား ၍ အာနက အမျိုးသား အဟိမန် ၊ ရှေရှဲ ၊ တာလမဲ နေသောဟေဗြုန် မြို့သို့ ရောက် ကြ၏။ ဟေဗြုန် မြို့ကား၊ အဲဂုတ္တု ပြည်၌ ဇောန မြို့ မ တည်မှီ ခုနစ် နှစ် ကတည် သော မြို့ဖြစ်သတည်း။
23 And thei yeden til to the stronde of clustre, and kittiden doun a sioun with his grape, which twei men baren in a barre; also thei token of pumgarnadis, and of the figis of that place which is clepid Nehelescol,
၂၃ဧရှကောလ ချိုင့် သို့ ရောက် လျှင် ၊ အသီး တ ပြွတ် ပါသောစပျစ်နွယ်ပင်အခက် တခက်ကို ခုတ် ၍ လူ နှစ် ယောက်တို့သည် ထမ်းဘိုး နှင့်ထမ်း ကြ၏။ သလဲသီး ၊ သင်္ဘောသဖန်းသီး များကိုလည်း ဆောင်ခဲ့ကြ၏။
24 that is, the stronde of grape, for the sones of Israel baren a clustre fro thennus.
၂၄ဣသရေလ အမျိုးသား ခုတ် ယူသော စပျစ်သီး ပြွတ်ကိုထောက်၍ ၊ ထို ချိုင့် ကို ဧရှကောလ ချိုင့် ဟူသောအမည်ဖြင့် မှည့် သတည်း။
25 And the aspieris of the lond, whanne thei hadden cumpassid al the cuntrey, after fourti daies camen to Moises and Aaron,
၂၅အရက် လေးဆယ် လွန် မှ ခါနာန်ပြည် ကို စူးစမ်း သော အမှုပြီး၍ ပြန် လာကြ၏။
26 and to al the cumpany of the sones of Israel, in to the deseert of Pharan which is in Cades. And `the aspieris spaken to hem, and schewiden the fruytis of the lond to al the multitude, and telden,
၂၆မောရှေ နှင့် အာရုန် မှစ၍ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့နေရာ ပါရန် တော ၊ ကာဒေရှ အရပ်သို့ ရောက် သောအခါ ၊ ပရိသတ် အပေါင်း တို့အား သိတင်း ကြားပြော၍ ၊ ထိုပြည် ၌ သီးသော အသီး ကို ပြ ကြ၏။
27 and seiden, We camen to the lond, to which thou sentest vs, which lond treuli flowith with mylk and hony, as it may be knowun bi these fruytis;
၂၇မောရှေ အား လည်း ၊ အကျွန်ုပ်တို့သည်ကိုယ်တော်စေလွှတ် သော ပြည် သို့ ရောက် ခဲ့ပါပြီ။ အကယ်စင်စစ် ထိုပြည်သည် နို့ နှင့် ပျားရည် စီး သော ပြည်ဖြစ်ပါ၏။ ဤ အသီးတို့ ကား ထိုပြည်၌သီးသော အသီး ဖြစ်ပါ၏။
28 but it hath strongeste inhabiteris, and grete cytees, and wallid; we sien there the kynrede of Anachym; Amalech dwellith in the south;
၂၈သို့ရာတွင် ပြည်သူ ပြည်သားတို့သည် အားကြီး ပါ၏။ ခိုင်ခံ့ သော မြို့ ကြီး နှင့်နေကြပါ၏။ ထိုမျှမက ၊ အာနက အမျိုးသား တို့ကိုလည်း မြင် ရပါ၏။
29 Ethei, and Jebusei, and Amorey dwellen in the hilli placis; forsothe Cananey dwellith bisidis the see, and bisidis the floodis of Jordan.
၂၉အာမလက် အမျိုးသားတို့သည် တောင် ဘက် ၌၎င်း၊ ဟိတ္တိ လူ၊ ယေဗုသိ လူ၊ အာမောရိ လူတို့သည် တောင်ရိုး ပေါ်၌ ၎င်း၊ ခါနာနိ လူတို့သည် ပင်လယ် နား ယော်ဒန် မြစ်နား၌၎င်း၊ နေ ကြပါသည်ဟု လျှောက်ဆို ကြ ၏။
30 Among thes thingis Caleph peeside the grutchyng of the puple, that was maad ayens Moises, and seide, `Stie we, and welde we the lond, for we moun gete it.
၃၀ကာလက် ကလည်း ချက်ခြင်းချီ သွား၍ ထိုပြည် ကို သိမ်းယူ ကြစို့။ အောင်နိုင် ကောင်းသည်ဟု ဆို ၍ မောရှေ ရှေ့မှာ လူ များတို့ကို ငြိမ်း စေ၏။
31 Forsothe other aspieris, that weren with hym, seiden, We moun not stie to this puple, for it is strongere than we.
၃၁သူ နှင့်အတူ လိုက် သွားသော သူ တို့က၊ ထိုပြည်သား တို့ကို ငါတို့ မ တိုက် နိုင်။ သူ တို့သည် ငါ တို့ထက် သာ၍အားကြီး ကြသည်ဟူ၍၎င်း၊
32 And thei deprauyden the lond which thei hadden biholde, anentis the sones of Israel, and seiden, The lond which we cumpassiden deuourith hise dwelleris; the puple which we bihelden is of large stature; there we syen summe wondris ayens kynde,
၃၂ငါတို့သွား ၍ စူးစမ်း သော ပြည် သည် မိမိ သား တို့ကို ဖျက်ဆီး တတ်၏။ ငါတို့တွေ့မြင် သော ပြည်သား အပေါင်း တို့သည် အလွန် အရပ်မြင့်ကြ၏။
33 of the sones of Enach, of the kynde of geauntis, to whiche we weren comparisound, and weren seien as locustis.
၃၃ကိုယ် ကြီးသောလူအမျိုးအနွယ်၊ အာနက အမျိုးအနွယ် ဖြစ်၍၊ အလွန် ကြီးမားသောသူတို့ ကိုလည်း မြင် ခဲ့ ကြပြီ။ သူတို့ရှေ့မှာငါတို့သည် ကိုယ် အထင် အတိုင်း နှံကောင် ကဲ့သို့ ဖြစ် ကြ၏။ သူ တို့အထင် အတိုင်း လည်း ထိုသို့ ဖြစ် ကြသည်ဟူ၍၎င်း၊ မိမိတို့စူးစမ်း သော ပြည် ကို ဣသရေလ အမျိုးသား တို့အား မကောင်း သော သိတင်းကို ကြားပြော ကြလေ၏။

< Numbers 13 >